စစ်ကိုင်းတိုင်း – ၂၀၂၂ အောက်တိုဘာ ၂၈ (မော်ကွန်း)
နွေဦးတော်လှန်ရေးမှာ ကျဆုံးသွားသူတွေအတွက် ဝမ်းနည်းခြင်းနဲ့ ပေါင်းစည်းညီညွတ်ခြင်းအတွက် ဒီကနေ့ည ၈:၃၀ ကနေ ၈:၄၀ ထိ အမှောင်အတိပြသခြင်း၊ မီးပိတ်လှုပ်ရှားမှုကို နိုင်ငံတဝန်းပြုလုပ်မှာဖြစ်ကာ ပြည်သူတွေပါဝင်ပေးဖို့ ယင်းမာပင်-ဆားလင်းကြီးရွာပေါင်းစုံသပိတ်က တောင်းဆိုလိုက်ပါတယ်။
ယင်းမာပင်-ဆားလင်းကြီးကျေးရွာပေါင်းစုံသပိတ်ဟာ ဒီကနေ့ ဆားလင်းကြီးမြို့နယ်ထဲက ဈေးတစ်ခုမှာ စစ်အာဏာရှင်ဆန့်ကျင်တော်လှန်ရေးသပိတ်ကို ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။
ရုပ်သံ-CJ
#Dailynews