နိုင်ငံတကာ ဖိအားတွေကို ဘယ်လို စနစ်တကျ တုံ့ပြန်သင့်သလဲ

နိုင်ငံတကာ ဖိအားတွေကို ဘယ်လို စနစ်တကျ တုံ့ပြန်သင့်သလဲ

ဦးတင်မောင်သန်း

နိုင်ငံရေးလေ့လာသုံးသပ်သူနှင့်  မေးမြန်းခြင်း

ကျော်ဇေယျ မေးမြန်းသည်။

                      မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ဖြစ်ပေါ်နေတာကို အစိုးရအနေနဲ့ ထိရောက် အောင် ကိုင်တွယ်ဖြေရှင်းမှုတွေ မလုပ်ဘူးဆိုတဲ့ စွပ်စွဲချက်တွေနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းက တစ်ဖန်ပြန်လည်အရေးယူပိတ်ဆို့မှုတွေ လုပ်ဖို့ ပြင်ဆင်လာပါတယ်။ အခုနောက်ဆုံး ပြင်ဆင်လာ တာက ဥရောပသမဂ္ဂက ၂၀၁၃ ကတည်းက မြန်မာနိုင်ငံကို ပြန်လည်တံခါးဖွင့်ပေးထားတဲ့ အခွင့်အရေးတစ်ခုဖြစ်တဲ့GSPလို့ အများခေါ် ကြတဲ့ ဥရောပနိုင်ငံတွေကို တင်သွင်းလာတဲ့ မြန်မာ့ထွက်ကုန်တွေအပေါ် အခွန် ကင်းလွတ်ခွင့် ပေးထားတာကို ပြန်ရုပ်သိမ်းဖို့ ကြိုးပမ်းလာတာ ပါ။ ဒါကိုဆုံးဖြတ်ဖို့ မြန်မာ့လူ့အခွင့်အရေး အခြေ အနေကို အချိန်အနည်းဆုံးတစ်နှစ်ခန့် စောင့် ကြည့်မှာလည်းဖြစ်ပါတယ်။ ဒီလို အခြေအနေ တွေကို ပြေလည်ချင်ရင် မြန်မာနိုင်ငံအနေနဲ့ ဘယ်လိုကျော်လွှားသင့်ပါသလဲ။ လက်ရှိ နိုင်ငံ အပေါ်ကျရောက်နေတဲ့ လူ့အခွင့်အရေးစွပ်စွဲချက် တွေကို ဘယ်လိုဖြေရှင်းနိုင်ပါသလဲဆိုတာကို နိုင် ငံရေးလေ့လာသုံးသပ်သူလည်း ဖြစ်၊ စာရေးဆရာ လည်းဖြစ်တဲ့ ယခင် သင့်ဘဝမဂ္ဂဇင်းအယ်ဒီတာ ဟောင်း ဦးတင်မောင်သန်းကို မော်ကွန်းက မေး မြန်းဆွေးနွေးထားပါတယ်။ အောက်ဖော်ပြပါ တို့မှာ အဆိုပါ မေးမြန်းခန်းမှ ကောက်နုတ်ဖော်ပြ ပေးတာ ဖြစ်ပါတယ်။

မော်ကွန်း။  ။ ရခိုင်ပြည်နယ်က ပြဿနာတွေကြောင့် နိုင်ငံအပေါ် ကို တစ်စတစ်စ တိုးပြီးတော့ ရောက်လာနိုင်တဲ့ နိုင်ငံတကာရဲ့ ဖိအားတွေက ဘာတွေများဖြစ်နိုင်ပါသလဲ။

ဦးတင်မောင်သန်း။  ။ နိုင်ငံတကာဖိအားတွေက ရခိုင်ပြည်နယ် ကြောင့်လို့တော့ မဟုတ်ဘူး။ များသောအားဖြင့် နိုင်ငံတကာက နေ လူ့အခွင့်အရေးကိစ္စတွေနဲ့ ပတ်သက်ပြီး သုံးသပ်ကြတဲ့ ကိရိယာတွေပေါ့။ ကိရိယာဆိုတဲ့အခါကျ တစ်ခုလုံးကို နားလည်ဖို့ လိုတယ်။ ယေဘုယျအားဖြင့်ကတော့ နိုင်ငံရဲ့ အစိုးရတွေကို အရှက်ရအောင်လုပ်တာပါပဲ။ အရှက်ရစေသော နည်းနာယန္တရား တွေပေါ့။Shames Mechanism  တွေပေါ့။

                    များသောအားဖြင့် လူ့အခွင့်အရေးတွေက ဥပဒေကြောင်း အရ လုပ်ကိုလုပ်ရမယ်ဆိုတဲ့သဘော မသက်ရောက်တတ်ဘူး။ မရှိတတ်ဘူး။ နောက်ပြီးတော့ ကိုယ့်နိုင်ငံရဲ့အခြေအနေပေါ် မူ တည်ပြီးတော့ လက်မှတ်မထိုးဘဲနဲ့ ထားခဲ့လို့ရတဲ့ သီးခြားအပိုဒ် တွေလည်း ရှိတယ်။ ရှိတဲ့အခါကျတော့ ကြည့်ရမှာက နိုင်ငံတကာ က အဲဒီလိုဖြစ်တယ်ဆိုရင် နိုင်ငံတကာစည်းမျဉ်းအရ ကတိ ကဝတ်ပြုပြီးသားစာချုပ်တွေက ဘာလဲဆိုတာကို ကြည့်ဖို့လို တယ်။ အဲဒီအထဲမှာ ခြွင်းချက်ပေးထားတဲ့ဟာတွေ ရှိရင်လည်း ပြန်ပြီး သုံးသပ်ဖို့လိုတယ်။ အဲဒါတွေနဲ့လည်း ဆက်စပ်ပါတယ်။

                     သို့သော် နိုင်ငံတကာတစ်ခုလုံးအနေနဲ့ ဆိုလို့ရှိရင်တော့ အရှက်ရစေဖို့ အဲဒီ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို အရေးယူ ဖို့ ကြိုးစားကြတယ်။ အဲဒီတော့ ဘာကို ကြုံရမလဲဆိုရင် အရှက် ရစေလောက်သောလှုပ်ရှားမှုတွေရှိလိမ့်မယ်။ ပြစ်တင်ပြောဆို တာတွေ အများကြီးကို ကြုံရလိမ့်မယ်။

                         ဥပဒေကြောင်းအရ အရေးယူလို့ရတဲ့ကိစ္စတွေလည်းရှိ တယ်။ အဲဒါတွေက လူသားဂုဏ်ရည်ကြီးတစ်ခုလုံးအပေါ်မှာ ကျူးလွန်တဲ့ရာဇဝတ်မှု။ အဲဒီဟာနဲ့ နွှယ်နေတဲ့ လူမျိုးတုံးသတ် ဖြတ်မှု၊ လူမျိုးအလိုက် ရှင်းလင်းမှုတွေ။ ဒါတွေနဲ့ပတ်သက်တဲ့ အရေးယူနိုင်တဲ့ နည်းနာနိဿယတွေ ရှိလာနိုင်တယ်။ အဲဒါတွေ ကိုလည်း တွဲပြီး မပြတ်မနားဖိအားပေး ကြိုးစားကြလိမ့်မယ်။

                        နောက်ဆုံး ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ တရုတ်နဲ့ ရုရှားက မြန်မာနိုင်ငံကို ခုခံပေးတယ်ဆိုရင်တောင်မှပဲ  ကျွန်ေ တာ် တို့အနေနဲ့ သူတို့ရဲ့ထောက်ခံမှုရဖို့ ဈေးနှုန်း၊ ဘယ်လိုပြောမလဲ တန်ဖိုးကြီးကြီးပေးရလိမ့်မယ်။ ပေးရမယ့်ဟာတွေရှိမယ်။

