ဒီဇင်ဘာလထုတ်-၂၀၁၃၊ မော်ကွန်းမဂ္ဂဇင်း အမှတ်(၁၀)မှ မျက်နှာဖုံးဆောင်းပါး ဖြစ်ပါသည်။
မော်ကွန်း သတင်းအဖွဲ့ ရေးသည်။
လားရှိုး။ အေးချမ်းသည့် တောင်ပေါ်မြို့လေး။ သန့်ရှင်း သည့် တောင်ပေါ်မြို့လေး။ လှပသောရှုခင်းများကို ထွေးပိုက်ထား သည့် တောင်ပေါ်မြို့လေး။
ချမ်းအေးစ နိုဝင်ဘာလ၏ တစ်ခုသော နံနက်ခင်းတစ်ခု တွင်ဖြစ်သည်။ ဒီတောင်ပေါ်မြို့လေး၏ အထက်ဘက် ကားလမ်းမှ ခွဲထွက်သွားသည့် မြေနီလမ်းကြားလေးထဲတွင် လူငါးယောက်ခန့် အုပ်စုဖွဲ့နေကြသည်။ သူတို့ကြည့်ရသည်မှာ တစ်စုံတစ်ခုကို အကြီးအကျယ် ထိတ်လန့်စိုးရိမ်နေဟန်ရှိသည်။ မျက်လုံးများက လည်း ကျီးကန်းတောင်းမှောက်။
သူတို့ရှိရာ လမ်းကြားလေး၏ ထိပ်နားတွင်တော့ ဆိုင်ကယ် လေးစီးက ဒေါက်ထောက်လျက်။ သိပ်မကြာပါ။ လမ်းကြားထဲသို့ အဝတ်စား ခပ်နွမ်းနွမ်းနှင့် ပိန်ပိန်ပါးပါး လူငယ်တစ်ယောက် လေ တိုးလျှင် လဲမည့်ဟန်နှင့် ဝင်လာသည်။ ပြီးတော့ သူ့ကို စောင့်လင့် နေသော ရောင်းရင်းများဆီ ချဉ်းကပ်သွားသည်။ သူတို့အချင်း ချင်းကြားလောက်ရုံ စကားပြောနေကြသည်မှာ တကယ့်ကို လျှို့ လျှို့ဝှက်ဝှက်၊ တိုးတိုးတိတ်တိတ်၊ ညင်ညင်သာသာ။
ထို့နောက် ပိန်ပိန်ပါးပါးလူငယ်သည် သူဝတ်ထားသော ဝါ ကြင့်ကြင့် နုန်းနှစ်ရောင် ဘောင်းဘီရှည် ဘယ်ဘက်အပေါ်ပိုင်းကို ပေါင်ရင်းအထိ လျှောချလိုက်သည်။ ပြီးလျှင် သူ့လက်ထဲ အသင့် ကိုင်ထားသော ဝါဖန့်ဖန့်အရည်များ ခိုအောင်းနေသည့် ဆေးထိုး အပ်ကို ပေါင်ရင်းရှိ အကြောတစ်ကြောထဲသို့ စိုက်သွင်းလိုက် သည်။ တစ်ချက်တော့ သူ့ခန္ခာကိုယ်တွန့်ခနဲဖြစ်သွားသည်။ ထို့ နောက်တော့ ကိစ္စပြီးမြောက်သွားသည်နှင့် ဘောင်းဘီကို ပြန်ဆွဲ တင်လိုက်သည်။
သူနှင့်ခပ်လှမ်းလှမ်းမှ တစ်ယောက်က ဆောင့်ကြောင့်ထိုင် လိုက်သည်။ သူ၏လက်မောင်းပေါ်မှ ခပ်ရေးရေးပေါ်နေသော အကြောထဲသို့ ဆေးထိုးအပ်ကို ထိုးသွင်းလိုက်သည်။ ကိစ္စပြီး မြောက်သွားသည်နှင့် ကိုယ်စီကိုယ်င လာလမ်းအတိုင်း ပြန်ထွက် သွားကြသည်။ ဒီလမ်းကြားကလေးကား တစ်ယောက်ဝင်၊ တစ် ယောက်ထွက်နှင့် သက်ဝင်လှုပ်ရှားနေသည်။
သူတို့တစ်တွေကား သူတို့လောကအခေါ် တုတ်သမား (သို့) ဘိန်းဖြူကို အကြောထဲ ထိုးသွင်းသူများဖြစ်ကြသည်။ မနက်တိုင်း ဒီလမ်းကြားလေးထဲသို့ အရောက်လာပြီး ဆေးထိုးကြ သူများသည် ဤနည်းဖြင့် သူတို့တစ်တွေ၏ တစ်နေ့တာကို အစ ပျိုးသည်။ ဆိုင်ကယ်စီးဖို့ ဆီဖြည့်ရသလို သူတို့ခန္ဓာကိုယ်ကို သက် ဝင်လှုပ်ရှားဖို့ ဆေးထိုးရသည်။
အချို့ကျတော့လည်း ဆေးထိုးအပ်ဖြင့် ထိုးသွင်းရသည့် နည်းဖြင့် သာယာမှုကို မရှာဖွေ။ အမှုန့်ကို ရှူသည့်သူက ရှူသည်။ ဆေးပြားကိုပဲ မီးရှို့ကာ အငွေ့ကို ဖမ်းရှူသူက ရှူသည်။ ဆေး ခြောက်ကို ဆေးလိပ်လုပ်သောက်သူက သောက်သည်။
မည်သည့်ရှုထောင့်ကပဲ ကြည့်ကြည့် ကိုယ့်အတွက် လုံးဝကောင်းကျိုးမပေးနိုင်မှန်းသိကြသည့်တိုင် ထိုသို့မူးယစ်ရခြင်းကို အစွဲလမ်းကြီးစွဲလမ်းကြသူတို့ကား ဆေးသုံးချိန်ရောက်၍ ဆေး မသုံးရလျှင် (သူတို့အခေါ် ယင်းထလာလျှင်) ဘာကိုမှ သိပ်ထည့် မတွက်ကြတော့။
ဆေးသည်သာ ပထမ၊ ဆေးသည်သာ ပဓာန၊ ဆေးသည် သာ ဘဝ ဖြစ်သွားကြသည်။ ထိုအချိန်တွင် မိသားစုဟူသည် ခေါင်းထဲမှာမရှိ။ ချစ်သူ၊ မိန်းမ၊ သားသမီး ခေါင်းထဲမှာ မရှိ။ အား လုံး ဒုတိယတန်းကို ရောက်ကုန်ကြသည်။
တကယ်တော့ ဒီခံစားမှုကိုရဖို့ သူတို့အရာရာကို မျက်ကွယ် ပြုရသည်။ ပထမဆုံး ကိုယ့်အသက်အ္တနရာယ်နှင့် ရင်းရသည်။ ပြီးတော့ မိသားစု၊ ဇနီးမယား၊ သမီး၊ သား။ နောက်တော့ မိသားစု စီးပွား၊ ကိုယ့်ပတ်ဝန်းကျင်အိမ်နီးနား။ သူတို့လိုချင်သော အရာ တစ်ခုကိုရဖို့ စတေးကြရသည်က အများသား။
မြန်မာနိုင်ငံမှ မူးယစ်ဆေးကို အစွဲကြီးသူတို့အတွက်တော့ သူတို့လိုချင်သော ပစ္စည်းသည် အချိတ်အဆက်ကောင်းပါက လို သလောက်ရတတ်သည့် ပစ္စည်းမျိုးဖြစ်သည်။ နေရာဒေသအပေါ် မူတည်ပြီး လွယ်လွယ်ကူကူရခြင်း၊ ခဲရာခဲဆစ်ရှာရခြင်းတို့သာ ကွာချင်ကွာမည်။ ဈေးနှုန်းအနည်းအများသာ ကွာချင်ကွာမည်။
