မန္တလေး – ၂၀၂၂ ဩဂုတ် ၁၁ (မော်ကွန်း)
မန္တလေးမြို့ပေါ်က ပန့်ဓာတ်ဆီဆိုင်တွေမှာဒီကနေ့ ဓာတ်ဆီပြတ်လပ်နေတာကြောင့် ဓာတ်ဆီဝယ်ရဖို့ ခက်ခဲနေတယ်လို့ မြို့ခံတွေကပြောပါတယ်။
မနေ့ကတည်းက ဓာတ်ဆီပြတ်လပ်တာကြောင့် ဒီကနေ့မနက်အစောပိုင်းမှာ ဓာတ်ဆီရတဲ့ပန့်ဆိုင်အချို့မှာ တန်းစီထည့်ခဲ့ရတယ်လို့ မြို့တွင်းမှာ အိုးဝေမောင်းသူတစ်ဦးကပြောပါတယ်။
“မနက်ကတည်းက တန်းစီရတာပဲ ၊ ချွေးတွေလည်းထွက်လို့ ဆီရတဲ့ဆိုင်မှရတာဆိုတော့ တန်းစီတဲ့သူတွေကလည်းအများကြီး၊ရတော့လည်းဆီကအများကြီးမရဘူး၊တချို့ဆိုင်တွေဆို ဆီကုန်နေပါတယ်လို့အော်နေတာ”လို့ အိုးဝေမောင်းသူတစ်ဦးကပြောပါတယ်။
ဓာတ်ဆီပြတ်တာကြောင့် ရတဲ့ မြို့ပြင်က Denko ဆီဆိုင်မှာ နေ့ခင်းအထိ တန်းစီပြီးဓာတ်ဆီဝယ်နေကြတာကိုမြင်ခဲ့ရတယ်လို့ မြို့ခံတစ်ဦးကပြောပါတယ်။
“အရမ်းအရေးကြီးတယ်ဆိုရင်တော့လမ်းဘေးမှာရပ်ထားတဲ့သုံးဘီးလေး ၊ဆီအိုးလေးနဲ့မှာတော့ ၀.၅ လီတာ(ရေသန့်ဘူးတစ်ဝက်)ကိုတစ်ထောင်တဲ့၊ဆီဈေးကလည်း ဖေ့စ်ဘွတ်မှာသာချနေတာအပြင်မှာဘယ်နားချနေလဲတော့မသိဘူး”လို့ မြို့ခံတစ်ဦးကပြောပါတယ်။
မန္တလေးမြို့ပေါ်က ပန့်ဓာတ်ဆီဆိုင်တွေမှာ ဓာတ်ဆီပြတ်လပ်နေတာကြောင့် ဓာတ်ဆီဈေးနှုန်းတွေကိုတောင်ဖော်ပြထားခြင်းမရှိတော့ဘဲတစ်လီတာကို ၂၀၀၀ ကျော်အထိပေးဝယ်နေရတယ်လို့ပြောပါတယ်။
ပုံစာ – မန္တလေးမြို့အတွင်းရှိဓာတ်ဆီဆိုင်တစ်ဆိုင်
ဓာတ်ပုံ – CJ
#Dailynews

