တောင်ကုတ်- ၂၀၂၄ သြဂုတ် ၂၂ ( မော်ကွန်း)
ရခိုင်ပြည်နယ်တောင်ပိုင်း၊ တောင်ကုတ်မြို့ဝန်းကျင်ကို စစ်ကောင်စီက ဒီနေ့လယ်ပိုင်းမှာ တိုက်လေယာဉ်သုံးစီးနဲ့ ဗုံးကြဲခဲ့တာကြောင့် အသက် ၂၇ နှစ်အရွယ် အမျိုးသမီးတစ်ဦးသေဆုံးပြီး ဒဏ်ရာရသူတွေလည်း ရှိနိုင်တယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။
တောင်ကုတ်မြို့နဲ့ လေးမိုင်ခန့်ဝေးတဲ့ မီးချောင်းထိုးကျေးရွာနဲ့ တောင်ကုတ်ကနေရှစ်မိုင်ကျော်ဝေးတဲ့ မိုးတောင် တောင်တန်းတွေကို လာရောက်ပစ်ခတ်တာဖြစ်တယ်လို့ မြေပြင်သတင်းရင်းမြစ်က ပြောပါတယ်။
” နေ့လယ်ကတည်းက လေယာဉ်သုံးစီးအပြိုင်လာပြီး ပစ်သွားတာပါ။ တိုက်ပွဲဖြစ်တာလည်းမရှိဘဲ ကျချင်တဲ့နေရာကျ၊ ဒလဟောလျှောက်ပစ်သွားတာ” လို့ တောင်ကုတ်ဒေသခံတစ်ဦးက ညနေပိုင်းမှာ ပြောပါတယ်။
ပစ်ခတ်မှုကြောင့် ဒေသခံတွေဟာ ဘေးလွတ်ရာကို ကြောက်လန့်တကြား ထွက်ပြေးနေကြရပြီး ဗုံးကြဲချမှုကြောင့် မီးချောင်းထိုးရွာသူ မယုနန္ဒာထွန်း(၂၇)သေဆုံးခဲ့ရပြီး အိမ်သုံးလုံး ပျက်စီးခဲ့ပေမယ့် အသေးစိတ်ကို စုံစမ်းဆဲလို့ သူက ဆက်ပြောပါတယ်။
ဒီလ ၁၆ ရက်ကလည်း မိုးတောင်တောင်တန်းမှာရှိတဲ့ မိုးတောင်ပညာဒါန ဘုန်းကြီးကျောင်းကို တိုက်လေယာဉ်နဲ့လာရောက်ပစ်ခတ်ခဲ့တာကြောင့် ဘုန်းကြီးတစ်ပါးဒဏ်ရာရရှိခဲ့ပြီး အပျက်အစီးအချို့ရှိခဲ့တယ်ဒေသခံတစ်ချို့ ပြောပါတယ်။
ဒါအပြင် စစ်ကောင်စီဟာ ဒီလ ၂၀ ရက်ကစပြီး တောင်ကုတ်မြို့ကို နယ်ဘက်က လူတွေ ဝင်ခွင့်ပိတ်လိုက်သလို မြို့ပေါ်ကလူတွေကိုလည်း မြို့ပြင်ထွက်ခွင့် ထိန်းချုပ်ထားလို့ ဒေသခံတွေဟာ ကူးသန်းရောင်းဝယ်ရေးအခက်အခဲကြုံနေရတယ်လို့ တောင်ကုတ်မြို့ခံတစ်ချို့က ပြောပါတယ်။
တောင်ကုတ်မြို့နယ်နဲ့ ကပ်လျှက်က သံတွဲမြို့နယ်ကို အာရက္ခတပ်တော်(AA)က သိမ်းယူထားသလို ဆက်ပြီး ဂွမြို့နယ်ကို ထိုးစစ်ဆင်နေပါတယ်။ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နပခ) အခြေစိုက်တဲ့ တောင်ကုတ်မြို့ကို AA က လနဲ့ချီ ပိတ်ဆို့ဝန်းရံထားပါတယ်။
ပုံစာ- မေလ ၁၅ ရက်တုန်းက စစ်ကောင်စီလေယာဉ်ဗုံးကြဲချမှုကြောင့် ပျက်စီးသွားသည့် ကျောက်တော်ဆေးရုံ။
ဓါတ်ပုံ- AA
🌐 Website
မြစ်ကြီးနားမှာ ရေသုံးပေလောက်ကျသွားပေမယ့် အနိမ့်ပိုင်းရပ်ကွက်တွေ ရေနစ်မြုပ်နေဆဲ
🌐 Telegram
https://t.me/MawkunMM
🌐 Facebook
https://facebook.com/mawkunmagazine
🌐 Youtube
https://youtube.com/@mawkunmagazine494/community
🌐 TikTok
https://tiktok.com/@mawkun.magazine
🌐 X
https://x.com/MawKunMM
🌐 Substack
https://mawkunmagazine.substack.com/
🌐 Linktree
https://linktr.ee/MawKunMagazine
Mawkun Magazine #Chronicle #dailynews