သို့သော် မည်သည့်နေရာတွင်မဆို မည်သို့ရှာဖွေ၍ရသည်ကို အချင်းချင်းသိနေကြသည်။ ကမ္ဘာပေါ်မှ မူးယစ်ဆေးဝါးများ ပျောက်သွားခဲ့လျှင်၊ မည်သို့မှ ရှာမရတော့လျှင် ဟူသော အတွေး စများသည် သူတို့အဖို့ အချိန်ကုန်ခံ၊ ခေါင်းအခြောက်ခံပြီး တွေး စရာကိစ္စများမဟုတ်။
ရှမ်းပြည်နယ် မြောက်ပိုင်းမြို့လေးဖြစ်သည့် လားရှိုးမြို့ အပါအဝင် မြန်မာနိုင်ငံ၏ နေရာတော်တော်များများမှာ မူးယစ် ဆေးဝါးမျိုးစုံကို အလွှာအသီးသီးက သူ့နည်းသူ့ဟန်နှင့် ဝယ်ယူ သုံးစွဲနေကြသည်။ ဆေးဝါးများကလည်း အဖမ်းအဆီးလမ်း ကြောင်းခရီးများကို နည်းပေါင်းစုံဖြင့် ဖြတ်ကျော်ပြီး မြို့ပြများဆီ ဆိုက်ရောက်လာသည်။ မြို့ပြမှတစ်ဆင့် ကျေးလက်အထိ ခရီး ဆန့်ကြသည်များလည်းရှိသည်။
မူးယစ်ဆေးဝါးဟုဆိုရာတွင် အဓိကအားဖြင့် အုပ်စုကြီး သုံးခုဖြင့် ပိုင်းခြားပြီးပြောနိုင်သည်။ နံပါတ် (၁) အုပ်စုသည် သဘာဝအလျောက် ဖြစ်ပေါ်သည့် မူးယစ်ဆေးဝါး (ဥပမာ-ဘိန်း၊ ဆေးခြောက်)၊ နံပါတ် (၂) အုပ်စုသည် တစ်စိတ်တစ်ပိုင်း ဓာတ်ပြု ခြင်းဖြင့် ထွက်ပေါ်လာသည့် မူးယစ်ဆေးဝါး (ဥပမာ-ဘိန်းဖြူ)၊ နံပါတ် (၃) အုပ်စုသည် ဓာတုပစ္စည်းများဖြင့် ဓာတ်ပြုခြင်းမှ ထွက်ပေါ်လာသော မူးယစ်ဆေးဝါး (ဥပမာ-စိတ်ကြွရူးသွပ်ဆေး၊ စိတ်ပြောင်းဆေး)ဟု သတ်မှတ်ထားသည်။
၎င်းသုံးအုပ်စုကိုပဲ အပြင်းစားနှင့် အပျော့စားဆိုပြီး ခွဲထား သေးသည်။ အပြင်းစားဆေးဝါးများစာရင်းတွင် ဘိန်း၊ မော်ဖင်း၊ ဘိန်းဖြူ၊ ကိုကင်းတို့ပါဝင်ပြီး အပျော့စားစာရင်းတွင် ဆေး ခြောက်နှင့် အခြားဓာတုပစ္စည်းများဖြင့် ဖော်စပ်ထားသော ဆေး ဝါးများ ပါဝင်ပါသည်။
စိုးရိမ်ဖွယ်ရာ မူးယစ်ပြ ဿနာ
နှစ်ပေါင်းများစွာ နိုင်ငံရေးအကျပ်အတည်း၊ လက်နက်ကိုင် ပဋိပက္ခများနှင့် ပြွမ်းတီးနေသော ကျွနု်ပ်တို့၏ မြန်မာနိုင်ငံတွင် မူး ယစ်ဆေးဝါးသုံးစွဲသူ များလာသလို ထုတ်လုပ်ရောင်းချသည့် အပိုင်းတွင်လည်း ကမ္ဘာတွင် နာမည်ဆိုးနှင့် ကျော်ကြားရသည် အထိ မြင့်တက်လာသည်ဟု မူးယစ်ကျွမ်းကျင်သူများက ဆိုပါသည်။
ကုလသမဂ္ဂမူးယစ်ဆေးဝါးနှင့် ရာဇဝတ်မှုနှိမ်နင်းရေးရုံး (United Nations Office on Drugs and Crime-UNODC) ၏ စာရင်းဇယားများအရ မြန်မာနိုင်ငံ၌ ဘိန်းအသုံး ပြုသူ ၆၇,ဝဝဝ ရှိပြီး ဘိန်းဖြူအသုံးပြုသူဦးရေမှာ ၆၆,ဝဝဝ ရှိ သည်ဟုဆိုပါသည်။ အခြားသော မူးယစ်ဆေးဝါးအမျိုးအစားများ ကို သုံးစွဲသူဦးရေကိုမူ ခန့်မှန်းတွက်ချက်နိုင်ခြင်းမရှိပါ။ သိရှိဖို့ရန် လည်း မလွယ်ကူလှပါ။
မူးယစ်ကျွမ်းကျင်သူများအဆိုအရ မြန်မာနိုင်ငံတွင် ဘိန်း ဖြူအသုံးပြုမှုနှုန်းမှာ လွန်ခဲ့သော ဆယ်စုနှစ်နှင့်ယှဉ်ပါက လျော့ ကျလာသည်ဟုဆိုသော်လည်း တစ်ဖက်တွင် စိတ်ကြွရူးသွပ်ဆေး ပြားများကို သုံးစွဲသူဦးရေမှာ မြင့်မားလာသည်ဟုဆိုပါသည်။
ဆေးခြောက်ကတော့ သုံးစွဲသူလည်း နည်းပြီး ရောင်းသည့် သူလည်း နည်းပါးသောကြောင့် ဆေးပြားများလောက် ပြ ဿ နာ တအားမပေးဟု ဆိုပါသည်။
မြန်မာနိုင်ငံ၌ မူးယစ်ဆေးသုံးစွဲသူများလာခြင်းမှာ စင်စစ် တွင် ရောင်းသည့်သူရှိနေသောကြောင့် များပြားလာရခြင်းဖြစ် သည်ဟ ုမူဆယ်ခရိုင် မူးယစ်တပ်ဖွဲ့စုမှူး ရဲမှူးတီခေါင်လွမ်းက ဆိုသည်။
”ရောင်းတဲ့သူတွေရှိလို့ ဆေးပြားက ပိုပျံ့နှံ့လာတယ်။ သုံးစွဲ တဲ့သူတွေ ပိုများလာတယ်။ လူငယ်တွေက အပေါင်းအသင်း အခြေအနေကြောင့် သုံးစွဲမိသွားတာတွေရှိတယ်။ ကျွန်တော်တို့ က ရောင်းတဲ့သူနဲ့ သယ်တဲ့သူတွေကို အဓိကထားဖမ်းတယ်”ဟု ၎င်းက ဆိုသည်။
မူဆယ်မြို့တွင် နိုဝင်ဘာ ၁၉ ရက်က စိတ်ကြွရူးသွပ်ဆေး ပြား တစ် သန်းခွဲကို တစ်နေရာတည်းတွင် ဖမ်းဆီးရမိခဲ့သည်။