                         မြန်မာနိုင်ငံ ဘာဖြစ်လာမလဲဆိုရင် ယေဘုယျအားဖြင့် အဲဒီအကြောင်းအချက်၊ ခုနကပြောတဲ့ အရှက်ရစေတဲ့ နည်းနာ နိဿယ၊ ဥပဒေကြောင်းအရ အရေးယူနိုင်တဲ့ ယန္တရား။ အဲဒါတွေ ကြောင့်မို့လို့ နွှယ်ဆက်လာတဲ့ ကျွန်တော်တို့ကို ကာကွယ်ပေးတဲ့ သူတွေအတွက် ပေးဆပ်ရမယ့် တန်ဖိုး။ ဒါတွေက ယေဘုယျအား ဖြင့် ရင်ဆိုင်လာရမယ့်ဟာတွေလို့ ပြောလို့ရတယ်။

                    တိတိကျကျအားဖြင့် ပြောမယ်ဆိုရင် မြန်မာနိုင်ငံရဲ့ကိစ္စက နိုင်ငံတကာ Agenda ထဲကို ဝင်သွားတယ်။ ဝင်သွားတယ်ဆို တာက ဘယ်ဆုံးဖြတ်ချက်ချတဲ့အဖွဲ့အစည်းမဆို လုပ်ငန်းစဉ်တွေ ရှိတယ်။ အဲဒီလုပ်ငန်းစဉ်တွေထဲ ဝင်သွားပြီဆိုရင် သူတို့က ဆက် ပြီးတော့ ဒါကို လုပ်ရိုးထုံးစံရှိကြတယ်။ အဲဒီလိုလုပ်အောင်လို့ လည်း အားပေးနိုင်တဲ့၊ လှုံ့ဆော်နေနိုင်တဲ့၊ တစ်နည်းပြောလို့ရှိရင် တွန်းပေးနေကြတဲ့ အင်အားစုတွေ ရှိတတ်တယ်။ အဲဒီအင်အားစု တွေက များသောအားဖြင့် လူ့အခွင့်အရေးလှုပ်ရှားမှုအဖွဲ့တွေ ဖြစ်တယ်။ ရခိုင်ကိစ္စမှာတော့ လူ့အခွင့်အရေးလှုပ်ရှားတဲ့ အဖွဲ့ တွေအပြင် OIC လို့ခေါ်တဲ့ အစ္စလာမ္မစ်နိုင်ငံများအဖွဲ့လည်း ပါ လာတယ်။ သူ့ရဲ့အနေအထားသည် တော်တော်ကြီးမားတဲ့၊ အား ကောင်းတဲ့အနေအထားရှိတယ်လို့ ပြောလို့ရတယ်။

                   ဒါကြောင့်မို့လို့ Agenda ထဲမှာ ပါဝင်သွားတဲ့၊ လုပ်ငန်းစဉ် တွေထဲမှာ ဝင်သွားပြီဖြစ်တဲ့အတွက်ကြောင့် ဒီဟာတွေကို လုပ် လာအောင် ကြိုးစားလာကြလိမ့်မယ်။ အဲဒီလို ဖိအားပေးကြတဲ့ အထဲမှာ အခု ဥရောပသမဂ္ဂ (European Union) က ပေးထား တဲ့ မြန်မာ့ကုန်ပစ္စည်းတွေကို အခွန်ကင်းလွတ်ခွင့်ပေးတဲ့Gene-ralized Scheme of Preferences (GSP) လို အခွင့်အရေး တွေကို ပြန်ရုပ်သိမ်းမယ်လို့ ပြောတာတွေက စပြီးတော့၊ ပယ် ဖျက်တာတွေက စပြီးတော့ အခြားဟာတွေလည်း လုပ်လာနိုင် တယ်။ ဒါတွေဟာ နိုင်ငံရဲ့ လူ့အခွင့်အရေး အခြေအနေတွေနဲ့ ပတ်သက်ပြီး ဆက်လက်ကြုံရမယ့်ဟာတွေလို့ ထင်တယ်။

 မော်ကွန်း။ ။ ဆရာရဲ့သုံးသပ်မှုအရဆိုရင် အကယ်၍ ကျွန်တော် တို့က နိုင်ငံတကာအလယ်မှာ အရှက်ရနေတဲ့နိုင်ငံတစ်ခု၊ အများပြောစရာရှိလာတဲ့နိုင်ငံတစ်ခုဖြစ်လာပြီဆိုရင် ဆက်နွှယ်ပြီးတော့ နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုတွေ၊ နိုင်ငံတကာပံ့ပိုးမှုတွေဟာ ရှောင် ဖယ်ခံရနိုင်တယ်ဆိုတဲ့ သဘောလား။

ဦးတင်မောင်သန်း။  ။ အရှက်ရသွားတယ် ဆိုတဲ့အခါကျတော့ နောက်ဆုံးကျတော့ ရပ်ကွက်ထဲမှာ နေသလိုပေါ့။ ရပ်ကွက်နဲ့ မတည့်တဲ့အခါကျတော့ ခင်ဗျား တဖြည်းဖြည်း နေရထိုင်ရတာ ကျုံ့ကျုံ့လာသလိုပေါ့ဗျာ။ နောက်ဆုံးတော့ ရပ်ကွက်ကို လိုက် လျောပေးရတဲ့သဘောပေါ့ဗျာ။ အဲဒီလိုမဖြစ်ဖြစ်အောင်ကို လုပ် ကြတာကိုး။  ခင်ဗျားက မလိုက်လျောရင် ခင်ဗျားကို ရပ်ကွက်က နေ ကျဉ်ကြမယ်၊ ပထုတ်ကြမယ်ပေါ့။ ဒီသဘောပါပဲ။ အဲဒါတွေကို နည်းနာယန္တရားအနေနဲ့ နိုင်ငံတကာက သုံးတာပါပဲ။

 မော်ကွန်း။ ။ ဒါမျိုးတွေကို အစိုးရဘက်က ကောင်းမွန်စွာ တုံ့ပြန် နိုင်ဖို့ဆိုရင် ဘာတွေများလုပ်သင့်ပါသလဲ။

 ဦးတင်မောင်သန်း။  ။ အဓိကကျတဲ့ အချက်ကတော့ နိုင်ငံ တကာက အခုပြောနေတဲ့ လူမျိုးတုံးသတ်ဖြတ်မှု ရှိတယ်ဆိုတဲ့ စွပ်စွဲချက်ပေါ့။ အဲဒီစွပ်စွဲချက်ကို ကျွန်တော်တို့ ကိုင်တွယ်ဖို့ လို တယ်။ ကိုင်တွယ်တဲ့အခါမှာလည်း အခုလည်း စုံစမ်းစစ်ဆေးရေး ဆိုပြီး ကျွန်တော်တို့ လုပ်နေပါတယ်။

                  ဒါပေမဲ့ ဒီလိုလုပ်တာနဲ့ တစ်ပြိုင်တည်းHuman Rights Watch-HRW လို့ခေါ်တဲ့ နိုင်ငံတကာလူ့အခွင့်အရေး စောင့် ကြည့်တဲ့အဖွဲ့ကြီးက အစိုးရအနေနဲ့ ဒီအဖွဲ့ကို မသုံးပါနဲ့။ ဒီအဖွဲ့ သည် စိတ်ပါလက်ပါ လုပ်နေတဲ့ အဖွဲ့မဟုတ်ဘူးဆိုတဲ့ စွပ်စွဲချက် တွေ ရှိလာတယ်။

                 စွပ်စွဲချက်တွေရှိတဲ့အခါကျတော့ ကျွန်တော်တို့က ဘယ်လို နားလည်ရမလဲလို့ ပြန်ကြည့်တဲ့အခါကျတော့ စုံစမ်းစစ်ဆေး ရေးအဖွဲ့လို့ ကျွန်တော်တို့နိုင်ငံက ဖွဲ့စည်းထားတဲ့အဖွဲ့က တိုင် ကြားနိုင်ပါတယ်ဆိုတဲ့ အချက်ကလေးသာ ထုတ်ပြန်ပြီး သူက ဆက်လက်ပြီး စုံစမ်းစစ်ဆေးတာမျိုး လုပ်နေပါတယ်ဆိုတဲ့    သတင်းထုတ်ပြန်ချက်မျိုး ကျွန်တော်တို့ မတွေ့ရဘူး။

