နှစ်ဆယ့်တစ်ရာစု ပင်လုံ တတိယအကြော့ဆီ

၂ဝ၁၈၊ ဇန်နဝါရီလထုတ် မော်ကွန်းမဂ္ဂဇင်း အမှတ်(၅၃)မှ သုံးသပ်ချက် ဖြစ်ပါသည်။

သန်းစိုးနိုင်ရေးသည်

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ်္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က        ၂၀၁၇ ကို ငြိမ်းချမ်းရေးနှစ် ဖြစ်ရမယ်လို့ ကြွေးကြော် မျှော် မှန်းခဲ့ပါတယ်။ ဒါပေမဲ့ လက်တွေ့မှာတော့ ၂၀၁၇ ဟာ ငြိမ်း ချမ်းရေးလုပ်ငန်းစဉ်တွေ ခြိမ့်ခြိမ့်သဲအောင်မြင်ဖြစ်ထွန်းတဲ့ နှစ်တစ်နှစ် ဖြစ်မလာခဲ့ပါဘူး။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ ဒီနှစ်အတွင်း ထင်ရှားသိသာတဲ့ အောင်မြင်မှုတွေ မရခဲ့တဲ့အပြင် ငြိမ်းချမ်းရေး ရထားကြီး ရှေ့မတိုးသာ နောက်မဆုတ်သာနဲ့

 တန့်အီနေတာ နှစ်ဝက်လောက် ရှိပါပြီ။ နောက်ပြန်များ

        ဆုတ်ဦးလေမလားလို့ ရင်မပြီး စောင့်ကြည့်နေကြရတာ

             ခြောက်လနီး ပါး ကြာခဲ့ပါပြီ။ ငြိမ်းချမ်းရေးလှုပ်ရှားမှုဆိုင်ရာ တိုးတက်အောင်မြင်မှုရယ်လို့ လက်ညှိုးထိုးပြစရာဆိုလို့ ဒုတိယ အကျော့ ပြည်ထောင်စုငြိမ်းချမ်းရေး ၂၁ ရာစု ပင်လုံ ညီလာခံ ကျင်းပနိုင်ခဲ့တာပဲရှိပါတယ်။ ဒုတိယအကျော့ ညီလာခံ ဆိုပေ မယ့်လည်း ပထမအကျော့ညီလာခံလောက် ကိုယ်စားပြုပါဝင်မှု တိုးတက်မလာတဲ့အပြင် ပိုပြီးဆုတ်ယုတ်လျော့ပါးသွားခဲ့ပါ တယ်။ ပထမအကျော့ ညီလာခံမှာ ပါဝင်ခဲ့တဲ့ ဝအဖွဲ့ (UWSA) ခေါင်းဆောင်တဲ့ ပြည်ထောင်စု နိုင်ငံရေးဆွေးနွေးရေးကော်မတီ

