ကြို တင်ပြင်ဆင်ဖို့ လိုအပ်နေဆဲ မုန်တိုင်းနှင့် ရေလွှမ်းမိုးမှု ဘေးအန္တရာယ်

ကြို တင်ပြင်ဆင်ဖို့ လိုအပ်နေဆဲ မုန်တိုင်းနှင့် ရေလွှမ်းမိုးမှု ဘေးအန္တရာယ်

အသက် ၄၇နှစ်အရွယ် ဒေါ်စမ်းဝင်းတစ်ယောက် မိုးရာသီမကုန်မချင်း မည်သည့် အချိန် မုန်တိုင်းက သူတို့ရွာဘက်သို့ တိုက်ခတ်လာမည်ကို ရေဒီယိုမှ တစ်ဆင့် နားစွင့်ရင်း ထိတ်လန့်နေသည်။ ညဘက်ဆိုလျှင် ပင်လယ်လှိုင်းသံကြားတိုင်း သူအိပ်မပျော်။

သူနေထိုင်သည့် လပွတ္တာမြို့နယ်၊ ပြင်စလူမြို့၊ ကုန်းကြီး ကျေးရွာအုပ်စု၊ အောင်လှိုင်ကျေးရွာသည် ပင်လယ်နှင့်မိုင်ဝက်ခန့် သာကွာဝေးသည်။ ၂ဝဝ၈ မေလဆန်းက တိုက်ခတ်ခဲ့သည့် နာဂစ် မုန်တိုင်း၏ ခါးသီးသည့်ဒဏ်ကို ခံစားခဲ့ရသောကြောင့် နောက် ထပ်တစ်ကြိမ်ဖြစ်လာမည်ကို သူက စိုးရိမ်နေသည်။

”မိုးကျလာပြီဆိုတာနဲ့ကြောက်နေရတာ။ နေစရာမရှိလို့ သာ ဒီမှာနေနေရတာ”ဟု သူက ပင်လယ်ထဲမှလှိုင်းသံကို နား ထောင်ရင်း  စိုးရိမ်နေသည့်လေသံဖြင့် ပြောသည်။

”လှိုင်းအော်သံတွေက မကောင်းဆိုးဝါးအော်သံတွေလို ပဲ”ဟု သူက ခိုင်းနှိုင်းရေရွတ်လိုက်သည်။

နာဂစ်မုန်တိုင်းတိုက်ခတ်စဉ်က မုန်တိုင်းနှင့်အတူပါလာ သည့် ပင်လယ်လှိုင်းလုံးကြီးများက သူ၏ အမေ၊ သားသမီးငါး ယောက်နှင့်အတူ ဆွေမျိုးအသိုင်းအဝိုင်း ခြောက်ဆယ်ကျော်၏အသက်ကို နုတ်ယူသွားခဲ့သည်။ သေဆုံးသွားသူတို့၏ အလောင်း ကိုပင် မတွေ့လိုက်ရ။

သူကိုယ်တိုင်မှာလည်း ပင်လယ်မှတက်လာသောလှိုင်းလုံး ကြီးများနှင့်အတူ အုန်းပင်တစ်ပင်၏ထိပ်ဖျားသို့ရောက်သွားခဲ့ ကာ အမှောင်ထဲတွင် ယင်းအုန်းပင်ကိုဖက်တွယ်ပြီး တစ်ညလုံး နေခဲ့ခြင်းကြောင့် အသက်ရှင်ကျန်ရစ်ခဲ့ခြင်းဖြစ်သည်။

နာဂစ်မုန်တိုင်းဖြစ်ပွားခဲ့သည်မှာ ရှစ်နှစ်ကျော်လာခဲ့ပြီ ဖြစ် သော်လည်း ယင်းကဲ့သို့ကြီးမားသောမုန်တိုင်းမျိုး နောက်တစ် ကြိမ် ဖြစ်လာမည်ဆိုပါက သူတို့အတွက်ခိုလှုံစရာအဖြစ် ခိုင်ခံ့ သည့် မုန်တိုင်းဒဏ်ခံအဆောက်အအုံ သူတို့ရွာတွင် မရှိသေး။ အနီးဆုံးမုန် တိုင်းဒဏ်ခံအဆောက်အအုံမှာ ၎င်းတို့ကျေးရွာမှ ငါးမိုင်ခန့် အကွာတွင်ရှိသည့် ပြင်စလူမြို့တွင်သာ ရှိသည်။

နာဂစ်မဖြစ်ခင် အိမ်ခြေတစ်ရာကျော်နှင့် လူဦးရေ လေး၊ ငါးရာခန့်ရှိခဲ့သော အောင်လှိုင်ကျေးရွာတွင် လက်ရှိအချိန်၌ အိမ် ထောင်စုငါးဆယ်ကျော်နှင့် လူဦးရေ ၂၄ဝ ခန့်သာရှိသော်လည်း ကွန်ကရစ်ဖြင့်ဆောက်ထားသည့် တစ်ခုတည်းသော ကျေးရွာ မူလတန်းကျောင်းမှာ လက်ရှိရွာလူဦးရေ၏ထက်ဝက်ခန့်သာ ဆံ့သည်ဟု ဒေါ်စမ်းဝင်းက ပြောသည်။

”အခုက နေ့တိုင်း ရင်တထိတ်ထိတ်နဲ့ပဲ နေနေကြတယ်”ဟု သူက ပြောသည်။

ဒေါ်စမ်းဝင်းနေထိုင်သည့် ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသ အပါအဝင် မြန်မာနိုင်ငံအတွင်းရှိ မုန်တိုင်းအန္တရာယ်ကျရောက် နိုင်သောဒေသများတွင် မုန်တိုင်းဒဏ်ခံအဆောက်အအုံများ လုံလောက်အောင်မရှိသေးသလို ဘဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်လာပါကလည်း ဘေးလွတ်ရာသို့ အချိန်မီ ပြောင်းရွှေ့ နိုင်မည့်စနစ်များ ကြိုတင်ပြင်ဆင်မှုပိုင်းတွင် အားနည်းနေသေး သည်ဟု ပညာရှင်များကဆိုပါသည်။