                    ခံရပါတယ်လို့ ပြောဆိုကြတဲ့ လူတွေနဲ့ သွားရောက်တွေ့ဆုံ မေးမြန်းတာတွေ၊ သူတို့ရဲ့ အထောက်အထားတွေကို ပြုစုတာ တွေ၊ မှတ်တမ်းတင်တာတွေ စသဖြင့် ဒီလိုမျိုး နိုင်ငံတကာက ယုံကြည်ကိုးစားလောက်တဲ့ စစ်ဆေးပုံ၊ စစ်ဆေးနည်းတွေနဲ့ လုပ် ကိုင်ဖို့တော့ လိုတာပေါ့။

                   ကျွန်တော်တို့ မသိတာ လည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်၊ လုပ်နေတာလည်း ရှိချင်ရှိနိုင်ပါတယ်။ သတင်းတွေအပေါ်မှာ သိရသလောက်အရ ကြည့်ရသလောက်ဆိုရင်တော့ စုံစမ်းစစ် ဆေးရေးအဖွဲ့က ထုတ်ပြန်ထား တဲ့ လာရောက်တိုင်ကြားနိုင်တယ် ဆိုတာမျိုးလောက်က ဒီစစ်ဆေးပုံ၊ စစ်ဆေးနည်းဟာ နိုင်ငံတကာလုပ်ပုံကိုင်ပုံနဲ့ပြောရင် ပြီးစလွယ်လုပ်တာမျိုး နည်းနည်းဖြစ် တယ်လို့ ထင်တယ်။ အဲဒီလို ပြောစရာမျိုး ဖြစ်စေတာပေါ့။

                 ဒါကြောင့်မို့ နိုင်ငံတကာဘက်က မြန်မာနိုင်ငံရဲ့ လူ့ အခွင့်အရေးဆိုင်ရာ စုံစမ်းစစ်ဆေးမှုတွေနဲ့ ပတ်သက်ပြီး Incredible ဆိုတဲ့ စကားလုံးကို ပြောတယ်။ မယုံနိုင်ဖွယ်ရာ ကောင်းသော ဆိုတဲ့စကားလုံးကို သုံးကြတာကို တွေ့ရတယ်။ ဆိုတော့ ဒါကတော့ စစ်ဆေးပုံစစ်ဆေးနည်းတွေနဲ့ ပတ်သက်လို့ ပေါ့လေ။

                   ဒုတိယအရေးယူဖို့ ဖိအားပေးကြတဲ့အခါမှာ တချို့ စွပ်စွဲ ချက်တွေကို ကြားရတာရှိပါတယ်။ ဥပမာအားဖြင့် ဘင်္ဂါလီကိစ္စမှာ စွပ်စွဲချက်တွေရှိတယ်။ ဒီစွပ်စွဲချက်တွေကို ကျွန်တော် ကိုယ်တိုင် တော့ မဖတ်ဖူးပါဘူး။ ဒါပေမဲ့ သတင်းဌာနတွေမှာ တွေ့ဆုံ မေးမြန်းချက်တွေအရပေါ့။ အမေရိကန်မှာ အစိုးရက ထောက်ပံ့ ထားတဲ့ ရေဒီယိုလိုင်းနဲ့  နိုင်ငံတကာ စုံစမ်းစစ်ဆေးသူတွေ မေး မြန်းကြတဲ့အခါမှာ သူတို့ဘက်က စွပ်စွဲကြတာ မုဒိမ်းမှုတွေ ရှိတယ်။ နောက်တစ်ခါ သတ်ဖြတ်မှုတွေ ရှိတယ်။ သတ်ဖြတ်တာ တောင်မှပဲ ကလေးတွေကိုတောင် မီးပုံထဲ ပစ်သွင်းတယ်တို့၊ ဘာ တို့ ပြောကြတယ်။ သာမန်ကြည့်ရင် မယုံနိုင်လောက်တဲ့ စွပ်စွဲ ချက်တွေပေါ့။ အဲဒီသတင်းဌာနတွေမှာ ပြောသွားကြတာကို ကြားရတယ်။

                   တကယ်တော့ ဒီလိုစွပ်စွဲချက်မျိုးတွေကို ကျွန်တော်တို့    ထိုင်းနိုင်ငံနယ်စပ်ကို ရောက်သွားတဲ့အခါ တိုင်းရင်းသားတွေဆီ ကနေ ကြားခဲ့ဖူးတယ်။ ကြားဖူးတဲ့အတွက်ကြောင့် အခုမှဖြစ် တယ်ဆိုတဲ့ စွပ်စွဲချက်မျိုးတော့ မဟုတ်ဘူး။

                       နိုင်ငံတကာမှာ အခုပြောနေတာတွေသည် အခုမှ ပြောကြ တာ မဟုတ်ဘူး။ ဆယ်စုနှစ်နဲ့ချီကြာလာပြီဖြစ်တဲ့ မြန်မာ့တပ်မ တော်အပေါ် စွပ်စွဲချက်တွေ။ ဟုတ်လား၊ မဟုတ်လားဆိုတာကို အခုငြိမ်းချမ်းရေးဆွေးနွေးနေတဲ့ ကရင်အမျိုးသား အစည်းအရုံး (KNU) ခေါင်းဆောင်တွေကို မေးကြည့်လို့ ရပါတယ်။ အခု ဆွေးနွေးနေကြတဲ့ (KNU)ခေါင်းဆောင်တွေထဲမှာကိုပဲ အခု နိုင်ငံ တကာမှာ စွပ်စွဲနေကြသလို ခံခဲ့ရဖူးတဲ့သူတွေရှိတယ်လို့ သိထား ပါတယ်။

                      အဓိကIssue (အကြောင်းအရာ) က ဘာလဲဆိုရင် တပ်မ တော်ခေါင်းဆောင်တွေဟာ အဲဒါတွေကိုသိရင် အရေးမယူတာ တော့ မဟုတ်ဘူး။ အရေးယူတယ်။ ဒါပေမဲ့ မတိုင်မကြားမခြင်း အထိ၊ တစ်စုံတစ်ဦးက ထုတ်ဖော်မပြောမခြင်း၊ မသိချင်ယောင် ဆောင်နေကြတဲ့ အဖြစ်တွေများ ရှိနေလားဆိုတာကတော့ ပြန် လည်သုံးသပ်ရမယ့် ကိစ္စပေါ့။

                       ဥပမာအားဖြင့် ရိုက်တာသတင်းထောက်က၊ ရိုက်တာ သတင်းဌာနက ရေးမှာကိုသိတော့မှ အရေးယူတဲ့ပုံစံမျိုး ဆိုရင် တော့ ဒါက အင်မတန်အားနည်းတဲ့ ချေပချက်မျိုးပေါ့။ အဓိကက ဘာလဲဆိုရင် တပ်မတော်ဆိုတဲ့ အဖွဲ့အစည်းအနေနဲ့က ဒါတွေကို သိနေလျက်နဲ့ အရေးမယူဘဲ ပစ်ထားခဲ့တာများလား။ ဒီလိုတွေ ရော ရှိသလားပေါ့။

