အောင်ပိုင်
ရန်ကုန် – သြဂုတ် ၉၊၂၀၂၀ (မော်ကွန်း)

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ယခုနှစ် တက္ကသိုလ်ဝင်တန်းအောင်ချက်သည် ၃၂ ဒသမ ၀၆ ရာခိုင်နှုန်းရှိပြီး ပြီးခဲ့သည့်နှစ်ကထက် ၁ ရာခိုင်နှုန်းပိုများသည်။
အောင်ချက်အများဆုံးဒေသမှာ ၃၇ ဒသမ ၅၁ ရာခိုင်နှုန်းရှိသည့် မန္တလေးတိုင်းဒေသကြီးဖြစ်ပြီး အနည်းဆုံးဒေသမှာ အောင်ချက်၂၀ ဒသမ ၈၉ ရာခိုင်နှုန်းရှိသည့် ရှမ်းပြည်နယ် (အရှေ့ပိုင်း) ဖြစ်သည်။
အောင်ချက်ဒုတိယအနည်းဆုံးဒေသမှာ ချင်းပြည်နယ်ဖြစ်ပြီး ၂၁ ဒသမ ၂ ရာခိုင်နှုန်းရှိသည်။
တိုက်ပွဲဖြစ်ပွားနေသော ရခိုင်ပြည်နယ်တွင် အောင်ချက်၂၇ ဒသမ ၂၇ ရာခိုင်နှုန်းရှိပြီး အစိုးရဝန်ကြီးဌာနများ ရုံးစိုက်ရာ နေပြည်တော်တွင် အောင်ချက် ၃၂ ဒသမ ၅၁ ရာခိုင်နှုန်းရှိသည်။
ကိုဗစ် – ၁၉ လူနာအများဆုံးတွေ့ရှိရာ ရန်ကုန်တိုင်းဒေသကြီးတွင် အောင်ချက် ၃၂ ဒသမ ၇၉ ရာခိုင်နှုန်းရှိပြီး ပြီးခဲ့သည့်နှစ်ကထက် ရာခိုင်နှုန်းအနည်းငယ်တိုးလာသည်ကိုတွေ့ရသည်။
Graph – MOE
#Dailynews