နာဂစ်မုန်တိုင်းဖြစ်ပြီးနောက် သဘာဝဘေးအ္တနရာယ်များ နှင့်ပတ်သက်ပြီး ကယ်ဆယ်ရေးနှင့် ကြိုတင်ပြောင်းရွှေ့ရေးများ အတွက် ပြည်ထောင်စုအဆင့်မှ မြို့နယ်အဆင့်ထိ ကော်မတီများ အသီးသီးဖွဲ့စည်းထားခဲ့သော်လည်း ယင်းကော်မတီများတွင် ပါ ဝင်သော ဌာနဆိုင်ရာအချင်းချင်းကြား၌ တာဝန်ယူဆောင်ရွက်ရမည့်အပိုင်းများကို ရှင်းလင်းပြတ်သားစွာ သတ်မှတ်ပေးထား ခြင်း မရှိသေးသောကြောင့် ချိတ်ဆက်ဆောင်ရွက်မှု အားနည်း နေသည်ဟု ကုလသမဂ္ဂဖွံ့ဖြိုးရေး အစီအစဉ် (United Nations Development Programme- UNDP)၊ ပတ်ဝန်းကျင်ထိန်း သိမ်းရေးနှင့် သဘာဝဘေး လျော့ကျရေးဌာနမှ ဌာနမှူး ဒေါ်လတ် လတ်အေးကထောက်ပြသည်။

”ဖွဲ့စည်းထားတဲ့အဖွဲ့တွေရဲ့ လုပ်ငန်းတွေက စာရွက်စာ တမ်းထဲမှာပဲ ရှိပါတယ်။ တကယ်ဖြစ်လာတဲ့အခါ သူတို့ အချင်း ချင်း ချိတ်ဆက်လုပ်ကိုင်တဲ့အပိုင်းမှာ အားနည်းနေပါသေး တယ်”ဟု သူက ဆိုသည်။

ယခုနှစ်ပိုင်းများတွင် သဘာဝဘေးများနှင့်ပတ်သက်သည့် သတင်းအချက်အလက်များကို မိုဘိုင်းလ်ဖုန်းများ၊ အင်တာနက် လူမှုကွန်ရက်များ၊ FM ရေဒီယိုလိုင်းများနှင့် ရုပ်မြင်သံကြား များမှ မုန်တိုင်းကြိုတင်သတိပေးချက်များကို သိရှိနေကြပြီဖြစ် သော်လည်း ကြိုတင်ပြင်ဆင်မှုပိုင်းအားနည်းလျက်ရှိနေသေး သည်ဟု ပညာရှင်များက ထောက်ပြကြသည်။

နာဂစ်မုန်တိုင်းတိုက်ခတ်စဉ်က ကြိုတင်သတိပေးချက်များ ထုတ်ပြန်ပေးခဲ့သော မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင်က ယခုလိုမှတ်ချက်ပေးသည်။

”နောက်တစ်ကြိမ် ဖြစ်ခဲ့ရင်တော့ လာခဲ့ကွာ၊ ငါတို့တော့ ခံနိုင်ရည်ရှိပြီ၊ အာမခံပြီဟေ့လို့ လက်သီးလက်မောင်းတန်း ပြော နိုင်တဲ့ အနေအထားကတော့ အဝေးကြီးပဲ။ ဖြစ်တဲ့နေရာမူတည် ပြီး သေဦးမှာပဲဆိုတော့ အဲဒါကတော့ဝမ်းနည်းစရာပဲ”

ကြာရှည်လာသည့် မုန်တိုင်းရာသီ

မြန်မာနိုင်ငံသည် ဘင်္ဂလားပင်လယ်အော်နှင့်ကပ္ပလီပင်လယ်ပြင်တို့နှင့်ထိစပ်နေသော ကီလိုမီတာ ၂,၄ဝဝ  (၁,၅ဝဝ မိုင် ခန့်) ခန့်ရှည်လျားသော ကမ်းရိုးတန်းရှိနေခြင်းက သဘာဝအရင်း အမြစ်များကြွယ်ဝခြင်းနှင့်အတူ တစ်ဖက်တွင်လည်း မုန်တိုင်း ဒဏ်နှင့် ဒီရေလှိုင်းဒဏ်တို့က နှစ်တိုင်းလိုလို ခြိမ်း ခြောက်နေသည်။

မြန်မာနိုင်ငံတွင် မုန်တိုင်းအဖြစ်များသည့်ကာလမှာ မုတ်သုံအကြိုကာလနှင့်နှောင်းပိုင်းကာလများတွင်ဖြစ်သည်။ ၁၉၇၈ မတိုင်မီ မုတ်သုံအကြိုကာလ(မုန်တိုင်းကာလ)မှာ ဧပြီ ၁၅ မှ မေ ၁၅အထိ ရက်ပေါင်း ၃ဝ ဝန်းကျင်ရှိခဲ့ရာမှ ယခုအခါ ၁၅ ရက် နောက်ကျပြီး (မေလကုန်)မှ မုတ်သုံဝင်လာသောကြောင့် မုတ်သုံ အကြိုကာလ၊ တစ်နည်းအားဖြင့် မုန်တိုင်းကာလမှာလည်း ၄၅ ရက်ခန့်အထိ ရှိလာခဲ့သည်ဟု ဒေါက်တာထွန်းလွင်က ပြောသည်။