                       အလွယ်ကူဆုံးပြန်ကြည့်ဖို့ကတော့ အရင်ခေတ် ထောက် လှမ်းရေးရဲ့ လုပ်ရပ်တွေပေါ့။ လူ့အခွင့်အရေးအရ ချိုးဖောက်ပြီး တော့ လုပ်ခဲ့ကြတဲ့ လုပ်ရပ်တွေပေါ့။ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံ ဥပဒေမှာတော့ အရင်တုန်းက အမှုတွေကို ပြန်မဖော်ရဘူးလို့ တားမြစ်ထားတာတွေရှိတယ်။ ဒါပေမဲ့ အခုကိစ္စနဲ့ နွှယ်ဆက် လာတဲ့အခါမှာ တပ်မတော်မှာ အဲဒီလိုကိစ္စတွေနဲ့ ကင်းရှင်း ကြောင်း ပြသဖို့အတွက် တပ်မတော်က စတင်ပြီးတော့ ဒါတွေကို ပြန်လည်ပြီးတော့ မိမိကိုယ်ကိုယ် မိမိကြည့်တယ်ဆိုတဲ့ အကြည့် မျိုးရှိလို့ရှိရင် တပ်မတော်အတွက် ကောင်းလိမ့်မယ်လို့ ကျွန်တော် ထင်တယ်။

                        ဒီအတွက် ဥပမာလေးတစ်ခုလည်း ရှိပါတယ်။ အမေရိကန် နိုင်ငံရဲ့သမိုင်းမှာ ဗီယက်နမ်စစ်ပွဲသည် အင်မတန် မျက်နှာပျက် စရာ ဆိုးရွားတဲ့ အတွေ့အကြုံပေါ့။ အဲဒီမှာ နားထင်ကိုတေ့ပစ်ခဲ့တဲ့ တိုင်းမ်မဂ္ဂဇင်းကနဲ့ တူတယ်၊ ဖော်ပြခဲ့တဲ့ အဲဒီဓာတ်ပုံဆိုရင် ကမ္ဘာ ကျော်တဲ့ပုံပေါ့။ အခုထက်ထိ နှလုံးတုန်၊ ရင်တုန်ကြည့်သူရဲ့ စိတ် ထဲမှာ အင်မတန်ခံစားရတဲ့ ဓာတ်ပုံပေါ့။ ဗီယက်နမ်ကွန်မြူနစ် တစ်ယောက်ကို နားထင်ကိုတေ့ပစ်ပြီး ပစ်သတ်လိုက်တဲ့ပုံပေါ့။

                           အဲဒါတွေနဲ့ ပတ်သက်ပြီး ဗီယက်နမ်စစ်အမှတ်တရဆိုတဲ့ ရုပ်တုနဲ့ ပန်းခြံကို အမေရိကန်နိုင်ငံ၊ ဝါရှင်တန်ဒီစီမှာ လုပ်ပါတယ်။ လုပ်တဲ့အခါမှာ အဲဒီစစ်ပွဲရဲ့ အမှတ်တရ အထိမ်းအမှတ်ကို ဘယ် လိုနည်းနဲ့ဖော်မလဲဆိုတဲ့ ပြိုင်ပွဲတစ်ခုကို ဖိတ်ခေါ်တဲ့အခါမှာ အဲဒီ တုန်းက ဗိသုကာကျောင်းသူလေးတစ်ယောက်က၊ သူ့နာမည်က မာယာလို့ထင်တယ်။ မြန်မာဆန်ဆန်ပဲ၊ မြန်မာတော့ မဟုတ်ပါ ဘူး။ သူက တင်သွင်းတဲ့ဟာက အဲဒီပြိုင်ပွဲမှာ ဆုရသွားတယ်။

                         သူက ဘာကိုတင်သွင်းသလဲဆိုတော မှန်လိုအရိပ်ထင်တဲ့ ကျောက်သားမျက်နှာပြင်မည်းကြီးမှာ ဗီယက်နမ်စစ်ပွဲမှာ ကျဆုံး သွားတဲ့ အမေရိကန်တပ်မတော်သားတွေရဲ့ နာမည်တွေကို ရေး ထိုးထားတယ်။ အဲဒါကို လိုက်ကြည့်ကြရတယ်။ လိုက်ကြည့်ကြတဲ့ အခါတိုင်းမှာ ကြည့်တဲ့သူက အဲဒီနာမည်ထိုးထားတဲ့ မှန်သားလို မျက်နှာပြင်ထဲမှာ မိမိပုံကို မိမိ ပြန်တွေ့ရတယ်။

                       အဓိပ္ပာယ်ဖွင့်ဆိုတာက ဘာလဲဆိုရင် နိုင်ငံတစ်နိုင်ငံဟာ အဲဒီမျက်နှာပြင်အမည်းကြီးလိုပဲ ကာလအမည်းကြီးတွေကို ဖြတ် သန်းခဲ့ရတယ်။ အဲဒီကာလအမည်းကြီးတွေထဲမှာ နိုင်ငံတစ်နိုင်ငံ ဟာ ကိုယ်ပုံကိုယ်ပြန်ကြည့်လာနိုင်မှသာ အရှေ့ကို ရောက်တယ်။ အဲဒီအဓိပ္ပာယ်နဲ့ သူဟာ မှန်သားမျက်နှာပြင်ကဲ့သို့ ဖြစ်တဲ့ ကျောက်သားမျက်နှာပြင်ကြီးကို ဖန်တီးပြီးတော့ အမေရိကန် နိုင်ငံသားတိုင်း၊ လာကြည့်တဲ့သူတိုင်း သူ့ရုပ်ကို သူပြန်မြင် ရအောင်၊ မြင်ရဲတဲ့သတ္တိရှိလာအောင် ဒီဖန်တီးမှုကို ဖော်ဆောင်ပါ တယ်လို့ မာယာက ပြောခဲ့တယ်။ ဒီဗီယက်နမ်စစ်အမှတ်တရပြိုင် ပွဲမှာ သူ ပထမရသွားတယ်။ ပြောချင်တာက သူပြောတဲ့စကား လေးပါပဲ။

                     နိုင်ငံတစ်နိုင်ငံဟာ သမိုင်းအမည်းကွက်တွေ စွန်းထင်းနေခဲ့ တဲ့ ကာလတွေကို ဖြတ်သန်းရပါတယ်။ အဲဒီဖြတ်သန်းမှုတွေကို ပြန်ကြည့်ရဲတဲ့သတ္တိရှိမှသာ ရှေ့ကိုသွားလို့ရတယ်။ မဟုတ်ရင် အတိတ်က စွဲထားတာကို ခံမြဲခံနေရတတ်ပါတယ်ဆိုတဲ့ဟာ။

                      တပ်မတော်ဟာ၊ ကျွန်တော်တို့နိုင်ငံဟာ အဲဒီလို သမိုင်း အမည်းကွက်ကြီးတွေ ရှိခဲ့သလား။ ရှိခဲ့ရင် အဲဒီသမိုင်းအမည်း ကွက်ကြီးတွေကို ကျွန်တော်တို့က ဘယ်လိုနည်းနဲ့ကိုင်တွယ်မလဲ။ ကိုင်တွယ်နိုင်မှသာ ကျွန်တော်တို့က ရှေ့ဆက်လျှောက်နိုင်မှာ ဖြစ်ပြီး ဗိသုကာလေးရဲ့ အယူအဆကို မျှဝေပြီးတော့ အားလုံး ယုံကြည်ရမယ်ဆိုလို့ရှိရင် ရှေ့ဆက်လျှောက်နိုင်လိမ့်မယ်လို့ ထင်တယ်။

                     တပ်မတော်ဟာ အခုလက်ရှိခေါင်းဆောင်တွေဟာ ကျူး လွန်ခဲ့တာမဟုတ်ပါဘူး။ ယခင်ခေါင်းဆောင်တွေလက်ထက်က ဖြစ်ခဲ့တာတွေဖြစ်တယ်။ သူတို့ကိုလည်းအရေးယူဖို့ပြောတာ မဟုတ်ဘူး။ ဒါပေမဲ့ ပြန်လည်အသိအမှတ်ပြုပြီး ခံစားရတဲ့ သူ တွေကို တောင်းပန်နိုင်တဲ့အဆင့်အထိ ဆိုရင်တော့ ကောင်းတာ ပေါ့ဗျာ။