      (FPNCC) အဖွဲ့ဝင် ခုနစ်ဖွဲ့ ဒုတိယအကျော့မှာ ပါဝင် ဆွေး

      နွေးမှု မရှိကြတော့ပါဘူး။ NCA လက်မှတ် မထိုးရသေးတဲ့

      UNFC လက်ကျန် ငါးဖွဲ့ဆိုရင် တန်းတူရည်တူ ကိုယ်စားပြု

       ပါဝင်ခွင့် မရှိတဲ့အတွက် ညီလာခံဖွင့်ပွဲကိုတောင် မတက်

          ရောက်ခဲ့ကြပါဘူး။ ဒီအဖွဲ့တွေ NCA လက်မှတ်ရေးထိုးရေး

          အတွက် ဆွေးနွေးညှိနှိုင်းမှုတွေဟာလည်း ဒီနေ့အထိ ပြေလည်မှု မရှိခဲ့သေးပါဘူး။

NCA လက်မှတ်ထိုးရေးအလားအလာ

      ဒီဇင်ဘာ ၁၀ ရက် ၂၀၁၇ မှာတော့ NCA လက်မှတ်ရေး ထိုးနိုင်ရေး တစ်ဆို့နေတဲ့ ဆွေးနွေးမှုတွေ အဆင်ပြေ ချောမွေ့ရေး အတွက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ်္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင် လှိုင်တို့နဲ့ UNFC ထိပ်သီးခေါင်းဆောင်များ တွေ့ဆုံပြီး ကျန်ရှိတဲ့ အချက်တွေ အဖြေရှာရေးကို UNFC ဗဟိုအလုပ်အမှုဆောင် အဖွဲ့က စာပေးပို့ ကမ်းလှမ်းလိုက်ပါတယ်။ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ရဲ့ ကမ်းလှမ်းချက်ထဲမှာ UNFC အဖွဲ့ရဲ့ နိုင်ငံရေးဆိုင်ရာ ညှိ နှိုင်းဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့ (DPN) အနေနဲ့ NLD အစိုးရအဖွဲ့ တက်ရောက်လာပြီးနောက် ပြည်ထောင်စုငြိမ်းချမ်း ရေးညီလာခံ ၂၁ ရာစုပင်လုံ ကျင်းပရေးဆပ်ကော်မတီနဲ့ လည်း ကောင်း၊ ငြိမ်းချမ်းရေးကော်မရှင်နဲ့ လည်းကောင်း ပြည်တွင်းငြိမ်း ချမ်းရေး ပိုမိုအဆင်ပြေရေးအတွက် NCA လမ်းကြောင်းပေါ်တွင်  ဆွေးနွေးညှိနှိုင်းလာခဲ့ကြသည်မှာ ၁၇ လ တိုင်ခဲ့ပြီ ဖြစ်ပါတယ်။ NCA လက်မှတ်ရေးထိုးနိုင်ရေးအတွက် DPN မှ အဆိုပြုထားတဲ့ အချက် ၉ ချက်ကို ငြိမ်းချမ်းရေးကော်မရှင်တို့အကြား ဆွေးနွေး အဖြေရှာခဲ့သည်မှာ အဋ္ဌမ (၈) ကြိမ် ရှိခဲ့ပြီ ဖြစ်ပါတယ်။ နောက် ဆုံးအဖြေရှာရေးအတွက် နဝမအကြိမ် ဆွေးနွေးညှိနှိုင်းဖို့ စီစဉ်ခဲ့ ကြပေမယ့် တရားဝင် ကျင်းပနိုင်ခဲ့ခြင်း မရှိဘူး။ ဒါကြောင့် နောက်ဆုံးညှိနှိုင်း အဖြေရှာရေးအတွက် နိုင်ငံတော်၏ အတိုင်ပင် ခံပုဂ်္ဂိုလ်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နဲ့ UNFC ထိပ်ပိုင်း ခေါင်းဆောင်များ တွေ့ဆုံဆွေးနွေးပြီး ကျန်ရှိသေးတဲ့ အချက်တွေ ကို ညှိနှိုင်းဆုံးဖြတ်ကြဖို့ တိုက်တွန်းတင်ပြထားပါတယ်။ ဒါပေမဲ့ ဒီတင်ပြတိုက်တွန်းချက်ကို နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ်္ဂိုလ်နဲ့ ကာကွယ်ရေးဦးစီးချုပ်တို့က ဘယ်လို သဘောထားတုံ့ပြန်မယ်၊ ဘယ်အချိန်၊ ဘယ်နေရာမှာ တွေ့ဆုံမယ်ဆိုတာ မပြောနိုင်သေးပါ ဘူး။ မှန်းဆကြည့်ရသလောက်တော့ ၂၀၁၇ ထဲမှာ ဆွေးနွေးညှိ နှိုင်း ဆုံးဖြတ်နိုင်စရာ အကြောင်းအချက် အတော်နည်းပါးနေပါပြီ။