မုတ်သုံနှောင်းပိုင်းကာလတွင်လည်း ယခင်မုတ်သုံကုန် သည့် အောက်တိုဘာ ၁ဝ ရက်မှ နိုဝင်ဘာကုန်ထိ ရက်ပေါင်း ၅ဝ ဝန်း ကျင်ရှိခဲ့သော်လည်း ယခုအခါ စက်တင်ဘာ ၁၅ ကတည်းက မုတ် သုံမှာကုန်နေပြီ ဖြစ်သောကြောင့် မုတ်သုံနှောင်းပိုင်းကာလ (မုန် တိုင်းကာလ)မှာ ၂၅ ရက်တိုးလာခဲ့သည်။ သဘောမှာ မုတ်သုံ နှောင်းပိုင်း မုန်တိုင်းကာလမှာ ၇၅ ရက်အထိ ရှိလာခဲ့သည်ဟု ၎င်းကပြောသည်။ ဆိုလိုသည်မှာ မုန်တိုင်းဖြစ်နိုင်ခြေရှိသည့် ကာလများ တိုးလာသည့်သဘောဖြစ်သည်။

”လွန်ခဲ့တဲ့ ဆယ်နှစ်အတွင်း မြန်မာနိုင်ငံမှာ မုန်တိုင်း ခြိမ်း ခြောက်မခံရတဲ့နှစ် တစ်နှစ်မှမရှိဘူး။ တစ်ခါတလေတော့လည်း ဘင်္ဂလားဒေ့ရှ်ဝင်သွားတယ်။ တစ်ခါတလေတော့လည်း ကိုယ့် အနားကပ်ပြီးတော့ ဖြတ်သွားတယ်”ဟု ဒေါက်တာထွန်းလွင် ကဆိုပါသည်။

ပြီးခဲ့သည့် နှစ်ပေါင်းလေးဆယ်အတွင်း ပြင်းထန်သောဆိုင် ကလုန်းမုန်တိုင်း ခြောက်ကြိမ်အထိ မြန်မာနိုင်ငံတွင်းသို့ ဝင် ရောက်ခဲ့သည်ဟု မြန်မာနိုင်ငံသဘာဝဘေးလျော့ပါးရေးလုပ် ငန်းစီမံချက်၂ဝဝ၉-၂ဝ၁၅ အစီရင်ခံစာတွင် ဖော်ပြထားသည်။

၂ဝဝ၈ မေ ပထမအပတ်တွင် နာဂစ်ဆိုင်ကလုန်းမုန်တိုင်းတိုက်ခတ်ချိန်က ပြည်သူများအကြား သတင်းအချက်အလက် လုံလောက်အောင် ထိထိရောက်ရောက် မဖြန့်ဝေနိုင်ခြင်း၊ ကြို တင်ပြင်ဆင်မှုမရှိခဲ့ခြင်းတို့ကြောင့် လူပေါင်းတစ်သိန်းလေး သောင်းကျော် သေကျေပျောက်ဆုံးခဲ့ကာ လူပေါင်းနှစ်သန်း ကျော် ဒုက္ခရောက်ခဲ့ပြီး သမိုင်းတစ်လျှောက်တွင် အဆိုးရွားဆုံး မုန်တိုင်း ဖြစ်ခဲ့သည်။

မြန်မာနိုင်ငံတွင် မုန်တိုင်းဘေး၊ ရေကြီးရေလျှံ၊ ငလျင်၊ မီး ဘေးစသည့် သဘာဝဘေးအ္တနရာယ်များကြောင့် နိုင်ငံ၏ စီးပွား ရေး၊ လူမှုရေးစသည့် ကဏ္ဍများတွင်လည်း ထိခိုက်မှုများရှိလာခဲ့ သည်ဟု သဘာဝဘေးကျွမ်းကျင်ပညာရှင်များက ဆိုပါသည်။

၁၉၉၅ မှ ၂ဝ၁၄ အတွင်း ရာသီဥတုပြောင်းလဲမှုကြောင့် တစ်က္ဘာလုံး၌ အဆိုးရွားဆုံးထိခိုက်သည့် နိုင်ငံ ၁ဝ နိုင်ငံထဲတွင် မြန်မာနိုင်ငံသည် ဒုတိယဖြစ်သည်ဟု ယခုနှစ် Global Climate Risk Index ၏ အစီရင်ခံစာတစ်စောင်တွင် ဖော်ပြ ထားသည်။

ဓာတ်ပုံ-ခင်မောင်မြင့်/မော်ကွန်းမဂ္ဂဇင်း

ပြင်စလူမြို့မှ မုန်တိုင်းဒဏ်ခံ အဆောက်အအုံ ။  ဓာတ်ပုံ-ခင်မောင်မြင့်/မော်ကွန်းမဂ္ဂဇင်း

အစိုးရ ဘာတွေလုပ်နေလဲ

မုန်တိုင်းအန္တရာယ်မှာ ကြိုတင်သိရှိနိုင်သည့် သဘာဝဘေး ဖြစ်သောကြောင့် မုန်တိုင်းဒဏ်ခံအဆောက်အအုံများ ဆောက် လုပ်ခြင်းနှင့် ကုန်းမြင့်ရှိသည့်ဒေသတွင် ကုန်းမြင့်သို့အချိန်မီ ပြောင်းရွှေ့နိုင်ရေးအတွက် သက်ဆိုင်ရာ မြို့နယ်များမှ အုပ်ချုပ် ရေးအဖွဲ့များနှင့် ပူးပေါင်းပြီး ဆောင်ရွက်သွားမည်ဟု ဧရာဝတီ တိုင်းဒေသကြီး ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးသန်းစိုးက ပြောသည်။

သူတို့ဌာနတွင် ဘတ်ဂျက်မလုံလောက်ခြင်း၊ မြို့နယ်အဆင့် ရုံးများမရှိခြင်း၊ ဝန်ထမ်းအင်အားနည်းခြင်းတို့ကြောင့် မုန်တိုင်း ဒဏ်ခံအဆောက်အအုံဆောက်လုပ်ပေးရေးနှင့် ပညာပေးမှု အပိုင်းများတွင် ပြည့်ပြည့်စုံစုံမလုပ်နိုင်သေးဟု ဆိုသည်။

