“ရန်ကုန်တိုင်းတွင် သေဆုံးသူ ၄၆ ဦးရှိပြီး အများဆုံးဖြစ် ”
ကျော်ဇေယျ
ဇူလိုင်-၁၈
ရာသီတုပ်ကွေး(H1N1)ရောဂါကြောင့် သေဆုံးသူဦးရေဟာ တစ်နိုင်ငံလုံးမှာ ၅၉ ဦးအထိ ရှိလာပြီလို့ ဇူလိုင် ၁၇ မှာ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနထုတ်ပြန်ပါတယ်။
၂၀၁၉ ဇန်နဝါရီ ၁ ကနေ ဇူလိုင် ၁၇ အထိ တိုင်းနဲ့ပြည်နယ်အသီးသီးရှိ တုပ်ကွေးဖြစ်ပွားသူ ၇၁၀ ဦးကို ဓါတ်ခွဲစစ်ဆေးခဲ့ရာ ထိုလူနာတွေထဲက ၂၉၆ ဦးမှာ ရာသီတုပ်ကွေးရောဂါကူးစက်ခံရတာကို တွေ့ရှိရတယ်လို့ ဒီထုတ်ပြန်ချက်မှာ ဖော်ပြတယ်။ ဒီလူတွေထဲက ၅၉ ဦး အထိ သေဆုံးခဲ့တာ ဖြစ်ပါတယ်။
တိုင်းနဲ့ပြည်နယ်အသီးသီးထဲ သေဆုံးသူအများဆုံးဖြစ်တဲ့ ရန်ကုန်တိုင်းဒေသကြီးမှာ လူပေါင်း ၃၇၀ ကို ဓါတ်ခွဲစစ်ဆေးခဲ့ရာမှာ ၁၆၉ ဦးက တုပ်ကွေးကူးစက်ခံနေရပြီး ဒီအထဲက ၄၆ ဦး သေဆုံးခဲ့ပြီလို့ ဝန်ကြီးဌာနက ထုတ်ပြန်တယ်။ ရောဂါကူးစက်ခံနေရသူ အများဆုံးနဲ့ သေဆုံးသူအများဆုံးရှိတဲ့ဧရိယာတွေကတော့ လှိုင်သာယာ၊ ဒဂုံမြို့သစ်တောင်ပိုင်းနဲ့ သင်္ဃန်းကျွန်းမြို့နယ်ေတွ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
ရောဂါကူးစက်ခံနေရသူ ဒုတိယအများဆုံးဒေသက ရခိုင်ပြည်နယ်ြဖစ်ကာ ၂၅ ဦး ကူးစက်ခံထားရပြီး ဒီအထဲက လေးဦးသေဆုံးခဲ့ပါပြီ။ ရာသီတုပ်ကွေးရောဂါကြောင့် သေဆုံးခဲ့တဲ့အခြားဒေသတွေကတော့ မကွေးတိုင်းဒေသကြီးမှာ သုံးဦး၊ ကယားပြည်နယ်နဲ့ စစ်ကိုင်းတိုင်းဒေသကြီးမှာ နှစ်ဦးစီနဲ့ ကချင်ပြည်နယ်၊ ပဲခူးတိုင်းတို့မှာတစ်ဦးစီ သေဆုံးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြတယ်။
ဓါတ်ခွဲစစ်ဆေးထားတဲ့ရလဒ်တွေအရ ရှမ်းပြည်နယ်အရှေ့ပိုင်းနဲ့ ချင်းပြည်နယ်ကလွဲရင် ကျန်ဒေသအားလုံးမှာ ရာသီတုပ်ကွေးရောဂါဖြစ်ပွားသူတွေရှိနေတယ်လို့ ဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
H1N1
ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန
ရာသီတုပ်ကွေးရောဂါ