      အဋ္ဌမအကြိမ် ဆွေးနွေးပွဲအပြီးမှာတော့ UNFC အနေနဲ့ NCA လက်မှတ်ရေးထိုးနိုင်ရေး အစိုးရကို တင်ပြထားတဲ့ အချက် ရှစ်ချက်ကို ဆွေးနွေးရာမှာ အပြီးသတ်ဆွေးနွေးဖို့ တစ်ချက်သာ ကျန်တော့ကြောင်း နှစ်ဖက်တာဝန်ရှိသူများက ပြောကြားခဲ့ပါ တယ်။ ၎င်းင်းမှာ အဆိုပြုချက် ၂ ဖြစ်တဲ့ “လွတ်လပ်မှု၊ တန်းတူမှုနဲ့ တရားမျှတမှုကို အခြေခံပြီး ပင်လုံစိတ်ဓာတ်နှင့်အညီ ဒီမိုကရေစီ ရေး၊ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အခွင့်အရေး များ အာမခံချက် အပြည့်အဝရှိသော ဖက်ဒရယ်ဒီမိုကရေစီပြည် ထောင်စုနိုင်ငံကို တည်ဆောက်သွားရန်” ဆိုသော စာပိုဒ်တွင် ရှေ့ ဆုံးမှ “ဒို့တာဝန်အရေးသုံးပါးကို ရှေးရှုလျက်”ဆိုတဲ့ စာသားကို အစိုးရနဲ့ တပ်မတော်တို့က ချိတ်ဆက်ထည့်သွင်းလိုပါတယ်။ ဒီလို ထည့်သွင်းလိုက်ရင် “ပင်လုံစိတ်ဓာတ်နှင့်အညီ ကိုယ်ပိုင်ပြဋ္ဌာန်း ခွင့်”ဆိုသော စကားရပ်အပေါ် အငြင်းပွားစရာများ ဖြစ်လာမည် ကို UNFC အဖွဲ့ဝင်များက စိုးရိမ်ဟန် ရှိကြပါတယ်။ ပြည်ထောင် စုငြိမ်းချမ်းရေး ၂၁ ရာစုပင်လုံညီလာခံ ဒုတိယအကျော့အစည်း အဝေးမှာလည်း “ခွဲထွက်ခွင့်”စကားရပ် သုံးစွဲမှုအပေါ် အငြင်းပွား ခဲ့ကြရပြီး ဆုံးဖြတ်ချက် မချနိုင် ဖြစ်ခဲ့ရတယ်။ ဒါဟာ စကားလုံး အသုံးအနှုန်း ပြဿနာလို့ သာမန်အားဖြင့် ယူဆနိုင်ပေမယ့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ဆိုင်ရာ မူဝါဒပြဿနာဖြစ်လို့ အတော်အချိန် ယူ ညှိနှိုင်းရမယ့် သဘော ရှိပါတယ်။

      ဒါနဲ့ တစ်ဆက်တည်းလို ဖြစ်လာတာက တပ်မတော်ရဲ့ ငြိမ်း ချမ်းရေးလုပ်ငန်းစဉ်မူ ခြောက်ချက်အနက် နှစ်ချက်ကို UNFC အဖွဲ့အနေနဲ့ လက်ခံလိုက်နာဖို့ အခက်အခဲ ရှိနေပါတယ်။ ပထမ တစ်ချက်က ဥပဒေဘောင်အတွင်း ရပ်တည်ရန် ရည်ရွယ်ထားတဲ့ အဖွဲ့များအနေနဲ့ နိုင်ငံတော်က ထုတ်ပြန်ထားတဲ့ တည်ဆဲဥပဒေ များကို လေးစားလိုက်နာရန် ဆိုတာ ဖြစ်ပါတယ်။ တည်ဆဲဥပဒေ  အရ နိုင်ငံတော်မှာ တပ်မတော်တစ်ခုတည်းသာ ရှိရမယ် ဆိုထား တဲ့အတွက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအနေနဲ့ လက်ခံ လိုက်နာဖို့ အခက်အခဲရှိပါတယ်။ နောက်တစ်ချက်က “နိုင်ငံတော် မူဝါဒဖြစ်သော ဒို့တာဝန်အရေးသုံးပါးနှင့် ဒီမိုကရေစီအနှစ်သာရ များကို လက်ခံပြီး တည်ဆဲ အခြေခံဥပဒေဖြစ်သော ၂၀၀၈ ဖွဲ့ စည်းပုံအခြေခံဥပဒေဖြင့် ဒီမိုကရေစီလျှောက်လှမ်းမှုတွင် လိုက် ပါဆောင်ရွက်ရန်” ဖြစ်ပါတယ်။ ဒီမှာလည်း ၂၀၀၈ ဖွဲ့စည်းပုံကို အသစ်ပြန်ရေးဆွဲဖို့ (သို့) ပြုပြင်ဖို့ တောင်းဆိုနေတဲ့ UNFC အဖွဲ့ အနေနဲ့ လက်ခံဖို့ မလွယ်လှပါဘူး။ ဒါကြောင့် UNFC နဲ့ အစိုးရ၊ တပ်မတော်တို့အကြား NCA လက်မှတ်ရေးထိုးရေး ဆွေးနွေးညှိ နှိုင်းမှုတွေဟာ သဘောတူညီချက် ရဖို့ နီးကပ်လာပြီဆိုပေမယ့် အခြေခံမူဆိုင်ရာ ပြဿနာတွေမှာ အတော်ဆွေးနွေး ငြင်းခုံကြရ ဦးမှာပါ။ အပြန်အလှန် ယုံကြည်မှုတည်ဆောက်ရင်း အလျှော့ အတင်း၊ အပေးအယူတွေ လုပ်ပေးနိုင်မှ ညှိနှိုင်းလို့ ရနိုင်မယ့် အနေအထားတွေ ဖြစ်ပါတယ်။ ဒါပေမဲ့ UNFC အဖွဲ့အနေနဲ့လည်း ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ရေရှည်လုပ်လာရင်း ကြာလေ အဖွဲ့ ဝင်တွေ နုတ်ထွက်တဲ့ ဦးရေ များလာလေဖြစ်ပြီး အင်အားလျော့ ပါးလာတဲ့အလျောက် NCA လက်မှတ်ထိုးလာနိုင်စရာ အလား အလာပိုကောင်းနိုင်တယ်လို့ တွက်ဆမှုတွေလည်း ရှိနေခဲ့ပါတယ်။