”ဝန်ခံပါတယ်။ တတ်နိုင်သလောက်တော့ ကျွန်တော်တို့ ကြိုးစားပြီးလုပ်ပါတယ်။ အားလုံးကို လွှမ်းခြုံနိုင်ဖို့တော့ အများ ကြီး လုပ်ရဦးမယ်”ဟု သူက ပြောသည်။

မုန်တိုင်းဒဏ်ခံအဆောက်အအုံ (Cyclone Shelter) အရေအတွက်မှာ ဧရာဝတီတိုင်းဒေသကြီးတွင် ၅၅ လုံး၊ ရန်ကုန် တိုင်းဒေသကြီးတွင် ကိုးလုံးနှင့် ရခိုင်ပြည်နယ်တွင် ၁၄ လုံး တစ် နိုင်ငံလုံး စုစုပေါင်း ၇၈ လုံးရှိသည်ဟု နေပြည်တော် လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၏ စာရင်းများအရ ဖော်ပြထားသည်။

ဧရာဝတီတိုင်းဒေသကြီးတွင် မြို့နယ်/မြို့ စုစုပေါင်း ၃၃ ခုရှိသည့်အနက် ပင်လယ်နှင့်နီးပြီး မုန်တိုင်းအန္တရာယ် သင့်နိုင် သည့် မြို့နယ်၊ မြို့ ရှစ်ခုတွင် မုန်တိုင်းဒဏ်ခံအဆောက်အအုံများ ဆောက်လုပ်ထားခြင်းဖြစ်သည်။ လူ ၅ဝဝ နှင့် ၂ဝဝ ဆံ့သည့် ယင်း မုန်တိုင်းဒဏ်ခံအဆောက်အအုံများတွင် ဝင်ဆံ့သည့်ဦးရေမှာ တစ်သောင်းရှစ်ထောင်ကျော်(၁၈,၃၅ဝ) ဖြစ်ပြီး ၂ဝ၁၄ သန်း ခေါင်စာရင်းအရ အဆိုပါမြို့နယ်များအတွင်း လူဦးရေတစ်သန်းခွဲ ကျော် (၁,၅၈ဝ,၇၈ဝ)နေထိုင်သည်။

တစ်နည်းပြောရမည်ဆိုလျှင် ၎င်းမြို့နယ်ရှစ်ခုမှ လူဦးရေ တစ်ရာခိုင်နှုန်းကျော် (လူတစ်ရာလျှင် တစ်ယောက်)အတွက်သာ မုန်တိုင်းဒဏ်ခံ အဆောက်အအုံများ ရှိနေသည့်သဘော ဖြစ်သည်။

ဧရာဝတီတိုင်းဒေသကြီးတွင် မုန်တိုင်းဒဏ်ခံအဆောက်အအုံများစွာ လိုအပ်နေသောကြောင့် လွန်ခဲ့သည့်လေးနှစ်က တည်းက အဆောက်အအုံ ၄၅ လုံးဆောက်လုပ်ရန် လျာထားချက် ကို နိုင်ငံတကာအလှူရှင်များနှင့် နိုင်ငံတော်အစိုးရထံ တင်ပြခဲ့ သော်လည်း ယနေ့အချိန်ထိ တစ်လုံးသာ ဆောက်လုပ်နိုင်သေး သည်ဟု  ညွှန်ကြားရေးမှူး ဦးသန်းစိုးကပြောသည်။

Infograph- သော်ဇင်လတ်/မော်ကွန်းမဂ္ဂဇင်း
”လုပ်ရကိုင်ရတာ တော်တော်ခက်ခဲတယ်။ ဘတ်ဂျက်ဆို လည်း မဖြစ်စလောက်ပဲ ချပေးတယ်။ အောက်ခြေက ကျွန်တော် တို့တွေက ကျွဲလို၊နွားလို ရုန်းပြီး လုပ်နေကြတာ။ ဒါ ကျွန်တော် အမှန်ပြောတာပဲ”ဟု ၎င်းက ဖွင့်ဟသည်။

မုန်တိုင်းဒဏ်ကို အဓိကခံစားရနိုင်သည့် ဧရာဝတီတိုင်း ဒေသကြီး၊ ရခိုင်ပြည်နယ်နှင့် ရန်ကုန်တိုင်းဒေသကြီးများတွင် မုန် တိုင်းဒဏ်ခံအဆောက်အအုံများဆောက်လုပ်နိုင်ရန် နှစ်စဉ်ဘတ် ဂျက်များတောင်းခံခဲ့ပြီး ဘတ်ဂျက်ရရှိမှု အပေါ်မှာမူတည်၍ မုန်တိုင်းဒဏ်ခံအဆောက်အအုံများကို ဆောက်လုပ်ပေးလျက်ရှိ သည်ဟု လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထား ရေးဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန် ဦးစိုးအောင်က အီး မေးလ်မှတစ်ဆင့် မော်ကွန်းသို့ပြန်ကြားခဲ့သည်။

ထိုသို့ဆောက်လုပ်ရာတွင်လည်း ဧရာဝတီတိုင်းဒေသကြီးနှင့်ရခိုင်ပြည်နယ်တို့ကို ဦးစားပေးအဖြစ်လျာထားပြီး ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာရေးနှစ်တွင် ရခိုင်ပြည်နယ် မြေပုံနှင့်တောင်ကုတ် မြို့နယ်တွင် မုန်တိုင်းဒဏ်ခံအဆောက်အအုံ ခြောက်လုံး ထပ်မံ ဆောက်လုပ်ရန် တင်ဒါခေါ်ဆောင်ရွက်လျက်ရှိသည်ဟုဆိုသည်။