                    အနည်းဆုံး မတောင်းပန်နိုင်ရင်တောင် အမှန်တရားတွေ ကို ဖော်ထုတ်ခွင့်ပေးတဲ့ဟာမျိုး လုပ်ဖို့လိုပါလိမ့်မယ်။ ဒါဆိုရင် တစ်နည်းပြောရင် တပ်မတော်ဟာ အဲဒီလိုလုပ်ရပ်ဆိုးတွေကို အဆက်ဖြတ်ဖို့ ကြိုးစားတဲ့ ခြေလှမ်းလို့ နိုင်ငံတကာက မြင်နိုင် တယ်။ လက်ရှိ တပ်မတော်ခေါင်းဆောင်တွေဟာ အဲဒီလိုလုပ်ရဲတဲ့ သတ္တိရှိတဲ့လူတွေလို့ အကောင်းမြင်လာနိုင်တယ်။ အင်မတန် ကြို ဆိုခံရနိုင်တဲ့ လုပ်ရပ်တွေကို လုပ်ဆောင်တာလို့ အသိအမှတ်ပြု ခံရနိုင်တယ်။

                     ဒီလိုတွေသာ ဖော်ဆောင်နိုင်မယ်ဆိုရင် အခုဖြစ်ပေါ်နေတဲ့ ရခိုင်ပြည်နယ်က ကိစ္စလို အကျပ်အတည်းကို အများကြီး အထောက်အကူပြုပါလိမ့်မယ်။ ရခိုင်ကိစ္စကိုလည်း ဒီလို ရှုထောင့် ကနေ ကြည့်မြင်ဖို့ လိုပါလိမ့်မယ်။

 မော်ကွန်း။  ။ ရခိုင်အရေးနဲ့ပတ်သက်လို့ရှိရင် နိုင်ငံတကာ စွပ်စွဲ ချက်တွေကို ကျွန်တော်တို့နိုင်ငံအနေနဲ့ တွန်းလှန်ဖယ်ရှားတဲ့ နေရာမှာ အစိုးရနဲ့တပ်မတော်ရဲ့ ပူးပေါင်းဆောင်ရွက်မှုက ဘယ် လိုဖြစ်သင့်ပါသလဲ။

ဦးတင်မောင်သန်း။ ။ အခုဟာက ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ပြဿနာမဟုတ်ဘူးဗျ။ ကျွန်တော်မြင်တာပေါ့နော်။ မြင်တာက ဘာလဲဆိုရင် တပ်မတော်မှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ၊ ကျူးလွန်တဲ့အဖြစ်တွေ ရှိတယ်လို့ဆိုတဲ့ စွပ်စွဲနေတဲ့ စွပ်စွဲချက်။ စွပ်စွဲချက်တွေအတိုင်း တကယ် ဖြစ်၊ မဖြစ်ဆိုတာကတော့ ကျွန် တော်မပြောလိုဘူး။ သို့သော် အဲဒီ စွပ်စွဲချက်တွေအပေါ်မှာ ကျူး လွန်သူတွေဟာ အရေးယူမခံရဘဲ လွတ်လွတ်ထွက်နေတယ်ဆိုတဲ့ကိစ္စပေါ့။

                    ဥပမာတစ်ခု ခင်ဗျားကိုပေးမယ်။ လူ့အခွင့်အရေးချိုး ဖောက်မှုတွေနဲ့ ပတ်သက်လာရင် အခုလက်ရှိ NLDနိုင်ငံရေး ခေါင်းဆောင်တွေထဲက ထင်ရှားတဲ့ တစ်ယောက်ပေါ့ဗျာ။ သူ့ အပေါ် ဘယ်လောက်အထိ ရက်စက်ခဲ့သလဲဆိုရင် ထောင်ဝင်စာ သွားတွေ့တယ်။ အဲဒီ နိုင်ငံရေးအကျဉ်းသားရဲ့ အဖေပေါ့ဗျာ။ သူ ကလည်း ပညာတတ်၊ပါမောက္ခပါ။ အိမ်ထောင်စုထဲပါတဲ့သူပဲ တွေ့ ခွင့်ရှိတယ်ဆိုတဲ့ သတ်မှတ်ချက်ရှိတဲ့အတွက်ကြောင့် အိမ် ထောင်စုထဲကို ထည့်လိုက်ပါလားလို့ ပြောတဲ့အခါကျတော့ သူ့ ဇနီးက အိမ်ထောင်စုထဲကို ထည့်ဖို့ လုပ်ပါတယ်။

                    ထည့်ပေးဖို့ လျှောက်ထားတဲ့အခါမှာ လဝက( လူဝင်မှုကြီး ကြပ်ရေး) ကလည်း ထည့်ပေးမယ်ပေါ့။ ထည့်ပေးတော့မယ် ဆို တဲ့ အဲဒီသတင်းကို ကြားတဲ့အခါမှာ အဲဒီဒေသက ထောက်လှမ်း ရေးတပ်ကြပ်ကြီးက အဲဒီလဝကအရာရှိကို သွားပြီးတော့ ခင်ဗျား ဘာလို့ လုပ်ပေးတာလဲလို့မေးတယ်။ ဘာလို့လုပ်သလဲဆိုတော့ မလုပ်ရဘူးလို့ ဥပဒေနဲ့မညီတဲ့ အကြောင်းအချက် ဘာမှ မရှိပါ ဘူး၊ ဥပဒေနဲ့ အကုန်လုံးညီညွတ်ပါတယ်၊ ဒါကြောင့် ကျွန်တော် ပေးပါတယ်လို့ လဝကအရာရှိက ပြန်ဖြေတယ်။

                   အဲဒီတော့ ထောက်လှမ်းရေးအရာရှိက လဝကအရာရှိကို မေးတယ်။ ခင်ဗျားဘယ်တော့ပင်စင်သွားမှာလဲလို့။ ကျွန်တော် နောက်နှစ်ဆိုရင် ပင်စင်သွားမှာ၊ တစ်နှစ်ပဲကျန်ပါတော့တယ်လို့ လဝကအရာရှိက ပြန်ပြောတယ်။ အဲဒီမှာ ထောက်လှမ်းရေး အရာရှိက အေးအေးဆေးဆေးများ ခင်ဗျားပင်စင်မသွားချင်ဘူး လားဆိုတဲ့ စကားလေးပဲပြောပြီး ပြန်သွားတယ်။ အဲဒီတော့ လဝက က သူတို့မိသားစုသန်းခေါင်းစာရင်းထဲကို နိုင်ငံရေး အကျဉ်းသားရဲ့အဖေကို ပြောင်းမပေးရဲတော့ဘူး။

                    အဲဒီတော့ ဇနီးက ထောင်ကို တစ်ခါပြန်မေးတယ်။ ဒီလို တော့ ဖြစ်နေတယ်၊ သူဘယ်လို လုပ်ရမလဲလို့ ပြန်မေးတယ်။ ထောင်ဘက်ကလည်းကောင်းပြီ၊ ဒါဆိုရင် ဒီအခု ထောင်ဝင်စာ တွေ့မယ့် ပုဂ်္ဂိုလ်သည် နိုင်ငံရေးအကျဉ်းသားရဲ့ အဖေ ဖြစ်တဲ့ အကြောင်း ထောက်ခံစာလေးသာ ယူခဲ့ပါ၊ တွေ့ ခွင့်ပေးပါမယ်လို့ ထောင်က ပြန်ပြောလိုက်တယ်။

                   ပြောတော့ ဇနီးက သွားယူတယ်။ အဲဒီမှာ မြို့နယ်ရုံးက ထောက်ခံစာပေးဖို့ ရပ်ကွက်ထောက်ခံစာကို ယူခဲ့ပါလို့ ပြော တယ်။ ဒါဆိုရင်တော့ အဆင်ပြေမှာပေါ့။ ရပ်ကွက်ဆိုတော့ အိမ်နီး နားချင်းလူကြီးက သူ့ကို ထောက်ခံစာပေးမှာပါလို့ထင်ပြီး သူ့ဇနီး က လူကြီးကို သွားပြောတယ်။ အဲဒီမှာ ရပ်ကွက်လူကြီးက ဒီကိစ္စ နဲ့ဆိုရင် သူ့ကို ဘာမှအကူအညီမတောင်းပါနဲ့၊ သူ့ကို ပြောထား လို့ပါလို့ ဆိုပြီး ထောက်ခံစာ ရေးမပေးလိုက်ဘူး။