လက်မှတ်ထိုးထားသူများရဲ့ ပြဿနာ

      လက်ရှိ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေအတွင်းမှာ NCA လက်မှတ် မရေးထိုးရသေးတဲ့ UNFC အဖွဲ့တွေနဲ့သာ ဖြေရှင်းရ မယ့် ပြဿနာတွေ ရှိနေတာ မဟုတ်ပါဘူး။ NCA လက်မှတ်ရေး ထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ရှစ်ဖွဲ့နဲ့ အစိုးရ၊ တပ် မတော်တို့အကြားမှာလည်း ဖြေရှင်းရမယ့် ပြဿနာတွေ ရှိနေဆဲ ပါ။ UNFC အဖွဲ့  ဥက်္ကဋ္ဌ ဦးနိုင်ဟံသာက ““အခု လက်မှတ်ထိုးထား တဲ့ အဖွဲ့ ရှစ်ဖွဲ့သည်ပင်လျှင် လုပ်ရင်း လုပ်ရင်းနဲ့ ရှေ့ဆက်တိုးလို့ မရအောင် ဖြစ်နေတယ်။ NCCT နဲ့ ဆွေးနွေးတုန်းက ၁၆ ဖွဲ့ ရှိခဲ့ ပေမယ့် တကယ်လက်မှတ်ထိုးချိန်မှာ ဟိုအဖွဲ့ မပါရ၊ ဒီအဖွဲ့တွေ မပါရဆိုပြီး ကန့်သတ်ထားတော့ နောက်ဆုံး လက်မှတ်ထိုးနိုင်တာ ရှစ်ဖွဲ့ပဲ ရတယ်။ ဒီလို ရှစ်ဖွဲ့ပဲဆိုတော့ အားနည်းနေပြီး နိုင်ငံရေးမူ ဘောင်ဆွေးနွေးရာမှာ သုံးပွင့်ဆိုင်မဟုတ်ဘဲ ငါးပွင့်ဆိုင် ဖြစ်သွား တယ်။ တပ်မတော်က အုပ်စုတစ်စု သီးခြားဖြစ်သွားတော့ ဗီတို သုံးစွဲခွင့်ရသွားတယ်။ ဘယ်ဆုံးဖြတ်ချက်ဖြစ်ဖြစ် တပ်မတော်က သဘောမတူရင် ဘာမှလုပ်လို့ မရတော့ဘူး။ ဒီလို စုစည်းမှုအား နည်းတဲ့အတွက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဘက်က နစ်နာခဲ့ရတယ်””လို့ ဆိုပါတယ်။ အလားတူ ABSDF ဗဟိုကော် မတီဝင် ဆလိုင်းယောအောင်ကလည်း ““လောလောဆယ်အခြေ အနေမှာ RCSS (ရှမ်းအဖွဲ့)နှင့် တပ်မတော်တို့အကြား စစ်ရေး ထိတွေ့ မှုတချို့ ရှိနေခဲ့တယ်။ KNU တစ်ဖွဲ့လုံးအနေနှင့် မဟုတ် ပေ မယ့် အောက်ခြေမှာ တပ်မတော်နှင့် ထိတွေ့ မှုပြဿနာတချို့ ရှိ နေခဲ့တယ်။ ဒါ အပြန်အလှန် နားလည်ယုံကြည်မှု မရှိသေးလို့ ဖြစ် နေပုံရပါတယ်။ ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေးရယူချင်ရင် နိုင်ငံ ရေးမူဘောင်တွေ အခိုင်အမာ ချမှတ်ဖြေရှင်းဖို့ လိုပါတယ်။ ၂၁ ရာစု ပင်လုံငြိမ်းချမ်းရေးညီလာခံ ဒုတိယအကျော့ဆိုတာ လည်း နိုင်ငံရေးမူဘောင် အခြေခံသွားနေတာ မဟုတ်ဘူး။ UPDJC ထဲမှာ အစိုးရ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့နဲ့ နိုင်ငံရေးပါတီတွေ ညှိနှိုင်းဆုံးဖြတ်နေကြတာသာ ဖြစ်တယ်။ ရှေ့ဆက်သွားချင်ရင် နိုင်ငံရေးမူဘောင်တစ်ခု ခိုင်ခိုင်မာမာ ချမှတ်ဖို့ လိုအပ်တယ်။  နိုင်ငံရေးမူဘောင်လည်း အဆုံးသတ် မချမှတ်နိုင်၊ လက်မှတ်မထိုးရသေးတဲ့ အဖွဲ့တွေလည်း ပါဝင်လာ အောင် မလုပ်နိုင်တော့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ရှေ့ဆက်မတိုး နိုင်ဘဲ တန့်အီနေပါတယ်”” လို့ ရှင်းလင်းသုံးသပ်သွားပါတယ်။

