လယ်ယာမြေပြဿနာအဖြေရှာ

လယ်ယာမြေပြဿနာအဖြေရှာ

 

၂၀၁၄၊နိုဝင်ဘာလထုတ်၊မော်ကွန်းမဂ္ဂဇင်း အမှတ်(၁၈) စာအုပ်စင်ကဏ္ဍမှ စာအုပ်အညွှန်းဖြစ်ပါသည်။

သက်ဦးမွန် ရေးသည်။

ကျွန်တော်တို့ မြန်မာနိုင်ငံမှာ ဟိုးအရင် နှစ်ပေါင်းများစွာကတည်းက ယနေ့အချိန်အထိ အစဉ်အဆက်ဖြစ်ပွားလာခဲ့တဲ့ပြဿ       နာတစ်ရပ်ရှိပါတယ်။ အဲဒီပြဿ       နာကတော့ ကျွန်တော်တို့နိုင်ငံရဲ့အဓိက စားနပ်ရိက္ခာဆန်စပါးကို နေပူမရှောင်၊ မိုးရွာမရှောင် လယ်ယာမြေထဲ နွားနှင့်အတူ ဖက်ရုန်းကာ စိုက်ပျိုးထုတ်လုပ်နေတဲ့ လယ်သမားကြီးတွေရဲ့ ပြဿ       နာပဲ ဖြစ်ပါတယ်။

သမိုင်းကိုပြန်ကြည့်ရင်လည်းဆရာစံဦးဆောင်တဲ့တောင်သူလယ်သမားအရေးတော်ပုံမှာယနေ့တိုင်ထင်ရှားနေဆဲဖြစ်ပြီးထိုခေတ်တုန်းကတော့ ချစ်တီးဆိုတဲ့ ငွေရှင်များရဲ့ကုပ်သွေးစုပ်အမြတ်ထုတ်မှုကိုတောင်သူလယ်သမားတွေ သည်းမခံနိုင်တဲ့အဆုံးတော့ တော်လှန်ရေးကြီး ပေါ်ပေါက်ခဲ့ရခြင်းဖြစ်တယ။်ခေတ်အဆက်ဆက် စစ်အစိုးရလက်ထက်အထိ ခေတ်အဆက်ဆက်မှာလည်း လယ်သမားကြီးတွေအတွက် အခက်အခဲ ဒုက္ခမျိုးစုံ ကြုံတွေ့ခဲ့ပါတယ်။ ထိုပြဿ       နာများက ယနေ့အချိန်အထိ ပြေလည်မှုမရသေးသလို ဆက်လက်ဖြစ်ပွားစေဖို့လည်း အခြေအနေအကြောင်းတရားတွေက ရှိနေဆဲပါ။

ယနေ့ ဦးသိန်းစိန်အစိုးရလက်ထက်မှာလည်း လယ်ယာမြေသိမ်းဆည်းခံရမှုတွေကလည်း ပွင့်ပွင့်လင်းလင်း ပေါ်ထွက်လာခဲ့ကြပါတယ်။ ၂ဝ၁၂ အတွင်းမှာဆိုရင် လယ်ယာမြေ ပြန်လည်ရရှိရေးအတွက် လယ်သမားတွေရဲ့ ဆန္ဒပြပွဲတွေကို ခပ်စိပ်စိပ်မြင် တွေ့ မြင်လာကြရပါတယ်။ အရင်ခေတ်က အကြောက်တရားနဲ့ အားလုံးကိုချုပ်ကိုင်ခံခဲ့ရတော့ ထွက်ခွင့်မရတဲ့ အသံတွေကြားလာရတာပါပဲ။

စစ်အစိုးရလက်ထက် မပြောရဲမဆိုရဲခဲ့သမျှ ဒီဘက်မှာတော့ ဥပဒေမဲ့သိမ်းဆည်းခံထားရတဲ့ သူတို့လယ်ယာမြေတွေပြန်လည်ရရှိရေး လက်သီးလက်မောင်းများတန်းကာ အော်ဟစ်လာခဲ့ကြပါတယ်။ မီဒီယာတွေကြောင့်လည်း လယ်သမားတွေရဲ့လှုပ်ရှားမှုတွေက သတင်းစာမျက်နှာတွေပေါ် ရောက်ရှိလာခဲ့ကြပြီး အများအာရုံစိုက်မှုရရှိခဲ့ပါတယ်။