                   ခင်ဗျား စဉ်းစားကြည့်ဗျာ။ သားအဖဖြစ်ပါလျက်နဲ့ အဖေ ဖြစ်တဲ့သူကိုယ်၌က အဖေဖြစ်ပါကြောင်းထောက်ခံစာမရတဲ့ နိုင်ငံ။ မိဘဆိုရင် အနန္တောအနန္တငါးပါးထဲမှာ ထည့်ထားတဲ့နိုင်ငံမှာ မိဘဖြစ်နေပါလျက် မိဘဖြစ်ကြောင်း ထောက်ခံစာ မပေးရဲ လောက်အောင် လုပ်ထားခဲ့တဲ့ ထောက်လှမ်းရေး။ အဲဒီတော့ မခံနိုင်ဘူး။ မခံနိုင်တော့ ဇနီးက အဲဒီတာဝန်ရှိတဲ့ ထောက်လှမ်း ရေးကို တက်ပြီး တွေ့တယ်။ ရှင်တို့လွန်သွားပြီ။ အဖေဖြစ်တဲ့သူ တောင် အဖေဖြစ်ကြောင်း ထောက်ခံစာလေး ထုတ်မပေးနိုင် လောက်အောင် ရှင်တို့ ဘာလို့ဒီလောက်ရက်စက်ရသလဲလို့ ပြော တဲ့အခါမှာ အဲဒီထောက်လှမ်းရေးတပ်မှူးကတစ်ဆင့် မြို့နယ်ကို ရေးပေးလိုက်ပါဆိုပြီး လှမ်းပြောမှ မြို့နယ်က ရေးပေးလိုက်တယ်။ ဒါပေမဲ့ အဲဒီလို ခြိမ်းခြောက်ခဲ့တဲ့ ထောက်လှမ်းရေး တပ်ကြပ်ကို တော့ အရေးယူမှု မရှိခဲ့ဘူး။

                 ပြသနာက ဒီနိုင်ငံမှာ အဲဒါဖြစ်နေတာ။ ကျွန်တော် ပြောနေ တဲ့ဇာတ်လမ်းက အရေးမယူဘဲ လွတ်လွတ်နေတဲ့အဖြစ်တွေ ရှိ တယ်။ အဲဒါကိုကိုင်တွယ်ဖို့ တပ်မတော်ဟာ မဖြေရှင်းခဲ့ဘူး။ အခု အထိ မသိကျိုးကျွံပြုနေခဲ့တယ်။ နိုင်ငံတကာအပါအဝင် စွပ်စွဲ ချက်တွေဟာ အဲဒီဟာ အဓိက ဖြစ်တယ်။ နိုင်ငံကြုံနေရတာက ဒါတွေကို အရေးယူနေပါသည်ဆိုတဲ့ သက်သေ မပြနိုင်တဲ့ ကိစ္စဖြစ်တယ်။ အဲဒီလို ဇာတ်လမ်းတွေဟာ မြန်မာနိုင်ငံမှာ အများကြီးရှိတယ်။ ဒါကို တပ်မတော်က နားလည်မှု လွဲနေတယ်။ နိုင်ငံတကာက ဘာကိုပြောနေသလဲဆိုတာကို နားလည်မှုလွဲ နေတယ်။ အနည်းဆုံး အဲဒီလိုကိစ္စတွေကို ဖော်ထုတ်ခြင်းဟာ အသိအမှတ်ပြုခြင်းလည်းဖြစ်တယ်။ အခုဟာက မရှိသကဲ့သို့ ဖြစ်နေတာက တပ်မတော်အတွက် နာနေရတာ ဖြစ်တယ်။

 

မော်ကွန်း။  ။ ဆရာလည်း ထိပ်ပိုင်းမှာ သုံးသပ်ထားတယ်။ ဒီလို နိုင်ငံအတွင်းက လူ့အခွင့်အရေးချိုးဖောက်ခံရမှုတွေရဲ့ နောက် ဆက်တွဲ ပြဿနာအဖြစ် အခုဆိုရင် ွှဏ လို ပြဿနာတွေလည်း ပေါ်လာပြီဆိုတာ။ အဲဒီတော့ GSPဟာ ကျွန်တော်တို့ ကြုံကို ကြုံရမယ့် ပြဿနာဖြစ်လာမှာလား။

ဦးတင်မောင်သန်း။ ။ GSPဟာ ကြုံရလာနိုင်တယ်။ ဘာလို့လဲ ဆိုရင် အဲဒီအရေးယူပုံယူနည်းကို တုံ့ပြန်ဆောင်ရွက်ပုံဟာ ဘာမှ မရှိဘူးဆိုရင်၊ အခုဖွဲ့ထားတဲ့ စုံးစမ်းစစ်ဆေးရေးအဖွဲ့ရဲ့ လုပ်ပုံမျိုးနဲ့ ဆိုရင် ကြုံရနိုင်ပါတယ်

မော်ကွန်း။ ။ တကယ်လို့ချေပချင်တယ်ဆိုရင် ဘာတွေလုပ်ဖို့ လိုမလဲ။ အစိုးရပိုင်း၊ လုပ်ငန်းရှင်တွေအပိုင်းပေါ့။

ဦးတင်မောင်သန်း။ ။ လုပ်ငန်းရှင်တွေပိုင်းကတော့ လုပ်တာက တော်တော်လေး အားနည်းမယ်ထင်တယ်။ ဘာလို့လဲဆိုရင် ဒီထိ ခိုက်မှုကို မသိလို့မဟုတ်ဘူး။ သူတို့မှာ စက်ရုံ ဘယ်နှရုံရှိတယ်။ အဲဒီမှာ အလုပ်သမားဘယ်နှယောက်ရှိတယ်။ ဘယ်လောက် နစ်နာသွားနိုင်တယ်ဆိုတာကို သိပြီးသား ဖြစ်တယ်။

               နိုင်ငံတကာဘက်ကလည်း မူဝါဒတစ်ခုကို စဉ်းစားတဲ့အခါ မှာ နစ်နာနိုင်သူ၊ မနစ်နာနိုင်သူတွေအကုန်လုံးကို တွက်ချက်စဉ်း စားပြီးသား။ ဒါပေမဲ့ ဒီလိုအရေးယူလိုက်တာကိုက နိုင်ငံတကာက လူ့အခွင့်အရေးဆိုင်ရာ ကိရိယာတစ်ခုအဖြစ်နဲ့ သုံးတဲ့အလေ့ အထ၊ သုံးတဲ့ စီမံခန့်ခွဲပုံဖြစ်တဲ့အတွက်ကြောင့်မို့ ဒီဟာကို ဖြေရှင်း ဖို့ဆိုရင် အခြားသောသူတွေက လုပ်ဖို့ အင်မတန်ခက်ပါတယ်။

              အစိုးရအနေနဲ့ လုပ်ဖို့ဆိုရင်တော့ ခုနကပြောတဲ့ စုံစမ်းစစ် ဆေးရေးကော်မရှင်ဟာ နိုင်ငံတကာက ယုံကြည်ကိုးစားလောက် သော စုံစမ်းစစ်ဆေးပုံမျိုးနဲ့ စုံစမ်းစစ်ဆေးဖို့ လိုလာတယ်။ မဟုတ်ရင် အစိုးရသည် ကြံရာပါဆိုတဲ့ အမှုတွဲထဲမှာ ပါသွား နိုင်ပါ တယ်၊ အန္တရာယ်ရှိတယ်။ အဓိက ဒီဇာတ်လမ်းတွေမှာ ဖြေရှင်းရ မယ့်သူဟာ တပ်မတော်ဖြစ်ပါတယ်။ ဒါကြောင့်မို့ ကျွန်တော်ဟာ ဗီယက်နမ်စစ်ပွဲမှာ ရင်ဆိုင်ခဲ့တဲ့ သဘောထားလေးကို ပြော တာပါ။