ပြည်ထဲရေးဝန်ကြီးဌာန၊ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်း ရေးဗဟိုကော်မတီ၊ ဒုတိယညွှန်ကြားရေးမှူး ရဲမှူးကြီး ဇော်လင်း ထွန်းအဆိုအရ စိတ်ကြွရူးသွပ်ဆေးပြားကို အသက် ၁၈၊ ၁၉၊ ၂ဝ ဝန်းကျင်လူငယ်များ သုံးတတ်ကြသည်ဆိုသော်လည်း အသုံး အများဆုံး အသက်အရွယ်များမှာ အသက် ၃ဝ၊ ၃၅၊ ၄ဝ ဝန်းကျင် များဖြစ်ကြသည်ဟုဆိုပါသည်။ လူပျိုနှင့် အိမ်ထောင်သည်များ ကို ယှဉ်ကြည့်သည့်အခါ လူပျိုများက ပိုမိုသုံးစွဲသည်ဟုလည်း ၎င်းက ဆိုသည်။
ထိုင်းနိုင်ငံနှင့် နယ်နိမိတ်ချင်းထိစပ်နေသော တာချီလိတ် ခရိုင်ဘက်မှာဆိုလျှင် လူငယ်များ၏ ၃၅ ရာခိုင်နှုန်းခန့်သည် စိတ်ကြွဆေးပြားကို အသုံးပြုကြသည်ဟု တာချီလိတ်ခရိုင်၊ မြန်မာနိုင်ငံ မူးယစ်ဆေးဝါးဆန့်ကျင်ရေးအသင်း (Myanmar Anti Narcotic Association-MANA) ဥက္ကဋ္ဌ ဦးသိန်းဝင်း က ဆိုပါသည်။
”မြို့ထဲမှာကို တော်တော်များများရှိပါတယ်။ စီးပွားရေး သမားတွေက သူတို့ရဲ့ အကျိုးစီးပွားအတွက် လူငယ်တွေကို အသုံးချကြတာပေါ့။ တချို့တီဗီဂိမ်းဆိုင်တွေဆိုရင် ထမင်းပါ ကျွေးပြီးတော့ ကလေးတွေကို အသုံးချတယ်။ ညမအိပ်ချင်အောင် စိတ်ကြွဆေးပြားတွေ ရောင်းပေးတာရှိတယ်”ဟု ဦးသိန်းဝင်းက ဆိုပါသည်။
”အဓိကတော့ WY ပေါ့။ နောက်တော့ ဘိန်းနဲ့ ကော်ရှူတာ လည်း များလာတယ်။ ကော်ရှူတာက ကိုးနှစ်အရွယ်ကလေးတွေ တောင်တွေ့ရတယ်”
World’s Yours(WY) ရာဘခေါ် မြင်းဆေးဆိုသည်မှာ ကိုယ်ခန္ဓာတစ်ခုကို မြင်းတစ်ကောင်လို အသုံးချလိုသူ အများစု အသုံးပြုကြသည့် ဆေးပြားဖြစ်သည်။ ၎င်းကို နေရာဒေသအပေါ် မူတည်ပြီး အမည်အမျိုးမျိုးခေါ်ဝေါ်ကြသည်။ ယင်းတို့အနက် အသုံးအများဆုံးအမည်များမှာ ရာမ၊ ကြယ်သီး၊ အစိ၊ အသီးတို့ ဖြစ်သည်။ ၎င်းဆေးကို မှီဝဲလိုက်လျှင် အလိုလိုတက်ကြွနေသည်။ အားအင်တွေ ပြည့်ဖြိုးနေသည်။ အလုပ်တအားလုပ်နိုင်သည်။
စင်စစ်တွင် ထိုဆေးပြားများသည် ထိုင်းဘက်မှ မြန်မာ ပြည်ဘက်ကို မိတ်ဆက်လာသည့် ဆေးဝါးတစ်ခု ဖြစ်သည်။ ထိုင်းဘက်တွင် ခွန်အားဖြစ်စေသည့် ဆေးအဖြစ် နာမည်ကြီးပြီး ¤င်းဆေးကို အလုပ်ကြမ်းသမားများ အဓိကအသုံးပြုကြသည်ဟု ဆိုသည်။
နောက်ပိုင်းတွင် မြန်မာနိုင်ငံဘက်သို့ စိမ့်ဝင်လာသည်။ ၂ဝဝဝ ခုနှစ်နောက်ပိုင်းတွင် လူငယ်များအကြား ၎င်းဆေးကို တွင်တွင်ကျယ်ကျယ် သုံးစွဲလာသည်ဟု ဥက္ကဋ္ဌ ဦးသိန်းဝင်းက ဆို ပါသည်။
ခန္ဓာကိုယ်ရှိ ခွန်အားမှန်သမျှကို အစွမ်းကုန်ဖြစ်ညှစ်အသုံး ပြုနေရသော ကျောက်တွင်း၊ သတ္တုတွင်းစသည်တို့တွင် အလုပ် လုပ်နေသော အလုပ်ကြမ်းသမားများမှသည် အိပ်ရေးအပျက်ခံ နေကြရသော အချို့သော အထက်တန်း၊ တက္ကသိုလ်အဆင့် ကျောင်းသားများအထိ WY သည် အားဆေးလိုဖြစ်နေသည်။ နေရာဒေသပေါ်မူတည်ပြီး တစ်လုံးလျှင် ၁,၅ဝဝ မှ ၆,ဝဝဝ ကျပ် ဝန်းကျင်အထိ ရှိတတ်ပါသည်။
ယခင်က မြန်မာနိုင်ငံတွင် ဘိန်းနှင့်ပတ်သက်သည့် မူးယစ် ပြ ဿနာများသာ ရှိခဲ့ပါသည်။ ယခုနောက်ပိုင်းတွင်တော့ ဓာတု ပစ္စည်းများကို ဓာတ်ပြုပြီး ဖော်စပ်ထားသည့် မှောင်ခိုကူးရ၊ သယ် ဆောင်ရလွယ်ကူသော ဆေးပြားများက ကျယ်ကျယ်ပြန့်ပြန့် နေရာယူလာသည့်အခါ မူးယစ်ဆေးဝါးကို နှိမ်နင်းရသည့်လုပ်ငန်း စဉ်များသည် ပိုမိုရှုပ်ထွေးသွားကြသည်။
”အဓိကမူးယစ်ဆေးဝါးပြဿနာကတော့ စိတ်ကြွ ရူးသွပ် ဆေးပြားပဲ။ မှောင်ခိုသယ်ဆောင်ရတာ လွယ်ကူတယ်။ ထုတ်လုပ် ဖို့ နေရာကျယ်ကျယ်ဝန်းဝန်းမလိုဘဲ အလွယ်တကူထုတ်လုပ်နိုင် တယ်။ လူငယ်ထုအတွင်းမှာ စိတ်ကြွဆေးပြား သုံးစွဲမှုပျံ့နှံ့နေ တယ်”ဟု ဥက္ကဋ္ဌ ဦးသိန်းဝင်းက ဆိုသည်။
၂ဝ၁ဝ နောက်ပိုင်းတွင် ဆေးပြားအသုံးပြုမှုကို ပိုမိုတွေ့ လာရသည်ဟု မူးယစ်ဆေးဝါးနှိမ်နင်းရေး လုပ်ဆောင်နေသော ရဲမှူးတီခေါင်လွမ်းကလည်း မှတ်ချက်ပြုသည်။ အများဆုံးတွေ့ရ သည့် ဆေးပြားများကတော WY ၊ ၈၈-၁ ၊ ၆၂၆ တို့ဖြစ်သည်ဟု ဆိုသည်။