      UNFC ဗဟိုအလုပ်အမှုဆောင် ဦးထွန်းဇော်ကလည်း    ““အခုလက်မှတ်ထိုးထားတဲ့ ညီနောင် ရှစ်ဖွဲ့ အနေအထားဟာ ရှေ့ ဆက်သွားဖို့ အခက်အခဲဖြစ်နေတာ သိသာပါတယ်။ ပြဿနာတွေ ဖြေရှင်းဖို့ အမြင့်ဆုံး JICM အစည်းအဝေး ခေါ်ဆိုဆုံးဖြတ်ရမယ့်  အခြေစိုက်နေပြီ။ JICM အစည်းအဝေးခေါ်လိုက်လို့ အဖြေထွက် မလားဆိုတာလည်း ပြောဖို့ခက်ပါတယ်။ လက်တွေ့အားဖြင့် တပ် မတော်ဘက်က အခြေခံနိုင်ငံရေးပြဿနာကို ဖြေရှင်းလိုတဲ့၊ ပြု ပြင်ပြောင်းလဲလိုတဲ့ ဆန်္ဒ မရှိသေးတာ အခက်ဆုံးပဲ။ NLD ပါတီ ဒီနေ့ ရင်ဆိုင်နေရတဲ့ အကျပ်အတည်းကလည်း အမျိုးသားရင် ကြားစေ့ရေးသဘောထားအပေါ်မှာ တပ်မတော်ရဲ့ လိုက်လျောမှု အားနည်းတဲ့ အနေအထားအောက်မှာ ရင်ဆိုင်နေရတာပါပဲ”” လို့ ကောက်ချက်ချလိုက်ပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံကို ဆုပ်ကိုင်ထား တဲ့ တပ်မတော်က သဘောမတူရင် ဘာပြုပြင်ပြောင်းလဲရေးမှ လုပ်လို့မရတဲ့ အနေအထားမှာ ၂၁ ရာစုပင်လုံငြိမ်းချမ်းရေးညီလာ ခံဟာလည်း အကန့်အသတ်ရှိစွာ၊ နှေးကွေးလေးလံစွာ၊ သ္ဌာန် ဆန်စွာ ရှေ့ဆက်ချီတက်ရဦးမယ့် အနေအထား ဖြစ်ပါတယ်။

