အရပ်ဘက်လူ့အဖွဲ့အစည်း ရန်ကုန်နိုင်ငံရေး နှင့် ယုြံကည်မှု အားစမ်းပွဲ

အရပ်ဘက်လူ့အဖွဲ့အစည်း ရန်ကုန်နိုင်ငံရေး နှင့် ယုြံကည်မှု အားစမ်းပွဲ

မတ်လ-၂၀၁၃ထုတ်၊ မော်ကွန်းမဂ္ဂဇင်း မှ သုံးသပ်ချက်ဆောင်းပါး ဖြစ်ပါသည်။

သန်းစိုး(ဘောဂဗေဒ) ရေးသည်။

ယခင်စစ်အစိုးရကာလတစ်လျှောက်လုံး ကုလသမဂ္ဂလက် အောက်ခံအဖွဲ့အစည်းများနှင့် နိုင်ငံတကာ အင်ဂျီအိုအဖွဲ့အစည်း များအနေဖြင့် လူမှုရေးအကျိုးပြုလုပ်ငန်းများနှင့် လူသားချင်းစာ နာထောက်ထားရေးဆိုင်ရာ ကိစ္စရပ်များကိုသာ ဘောင်အတွင်း ကနေ ဆောင်ရွက်ခွင့်ရခဲ့ကြပြီး အခြားအရာများကို လုပ်ဆောင် ရန်မဖြစ်နိုင်ခဲ့ပါ။

နောက်ပိုင်းပေါ်ပေါက်ခဲ့သော အမည်အမျိုးမျိုး ခေါင်းစဉ် တပ် ဖွဲ့စည်းခဲ့သည့် မြန်မာအင်ဂျီအိုများ၊ ပွင့်လင်းအရပ်ဘက် အဖွဲ့အစည်းများမှာလည်း မြန်မာ့လူဘောင်၏  လူမှုရေးလှုပ်ရှားမှု ရေစီးကြောင်း၌သာ ရုန်းကန်ရပ်တည်ရသည့် အနေအထားကို တွေ့ ရသည်။

အရပ်ဘက်လူမှုအဖွဲ့အစည်းများအနေနှင့် လူသားချင်းစာနာထောက်ထားရေးလုပ်ငန်းများနှင့် လူမှုရေးလုပ်ငန်းများတွင် သာ တစ်ချိန်လုံး နစ်မြုပ်နေမည့်အစား မြန်မာလူထုအတွက် နိုင်ငံရေးအသိ၊ စီးပွားရေးအသိအမြင်တို့ ကြွယ်ဝလာအောင် အဆိုပါနယ်ပယ်များတွင် စွမ်းရည်မြှင့်ပေးကြဖို့ လိုအပ်လာပြီ ဖြစ်ပါသည်။ တစ်နည်းဆိုရသော် ယနေ့အချိန်အခါသည် ပြည်သူ များကိုယ်တိုင် ပါဝင်ဆောင်ရွက်နိုင်သော နိုင်ငံရေးအရ သိမြင်မှု ပညာကို အားပေးအားမြှောက်လုပ်ရန် အလွန်အမင်း လိုအပ်နေ သော အချိန်အခါလည်း ဖြစ်ပါသည်။

ယခုဆိုလျှင် သမ္မတကြီးဦးသိန်းစိန်ကိုယ်တိုင် အရပ်ဘက် အဖွဲ့ အစည်းများ၏ ပူးပေါင်းပါဝင်မှု လိုအပ်ကြောင်း ပြောဆိုလာ သည်ကို ကြည့်ခြင်းအားဖြင့် အရပ်ဘက်လူမှုအဖွဲ့အစည်းများကို တံခါးပိုမိုဖွင့်ပေးလိုက်သလို ဖြစ်သွားပါသည်။ ဖွင့်ပေးထားသော အခွင့်အရေးကို အရပ်ဘက် လူမှုအဖွဲ့အစည်းများအနေနှင့် မလွတ်တမ်း ဖမ်းဆုပ်နိုင်ကြဖို့သာ လိုပါသည်။