ဆန္ဒထုတ်ဖော်ရတဲ့ အကြောင်းရင်းတွေမှာ လယ်သမားတွေက မိမိတို့ လယ်ယာမြေတွေ ပြန်လည်ရရှိရေးအပါအဝင်သူတို့ကို အကာအကွယ်ပေးနိုင်မယ့် ဥပဒေတစ်ရပ်ရေးဆွဲရေးလည်း ပါဝင်ခဲ့ကြပါတယ်။အကျိုးဆက်အဖြစ် ၂ဝ၁၂၊ သြဂုတ်တွင်တော့ လယ်ယာမြေဥပဒေသစ်တစ်ရပ် ပေါ်ထွက်လာခဲ့ပါတယ်။ အဲဒီဥပဒေကိုလယ်သမားအရေး လိုက်ပါဆောင်ရွက်သူတွေနဲ့ ပညာရှင်တွေကကြိုဆိုကြသည့်နည်းတူ ပြင်ဆင်ဖြည့်စွက်ရန် လိုအပ်ချက်တွေ ရှိသေးတယ်လို့လည်း ထောက်ပြပြောဆိုကြပါတယ်။

ဒါနဲ့ ပတ်သက်ပြီးလယ်ယာမြေဥပဒေနဲ့ ပတ်သက်လို့ ပြန်လည်သုံးသပ်ထားတဲ့ စာအုပ်တစ်အုပ်နဲ့ မိတ်ဆက်ပေးလိုပါတယ်။ လယ်ယာမြေဥပဒေသုံးသပ်ချက်များနှင့် အငြင်းပွားမှုဖြေရှင်းရေး ကျင့်သုံးသင့်သော မူသုံးချက်ဆိုတဲ့ စာအုပ်ပဲဖြစ်ပါတယ်။ ရှေ့နေကိုဖိုးဖြူရေးသားသုံးသပ်ထားပြီး သူကိုယ်တိုင်ကလည်း ၂ဝ၁ဝ နှစ်ကုန်ပိုင်းက စတင်ပြီး ယနေ့အချိန်အထိ မြေယာသိမ်းမှုခင်းတွေကို လယ်သမားတွေဘက်ကနေ လိုက်ပါဆောင်ရွက်ပေးနေတဲ့ ရှေ့နေတစ်ဦးဖြစ်တယ်လို့ ကိုယ်ရေးအကျဉ်းမှာဖော်ပြထားပါတယ်။

စာအုပ်မှာ စာမျက်နှာ ၆၇ မျက်နှာပါရှိပြီး အခန်း သုံးခန်းပါရှိပါတယ်။ အခန်း ၁ မှာ ၂ဝ၁၂ ခုနှစ် လယ်ယာမြေဥပဒေနှင့်တောင်သူလယ်သမား ပြည်သူပြည်သားတို့အတွက် အသုံးမတည့်သော လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့များကို ဥပဒေရှုထောင့်မှ လေ့လာတင်ပြခြင်း ။

အခန်း ၂ မှာ လယ်ယာမြေပြဿ       နာရပ်များ ဖြေရှင်းရေးဆိုင်ရာ ပြဋ္ဌာန်းချက်များကို ဥပဒေရှုထောင့်မှ လေ့လာတင်ပြခြင်းနဲ့ အခန်း ၃ မှာ လက်တွေ့အသုံးချ ကန့်ကွက်လွှာ နမူနာများဆိုပြီး ပါရှိပါတယ်။

စာအုပ်မှာ ခပ်ပါးပါးဖြစ်ပေမယ့် စာအုပ်အတွင်းမှာတော့လယ်ယာမြေဥပဒေန့ဲ ပတ်သက်တဲ့အားနည်း ချက်တွေကို ဥပဒေရှုထောင့်အရ စုံစုံလင်လင် နှိုက်နှိုက်ချွတ်ချွတ်ဖော်ပြထားတဲ့စာရေးသူရဲ့စေတနာကို တွေ့ရပါတယ်။ဥပမာအားဖြင့် စာမျက်နှာ ၇၊ အခန်း ၁ ၊ အပိုဒ်ငယ် ၁ (ခ)မှာ လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့အဆင့်အဆင့်သည် မိမိတရားကိုမိမိစီရင်နေသော အဖွဲ့အစည်းဖြစ်နေခြင်းဟူသော ခေါင်းစဉ်အောက်မှာ…