NCA နှင့် FPNCC

      ဝအဖွဲ့ ဦးဆောင်တဲ့ ပြည်ထောင်စု နိုင်ငံရေး ဆွေးနွေးညှိ နှိုင်းရေးကော်မတီ (FPNCC) အဖွဲ့နဲ့ ငြိမ်းချမ်းရေးဆိုင်ရာ နိုင်ငံ ရေးဆွေးနွေးပွဲ မကျင်းပနိုင်ခဲ့တာ နှစ်ဝက်ကျော်သွားခဲ့ပါပြီ။ မြန် မာပြည်ရဲ့  ပြည်တွင်းစစ် ရပ်စဲရေး၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ထဲမှာ ဒီအဖွဲ့ကို ပါဝင်ခွင့် မပြုနိုင်သမျှ ဒီလုပ်ငန်းစဉ် အောင်မြင်ပြည့်စုံ အောင် ဘယ်လိုမှ ဆောင်ရွက်နိုင်စွမ်း ရှိမှာ မဟုတ်ပါဘူး။ ဒီအဖွဲ့ ကို ဦးဆောင်နေတဲ့ ဝ-မိုင်းလားအုပ်စုဆိုတာ မြန်မာပြည်ရဲ့ အင် အားအကြီးမားဆုံး၊ အင်အားအတောင့်တင်းဆုံး တိုင်းရင်းသား လက်နက်ကိုင်အုပ်စုဖြစ်ပါတယ်။ တစ်ချိန်တည်း ဒီအဖွဲ့မှာ ပါဝင် နေတဲ့ ကချင်အဖွဲ့ (KIO)၊ ပလောင်အဖွဲ့ (TNLA)၊ ကိုးကန့်အဖွဲ့ (MNDAA)၊ ရခိုင်တပ်ဖွဲ့ (AA) နဲ့ ရှမ်းအဖွဲ့ (SSA/SSPP) တို့ ဟာ NCA လက်မှတ်ရေးထိုးပွဲနောက်ပိုင်း ကာလတစ်လျှောက် လုံး တပ်မတော်နဲ့ အပြင်းထန်ဆုံး စစ်ရေးပဋိပက်္ခတွေ ဖြစ်ပွားခဲ့ တဲ့ အဖွဲ့တွေ ဖြစ်ပါတယ်။ ဒီနေ့အထိလည်း ကချင်ပြည်နယ်၊ ရှမ်း ပြည်နယ်နဲ့ ရခိုင်ပြည်နယ်တွေမှာ တပ်မတော်နဲ့ ထိပ်တိုက် စစ် ရေးရင်ဆိုင်မှုတွေ  မကြာခဏ ဆက်လက်ဖြစ်ပွားနေတဲ့ အင်အား စုတွေလည်း ဖြစ်ပါတယ်။ ဒါကြောင့် ဒီအင်အားစုတွေနဲ့ အပစ် အခတ်ရပ်စဲမှု မပြုနိုင်သမျှ NCA စာချုပ်ဟာလည်း ရှင်သန် အဓိပ်္ပာယ်ရှိလာမှာ မဟုတ်သလို ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကြီး ဟာလည်း အောင်မြင်ပြည့်စုံလာစရာ အကြောင်းမရှိပါဘူး။