ပြင်စလူမြို့၊ ကုန်းကြီးကျေးရွာအုပ်စုတွင် အုပ်ချုပ်ရေးမှူး အဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသည့် ဦးကျော်ကျော်လင်းက တော့ ကုန်းကြီးကျေးရွာအပါအဝင် အနီးပတ်ဝန်းကျင်မှ ကျေးရွာ သုံး၊ လေးရွာတွင် မုန်တိုင်းဒဏ်ခံအဆောက်အအုံ မရှိသေးသော ကြောင့် အဆောက်အအုံတစ်လုံးချပေးရန် လပွတ္တာမြို့နယ်      အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ ၂ဝ၁၃ ကတည်းက စာဖြင့် တင်ပြခဲ့သော်လည်း ယနေ့အချိန်ထိ ကျမလာသေးဟု သူက ဆိုပါသည်။

မုန်တိုင်းရှိသည်ဟု ကြေညာလိုက်သည်နှင့် သူတို့ဒေသနှင့် လပွတ္တာမြို့ကိုပြေးဆွဲနေသည့် ရှပ်ပြေးယာဉ်များမှာလည်း မပြေး ဆွဲကြတော့သဖြင့် လပွတ္တာမြို့ကို ပြေးမည်ဆိုလျှင်ပင် အခက်အခဲ ရှိလာသည်ဟု ဦးကျော်ကျော်လင်းက ဆိုသည်။

”ပိုက်ဆံရှိတဲ့သူတွေကတော့ မုန်တိုင်းလို့ အသံကြားတာနဲ့ လပွတ္တာမြို့ကို ပြေးကြတယ်။ မရှိဆင်းရဲသားကတော့ တကယ် လ့ို ဖြစ်လာခဲ့မယ်ဆိုရင် ခါးစည်းခံပေါ့ဗျာ။ သူတို့မှာ အားကိုးစရာ ဆိုလို့ သစ်ပင်၊ ဝါးပင်ပဲ ရှိတယ်။ အသေအပျောက်တော့ ရှိဦးမှာ ပဲ”ဟု သူက ဆက်ပြောသည်။

ပြင်စလူမြို့နှင့် ယင်းမြို့ပတ်ဝန်းကျင်မှ ကျေးရွာများရှိ ဒေသခံများက မုန်တိုင်းဒဏ်ခံအဆောက်အအုံများကို ဒေသတွင် ရှိသော လူဦးရေအားလုံးဝင်ဆံ့အောင် ဆောက်လုပ်ပေးစေချင် ကြပြီး လက်ရှိကျေးရွာများတွင် ဆောက်လုပ်ထားသည့် စာသင် ကျောင်းများမှာ မုန်တိုင်းအန္တရာယ်နှင့် မုန်တိုင်းဒီရေလှိုင်းများ ကျရောက်လာပါက ခိုင်ခံ့မှုမရှိဟု ယူဆနေကြသည်။

ပြင်စလူမြို့ပေါ်သုံးရပ်ကွက်နှင့် မြို့၏အုပ်ချုပ်မှုအပိုင်ထဲမှ ကျေးရွာပေါင်း ၁၂၈ ရွာတွင် လူငါးရာဆံ့ မုန်တိုင်းဒဏ်ခံ အဆောက်အအုံ ငါးလုံးရှိသည်။ ယင်းအပြင်  လူ ၂ဝဝ ခန့်ဆံ့သော ကွန်ကရစ် (ဘာသာရေး အဆောက်အအုံ၊ စာသင်ကျောင်း၊ နိုင်ငံ တကာအဖွဲ့အစည်းများနှင့် ပုဂ္ဂလိကအလှူရှင်များက လှူဒါန်း ထားသည့် မုန်တိုင်းဒဏ်ခံ အဆောက်အအုံငယ်) အဆောက် အအုံများမှာလည်း ကျေးရွာနှစ်ရွာတွင် တစ်လုံးနှုန်းသာ ရှိသေး သည်ဟု ပြင်စလူမြို့ အုပ်ချုပ်ရေးမှူး ဦးဝင်းနိုင်ဦးက ပြောသည်။

ပင်လယ်နှင့်နီးသော ကျေးရွာများကို ပထမဦးစားပေး အဆင့်၊    ကုန်းတွင်းပိုင်းအနည်းငယ်ကျသည့် ကျေးရွာများကို ဒုတိယဦးစားပေးအဆင့်နှင့် တတိယဦးစားပေးဟူ၍ သတ်မှတ် ကာ မုန်တိုင်းဒဏ်ခံအဆောက်အအုံများ ဆောက်လုပ်ပေးရန် နိုင်ငံတော်အစိုးရတာဝန်ရှိသူများထံသို့ ၂ဝ၁၄ ကတည်းက တင်ပြ တောင်းဆိုခဲ့သော်လည်း ကျမလာသေးသလို လက်ရှိ အချိန်ထိလည်း တင်ပြထားဆဲဖြစ်သည်ဟု ၎င်းကပြောသည်။

ထိုကဲ့သို့ မလုံလောက်သေးသောကြောင့် နာဂစ်လိုမျိုး နောက်တစ်ကြိမ်လာခဲ့မည်ဆိုပါက ” Cyclone Shelter ရှိတဲ့ရွာနဲ့ ၊ RC အဆောက်အအုံတွေရှိတဲ့ ကျေးရွာတွေကတော့ လုံခြုံပါတယ်။ မရှိသေးတဲ့ ရွာတွေကတော့ အာမမခံဘူး။ ခံရဦး မှာပဲ”ဟု သူက ဆိုပါသည်။

အောင်လှိုင်ကျေးရွာမှ ဒေါ်စမ်းဝင်းဆိုလျှင် နာဂစ်မုန်တိုင်း ဖြစ်ခဲ့စဉ်က လူကြီးနှစ်ယောက်ဖက်ခန့် လုံးပတ်ရှိသော သစ်ပင် ကြီးများကိုပင် ရေလှိုင်းလုံးကြီးများက အမြစ်ကနေ ဆွဲနုတ်ယူ သွားသည်များကို မြင်တွေ့ ခဲ့ရသည်။ ယင်းအတွက်ကြောင့်  နာ ဂစ်လို နောက်တစ်ကြိမ်ဖြစ်လာမည်ဆိုပါက ကျေးရွာတွင်ရှိသော သဘာဝဘေးခိုလှုံမည့် စာသင်ကျောင်းမှာလည်း ခိုင်ခံ့မှုမရှိဟု ယူဆထားသောကြောင့် ယင်းကျောင်းသို့ ပြေးမနေတော့ဘူးဟု ဆိုသည်။