မူးယစ်နှင့် မြန်မာ
နိုင်ငံရေးပွင့်လင်းစပြုလာပြီဖြစ်သည့် ယနေ့ကာလတွင် အရပ်သားအစိုးရက ထိုပြ ဿနာကို မည်သို့ထိထိရောက်ရောက် ကိုင်တွယ်မည်နည်းဆိုသော အချက်မှာ မေးခွန်းထုတ်စရာတစ်ခု ဖြစ်နေပါသည်။
လေ့လာသူအချို့ကတော့ မြန်မာနိုင်ငံ၏ မူးယစ်ဆေးဝါး တိုက်ဖျက်မှုကို အကြီးအကျယ်သံသယရှိကြသည်။ အကြောင်း မှာ ကမ္ဘာပေါ်တွင် ခြစားမှုအများဆုံးနိုင်ငံများထဲ၌ ပါဝင်သည့် မြန်မာနိုင်ငံအနေနှင့် အမြတ်အစွန်းအင်မတန်များသော မူးယစ် ဆေးဝါးထုတ်လုပ်ရောင်းဝယ်ခြင်းလုပ်ငန်းကို တိုက်ဖျက်ရာမှာ ထိထိရောက်ရောက် မလုပ်နိုင်မည်ကို စိုးရိမ်ကြသောကြောင့် ဖြစ် ပါသည်။
လောလောဆယ်ကာလတွင်တော့ မြန်မာနိုင်ငံ၏ ဘိန်း စိုက်ပျိုးထုတ်လုပ်မှုသည် ဒေသတွင်းသာမက ကမ္ဘာမှာပါ နာမည် ဆိုးနှင့် ကျော်ကြားနေသည်။ ဘိန်းစိုက်ပျိုးထုတ်လုပ်မှု အခြေ အနေပြ အစီရင်ခံစာများအရ ကမ္ဘာပေါ်တွင် အာဖဂန်နစ္စတန်ပြီး လျှင် မြန်မာနိုင်ငံသည် ဒုတိယ ဘိန်းစိုက်ပျိုးထုတ်လုပ်တင်ပို့ သော နိုင်ငံအဖြစ် သတ်မှတ်ခံရသည်။
မြန်မာနိုင်ငံ၏ ၂ဝ၁၂ ခုနှစ် ဘိန်းစိုက်ပျိုးမှုသည် ကမ္ဘာ့ ဘိန်းသုံးစွဲမှုပမာဏ၏ ၂၃ ရာခိုင်နှုန်းရှိသည်ဟု အစီရင်ခံစာများ က ဆိုပါ သည်။ ယခုနှစ် ဒီဇင်ဘာ ၁၈ ရက်နေ့က ထုတ်ပြန်ခဲ့သော UNODC ၏ အစီရင်ခံစာထဲတွင်တော့ ယခုနှစ်အတွင်း မြန်မာ နိုင်ငံ၏ ဘိန်းစိုက်ပျိုးထုတ်လုပ်မှုနှုန်း ၃ ရာခိုင်နှုန်းမြင့်တက်ခဲ့သည် ဟုဆိုပါသည်။ ထို့ပြင် မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် အဖီ တမင်းစိတ်ကြွ ရူးသွပ်ဆေးပြား (Amphetamine-Type Stimulants-ATS) ထုတ်လုပ်ပေးသည့် အဓိက ပင်ရင်းနိုင်ငံ ဖြစ်သည်ဟုလည်း ဆိုပါသည်။
ကမ္ဘာပေါ်တွင် ဘိန်းစိုက်ပျိုးထုတ်လုပ်မှု အများဆုံး နှစ်နေ ရာအဖြစ် ရွှေတြိဂံဒေသနှင့် ရွှေလခြမ်းနယ်မြေတို့ကို သတ်မှတ် ထားပါသည်။ ရွှေတြိဂံဒေသဟူသည်မှာ မြန်မာ၊ ထိုင်းနှင့် လာအို သုံးနိုင်ငံထိစပ်နေသည့်နယ်မြေကို ခေါ်ဆိုခြင်းဖြစ်ပြီး ရွှေလခြမ်း နယ်မြေကတော့ အာဖဂန်နစ္စတန်၊ အီရန်နှင့် ပါကစ္စတန် သုံး နိုင်ငံထိစပ်နေသည့် နယ်မြေကို ခေါ်ဆိုခြင်းဖြစ်သည်။
မူးယစ်ကျွမ်းကျင်သူများ၏အဆိုအရ မြန်မာနိုင်ငံ၏ ပထဝီ အနေအထားကပင် မြန်မာနိုင်ငံကို ဘိန်းခင်းကြီးတစ်ခုဖြစ်အောင် ဖန်တီးပေးထားသလို ဖြစ်နေသည်ဟု ဆိုပါသည်။
အကြောင်းမှာ မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံများသည် ဘိန်းနှင့် ဆက်စပ်ပစ္စည်းများ လိုအပ်မှု များပြားသောကြောင့်ဖြစ် သည်ဟုဆိုသည်။
မြန်မာနိုင်ငံ၏ မူးယစ်ဆေးဝါးထုတ်လုပ်မှု ရာခိုင်နှုန်းတော် တော်များများသည် ပြည်တွင်းသုံးစွဲရန်မဟုတ်ဘဲ နိုင်ငံတကာ ဈေးကွက်သို့ သွားရန်အဓိကထုတ်လုပ်ခြင်းဖြစ်သည်ဟု မူးယစ် ကျွမ်းကျင်သူများက ဆိုပါသည်။ အထူးသဖြင့် ထုတ်လုပ်သမျှ ထုတ်ကုန်အများစုသည် ထိုင်းသို့ သွားကြသည်ဟုဆိုသည်။
”ထိုင်းက နိုင်ငံတကာ မူးယစ်ဆေးဝါးဈေးကွက်ရဲ့ွှTransit (အကူးအပြောင်း)နိုင်ငံဖြစ်တယ်။ ဒီတော့ ဈေးကွက်မှာတော့ ထိုင်းဖြစ်တယ်။ သုံးစွဲမှုမှာကျတော့ တရုတ်ဖြစ်တယ်”ဟု ရဲမှူး ကြီးဇော်လင်းထွန်းက ပြောပြသည်။
ဘိန်းနှင့် ဘိန်းဖြူ အဓိကဝယ်လက်ဖြစ်သည့် တရုတ်ဘိန်း ကုန်သည်များက ပြည်တွင်းသုံးစွဲရန်အတွက် ဝယ်ယူချိန်မှာ ထိုင်း ဘိန်းကုန်သည်များကတော့ နိုင်ငံတကာဈေးကွက်သို့ အဓိက ဖြန့်ဖြူးရန်အတွက် ဝယ်ကြသည်ဟု မူးယစ်ကျွမ်းကျင်သူများက ဆိုသည်။
”ဒီလိုမျိုး သုံးစွဲမှုမြင့်မားတဲ့နိုင်ငံကြီးတွေရဲ့ အနားမှာရှိပြီး ဈေးကွက်လိုအပ်ချက်ရှိတဲ့ နိုင်ငံရဲ့ အနားမှာရှိတဲ့အတွက် (ဘိန်း ကို) လိုချင်တဲ့လူများနေတယ်။ ဈေးကွက်စကားနဲ့ပြောရရင် ဝယ်လိုအားများနေတယ်။ ဒါကြောင့် ထုတ်လုပ်မှုကို ထိန်းချုပ်ဖို့ အတွက် အခိုက်အတန့်တော့ ခက်ခဲနေတယ်”ဟု ရဲမှူးကြီးဇော် လင်းထွန်းကဆိုသည်။