      ပြီးခဲ့တဲ့ လဆန်းပိုင်းက ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့  အနေနဲ့ ဝ-မိုင်းလားဒေသများကို သွားရောက်ပြီး တွေ့ဆုံဆွေးနွေး  ခဲ့ကြပါသေးတယ်။ ဒါပေမဲ့ FPNCC တစ်ဖွဲ့လုံး ပါဝင်ခွင့်ရှိမှသာ နိုင်ငံရေးပြဿနာတွေကို ဆွေးနွေးမယ်ဆိုတဲ့ ဝ-မိုင်းလားအဖွဲ့ရဲ့ သဘောထားကြောင့် ဒေသဖွံ့ဖြိုးရေးကိစ်္စတွေကိုသာ ဆွေးနွေး ပြီး တပ်ခေါက်ပြန်ခဲ့ကြရပါတယ်။ ဝ-မိုင်းလားအဖွဲ့အနေနဲ့ FPNCC တစ်ဖွဲ့ လုံးနဲ့သာ နိုင်ငံရေးကိစ်္စတွေကို ဆွေးနွေးညှိနှိုင်း ကြဖို့ ဆုံးဖြတ်ထားပြီး ဖြစ်ပါတယ်။ ငြိမ်းချမ်းရေးကော်မရှင်အနေ နဲ့ FPNCC အဖွဲ့ကို အသိအမှတ်ပြုထားခြင်း မရှိတဲ့အတွက် တစ် ဖွဲ့ချင်းစီနဲ့သာ သီးခြားဆွေးနွေးဖို့ သဘောထားရှိပါတယ်။ ဒီလို သဘောထားရှိရတာကလည်း FPNCC အဖွဲ့အနေနဲ့ NCA လမ်းကြောင်းအတိုင်း မလိုက်ပါဘဲ သီးခြားမတူတဲ့ လမ်းကြောင်း တစ်ရပ်ကို တင်ပြပြီး နိုင်ငံရေးဆွေးနွေးညှိနှိုင်းကြဖို့ တောင်းဆို ထားလို့ ဖြစ်ပါတယ်။ ဒီလို နှစ်ဦးနှစ်ဖက် အသေကျစွာ ရပ်တည် နေကြတဲ့ သဘောထားတွေ အောက်မှာ ငြိမ်းချမ်းရေးကော်မရှင် နဲ့ FPNCC တို့ ဖွဲ့စည်းပြီးချိန်က စပြီး ဒီနေ့အထိ နိုင်ငံရေးအရ  ဆွေးနွေးညှိနှိုင်းမှု တစ်ကြိမ်မျှ ကျင်းပနိုင်ခြင်း မရှိခဲ့သေးပါဘူး။ ပြည်တွင်းစစ်ရပ်စဲရေး၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်လို တိုင်းပြည်ရဲ့ ကံကြမ်္မာကို အဆုံးအဖြတ်ပေးနိုင်တဲ့ ကိစ်္စမျိုးမှာ ဖွဲ့စည်းပုံပြဿနာ ထက် နိုင်ငံရေးပြဿနာဖြေရှင်းရေးက ပိုမို အရေးကြီးပါတယ်။ နှစ်ဖက်အင်အားစုတွေအနေနဲ့ နိုင်ငံရေးအရ မူကျတဲ့ ပြဿနာ မဟုတ်တဲ့ ကိစ်္စတွေကို အသေဆုပ်ကိုင်မထားဘဲ နှစ်ဦးနှစ်ဖက် အလျှော့အတင်း၊ အပေးအယူလုပ်ရင်း နည်းနာရှာဖွေကာ နိုင်ငံ ရေးအရ ညှိနှိုင်းဆွေးနွေးနိုင်အောင် ကြိုးပမ်းကြဖို့ အထူးလိုအပ် နေပါပြီ။

      FPNCC အဖွဲ့ဝင်တွေနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ နောက်ဆုံးတွေ့ဆုံခွင့် ရခဲ့တာ ပြည်ထောင်စုငြိမ်းချမ်းရေး ၂၁ ရာစု ပင်လုံညီလာခံဖွင့်ပွဲကာလအတွင်းကသာ ဖြစ်ပါတယ်။ ဒီ တွေ့ဆုံပွဲကလည်း လူမှုရေးသဘောမျှသာ ဖြစ်ပြီး နိုင်ငံရေးအရ တစ်စုံတစ်ရာ ဆွေးနွေးပြောဆိုခြင်းမရှိခဲ့ကြပါဘူး။ ဒေါ်အောင် ဆန်းစုကြည်ရဲ့ NCA လက်မှတ်မထိုးရင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် မှာ ပါဝင်ခွင့် မရှိဘူးဆိုတဲ့ မူအရ ဖွင့်ပွဲအပြီးမှာ အားလုံးပြန်သွား ကြရတာပါပဲ။ ဒီလို ဖွင့်ပွဲတက်ခွင့်ရတာတောင် အစိုးရနဲ့ FPNCC အဖွဲ့တို့ အကြား ညှိနှိုင်းစေ့စပ်ပြီး ရရှိခဲ့တာ မဟုတ်ပါဘူး။ NCA ကို ထောက်ခံထားတဲ့ တရုတ်ပြည်သူ့သမ်္မတနိုင်ငံ ကိုယ်စားလှယ် မစ်္စတာ ဆွန်ကော့ရှန်ရဲ့  ကြိုးပမ်းစီစဉ်မှုကြောင့် ဖြစ်လာခဲ့တာပါ။ ဒီလို ကိုယ့်တိုင်းရင်းသား ပြည်သားအချင်းချင်း ပြဿနာကို တခြားနိုင်ငံက ဝင်ရောက် ဖြေရှင်းပေးရတယ်ဆိုတာ ကောင်းတဲ့ အလားအလာ၊ လက်္ခဏာတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ ပြည်တွင်း အင်အားစုအချင်းချင်းက မျက်နှာချင်းမဆိုင်နိုင်အောင် ဖြစ်နေ ချိန်မှာ ကြားဝင်စေ့စပ်ပေးတာ ကျေးဇူးတင်စရာပါ။ ဘယ်လိုပဲ ဖြစ်ဖြစ် အချင်းချင်း ပြည်သူလူထု အကျိုးစီးပွားကို မထောက် ထားဘဲ တရားသေမူဝါဒတွေ စွဲကိုင်ပြီး မျက်နှာချင်းဆိုင်မရ အောင် ဖြစ်နေကြမှတော့ တစ်ပြည်သားကို ဆက်လက်အားထား မှီခိုနေကြရဦးမှာပါပဲ။ မြန်မာ့နိုင်ငံရေးဘဝရဲ့ ဆိုးဝါးတဲ့ အလား အလာနဲ့ ကံကြမ်္မာလို့ပဲ ကောက်ချက်ချကြရမှာပါ။