”၂ဝ၁၂ ခုနှစ် လယ်ယာမြေဥပဒေတွင် ဒီမိုကရေစီ ကျင့်သုံးသော လွှတ်တော်သက်တမ်း နုနယ်သည်က တစ်ကြောင်း၊လွှတ်တော်ကိုယ်စားလှယ်အများစုတို့၏ နိုင်ငံတကာ ဥပဒေစံနှုန်းများကို မသိနားမလည်စွာ မိမိတို့ အကျိုးစီးပွားကာကွယ်ရေးတစ်ဖက်သတ်ကာကွယ်လိုသည်က တစ်ကြောင်း။ထို့ကြောင့် တရားစီရင်ရေးအသွင်ဆောင် လုပ်ငန်းဆောင်ရွက်ရမည့် ဗဟိုနှင့် တိုင်းဒေသကြီး၊ ပြည်နယ် လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့ ဥက္ကဋ္ဌတို့၏ ကိုယ့်တရားကိုယ်စီရင်ခွင့်နှင့် မိမိတို့ကိုယ်တိုင် စီမံဆောင်ရွက်ခဲ့ရသော မြေသိမ်းကိစ္စကို မိမိတို့ကိုယ်တိုင် တရားသူကြီးအဖြစ် ပြန်လည်စီရင်ဆုံးဖြတ်ပိုင်ခွင့် အာဏာအသီးသီးတို့ ပြန်လည်အပ်နှင်းထားပုံကို အောက်ပါအတိုင်းဆက်လက်တင်ပြအပ်ပါသည်”ဆိုပြီး နောက်စာပိုဒ်မှာတော့…”၁၉၆၃ ခုနှစ် သီးစားချထားရေးဥပဒေနဲ့ နည်းဥပဒေတို့အရ ယခင်တပ်မတော်အစိုးရလက်ထက် တိုင်းမှူးအသီးသီးတို့ဟာ တိုင်းမြေယာကော်မတီ ဥက္ကဋ္ဌ ဖြစ်နေခဲ့တာတွေ့ရပါတယ်။

၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ တင်မြှောက်ပြီးရာထူးရရှိလာသော တိုင်းဒေသကြီး ပြည်နယ်ဝန်ကြီးချုပ်တို့ဟာ ယခင်တိုင်းမှူးတစ်ဖြစ်လဲ တိုင်းမြေယာကော်မတီ၏ ဥက္ကဋ္ဌပင် ဖြစ်နေပါတယ်။ ယခုအခါ ၎င်းတို့ဟာ တိုင်းဒေသကြီး ပြည်နယ်ဝန်ကြီးချုပ်တစ်ဖြစ်လဲ တိုင်းလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏ ဥက္ကဋ္ဌ ပြန်လည်ဖြစ်နေပါတယ်။

ဥပဒေအာဏာစိုးမိုးသက်ဝင်မှု အားနည်းလျော့ရဲခဲ့သောအာဏာရှင်စနစ်ကျင့်သုံးခဲ့စဉ်က ဥပဒေမဲ့မြေသိမ်းမှုများတွင်ကိုယ်တိုင်ကိုယ်ကျ စီမံခန့်ခွဲခဲ့သူ ယခင်တိုင်းမှူး၊ ယခုတိုင်းဒေသကြီး၊ ပြည်နယ်ဝန်ကြီးချုပ်များက ၂ဝ၁၂ ခုနှစ် လယ်ယာမြေဥပဒေ ပုဒ်မ ၂၅(ဂ)အရ တိုင်းဒေသကြီးး၊ ပြည်နယ်အဆင့် စီမံခန့်ခွဲမှုအဖွဲ့၏ ဆုံးဖြတ်ချက်သည် အပြီးအပြတ်ဖြစ်စေရမည်ဟူသောပြဋ္ဌာန်းချက်ကို အခွင့်ကောင်းယူရန်နှင့် ဥပဒေကို တလွဲကျင့်သုံးရန် အခွင့်အရေးရရှိနေကြောင်း ဥပဒေရှုထောင့်အရ သဘောရိုးတွေ့ရပါတယ်”ဟုဆိုပြီး သုံးသပ်ထားပါတယ်။