မူးယစ်ဆေးဝါးဟုဆိုရာတွင် အပင်ကနေ အခြေခံပြီး ထုတ်လုပ်သည့် မူးယစ်ဆေးဝါးနှင့် ဓာတုပစ္စည်းကနေ အခြေခံပြီး ထုတ်လုပ်သည့် မူးယစ်ဆေးဝါးဆိုပြီးရှိရာ ရှမ်းပြည်နယ်အနေနှင့် ထိုနှစ်မျိုးလုံး၏ ဒဏ်ကို ခံနေရသည်ဟု အထက်ပါပုဂ္ဂိုလ်က ဆိုသည်။
စိတ်ကြွ ရူးသွပ်ဆေးပြားထုတ်လုပ်ရန် လိုအပ်သည့် ကုန် ကြမ်းများသည်လည်း အိမ်နီးချင်း တရုတ်နှင့် အိန္ဒိယတို့မှ လာကြ သည်ဟု ဆိုပါသည်။
”ချက်တဲ့ ပညာရှင်က ထိုင်းနဲ့ တရုတ်က လာတယ်။ တော ထဲမှာ ချက်လုပ်တယ်။ ကျွန်တော်တို့တိုင်းပြည်မှာ စိတ်ကြွဆေး ထုတ်လုပ်ဖို့လိုအပ်တဲ့ ဓာတုပစ္စည်းမရှိဘူး။ အိမ်နီးချင်းနိုင်ငံတွေ က ကုန်ကြမ်းနဲ့ ပညာရှင်တွေဝင်လာပြီး တရားဥပဒေ မစိုးမိုးတဲ့၊ မတည်ငြိမ်တဲ့ဒေသတွေမှာ လက်နက်ကိုင်အဖွဲ့တွေကို အကာ အကွယ်ယူပြီး လုပ်နေကြတာ”ဟု ရဲမှူးကြီး ဇော်လင်းထွန်းက ဆိုသည်။
တောတောင်ထူထပ်ပြီး တရားဥပဒေစိုးမိုးမှု လက်လှမ်းမမီ သည့် ဒေသများတွင် လက်နက်ကိုင်အဖွဲ့အစည်းများကို အကာ အကွယ်ယူကာ စိတ်ကြွ ရူးသွပ်ဆေးပြားများ ထုတ်လုပ်နေသော ကြောင့် အမြစ်ပြတ်တိုက်ဖျက်ရန် ခက်ခဲသည်ဟု ရဲအရာရှိများက ဆိုသည်။
စင်စစ်တွင် ဦးနှောက်နှင့် အာရုံကြောကို ထိခိုက်၊ ထုံထိုင်း၊ မူးယစ်စေပြီး ခန္ဓာကိုယ်ကို တစ်နည်းနည်းဖြင့် အန္တရာယ်ဖြစ်စေ ကာ ဆေးဝါးအပေါ် စိတ်ရောကိုယ်ပါ စွဲလမ်းမှုဖြစ်ပေါ်စေသည့် မူးယစ်ဆေးဝါးများ မြန်မာနိုင်ငံတစ်ဝန်း အမြစ်တွယ်၊ အခြေကျ လာခဲ့သည့်နှစ်မှာ မနည်းတော့ပါ။
မြန်မာနိုင်ငံ မူးယစ်ဆေးဝါးတားဆီးရေး နှိမ်နင်းရေး ဗဟို ကော်မတီမှ ပြုစုထားသော မှတ်တမ်းများအရ မြန်မာနိုင်ငံသို့ ဘိန်းစတင်ရောက်ရှိခဲ့ခြင်းမှာ ၁၅၁၅ ခုနှစ်လောက်ကဖြစ်သည်ဟု ဆိုပါသည်။ ခေတ်က တောင်ငူခေတ်။ ရေကြောင်းကတစ်ဆင့် ရောက်ရှိလာသော ပေါ်တူဂီတို့သည် မုတ္တမမြို့သို့ ဘိန်းများကို သယ်ဆောင်လာခဲ့ကြသည်ဟု ဆိုသည်။ ၁၅၈ဝ ခုနှစ်တွင်တော့ ဗင်းနစ်မြို့စား ဆီဇာဖရက်ဒရစ်ဆိုသူသည် ပဲခူးမြို့တွင် ဘိန်း အရောင်းအဝယ်လုပ်ခဲ့သည်ဟု ဆိုသည်။
နောက်ပိုင်းတွင် ဘိန်းကို စီးပွားရေးသက်သက်တင်သွင်းလာခြင်းမဟုတ်တော့ဘဲ စစ်လက်နက်သဖွယ် အသုံးချခဲ့သည်။ အင်္ဂလိပ်-မြန်မာ ပထမစစ်ပွဲအပြီးတွင်တော့ ရခိုင်နှင့် တနင်္သာရီ ဒေသတို့တွင် ဗြိတိသျှတို့က လိုင်စင်ရဘိန်းခင်းများ ဖွင့်လှစ်ခြင်း၊ ဘိန်းရှူနည်း သင်ပေးခြင်း၊ အခမဲ့ဝေငှခြင်းများ လုပ်ဆောင်ခဲ့ သည်ဟုဆိုသည်။
၁၈၅၂ ခုနှစ် အင်္ဂလိပ်-မြန်မာ ဒုတိယစစ်ပွဲတွင် ပုဂံမင်းက ဗြိတိသျှတို့ကို တိုက်ခိုက်ရန် စစ်သည်တော်များအား အမိန့်ထုတ် ရာတွင် ဖဲ၊ ကြွေအန်၊ အရက်၊ ကစော်၊ လှော်စာ၊ ဘိန်း၊ ဘင်းယစ် မျိုးနှင့် စပ်သည်များကို မသောက်မစား၊ မကစားရန် ကွပ်ကဲခဲ့ရ သည်ဟုဆိုသည်။
အင်္ဂလိပ်-မြန်မာ တတိယစစ်ပွဲအပြီး မြန်မာတစ်နိုင်ငံလုံး နယ်ချဲ့လက်အောက် ရောက်သွားစဉ်ကစပြီး ဘိန်းစိုက်ပျိုး၊ ထုတ် လုပ်မှု၊ သုံးစွဲမှုနှင့် ဖြန့်ဖြူးမှုတို့ကို ဗြိတိသျှတို့ကိုယ်တိုင် တရားဝင် လိုင်စင်ထုတ် ဆောင်ရွက်စေခဲ့သည်ဟု ဆိုပါသည်။
ထိုစဉ်ကတည်းကစပြီး ဘိန်းစိုက်ပျိုးမှုသည် မြန်မာနိုင်ငံ၌ အမြစ်တွယ်လာခဲ့ပြီး ယနေ့အခါမှာတော့ တားမနိုင်၊ ဆီးမရအနေအထားသို့ ရောက်ရှိသွားခဲ့ရသည်။
တကယ်ဆိုလျှင် မြန်မာမင်းများလက်ထက်ကတည်းက ဘိန်းအပါအဝင် မူးယစ်ဆေးဝါးများကို နှိမ်နင်းခဲ့ပါသည်။ သာဓကတစ်ခုအဖြစ် ဘိုးတော်ဘုရား (ဗဒုံမင်း၊ ၁၇၈၂ – ၁၈၂၉) လက်ထက်တွင် ဘိန်း၊ ဘင်း၊ ကစော်၊ လှော်စာ၊ အရက်မှစပြီး ယစ်မျိုးနှင့် စပ်ဆိုင်သည်များကို လုံးဝ မရောင်း၊ မဝယ်ရန် ပြင်း ပြင်းထန်ထန်တားမြစ်ခဲ့သည်ဟု ဆိုပါသည်။
တွေ့ရှိက ထောင်သွင်းအကျဉ်းချ၊ စာရေးမှတ်သားပြီး ပြန် လွှတ်၊ နောက်တစ်ခါ ထပ်မံသုံးစွဲ၊ ရောင်းဝယ်သည်ကို တွေ့ရှိပါ က သေဒဏ်အထိပင် ပေးခဲ့သည်ဟု ဆိုပါသည်။