”ဒီကျောင်းလို အဆောက်အအုံမျိုးလောက်ကတော့ (ရေ လှိုင်းက)သာသာလေးမသွားမှာပဲ။ အဲဒီလိုဆို အဲဒီအထဲမှာ ရှိတဲ့ သူတွေ အကုန်သေပြီပေါ့”ဟု သူက ပြောသည်။

မိုးလေဝသပညာရှင်ဦးထွန်းလွင်ကတော့  မုန်တိုင်းဒဏ်ကို နှစ်စဉ်နှစ်တိုင်းခံနေရသည့် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် မုန်တိုင်းဒဏ်ခံအဆောက်အအုံ လေးထောင်ခန့်ရှိကာ ပြည်သူ လူထုအားပညာပေးမှုနှင့် မုန်တိုင်းအတွက် ကြိုတင် ပြင်ဆင်မှု ပိုင်းတွင် မြန်မာနိုင်ငံထက် ပိုမိုကောင်းမွန်သည်ဟု ဆိုပါသည်။

”မုန်တိုင်းကို မဖြစ်ပါနဲ့ ပြောလို့မရဘူူး။ ငလျင်ကို မလှုပ်ပါ နဲ့ ပြောလို့မရဘူး။ ရေမကြီးပါနဲ့ ပြောလို့မရဘူး။ ကြီးပါစေ ရေ။ လာပါစေ မုန်တိုင်း။ ဒါပေမဲ့ (လူ) မသေရဘူး”ဟုသူက ဆိုပါသည်။

နာဂစ်နောက်ပိုင်း ဆောက်လုပ်ပေးခဲ့သည့် နေအိမ်များ ။ ဓာတ်ပုံ - ခင်မောင်မြင့်/မော်ကွန်းမဂ္ဂဇင်း

နာဂစ်နောက်ပိုင်း ဆောက်လုပ်ပေးခဲ့သည့် နေအိမ်များ ။  ဓာတ်ပုံ – ခင်မောင်မြင့်/မော်ကွန်းမဂ္ဂဇင်း

လိုအပ်ချက် များနေဆဲ

မြန်မာနိုင်ငံအနေဖြင့် မုန်တိုင်းဘေးနှင့်ပတ်သက်လာ လျှင် မုန်တိုင်းဒဏ်ခံနိုင်သည့်အဆောက်အုံများ လုံလောက်စွာ ဆောက်လုပ်ပေးခြင်း၊ မိုးလေဝသနှင့်သက်ဆိုင်သောဥပဒေများပြဋ္ဌာန်းပေးခြင်း၊ မိုးလေဝသပညာရှင်များ မွေးထုတ်ပေးခြင်းနှင့် တခြားနိုင်ငံများ၏ နည်းပညာတိုးတက်မှုများကိုလေ့လာပြီး ဆောင်ရွက်ခြင်းစသည့် လုပ်ဆောင်စရာများစွာ ကျန်နေသေး သည်ဟု သဘာဝဘေးပညာရှင်များက ဆိုပါသည်။

”သဘာဝဘေးအ္တနရာယ်ကာကွယ်စောင့်ရှောက်ရေးဟာ ပညာရပ်တစ်ခုပါလားလို့ကို မယူဆဘူး။ ဘယ်ကောင်လုပ်လုပ် ရတယ်ဆိုတဲ့အတွေးက အခုထိရှိတယ်။ အဲဒါဟာ မဟာအမှားပဲ။ ရာသီဥတုပြောင်းလဲခြင်းက ဘယ်ကောင်လုပ်လုပ် မရဆုံး ဘာ သာရပ်ပဲ။ ဘာကြောင့်လဲဆိုတော့ သူက Specialization (အထူးပြုဘာသာရပ်) ပဲ”ဟု ဒေါက်တာထွန်းလွင်က ပြောသည်။

UNDP ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သဘာဝဘေး လျော့ကျရေးဌာနမှဌာနမှူး ဒေါ်လတ်လတ်အေးကလည်း မိုးလေ ဝသနှင့်ပတ်သက်သည့် သတင်းအချက်အလက်များကို အများ ပြည်သူများသိအောင် ဆောင်ရွက်ရာတွင် ဆင်းရဲသော အောက် ခြေပြည်သူများအထိ ရောက်ရှိအောင် ဆောင်ရွက်ရန်လည်း လုပ်ဆောင်ရဦးမည်ဟု ဆိုပါသည်။

”ဖုန်းလိုင်းမမိသေးတဲ့နေရာတွေ၊ တစ်နေ့စာ တစ်နေ့ရှာ စားနေရတဲ့သူတွေက ဒါ(သဘာဝဘေး)ကို သိပ်ဂရုမစိုက်နိုင်ကြ ဘူး။ စားဖို့က အရေးကြီးတယ်လေ။ သူတို့အတွက် လိုအပ်တဲ့ နည်းပညာတွေ၊ ပညာပေးမှုတွေလည်း များများလုပ်ရဦးမယ်”ဟု သူက ပြောသည်။

ဒေါက်တာထွန်းလွင်ကလည်း မုန်တိုင်းအန္တရာယ်ကျ ရောက်လာပါက ကြိုတင်သိရှိနိုင်ရန် သတိပေးသည့် မျှော်စင် များဆောက်လုပ်ကာ သတင်းအချက်အလက်များကို အများ ပြည်သူဆီသို့ မြန်မြန်ဆန်ဆန် ရောက်ရှိနိုင်သည့် သတိပေးစနစ် များကို ကျင့်သုံးရန် လိုအပ်သည်ဟုဆိုသည်။