              နိုင်ငံတကာက စွပ်စွဲခံနေရတဲ့ အမှုတွေအကုန်လုံးသည် လက်ရှိတပ်မတော်ခေါင်းဆောင်တွေ ကျူးလွန်တာမျိုး မဟုတ်ပါ ဘူး။ သူတို့သည် အခုလို ခေတ်ပြောင်း၊ ခေတ်လွှဲမှာ ရင်ဆိုင်ကြရ တာပါ။ အဲဒီတော့ သူတို့ရဲ့ အခက်အခဲတွေလည်း ရှိတယ်။ အခက် အခဲတွေရှိတယ်ဆိုတာက ဘယ်လိုပြောမလဲ၊ သူတို့မလုပ်ခဲ့တဲ့၊ မလုပ်တာတွေကို သူတို့က ခံနေရတဲ့ ဟာမျိုး ဖြစ်နေတယ်။

              ဆိုလိုတာက တာဝန်ရှိတယ်ဆိုတဲ့ ရှုထောင့်ကနေ နိုင်ငံ တကာက ပြောနေတာဖြစ်တယ်။ အဲဒီတာဝန်သဘောအရလည်း နိုင်ငံတကာဘက်က ပြောရတယ်။ ဒါကြောင့်မို့ ဒီလိုကိစ္စတွေ ကြုံတဲ့အခါတိုင်းမှာ နိုင်ငံတိုင်းမှာကိုပဲ ပြဿနာရှိတယ်။ အခက် အခဲ ရှိပါတယ်။ အခု ကျွန်တော်တို့တပ်မတော်မှ ရင်ဆိုင်နေရတာ မျိုး မဟုတ်ပါဘူး။

               ဥပမာအားဖြင့် ကိုရီးယားမှာ ဒုတိယကမ္ဘာစစ်အတွင်း အမျိုးသမီးတွေအပေါ် လိင်ဆိုင်ရာ အသုံးချခဲ့တယ်ဆိုတဲ့ စွပ်စွဲ ချက်တွေရှိတယ်။ လက်ရှိဂျပန်အစိုးရက သူတို့လုပ်ခဲ့တာ မဟုတ် ပေမယ့် တောင်းပန်ဖို့ တောင်းဆိုတာတွေရှိတယ်။ တောင်းပန်ဖို့ ခက်နေတာတွေလည်းရှိတယ်။ တရုတ်ကလည်း ဂျပန်ကို အလား တူတောင်းဆိုတာတွေရှိတယ်။ ခက်နေတာတွေလည်းရှိတယ်။ မြန်မာနိုင်ငံကို စွပ်စွဲနေသလို အလားတူကိစ္စမျိုးတွေပဲ။

                တပ်မတော်အနေနဲ့လည်း ခက်ခဲမှာပါ။ သို့သော်လည်း အနည်းဆုံးတော့ ဖြစ်ခဲ့တာတွေကို အသိအမှတ်ပြုတာမျိုးပေါ့။ အဲဒီအတွက် ဘယ်လိုနည်းနဲ့ ဖြေရှင်းနိုင်မလဲဆိုတဲ့ လုပ်ကိုင် မှုမျိုးတွေပေါ့။ ဒါကြောင့်မို့လို့လည်း တောင်အာဖရိကနိုင်ငံမှာ     ဖြစ်ခဲ့တာတွေကို ဖြေရှင်းသလိုမျိုး အမှန်တရားကိုပြောကြမယ်၊ ပြန်လည်ရင်ကြားစေ့ရမယ်ဆိုတဲ့ ဖြေရှင်းပုံ၊ ဖြေရှင်းနည်းတွေ ပေါ်လာတာဖြစ်ပါတယ်။

                 လူ့အခွင့်အရေးကိစ္စမှာ လူမျိုးတုံးသတ်ဖြတ်တယ်ဆိုတဲ့ ပြဿနာတွေမှာ တောင်အာဖရိကလောက် ဘယ်မှာရှိဦးမှာလဲ ဗျာ။ လူမည်းတွေအပေါ်မှာ လူမျိုးရေးအရ ခွဲခြားတာပေါ့။ ဒါပေမဲ့ မြန်မာနိုင်ငံ အခုကြုံနေရတဲ့  အခုလို ကိစ္စအထိ မဖြစ်ဘူး။ သူတို့ က ပြန်လည်ကိုင်တွယ်သွားနိုင်တယ်။ သူတို့ပြည်တွင်းမှာတင်ပဲ ကိုင်တွယ်သွားနိုင်တယ်။

                  အခု ဒီမှာက ဒီလို စွပ်စွဲချက်တွေကို ပြည်တွင်းမှာတင် ဘယ်လိုကိုင်တွယ်မလဲဆိုတာကို နိုင်ငံတကာက ယုံကြည်နိုင် လောက်အောင်ကျွန်တော်တို့က လုပ်ဆောင်နိုင်ရဲ့လားဆိုတဲ့ မေးခွန်းကို မမေးဘူးဆိုရင် အခု ရင်ဆိုင် နေရတဲ့ ပြဿနာတွေကို ဖြေရှင်းဖို့ အတော်လေးခက်မယ်လို့ ထင်ပါတယ်။

မော်ကွန်း။  ။ ဆရာက ရင်ကြားစေ့ရေးပြောတော့ လက်ရှိ အစိုးရတက်လာတော့လည်း ရင်ကြားစေ့ရေးဆိုတာ သူတို့ ကြွေး ကြော်သံ တစ်ခုပေါ့။ အခု ဒီရင်ကြားစေ့ရေးလုပ်ကိုင်ဆောင်ရွက် ပုံကရော ဘယ်လောက်ခရီးရောက်ခဲ့ပြီလို့ သုံးသပ်ချင်ပါသလဲ။

ဦးတင်မောင်သန်း။ ။ အစိုးရဘက်ကတော့ ရင်ကြားစေ့ရေး အတွက် ခေါင်းဆောင်ပိုင်းတွေက ခံစားခဲ့ရတဲ့၊ တွေ့ကြုံခဲ့ရတဲ့ ဟာတွေကိုတောင် ပြန်မပြောခဲ့ပါဘူးလို့ ကျွန်တော်ထင်တယ်။ ပြန်လည်ဖော်ထုတ်တာမျိုးလည်း မရှိပါဘူး။ ခေါင်းဆောင်တွေက သာမကဘူး။ တခြားသော ဥပမာ နိုင်ငံရေးအကျဉ်းသားဟောင်း များအဖွဲ့ကလို၊ လူ့အခွင့်အရေးအဖွဲ့ကလို လူတွေကလည်း အစိုးရ ကို ဒီဟာတွေ လုပ်ဖို့ ဖိအားမပေးပါဘူး။

                 တပ်မတော်က လုပ်ခဲ့တဲ့၊ လုပ်တာတွေရဲ့၊ လက်ရှိ တပ်မ တော်မဟုတ်ဘူးနော်၊ လက်ရှိခေါင်းဆောင်တွေ မဟုတ်ဘူး။ ဒါ လေးတော့ ထပ်ပြီး ကျွန်တော် ရှင်းရှင်းလင်းလင်းပြောချင်တယ်။ လက်ရှိ တိုင်းပြည်ကို ဦးဆောင်နေသူတွေဟာ အရင်တုန်းက ကြုံခဲ့ရတာ၊ အတိတ်က ရင်ဆိုင်ခဲ့ရတာတွေကို မသိလိုက် မသိ ဘာသာ နေပြီးတော့ တိုင်းပြည်ကို ရှေ့လျှောက်နိုင်အောင် ကြိုး စားနေကြတယ်လို့ ကျွန်တော်ထင်တယ်။