မြန်မာနိုင်ငံတွင် မူးယစ်ဆေး နှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ စိုက်ပျိုးသူ၊ ထုတ်လုပ်သူနှင့် ရောင်းဝယ်သူများသာ မက သုံးစွဲသူများကိုပါ ပြင်းထန်သောဥပဒေများဖြင့် အရေးယူ လျက်ရှိပါသည်။
အဆိုပါဥပဒေများမှာ အားနည်းချက်တစ်စုံတစ်ရာပင် မရှိ ဟု တရားသူကြီးဟောင်းလည်း ဖြစ်၊ ရန်ကုန်တိုင်းဒေသကြီး မူး ယစ်ဆေးဝါးဆန့်ကျင်ရေးအသင်း၏ ဒုတိယဥက္ကဋ္ဌလည်းဖြစ် သည့် ဦးဉာဏ်ဝင်းက ဆိုသည်။
”လက်ရှိတည်ဆဲဥပဒေက တော်တော်ကောင်းတဲ့ ဥပဒေ ပဲ။ တချို့တိုင်းပြည်တွေမှာ မူးယစ်ဆေးဝါးမှီဝဲရင် အပြစ်မပေးဘူး လို့ ကြားဖူးတယ်။ ဒီတိုင်းပြည်(မြန်မာ)ရဲ့ ဥပဒေမှာတော့ မူးယစ် ဆေးဝါးမှီဝဲရင် အနည်းဆုံးသုံးနှစ်ကနေ အများဆုံး ငါးနှစ်အထိ ချနိုင်တယ်” ဟု ဦးဉာဏ်ဝင်းက ဆိုသည်။
”ကျန်တဲ့ပုဒ်မတွေမှာဆိုရင်လည်း ရိုးရိုးလက်ဝယ်ထား ခြင်းဆိုရင် အနည်းဆုံးငါးနှစ်၊ အများဆုံးဆယ်နှစ်။ ရောင်းချရန် အလို့ငှာ လက်ဝယ်ထားခြင်းဆိုရင် အနည်းဆုံးဆယ်နှစ်ကနေ အများဆုံး နှစ်အကန့်အသတ်မရှိ ထောင်ဒဏ်။ အရောင်းအဝယ် လုပ်နေတုန်း မိတယ်ဆိုရင် အနည်းဆုံးဆယ့်ငါးနှစ်ကနေ အများ ဆုံးနှစ်အကန့်အသတ်မရှိ ထောင်ဒဏ်၊ ပြီးတော့ သေဒဏ်၊ အဲဒီ လောက်အထိ ပြင်းထန်တာ”
ဝေဖန်ဆန်းစစ်သူအချို့ကတော့ မူးယစ်ဆေးနှိမ်နင်းရေးလုပ်ဆောင်ရာမှာ ထုတ်လုပ်၊ ရောင်းဝယ်သူများကိုသာ အပြစ် ပေးသင့်ပြီး သုံးစွဲသူများကို အပြစ်မပေးသင့်ဟုဆိုပါသည်။ မူး ယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး လုပ်ဆောင်နေသူ အများစု အနေနှင့်လည်း ဆေးသုံးစွဲသူများကို ဥပဒေအရသာ ဖမ်းဆီးနေရ ခြင်းဖြစ်သည်ဟု ဆိုပါသည်။
”မူးယစ်ဆေးဝါးသုံးစွဲတဲ့သူက ပြစ်မှုကျူးလွန်သူမဟုတ် ဘူး။ ဒါကလက်ရှိကမ္ဘာရဲ့ မူးယစ်ဆေးဝါးမူဝါဒပေါ့။ သူတို့က ဓား စာခံဖြစ်နေတာ။ သူတို့ကိုစောင့်ရှောက်ရမယ့် တာဝန်ရှိတယ်။ ဒါကမ္ဘာ့ မူးယစ်ဆေးဝါးမူဝါဒရဲ့ ပေတံပဲ။ ဒါပေမဲ့ ကျွန်တော်တို့ နိုင်ငံရဲ့ သဘောသဘာဝအခြေအနေအရ ကျွန်တော်တို့ဥပဒေနဲ့ပဲ လုပ်ပါတယ်”ဟု ရဲမှူးကြီးဇော်လင်းထွန်းက ဆိုသည်။
”ဒါပေမဲ့ ကျွန်တော်တို့ အများကြီးဖြေလျော့ထားပါတယ်။ သူတို့အနေနဲ့ မူးယစ်ဆေးဝါးသယ်ဆောင်ရောင်းဝယ်တဲ့ အမှု တွေမှာ မပါဘူးဆိုရင် သုံးစွဲသူအနေနဲ့ ဆေးကုသမှုခံယူလို့ ရတယ်”
ဥပဒေအရ အားနည်းချက်မရှိသော်လည်း အခြားပြဿနာ များစွာရှိနေသေးသည့်အတွက် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးမှာ ကျယ်ပြန့်ရှုပ်ထွေးလှသည်ဟု ဦးဉာဏ်ဝင်းက ဆိုသည်။
”ဒီမူးယစ်ဆေးဝါးပြ ဿ နာက မြန်မာတစ်ပြည်တည်းရဲ့ ပြဿ နာလည်းမဟုတ်ဘူး၊ အရှေ့တောင်အာရှဒေသတစ်ခုတည်း ရဲ့ ပြဿ နာလည်းမဟုတ်ဘူး၊ တစ်ကမ္ဘာလုံးနဲ့ ပတ်သက်နေတဲ့ ပြဿ နာပဲ။ အဲဒီတော့ မူးယစ်ဆေးဝါးလုံးဝပပျောက်ရေးဆိုတာ သူတို့(ကမ္ဘာ့နိုင်ငံတွေ)ဆီမှာ မဖြစ်နိုင်သေးသလို မြန်မာနိုင်ငံ အတွက်လည်း ခက်ခဲနေသေးတာပေါ့”ဟု မူးယစ်ဆေးဝါးအမှု များကို ကိုင်တွယ်ခဲ့ဖူးပြီး ပြစ်ဒဏ်အနေနှင့် သေဒဏ်အထိ ပေးခဲ့ ဖူးသည့် တရားသူကြီးဟောင်း ဦးဉာဏ်ဝင်းက ဖြည့်စွက်ရှင်းပြ ပါသည်။
Photo: Thet Oo Mon မူးယစ်ဆေးအကြောထဲ ထိုးသွင်းရန် ပြင်ဆင်နေပုံ
တားမနိုင်သည့် ထုတ်လုပ်ရောင်းဝယ်မှု
ဘိန်းစိုက်ပျိုးထုတ်လုပ်သူများကို ဥပဒေအရ ပြင်းပြင်းထန် ထန် အရေးယူနေသည်ဆိုသော်လည်း အခြေကျနေပြီးဖြစ်သည့် ဘိန်းစိုက်ပျိုးထုတ်လုပ်မှုတို့ကား ရှိမြဲ၊ ရှိဆဲပင်ဖြစ်ပါသည်။ အား ကောင်းမြဲ အားကောင်းဆဲပင် ရှိနေပါသည်။
UNODC ၏ အစီရင်ခံစာအရ မြန်မာနိုင်ငံ၏ ဘိန်းစိုက် ပျိုးမှု ၉ဝ ရာခိုင်နှုန်းသည် ရှမ်းပြည်နယ်အတွင်းတည်ရှိနေပြီး အိမ်ခြေ သုံးသိန်းကျော်မှာ ဘိန်းစိုက်ပျိုးကြသည်ဟု ဆိုပါသည်။ ဒုတိယဘိန်းစိုက်ပျိုးသည့် ပြည်နယ်ကိုတော့ ကချင်ပြည်နယ် အဖြစ် သတ်မှတ်ထားကြပါသည်။