တတိယအကျော့ ပင်လုံဆီ

      ၂၀၁၇ မှာ မကျင်းပနိုင်ခဲ့တဲ့ ပြည်ထောင်စုငြိမ်းချမ်းရေး ၂၁ ရာစုပင်လုံညီလာခံ တတိယအကျော့ အစည်းအဝေးကို ယခု အခါ ၂၀၁၈ ဇန်နဝါရီ နောက်ဆုံးအပတ်မှာ ကျင်းပဖို့ ဆုံးဖြတ် လိုက်ပါပြီ။ ဒီတော့မှ မြန်မာတို့ရဲ့ အစဉ်အလာ၊ လုပ်ထုံးလုပ်နည်း အတိုင်း တစ်လျှောက်လုံး ထိုင်းမှိုင်းတန့်အီနေတဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေကို ဖုတ်ပူမီးတိုက် အပြေးအလွှား အမီလိုက်လုပ် နေကြရပါပြီ။ နေရာရွေးချယ်ရေးမှာ တပ်မတော်ရဲ့ ကန့်ကွက်မှု ကြောင့် မကျင်းပနိုင်ခဲ့တဲ့ ရှမ်းပြည်နယ်ရဲ့ အမျိုးသားအဆင့် နိုင်ငံ ရေးဆွေးနွေးပွဲကို ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကြားဝင်စေ့စပ်ပေး မှုကြောင့် လင်းခေးမြို့မှာ ကျင်းပဖို့ သဘောတူ ဆုံးဖြတ်လိုက်ကြ ပါပြီ။ ဒါပေမဲ့ လုံခြုံရေးအကြောင်းပြချက်နဲ့ ပိတ်ပင်ထားတဲ့ ရခိုင် ပြည်နယ် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကိုတော့ ကျင်းပ ခွင့် မရသေးပါဘူး။ ငြိမ်းချမ်းရေးကော်မရှင်ကလည်း မြောက်ပိုင်း က FPNCC အဖွဲ့တွေ တတိယအကျော့ ပင်လုံညီလာခံ တက် ရောက်နိုင်အောင် ကြိုးစားဆွေးနွေးညှိနှိုင်းမယ်လို့ ဆိုပါတယ်။ NCA ကို လက်မခံနိုင်တဲ့ FPNCC ငြိမ်းချမ်းရေးလမ်းကြောင်း ပေါ် ရောက်လာဖို့ တရုတ်ကိုယ်စားလှယ် ဆွန်ကော့ရှန်ကို အား ကိုးမှီခိုကြရဦးမယ့် ကိန်းပါပဲ။ တစ်ချိန်တည်းမှာ UNFC အဖွဲ့ဝင် တွေ NCA လက်မှတ်ထိုးနိုင်ဖို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ်္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့ ခေါင်းချင်းဆိုင်ရဦးမယ့် အနေအထားပါပဲ။ ဒါပေမဲ့ အမျိုးသား ပြန်လည်ရင်ကြားစေ့ရေးကို ဒို့တာဝန်အရေးသုံးပါးနဲ့ အစားထိုး လဲလှယ်နိုင်ခြေ လုံး၀ မရှိနိုင်ပါဘူး။ ဆိုရရင် ၂၀၁၇ ဟာ ဒေါ်အောင်ဆန်းစုကြည် မျှော်မှန်းတဲ့အတိုင်း “ငြိမ်းချမ်းရေးနှစ်” ဖြစ်မလာခဲ့သလို ၂၀၁၈ မှာ ဖက်ဒရယ်ပြည်ထောင်စုဆိုင်ရာ အခြေခံမူတွေ အပြီးချမှတ်နိုင်ရေး မျှော်မှန်းချက်ဟာလည်း မရေ ရာ မသေချာလှပါဘူး။

 

အမျိုးအစား - သုံးသပ်ချက်

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."