                 အဲဒီတော့ ရင်ကြားစေ့ရေးအတွက် ခေါင်းဆောင်ပိုင်းက လုပ်ပေးနေကြပါတယ်။ ဒီဟာကိုတော့ တပ်မတော်ပိုင်းက အလေးအနက်ထား စဉ်းစားစေချင်တယ်။ တပ်မတော် မစဉ်းစား သမျှသည် ကျန်သူတွေက မျှဝေခံပေးကြရမှာပါ။ ပထမဦးဆုံး ခံပေးရမှာကတော့ စီးပွားရေးသမားတွေဖြစ်ပါတယ်။ အဲဒီ စီးပွားရေးသမားတွေနဲ့ ဆက်နွှယ်ပြီးတော့ အလုပ်သမားတွေ ခံရမှာဖြစ်ပါတယ်။  နိုင်ငံတကာဖိအားတွေကြောင့် ကြုံရမှာက ဒါတွေပါပဲ။

 

 မော်ကွန်း။ ။ အခု ကျွန်တော်မေးတဲ့အခါ ကျန်တာတွေလည်း ရှိပါမယ်။ ဒီအပေါ်မှာ ဖြည့်ပြီးတော့ ပြောချင်တာများ၊ သတင်း စကားပေးချင်တာများ ရှိပါသလား။

 ဦးတင်မောင်သန်း။ ။ အဓိကကတော့ဗျာ လူ့အခွင့်အရေးပေါ့။ လူ့အခွင့်အရေးလို့ ပြောတဲ့အခါမှာ ရိုးရိုးလေး နားလည်ကြပါစို့။ လူ့အခွင့်အရေးဆိုတဲ့ အသုံးအနှုန်းကို မသုံးကြဘဲနဲ့ပေါ့။ ဒီကမ္ဘာ လောကကြီးမှာ သက်ရှိဆိုတာရှိတယ်။ စကြဝဠာကြီးထဲမှာ ဂြိုဟ်တွေ အများကြီးရှိတဲ့အထဲ ကမ္ဘာဆိုတာ ဒီအထဲက ဂြိုဟ်တစ်လုံးပေါ့။ ဒီဂြိုဟ်ပေါ်မှာ သက်ရှိဆိုတာရှိတယ်။ အဲဒီ သက်ရှိသတ္တဝါတွေထဲမှာ လူဟာ သတ္တဝါတစ်ခုပေါ့။

                  ကမ္ဘာမှာ လူရယ်လို့ ဖြစ်တည်လာတာဟာ နှစ်သန်းပေါင်းသန်းချီရှိနေပါပြီ။ နိုင်ငံတွေရယ်လို့ ဖြစ်တည်လာတာက နှစ် ထောင်ဂဏန်းမျှသာ ရှိပါသေးတယ်။ လက်ရှိ လူတွေ ကိုးကွယ် နေတဲ့ ဘာသာတွေပေါ်လာတာကိုက နှစ်ပေါင်း သုံးထောင် အတွင်းထဲမှာသာ ရှိပါသေးတယ်။ ဒီတော့ လူဟာ ဘာသာတွေ ထက်ပိုပြီး ဖြစ်တည်မှုဟာ စောပါတယ်။

                   ဒီသဘာဝလောကကြီးနဲ့ လူသားဟာ သူနေထိုင်ရာ ဂြိုဟ် ရဲ့ အစိတ်အပိုင်းဖြစ်တယ်ဆိုရင် လူသားဟာ ဘယ်နေရာမှာ မဆို နေထိုင်ခွင့်ရှိပါတယ်။ နိုင်ငံတို့၊ လူမျိုးတို့ဆိုတာဟာ ဗုဒ္ဓဘာသာ သဘောအရ ပြောရင်လည်း ပညတ်ပါပဲ။

                   အဲဒီသဘောအရ နိုင်ငံဆိုတာတွေက လူထက်ပိုပြီး ကြီး သွားတဲ့၊ အရှေ့ရောက်သွားတဲ့အခါမှာ လူဟာနိုင်ငံတွေထက် ပိုကြီး၊ကျယ်ပြန့်တယ်ဆိုတာကို လှုပ်ရှားကြတဲ့ လူစုတွေ ရှိပါ တယ်။ အဲဒီလူစုတွေဟာ လူ့အခွင့်အရေးလှုပ်ရှားတဲ့သူတွေပါပဲ။ သူတို့ရဲ့ လှုပ်ရှားမှုကြောင့် လူတွေဟာ လူတစ်ယောက်ဖြစ်ရတဲ့ အခွင့်အရေးတွေကို ရလာကြတယ်။

                    ကျွန်တော်တို့သည် ပိုပြီး ကျယ်ပြန့်စွာနဲ့ ကြည့်မယ်ဆိုရင် အဲဒီလူတွေမှာ ဘာအခွင့်အရေးတွေ ရှိလာသလဲဆိုတဲ့၊ လူဆို တာ သူ့ရဲ့ဂုဏ်သိက္ခာနဲ့အညီ အခွင့်အရေးပေးရမယ်လို့ တဖြည်းဖြည်း နဲ့ ဒီဘက်ခေတ်မှာ ယုံကြည်လာတာပါ။  နောက်ဆုံးမှာတော့ လူ သားရဲ့ ရွှေ့ပြောင်းနေထိုင်ခြင်းဆိုင်ရာ နိုင်ငံတကာသဘော တူညီ ချက်ဆိုတာ ပေါ်ထွက်လာတယ်။ နိုင်ငံပေါင်း ၁၅၀ ကျော်က လက်မှတ်ရေးထိုးလိုက်ကြတယ်ဆိုတဲ့ သတင်းဟာ မကြာသေး ခင်ကပဲ ထွက်လာတယ်။ ဒီသဘောတူညီချက်ဟာ ကမ္ဘာမှာ လူ သားဆိုင်ရာအယူအဆသည် ဘယ်လောက်ထွန်းကားလာပြီလဲ ဆိုတာကို ဖော်ပြချက်ဖြစ်ပါတယ်။

                  ဒါကို ကျွန်တော်တို့နိုင်ငံသူ၊ နိုင်ငံသားတွေအကုန်လုံး သဘောပေါက်ဖို့လိုပါတယ်။ ကျွန်တော်တို့ လူ့အဖွဲ့အစည်းဟာ အထက်မှာပြောတဲ့ ကမ္ဘာရဲ့လူသားဆိုင်ရာ အယူအဆထက် တောင် ပိုပြီးတော့ အသေးစိတ်ပြီးတော့မှ သွားပါသေးတယ်။ ဘာလဲဆိုရင် မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး ဟောဖူးတာ လေးပါ။ ဗုဒ္ဓဘာသာမှာ နိုင်ငံမရှိဘူး၊ လူမျိုးမရှိဘူးကွ။ ရုပ်နဲ့ နာမ် သာရှိသတဲ့။ ဒီလိုဟောပါတယ်။

                 ကျွန်တော်တို့ဟာ ရုပ်နဲ့ နာမ်သာ ရှိတယ်လို့တောင် မြင်တဲ့ ဘာသာတရားပါ။ ဒါကြောင့် အဲဒီရှုထောင့်အထိုင်ကနေ ကျယ် ကျယ်ပြန့်ပြန့် စဉ်းစားကြမယ်ဆိုရင် ကျွန်တော်တို့ဟာ ရပ်ကွက် ထဲမှာလည်း နေရတာ အဆင်ပြေလိမ့်မယ်ထင်ပါတယ်။ ကျွန် တော်တို့ နိုင်ငံအခုကြုံနေရတဲ့ အကျပ်အတည်းတွေဟာလည်း လွတ်မြောက်မယ်လို့ ထင်ပါတယ်။  

  • #mawkun
  • #Kyaw_Zayya
  • #Magazine
  • #Chronicle



အမျိုးအစား - အင်တာဗျူး

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."