ရှမ်းပြည်နယ်အတွင်း ဘိန်းအစားထိုး သီးနှံစိုက်ပျိုးရေး စီမံကိန်းများ လုပ်ဆောင်နေသည်မှာလည်း အောင်မြင်သင့် သလောက် မအောင်မြင်ဘဲဖြစ်နေသည်။ မိရိုးဖလာ၊ ဆွေစဉ်မျိုး ဆက် စိုက်ပျိုးလာသည်က တစ်ကြောင်း၊ အမြတ်အစွန်း မြိုးမြိုး မြက်မြက်ရသည်က တစ်ကြောင်းတို့ကြောင့် ဘိန်းတောင်သူ အများစုသည် ဘိန်းစိုက်ပျိုးခြင်းကို မစွန့်လွှတ်နိုင်ဘဲ ဖြစ်နေကြ ပါသည်။
မူးယစ်ဆေးဝါး မှောင်ခိုကူးသူများကလည်း နည်းပေါင်းစုံတင်းကျပ်ဖမ်းဆီးနေသည့်တိုင် ရသည့်နည်းဖြင့် ကျော်လွှားကာ ၎င်းတို့ရောက်စေလိုသည့်နေရာများသို့ အရောက်ပို့ပေးနေ ကြသည်။
မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားသည့် လမ်း ကြောင်းများအဖြစ် မူဆယ်၊ လားရှိုး၊ မန္တလေး၊ ရန်ကုန်မှတစ်ဆင့် ရခိုင်ပြည်နယ်၊ မောင်တောဘက်မှ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယသို့ သွားသောလမ်းကြောင်းရှိသလို မန္တလေးမှ ပဲခူးကိုဆင်း၊ ထိုမှ ဘုရားကြီးလမ်းခွဲကနေ မြဝတီကိုပြန်တက်ပြီး တစ်ဖက်ထိုင်းနိုင်ငံ ဘက်သို့ ရောက်သွားသည်များလည်း ရှိသည်ဟု ဆိုပါသည်။ဖျောက်ရခက်သည့် အမည်းစက်
ထိုသို့ မူးယစ်ဆေးဝါးထုတ်လုပ်ရောင်းချမှုများကို တား ဆီးကာကွယ်တိုက်ဖျက်နေသော်လည်း မူးယစ်ဆေးဝါးများက ပပျောက်မသွား။ သူ့နည်းသူ့ဟန်နှင့် ရှိနေဆဲ။ စိုက်ပျိုးသူများက လည်း စိုက်ပျိုးမြဲစိုက်ပျိုးဆဲ။ ထုတ်လုပ်ရောင်းချသူ၊ ကုန်ကူးသူ များကလည်း ဆက်လက်လုပ်ဆောင်နေဆဲ။ သုံးစွဲသူများက လည်း သုံးစွဲနေဆဲ။
မြန်မာနိုင်ငံမူးယစ်တပ်ဖွဲ့အနေနှင့် မူးယစ်ဆေးဝါးထုတ် လုပ်၊ ရောင်းဝယ်ဖောက်ကားခြင်းများကို တားဆီးကာကွယ် နှိမ် နင်းနေချိန်မှာ မူးယစ်ပညာပေးသည့် အဖွဲ့အစည်းများအနေဖြင့် လည်း လူငယ်များကြား မူးယစ်ဆေးဝါး သုံးစွဲမှုလျော့ကျလာ အောင်၊ ဆေးဖြတ်ချင်လာအောင် အသိပညာပေးသည့် လုပ်ငန်း များကို လုပ်ဆောင်နေကြပါသည်။
ထိုသို့လုပ်ဆောင်ခြင်းကြောင့်လည်း မူးယစ်ဆေးဝါးပြတ် သွားကြသူများ၊ ဖြတ်လိုသူများလည်း တစ်နှစ်ထက်တစ်နှစ် များ ပြားလာလျက်ရှိသည်ဟု အဖွဲ့အစည်းများက ဆိုပါသည်။
မူးယစ်ဆေးဝါးသုံးစွဲသူများအား အသိပညာပေးရေးလုပ် ငန်းများလုပ်သော တာချီလိတ်မှ ဦးသိန်းဝင်းကတော့ ရွာတစ် ရွာလျှင် မူးယစ်ဆေးဝါးဖြတ်သည့်သူ ၁၅ ဦးရှိလျှင် ၁၅ ဦးစလုံး ပြတ်သွားသည်ဟုမဆိုနိုင်သော်လည်း ယင်းတို့အနက် သုံးဦး လောက် ဆေးပြတ်သွားလျှင်ကိုပဲ တအားကျေနပ်စရာဖြစ်ရသည် ဟု ဆိုသည်။
”နိုင်ငံတကာမှာဆိုရင် အယောက်တစ်ရာဆေးဖြတ်လို့ တစ်ယောက် အမှန်တကယ်ပြတ်ရင် မြတ်တယ်လို့ပြောထား တယ်။ တစ်ယောက်လုံးဝပြတ်တယ်ဆိုရင် အဲဒီစီမံချက်အောင် မြင်တယ်လို့ယူဆထားတာ”
သို့သော်လည်း တစ်ဖက်တွင် မူးယစ်ဆေးဝါးဖြတ်လိုသူများ ကို စနစ်တကျဖြတ်ပေးနိုင်သည့် စင်တာများ၊ အထောက်အပံ့ ပစ္စည်းများ လုံလောက်မှုမရှိသောကြောင့် အောင်မြင်သင့် သလောက် မအောင်မြင်ဘဲ ဖြစ်ရသည်ဟုလည်း အဖွဲ့အစည်း အချို့က ဆိုပါသည်။
”တချို့ဆေးဖြတ်ပြီးကြပြီဆိုပေမယ့်လည်း အလုပ်အကိုင် မပေးနိုင်တော့ ဒီအထဲကို ပြန်ရောက်သွားတဲ့သူတွေလည်း အများကြီးရှိပါတယ်။ ဒါနဲ့ ဒီမူးယစ်ဆေးဝါးသုံးစွဲမှုက သံသရာ လည်နေတယ်။ ဒါက အဓိကပြ ဿ နာပဲ။ သူတို့ကို အသက်မွေးဝမ်း ကျောင်းလုပ်ငန်းတွေ ပေးဖို့ လိုတယ်”ဟု ဦးသိန်းဝင်းက ဆို ပါသည်။
နောက်အခက်အခဲတစ်ခုမှာ ဆေးဖြတ်ချင်သူများရှိသည့် တိုင် ဆေးဖြတ်ပေးသည့် ဆေးရုံလုံလုံလောက်လောက်မရှိသည့် ပြ ဿ နာဖြစ်သည်ဟု မူးယစ်ပညာပေးသူများက ဆိုပါသည်။
”အဓိကလိုအပ်နေတာက ဆေးဖြတ်တဲ့ အဆောက်အအုံ မရှိတာပဲ။ ဆေးဖြတ်တဲ့ဆေးရုံက တော်တော်ကြီးကြီးမားမားကို ဒီဒေသ(တာချီလိတ်)မှာ ရှိသင့်တယ်လို့ ယူဆတယ်”ဟု ဦးသိန်း ဝင်းက ဆိုသည်။