အခန်း ၂၊ အပိုဒ်ငယ် (၃)၊ စာမျက်နှာ (၂၃)မှာတော့ ဘာလဲဟဲ့…နိုင်ငံတော်အကျိုးစီးပွားနှင့် နိုင်ငံတော်စီမံကိန်း ခေါင်းစဉ်အောက်မှာတော့…”တရားမျှတတဲ့ ဥပဒေမူတစ်ရပ်လို့ ဆိုနိုင်ပါတယ်။ ဒါပေမဲ့မြေသိမ်းယူမှုဟာ ဥပဒေနှင့် ညီ၊ မညီ၊ ဥပဒေမဲ့ မြေသိမ်းခြင်းမှတစ်ဆင့် လွှဲပြောင်းမှု တရားဝင်၊ မဝင်ဆိုတာတွေကို ကိုင်တွယ်ဆုံးဖြတ်ဖို့ ၂ဝ၁၂ ခုနှစ် လယ်ယာမြေဥပဒေကို ပြင်ဆင်ရေးဆွဲသူတွေက ဆန္ဒမရှိပါဘူး။ အဲဒါတွေဖြေရှင်းဖို့ လုပ်ထုံးလုပ်နည်းလည်းမရှိပါဘူး။ အကြောင်းကတော့ အဲဒီပြဿ   နာတွေကို ဖြေရှင်းဖို့ပြဋ္ဌာန်းချက်တစ်ချက်တစ်လေမျှ မပါဝင်ပါ”ဆိုပြီး ထောက်ပြထားပါတယ်။

နောက်ဆုံးအခန်း(၃)မှာတော့ လက်တွေ့အသုံးချ ကန့်ကွက်လွှာနမူနာများဆိုပြီး ကန့်ကွက်လွှာသုံးမျိုးကို လေ့လာနိုင်ဖို့အတွက် ဖော်ပြထားပါတယ်။

ကန့်ကွက်လွှာလေးမျိုးကတော့…

(၁) လယ်ယာမြေအကျိုးတူလုပ်ငန်း အကြောင်းပြပြီး မြေသိမ်းကိစ္စအပေါ် အခြေပြုသည့် ကန့်ကွက်လွှာနှင့် ကျေးရွာလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ ဖွဲ့စည်းခြင်းကို ကန့်ကွက်လွှာ

(၂) တာဝန်ကျေစပါးမပေးသွင်းနိုင်မှုကို အကြောင်းပြပြီး အဓမ္မအလုပ်စေခိုင်းမြေသိမ်းမှုအပေါ် အခြေပြုသည့် ကန့်ကွက်လွှာ

(၃) စီမံကိန်းစိုက်ပျိုးမြေအကြောင်းပြပြီး လယ်ယာမြေကို မြေလွတ်မြေရိုင်းအဖြစ် မြေသိမ်းမှုအပေါ် အခြေပြုသည့် ကန့်ကွက်လွှာဆိုပြီး ဖော်ပြထားပါတယ်။

အချုပ်ဆိုရရင်တော့ စာရေးသူဟာ ရှေ့နေတစ်ဦးဖြစ်တာကြောင့် လက်ရှိလယ်ယာမြေဥပဒေကို အတော်လေးအသေးစိတ်လေလ့ာသးုံ သပ်ထောြက်ပထားတာကိုတွေ့ရပါတယ။် လယ်ယာမြေကိစ္စကို လိုက်ပါ ဆောင်ရွက်သူတွေ၊ ဆုံးဖြတ်ချက်ချနိုင်သူတွေနဲ့ လယ်သမားတွေအတွက်လည်း လေ့လာဖတ်ရှုသင့်တဲ့ စာအုပ်တစ်အုပ်ဖြစ်ကြောင်း တိုက်တွန်းလိုက်ပါရစေ။  ။

အမျိုးအစား - စာအုပ်အညွှန်း

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."