ရေဂင်
ရန်ကုန် – ၂၀၂၀ အောက်တိုဘာ ၂ (မော်ကွန်း)
ပြည်နယ်နှင့်တိုင်းဒေသကြီးအချို့တွင် ကုန်တင်ကားသမားများအား ဝင်ရောက်ခွင့်ပိတ်ပင် လိုက်သည့် အတွက် ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များအတွက် ကျန်းမာရေးစင်တာ သီးသန့်သတ်မှတ် ပေးရန် UMFCCI မှတစ်ဆင့် တိုင်းအစိုးရသို့ ယနေ့ တောင်းခံထားကြောင်း ဘုရင့်နောင် ကုန်စည်ကူးသန်း ရောင်းဝယ်ရေး အသင်းမှ အတွင်းရေးမှူး ဦးအောင်မိုးက ပြောသည်။
ယမန်နေ့မှစ၍ ရှမ်းပြည်နယ်တွင် ကုန်တင်ကားများကို ဝင်ခွင့်ပိတ်ပင်ခဲ့ပြီး ကားသမားများအနေဖြင့် ကျန်းမာရေးဝန်ကြီးဌာန၏ Covid Negative ဖြစ်ကြောင်း ထောက်ခံစာ ပါရှိမှသာ ဝင်ခွင့်ပြုမည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။
“ပြည်နယ်နဲ့တိုင်းမှာ ကိုဗစ်စစ်တဲ့ စင်တာတွေ ရှိလာရင် စိတ်ချရတာပေါ့။ အဓိက ကတော့ စစ်ဆေးမှု မြန်ဆန်ဖို့ပါပဲ။ စစ်ဆေးမှုမြန်ရင် ကုန်စည်စီးဆင်းမှုက နဂိုအတိုင်းနီးပါး အဆင်ပြေသွားနိုင်မှာပါပဲ” ဟု ဦးအောင်မိုးက ပြောသည်။
ရှမ်းပြည်နယ် ကုန်စည်ကူးသန်းရေားဝယ်ရေးအသင်း ဥက္ကဋ္ဌ ဦးခင်မောင်သိန်းကလာမြို့နှင့် တောင်လေးလုံးတို့တွင် အခြားပြည်နယ်နှင့်တိုင်းတို့မှ ကုန်တင်ကားများကို ယာဉ်မောင်းများ လဲလှဲယ်ခြင်း၊ ကုန်စည်ကားကူးပြောင်းခြင်းများ ပြုလုပ်ခဲ့ကြောင်း ပြောသည်။
“ရှမ်းပြည်နယ်မှာက ကိုဗစ်ဖြစ်ပွားမှုနှုန်းက အရမ်းနည်းနေသေးတယ်။ အခုလို အချိန်မှာ ကုန်ကားတွေကို အဝင်ပိတ်လိုက်တာက ရှမ်းပြည်နယ် ပြည်သူတွေကို ကာကွယ်ပေးတဲ့သဘောမျိုးပဲ” ဟု ၎င်းက ရှင်းပြသည်။
လက်ရှိတွင် ရန်ကုန်နှင့် မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့တို့တွင် ကုန်တင်ကားသမားများအတွက် သီးသန့် ကျန်းမာရေး စစ်ဆေးသည့် စင်တာများ ပြုလုပ်ပေးရန် တောင်းခံထားသည်ဟု ဘုရင့်နောင် ကုန်စည်ကူးသန်း ရောင်းဝယ်ရေး အသင်းမှ အတွင်းရေးမှူး ဦးအောင်မိုးက ၏ ပြောပြချက်အရ သိရသည်။
မြစ်ကြီးနားမြို့မှ ရန်ကုန်သို့ ခရီးသည်မပါဘဲ ကုန်ပစ္စည်းများသာ တင်ဆောင်ကာ ပြေးဆွဲနေသည့် Express တစ်စီး။
ဓာတ်ပုံ – မော်ကွန်း
#Dailynews