SMS ဝင်လိုက်တာနဲ့ တာဝါက အလိုအလျောက်မြည် လာတယ်။ ဘာလူမှ မပါဘူး။ အချိန်ကလည်း မိနစ်ပိုင်းအတွင်း အကုန်ရောက်သွားတယ်။ အဲဒါလေးတစ်ခုက ဒေါ်လာ လေး ထောင်လောက်ပဲ တန်တယ်။(မြန်မာကျပ်ငွေ) သိန်းလေးဆယ်၊ သိန်းငါးဆယ်ပဲ တန်တယ်။ ဒါတွေကို လေ့လာပြီး ဘာလို့ မလုပ် သလဲ” ဟု ၎င်းက မေးခွန်းထုတ်သည်။

ထို့အပြင် ပြန်လည်နေရာချထားရေးဆောင်ရွက်သည့် အခါ အန္တရာယ်ရှိသော နေရာများတွင် ပြန်လည်နေရာချထား ခြင်းမှာလည်း နည်းလမ်းမှန်မဟုတ်ပေ။ အစိုးရအနေဖြင့် အ္တနရာယ်ရှိသော နေရာများသတ်မှတ်ကာ ယင်းနေရာများမှ ဒေသခံများကို အစိုးရက လုံခြုံသည့်နေရာများသို့ ပြည်လည် ပြောင်းရွှေ့နေရာချပေးသင့်သည်ဟု ဒေါက်တာထွန်းလွင်က ဆို ပါသည်။
ဆက်တိုက် ခြိမ်းခြောက်လာသည့် ရေဘေးအန္တရာယ်

မြန်မာနိုင်ငံကို နှစ်စဉ်နှစ်တိုင်း ခြိမ်းခြောက်နေသည်မှာ မုန်တိုင်းအန္တရာယ်တစ်ခုတည်းမဟုတ်တော့ဘဲ တစ်ပူပေါ် နှစ်ပူဆင့်ဆိုသကဲ့သို့ထပ်ကြပ်မကွာလိုက်သည့် နောက်ထပ်သဘာဝ ဘေးအန္တရာယ်တစ်ခုမှာ နှစ်စဉ်နှစ်တိုင်းလိုလို ရေကြီးရေလျှံခြင်း နှင့် ရေလွှမ်းမိုးမှုခံနေရခြင်းပင်ဖြစ်သည်။

မြန်မာနိုင်ငံတွင် ကမ်းရိုးတန်းဒေသများ၌ မုန်တိုင်းနှင့် အတူပါလာသည့် မုန်တိုင်းဒီရေလွှမ်းမိုးမှုကိုလည်း ခံရနိုင်သည်။ နာဂစ်မုန်တိုင်းအတွင်း အသက်ဆုံးရှုံးသူများ၏ ၉ဝ ရာခိုင်နှုန်း သည် မုန်တိုင်းဒီရေလှိုင်းများကြောင့်ဖြစ်သည်ဟု  မြန်မာနိုင်ငံ သဘာဝဘေးလျော့ပါးရေးလုပ်ငန်းစီမံချက် ၂ဝ၀၉-၂ဝ၁၅ အစီ ရင်ခံစာတွင် ဖော်ပြထားသည်။

ထို့ပြင် နိုင်ငံအနှံ့အပြားတွင် မိုးတွင်းကာလ၌ မိုးသည်း ထန်စွာ ရွာသွန်းခြင်းကြောင့်  မြစ်ရေလျှံခြင်းနှင့် မိုးနည်းသော ဒေသများတွင် မိုးများပြီး ရုတ်တရက်ရေကြီးခြင်းများက နှစ် စဉ်နီးပါးဆိုသလို ဖြစ်လာခဲ့သည်။

မိုးများပြီး ရေကြီးရေလျှံမှုများကြောင့် ဆည်များကျိုး ပေါက်ပါက ရေလွှမ်းမိုးမှုဒဏ်ကိုခံရနိုင်သည့် ဆည်၏အောက် ဘက်ရှိ ကျေးရွာများမှာလည်း အ္တနရာယ်နှင့်ကြုံတွေ့နေကြသည်။မြန်မာနိုင်ငံတစ်ဝန်းတွင် ရေလွဲှဆည်၊ ရေလှောင်တမံနှင့်ဒီရေ လှောင်ကန်အရေအတွက်မှာ ၄၇ဝ ဝန်းကျင်ရှိနေသည်။ ယင်း ကိန်းဂဏန်းမှာ လယ်ယာစိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီး ဌာနမှစာရင်းများနှင့် လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ ၂ဝ၁၃၊ ဇူလိုင်တွင် ထုတ်ပြန်ခဲ့သော Hydropower Generation Enterprise အစီရင်ခံစာတွင် ပါရှိသည့် ဆည်အရေအတွက်ကိုစုပေါင်းထားခြင်းဖြစ်သည်။

(ဆည်အကြောင်းနှင့်ပတ်သက်ပြီး ‘ငလျင်က ခြိမ်းခြောက် ရာသီဥတုက ဖောက်ပြန် ဆည်တွေရဲ့ မနက်ဖြန်‘ ဆိုသည့် ဆောင်းပါးကို မော်ကွန်းမဂ္ဂဇင်းက၂ဝ၁၅၊ ဒီဇင်ဘာတွင် ဖော်ပြ ခဲ့ပြီးဖြစ်သည်။)

ယခုနှစ်တွင် (ဇူလိုင် ၁၅ ရက်မှ စက်တင်ဘာ ၅ ရက်အထိ) တိုင်းဒေသကြီးနှင့်ပြည်နယ် (၁၁)ခုနှင့် နေပြည်တော် ကောင်စီ နယ်မြေတို့တွင် ရေကြီးရေလျှံ၊ ရေလွှမ်းမိုးခြင်းများဖြစ်ပေါ်ခဲ့ရာ လူ ၁၁ဦးသေဆုံးခဲ့ပြီး  လူပေါင်းငါးသိန်းနှစ်သောင်းကျော် ရေ ဘေးသင့်ခဲ့သည်ဟု လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန၏ မော်ကွန်းကို ပေးသည့် စာရင်း တွင် ဖော်ပြထားသည်။

