စည်သူ
ရန်ကုန် -၂၀၂၀ အောက်တိုဘာ ၁၆ (မော်ကွန်း)
COVID-19 ရောဂါပိုး အစုလိုက်အပြုံလိုက် ကူးစက်မှုဖြစ်စေခဲ့တဲ့ Music Zone KTV ပိုင်ရှင် ဦးဇော်မင်းနဲ့ မန်နေဂျာတို့ကို သင်္ဃန်းကျွန်းမြို့နယ်တရားရုံးမှာ တရားစွဲထားရာမှာ ဒီနေ့ရမန်ယူပြီး အင်းစိန်ထောင်ကို ပို့လိုက်ပြီးလို့ စွပ်စွဲခံရသူဘက်က လိုက်လံဆောင်ရွက်ပေးနေတဲ့ တရားလွှတ်တော်ရှေ့နေက ပြောပါတယ်။
” ဘယ်နေ့စစ်မယ်ဆိုတာ အကုန်လုံးပြန်ပြီး အစီအစဉ်လုပ်ရမယ်။ လောလောဆယ် ဒီနေ့ ရမန်ပေးလိုက်တဲ့အတွက် ရဲအချုပ်ထောင်မသွားရပဲ အင်းစိန်ထောင်ကို ပို့ရမယ်”လို့ သူက ပြောပါတယ်။
ဒီအမှုကို တရားလွှတ်တော်ရှေ့နေ ဦးဇော်သိန်းထွန်းအပါအဝင် ရှေ့နေ ငါးဦးနဲ့ Music Zone ဘက်က ရင်ဆိုင်မှာဖြစ်ပါတယ်။
သူတို့ကို သင်္ဃန်းကျွန်းမြို့နယ် ကျန်းမာရေးဦးစီးမှူး ဒေါက်တာစောအောင်ရွှေဖြူက တရားလိုပြုလုပ်ပြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဥပဒေပုဒ်မ(၂၅)နဲ့ တရားစွဲဆိုထားတာဖြစ်ပါတယ်။
ဒီလိုတရားစွဲဆိုဖို့ သင်္ဃန်းကျွန်းမြို့နယ် COVID ကော်မတီက ပြီးခဲ့တဲ့ စက်တင်ဘာ ၁၁ ရက်က အစည်းအဝေးပြုလုပ်ပြီး ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။
စွတ်စွဲထားတဲ့ပုဒ်မအရ ပြစ်မှုထင်ရှားရင် သုံးနှစ်ထက်မပိုတဲ့ ထောင်ဒဏ်ချမှတ်ရမယ့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်တယ်လို့ ပြဌာန်းထားပါတယ်။
လတ်တလောမှာ ရောဂါပိုးကူးစက်မှုမြင့်တက်နေတဲ့ ရန်ကုန်မြို့ကို နေအိမ်တွင်နေထိုင်ရေး(Stay at Home) သတ်မှတ်ထားသလို သင်္ဃန်းကျွန်းမြိုနယ်ဟာလည်း ရောဂါပိုးကူးစက်ခံရသူ အယောက် ၁,၃၀၀ ကျော်အထိ ရှိနေတယ်လို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
ပုံစာ- Music Zone KTV ပိုင်ရှင် နဲ့ မန်နေဂျာတို့ကို အောက်တိုဘာ ၁၆ရက်နေ့က သင်္ဃန်းကျွန်းမြို့နယ်တရားရုံးတွင် ရုံးထုတ်ေခါ်ေဆာင်လာစဉ်
Photo: SITHU
#Dailynews