ပြည်တွင်းရှိ သန်းကြွယ်သူဌေးများကလည်း ယင်းကဲ့သို့ လုပ်ဆောင်ပေးမည့် အရပ်ဘက်လူမှုအဖွဲ့အစည်းများကို ရန်ပုံငွေ ထောက်ပံ့ပေးခြင်းမျိုးလည်းလုပ်ဆောင်သင့်ပါသည်။အကြောင်း မူ လူမှုအဖွဲ့အစည်းများအနေနှင့် နိုင်ငံတကာ ရန်ပုံငွေကိုပဲ တစ် ချိန်လုံး မျှော်ကိုးနေဖို့ မသင့်သောကြောင့် ဖြစ်ပါသည်။

လောလောဆယ် မြင်တွေ့နေရသည့် အနေအထားကတော့ အရပ်ဘက်လူမှုအဖွဲ့အစည်းစိတ်ဓာတ်အားနည်းသော မြန်မာ နိုင်ငံရှိ သန်းကြွယ်သူဌေးများသည် စီပွားရေးခွင်များ၌သာ အာရုံ ရောက်နေကြပြီး လူမှုအသိုင်းအဝိုင်းတိုးတက်ရေးအတွက် စိတ် အား ထက်သန်မှုမရှိကြပေ။

ရန်ကုန်နိုင်ငံရေး

ဆိုရလျှင် လက်ရှိမြန်မာနိုင်ငံ၏ နိုင်ငံရေးလှုပ်ရှားမှုဧရိ ယာမှာ ရန်ကုန်မြို့၌သာ အဖြစ်များနေသည်ကို တွေ့ရသည်။ ရန် ကုန်၏ ဖြစ်တည်မှုကိုကြည့်ပြီး မြန်မာနိုင်ငံရေး အခင်းအကျင်းဟု  ပြောရန် မလုံလောက်သလို ရန်ကုန်နိုင်ငံရေးလှုပ်ရှားမှုမှာ လည်း တစ်ပြည်လုံးအတိုင်းအတာထိ သက်ရောက်မှု ရှိနိုင်၊ မရှိနိုင်ဆို သည်ကို ယတိပြတ် ပြောလို့ကလည်း မဖြစ်နိုင်သေးပါ။

ထိုဖြစ်တည်မှုဖြင့် သက်ရောက်လာသော နိုင်ငံရေး အလှုပ် အယမ်းကို တစ်ပြည်လုံး၏ နိုင်ငံရေးအသိ၊ နိုင်ငံရေးဓလေ့ပြောင်း လဲမှုဖြစ်စဉ်အဖြစ် ကောက်ချက်ချရန်မှာ စောလွန်းသည်ဟု ဆိုရ မည်ဖြစ်သည်။

ရန်ကုန်မြို့၌သာ နိုင်ငံရေးအခင်းအကျင်းများကို အများ အပြားတွေ့ရခြင်းမှာ ဥပဒေအရ ပြောနိုင်ဆိုနိုင်သော အရပ်ဘက် ပွင့်လင်းအဖွဲ့အစည်းများ တည်ရှိနေခြင်း၊ မြို့ပြပညာတတ်များ ပြားခြင်း၊ တစ်ဦးချင်း နိုင်ငံရေးအသိမြင့်မားခြင်း၊ မီဒီယာအများ စု တည်ရှိနေခြင်း၊ နိုင်ငံရေးပါတီများ၏ ရုံးများ ရှိနေခြင်း၊ ဗဟို အစိုးရနှင့် နီးစပ်သော ဆက်သွယ်မှုလမ်းကြောင်း တည်ရှိနေခြင်း၊ နိုင်ငံရေးလှုပ်ရှားမှု သမိုင်းကြောင်းနောက်ခံများရှိခြင်း စသည့် အချက်များကြောင့်ဖြစ်ပါသည်။

