ရန်ကုန် – ၂၀၂၀၊ မတ် ၂၂ (မော်ကွန်း)





လသာမြို့နယ်၊ စဉ့်အိုးတန်းလမ်းရှိ ဦးနော အောက်မေ့ဘွယ်ရာ နှစ်ခြင်းခရစ်ယာန် ဘုရားရှိခိုးကျောင်း၌ Covid 19 ကာကွယ်ရန်အတွက် တစ်ဦးနှင့်တစ်ဦး သုံးပေခြားကာ ဝတ်ပြုရမည်ဖြစ်သည်။
ထိုင်ခုံတန်းရှည်တစ်လုံးတွင် သုံးဦးသာ ထိုင်ရမည်လည်းဖြစ်သည်။
အဆိုပါ ဘုရားကျောင်းတွင်ပင် ကျန်းမာရေးအသိပညာပေးမှုအနေဖြင့် လက်ဆေးရည်များပေးခြင်း၊ အဖျားတိုင်းခြင်းနှင့် နှာခေါင်းစည်းတပ်ခြင်းတို့ကို ယနေ့စတင်လုပ်ဆောင်နေကြပြီဖြစ်သည်။
ဓာတ်ပုံ – ဂေထော
#Dailynews