မည်သို့ပင် မူးယစ်ဆေးဝါးတိုက်ဖျက်ရေး၊ နှိမ်နင်းရေးများ လုပ်နေသည့်တိုင် ဒီကမ္ဘာမြေပေါ်မှာ မူးယစ်ဆေးဝါးများ ပပျောက်ဖို့ရန်မှာကား အိပ်မက်တစ်ခုလိုဖြစ်နေသည်။
”ခေတ်အဆက်ဆက် ဟိုးပဝေသဏီကတည်းက ရှိနေခဲ့တဲ့ ပြဿနာပဲ။ ဘယ်လိုမှဖျောက်လို့မရတဲ့ အမည်းစက်ကြီးတစ်ခု ပဲ”ဟု ဦးသိန်းဝင်းက မှတ်ချက်ချသည်။
”နောင်လည်း ဖျောက်လို့ရဦးမှာမဟုတ်ဘူး။ နည်းနည်း လျော့သွားမှာပဲရှိမှာ”
သယ်ဆောင်သည့်နေရာတွင်လည်း ပုံစံမျိုးစုံဖြင့် သယ် ဆောင်ကြသည်ဟုဆိုပါသည်။ လိုင်စင်မဲ့မော်ဒယ်လ်အမြင့်ကားတွေနှင့် သယ်ဆောင်သည်များရှိသလို ကုန်ကား၊ ခရီးသည်တင် ကားများဖြင့် လျှို့ဝှက်ပြီး သယ်ဆောင်ကြသည်လည်းရှိသည်။ အချို့အမျိုးသမီးများက သူတို့၏ အင်္ဂါဇာတ်အတွင်းသို့ မူးယစ် ဆေးဝါးကို ကွန်ဒုံးဖြင့်ထည့်ပြီး သယ်ဆောင်ကြသည်များလည်း ရှိသည်။
အချို့ကတော့ တရုတ်ပြည်မှ ဆိုင်ကယ်များ ပြည်မအတွင်း သို့ သွင်းသည့်အခါ ဆိုင်ကယ်ကိုယ်အတွင်း မူးယစ်ဆေးဝါးကို ထည့်သွင်းပြီး သယ်ဆောင်ကြသည်များလည်း ရှိပါသည်။
လားရှိုးခရိုင်တစ်ခုတည်းတွင် တစ်လလျှင် အကြိမ် ၃ဝ လောက် ဖမ်းဆီးရမိမှုများရှိသည်ဟု ဆိုပါသည်။
လားရှိုးခရိုင်၊ မူးယစ်တပ်ဖွဲ့စုမှူး ရဲမှူးရဲနိုင်အဆိုအရ ဖမ်း ဆီးရမိသည့် မူးယစ် ဆေးဝါးများထဲတွင် ဆေးပြားအမှုက လေးပုံ သုံးပုံလောက်ရှိသည်ဟု ဆိုပါသည်။
၂ဝဝ၅၊၂ဝဝ၆၊၂ဝဝ၇၊၂ဝဝ၈ လောက်ကဆိုလျှင် ကားများ ဖြင့် ပမာဏများများ သယ်ဆောင်ကြသည်ဟုဆိုသည်။ ကား အစီးလိုက်ထည့်ကာ သယ်ဆောင်ခြင်းများရှိသလို ဆိပ်ကမ်းမှာ ကွန်တိန်နာထဲထည့်သယ်ခြင်းမျိုးကိုလည်း မိဖူးသည်ဟု ဆို ပါသည်။
”မူးယစ်ဆေးဝါး အမှုတစ်ခုကို မိပြီဆိုရင် မူးယစ်ဆေးဝါး ရောင်းဝယ်တဲ့သူတွေ တော်တော်များများက ကိုယ်တိုင်သယ် ဆောင်တာ၊ ကိုယ်တိုင်ရောင်းဝယ်တာ ရှားတယ်”ဟု ရဲမှူးရဲနိုင် က ဆိုသည်။
”လက်ဝယ်တွေ့ရှိတာကို ရှောင်ရှားလိုတာပေါ့။သူများ ကားတွေကို ငှားသုံးတာ များတယ်။ သူတို့ကားတွေကို မသုံးဘူး။ လိုင်စင်မဲ့ကားတွေကိုသုံးတယ်။ လူပိုင်းကျတော့ မရှိဆင်းရဲတဲ့သူ တွေကို အသုံးချတယ်”
အထူးသဖြင့် မူဆယ်တစ်ဖက်ကမ်း ကြယ်ခေါင်ဘက်မှာ ဆိုလျှင် အဆင်မပြေဖြစ်နေသော လူများကို အသုံးချသည်ဟုဆို သည်။ တကယ်တမ်းတော့ ၎င်းတို့တစ်တွေသည် ကျောက် အရောင်းအဝယ်လုပ်ရန် သွားကြခြင်းဖြစ်ပြီး အလုပ်အကိုင် အဆင်မပြေတော့သည့်အခါ ရရာအလုပ်ဝင်လုပ်ရင်းဖြင့် နောက် ဆုံးတော့ မူးယစ်မှောင်ခိုတို့လက်သို့ ကျရောက်သွားကြသည်ဟု ဆိုပါသည်။ အချို့နေရာများတွင် ကလေးသူငယ်များကို အသုံးချ သည်များလည်း ရှိသည်ဟုဆိုပါသည်။
လားရှိုး၊ မူဆယ်ဧရိယာများသည် နယ်စပ်ကုန်သွယ်ရေး ကောင်းပြီး စီးပွားရေးလည်း ကောင်းကြသောကြောင့် အလုပ် လုပ်မည့်ရည်ရွယ်ချက်ဖြင့် လာရောက်ကြသူများမှ အချို့လည်း ဆေးပြားစွဲသွားသည့်အခါ ဘဝတွေပါ ဆုံးပြီး မပြန်နိုင်ဖြစ်ကြရ သည်ဟု ရဲမှူးတီးခေါင်လွမ်းက ဆိုသည်။
”ကူးစက်ရောဂါလိုပဲ။ သုံးစွဲတဲ့အလေ့အထက ကိုယ့်ရပ် ကိုယ့်ရွာကို ပြန်သွားရင်လည်း အကျင့်ကပါသွားပြီး တခြားလူ တွေပါ သုံးစွဲကုန်ရော”ဟု ၎င်းက ရှင်းပြသည်။
အချို့ဝေဖန်ရေးသမားများကတော့ မူးယစ်နှိမ်နင်းရေးတပ် ဖွဲ့များအနေနှင့် အသေးစားရောင်းဝယ်သူများကိုသာ ဖမ်းမိပြီး ဒိုင်ကြီးများနှင့် ထုတ်လုပ်သူများကိုမူ ဖမ်းမိမှုသိပ်မရှိခြင်းအပေါ် မေးခွန်းထုတ်ကြသည်များလည်း ရှိပါသည်။
ဒိုင်ကြီးများကို မိဖို့ရန်မှာ တော်တော်ခက်ခဲသည့်ကိစ္စဖြစ် သည်ဟု မူးယစ်ရဲများက ဆိုပါသည်။ အကြောင်းမှာ ထုတ်လုပ်သူ၊ ရောင်းဝယ်သူနှင့် ဆေးဝါး သယ်ဆောင်သူတို့ကြားထဲတွင် အချိတ်အဆက်များကို ဒိုင်ကြီး များက ဖြတ်တောက်ထားသောကြောင့် အလွန်ဆုံးကွင်းဆက် လိုက်နိုင်လျှင် နှစ်ဆက်လောက်ပဲ လိုက်နိုင်ကြသည်ဟုဆိုပါသည်။ ။