ရန်ကုန်က နိုင်ငံရေးလှုပ်ရှားမှု အရှိန်အဟုန်မြင့်မြင့်နှင့် ခရီးနှင်နိုင်ပေမယ့် အခြားပြည်နယ်၊ တိုင်းဒေသကြီးများကတော ယခုအထိတိုင်အောင် နိုင်ငံရေးပူးပေါင်းပါဝင်လှုပ်ရှားမှု နည်းပါး နေသည်ကို တွေ့ရသည်။ တစ်နည်းအားဖြင့် ရန်ကုန်နှင့် အခြား ဒေသများကြားတွင် နိုင်ငံရေးအသိ၊ နိုင်ငံရေးလှုပ်ရှားမှု ဘက် မညီမမျှဖြစ်နေသည်။

ထိုဒေသများတွင်လည်း အကျပ်အတည်းမျိုးစုံရှိနိုင်သည်။ ဆန္ဒပြထုတ်ဖော်မှုများ၊ ပြည်သူလူထု စည်းရုံးဟောပြောမှုများ၊ အခွင့်အရေးတောင်းဆိုမှုများ စသည်တို့၌ နယ်လူထုအနေဖြင့် လုပ်နိုင်ရန် အခွင့်အရေးရပါလျက် ထိထိရောက်ရောက် မလုပ်နိုင် ဖြစ်ရခြင်းမှာ နိုင်ငံရေးအသိ အခြေခံ အားနည်းနေခြင်းကြောင့် လား၊ ပံပိုးကူညီမှု အားနည်းခြင်းကြောင့်လားဆိုသည်ကို လွှတ် တော်ကိုယ်စားလှယ်များ၊ ၈၈ မျိုးဆက်များ၊ အတိုက်အခံနိုင်ငံရေး ပါတီများအနေနှင့် အထူးဆန်းစစ်သင့်သော အချက်ဖြစ်သည်။

ယခုအထိတိုင် အခြားပြည်နယ်နှင့် တိုင်းဒေသကြီးများ၏  ပြည်သူလူထု နိုင်ငံရေးပူးပေါင်းပါဝင်မှု အတိုင်းအတာသည် အနည်းအကျဉ်းလောက်သာ တက်လာသေးသည်ဟု ယူဆရမည် ဖြစ်သည်။  အဆိုပါဒေသအားလုံးသည် စီးပွားရေးကျပ်တည်းမှု အရ ရုန်းမထွက်နိုင်၍လားဆိုသည်ကိုလည်း ဆန်းစစ်ရမည်        ဖြစ်သည်။

ကချင်ပြည်နယ်ဆိုလျှင် စစ်ပွဲကြောင့် ပြည်နယ်၏ စီးပွား ရေး၊ လူမှုရေးလုပ်ငန်းများ တန့်သွားသလို  ရခိုင်ပြည်နယ်ဆိုလျှင် လည်း ဘင်္ဂါလီအရေးနှင့် နပန်းလုံးနေရသောကြောင့် နိုင်ငံရေး အရ ပူးပေါင်းပါဝင်နိုင်မှု အတိုင်းအဆမှာ အားနည်းနေကြရသည် ကိုတွေ့ရသည်။

ထို့အတူ ရှမ်း၊ ကရင်၊ ကယား၊ ချင်း၊ မွန် ဒေသများတွင်လည်း ဒေသခံပြည်သူများ၏ ထိရောက်သည့် နိုင်ငံရေးပူးပေါင်း ပါဝင် မှုမှာ လုံးဝနည်းပါးသည်ကို တွေ့နေရသည်။

အဆိုပါ ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် နိုင်ငံရေး အရ ပူးပေါင်းပါဝင်မှု အားနည်းနေသည်ကို အားဖြည့်ပေးရန် အရပ်ဘက် လူ့အဖွဲ့အစည်းများနှင့် နိုင်ငံအရေးလှုပ်ရှားသူများက ဖြန့်ကျက်ကာ အားဖြည့်ပေးသင့်ပါသည်။

သမ္မတနှင့် ပြည်သူလူထု၏ ယုံကြည်မှု အားစမ်းပွဲ

၂ဝ၁၁ နောက်ပိုင်း သမ္မတကြီးဖွဲ့စည်းခဲ့သော အင်အား ဖြည့်ဖော်ဆောင်ကြသည့် ကော်မတီ၊ ကော်မရှင်စသော အစု အဖွဲ့ဝင်များထဲတွင် ခေတ်ဟောင်းက အငွေ့အသက် မပြယ်သေး သူများ၊ ယခင်စနစ်ကို ဖက်တွယ်ထားသူများ၊ ယခင်အစိုးရခေတ် အကျိုးစီးပွားများနှင့် မလွတ်မကျွတ်သူများစသည့် အင်အား စုများ ပါဝင်နေခြင်းကြောင့် ထိရောက်မှု ရှိ၊ မရှိ၊ အလုပ်ဖြစ်၊ မဖြစ် ကို သံသယရှိမိပါသည်။

ဥပမာအားဖြင့်ဖော်ပြရလျှင် ပူပူနွေးနွေး ဖွဲ့စည်းခဲ့သော လာဘ်ပေးလာဘ်ယူမှု အရေးယူဆောင်ရွက်ရေးကော်မတီကို ကြည့်ကြရအောင်။ ထိုကော်မတီဝင်များတွင် ယခင်အစိုးရခေတ် ဝန်ကြီးဟောင်းများ ပါဝင်ပါသည်။  နိုင်ငံတော်ပိုင် အဆောက် အအုံများ လေလံတင်ရောင်းချရေး ကော်မတီဝင်တစ်ဦးလည်း ပါသည်။

ယခုကော်မတီတွင်ပါဝင်နေသော ယခင်ခေတ်ဝန်ကြီး ဟောင်းများသည် အမှန်တကယ် လာဘ်ပေးလာဘ်ယူမှုနှင့် ကင်း ကြပါသလားဆိုသည်ကို ပြည်သူတစ်ဦးချင်းကို လိုက်မေးလျှင် ထို ကော်မတီအပေါ် ပြည်သူတို့၏ ယုံကြည်မှုအတိုင်းအတာကို မှန်း ဆနိုင်မည်ဖြစ်သည်။

သမ္မတအနေဖြင့် အဆိုပါကော်မတီ၊ ကော်မရှင်များဖွဲ့စည်း ရာတွင် ပညာရှင်စစ်စစ်များ ပါဝင်ရန် အထူးလိုအပ်ပါသည်။

၂ဝ၁၂ ခုနှစ်အတွင်း သမ္မတအဆိုတင်သွင်းခဲ့သော အစိုးရ ဝန်ကြီးများ၏  ပိုင်ဆိုင်မှုဖော်ပြရန်အဆို ရှုံးနိမ့်သည့်အချက် သည်လည်း ပြည်သူလူထု၏ ယုံကြည်မှုကို စမ်းသပ်ရန် ၎င်းတို့ တွင် အင်အားမရှိကြောင်း ဖော်ပြသကဲ့သို့ဖြစ်နေသည်။

တန်ဖိုးနည်း ကျပ် ၅,ဝဝဝ ဖုန်းကိစ္စ၊ မြစ်ဆုံစီမံကိန်း၊ လက် ပံတောင်းတောင်စီမံကိန်းများသည် အစိုးနှင့် ပြည်သူလူထုကြား ယုံကြည်မှု အားစမ်းပွဲများအဖြစ် ရှုမြင်နိုင်ပါသည်။ ပြောရလျှင် ပြည်သူ့အကျိုးစီးပွားကို အစိုးရက မည်မျှကြည့်သလဲဆိုသော အချက်ကို ပေါ်လွင်စေမည်ဖြစ်ပါသည်။

ယင်းကိစ္စတွေမှာ သမ္မတအနေနှင့် မည်သို့ကိုင်တွယ်နိုင် မလဲဟူသောအချက်သည် များစွာအရေးကြီးပါသည်။ အကြောင်း မှာ ၎င်း၏ ကိုင်တွယ်မှုသည် ပြည်သူလူထု၏ ယုံကြည်မှုကို ဖမ်း စားရာတွင် များစွာ အခရာကျသော အခန်းကဏ္ဍမှ ပါဝင်နေ သောကြောင့်ဖြစ်သည်။      ။

အမျိုးအစား - သုံးသပ်ချက်

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."