ယမန်နှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် ၁၄ ခုလုံးတွင် ရေကြီးရေလျှံ၊ ရေလွှမ်းမိုးခြင်းများ ဖြစ်ပေါ်ခဲ့သောကြောင့် လူ ၁၈၁ ဦးသေဆုံးခဲ့ပြီး လူတစ်သန်းခုနစ်သိန်းကျော် ရေဘေး သင့်ခဲ့သည်ဟု အဆိုပါဌာန၏ စာရင်းတွင်ဖော်ပြထားသည်။

ဆက်တိုက်ဖြစ်လာသော ရေလွှမ်းမိုးမှု

မြန်မာနိုင်ငံအနံှ့အပြားတွင် ပြီးခဲ့သည့်နှစ်မှစတင်ကာ ရေကြီးရေလျှံမှုများ ဆက်တိုက်ဆိုသလို ဖြစ်ပေါ်ခဲ့ပြီး လာမည့် နှစ်များတွင်လည်း ထိုကဲ့သို့ ရေကြီးရေလျှံမှုများ ဖြစ်ပေါ်လာနိုင် သောကြောင့် သဘာဝဘေးကြိုတင်ကာကွယ်မှုများကို စနစ် တကျ ဆောင်ရွက်သင့်သည်ဟု သဘာဝဘေးပညာရှင်များက အကြံပြုသည်။

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်ထဲတွင်ရှိသော မြို့နယ်များမှာ ယခင်သုံး၊ လေးနှစ်မှာ တစ်ကြိမ် ရေကြီး၊ ရေလွှမ်း သည့် ဖြစ်စဉ်များရှိခဲ့သော်လည်း ယမန်နှစ်မှစတင်ကာ နှစ်နှစ် ဆက်တိုက် ရေကြီးမှုဒဏ်ကိုခံလာရပြီး ရေကြီး၊ ရေလွှမ်းမှု အခြေ အနေမှာလည်း ပိုမိုဆိုးရွားလာခဲ့သည်ဟု ဟင်္သာတ၊ ဇလွန်၊ အင်္ဂပူစသည့် မြို့နယ်များမှ ဒေသခံများက ပြောသည်။

အသက် ၄၆ နှစ်အရွယ် ဦးစိန်နေထိုင်သည့် ဟင်္သာတမြို့ နယ်ထဲက ဖောင်ကျောင်းကျေးရွာသည် ဧရာဝတီ-ဟင်္သာတ တာ တမံ၏အပြင်ဘက် ဧရာဝတီမြစ်ကမ်းနဖူးဘေးတွင်ရှိနေသည်။ ရေကြီး၊ ရေလွှမ်းမိုးမှုဖြစ်တိုင်း သူတို့ကျေးရွာမှာ ရေဘေးဒဏ်ခံရ မြဲဖြစ်သည်။

ထိုကဲ့သို့ နှစ်နှစ်ဆက်တိုက်ခံပြီးနောက် နောင်လာမည့် နှစ် များတွင် ရေဘေးအ္တနရာယ်ဖြစ်လာမည်ကို ဦးစိန်တစ်ယောက် ထိတ်လန့်လျက်ရှိသည်။ မြစ်ရေတဖြည်းဖြည်း တိုက်စားလာ သောကြောင့် သူတို့လင်မယားနှစ်ယောက်နေသည့်အိမ်နှင့် ဧရာ ဝတီမြစ်ကမ်းပါးမှာ  ပေနှစ်ဆယ်ကျော်လောက်သာ ကွာဝေး တော့သည်။

”နောက်တစ်ကြိမ် ဒီလို(ရေကြီး)ဖြစ်လာရင်တော့ ကျွန် တော်တို့မှာ နေစရာရှိတော့မှာမဟုတ်ဘူး။ ကမ်းပါးပြိုတာမှာ ပါလောက်ပြီ။ ဒီနှစ်လည်း ကမ်းပါးပြိုပြီး  အိမ်တွေပါသွားတဲ့ အတွက် သချုႋင်းကုန်းမှာ တဲထိုးနေကြရတဲ့သူတွေရှိတယ်”ဟု သူက ညဉ်းညူရင်း ပြောသည်။

ပြီးခဲ့သည့်နှစ်ရေကြီးတုန်းက ဦးစိန်တို့လင်မယားနှစ်ယောက်စလုံး ကယ်ဆယ်ရေးစခန်းကို သွားခဲ့ကြသော်လည်း ယခုနှစ် ရေကြီးသောအခါ သူ၏သန်စွမ်းသည့်ခြေတစ်ဖက်မှာ လည်း ကိုက်ခဲနေသောကြောင့် မိန်းမဖြစ်သူကိုသာ ကယ်ဆယ် ရေးစခန်းသို့ သွားခိုင်းလိုက်သည်။

ဦးစိန်မှာ အသက်ခြောက်လသားအရွယ်တုန်းက ဆေးထိုး မှားပြီး ညာခြေထောက် တစ်ချောင်းသိမ်သွားခဲ့ပြီး မသန်စွမ်းဖြစ် ခဲ့ရသောကြောင့် ရေကြီး၊ ရေလွှမ်းမှုဖြစ်လာပါက တခြားသူများ ကဲ့သို့ မြန်မြန်ဆန်ဆန်မပြေးလွှားနိုင်။  ဟောင်းနွမ်းနေပြီ ဖြစ် သည့် သစ်သားချိုင်းထောက်နှစ်ခုကို အားပြုပြီးမှ လမ်းလျှောက် နေရသည့်အခြေအနေဖြစ်သည်။

”ရေကြီးတာဆိုပေမယ့် ကြောက်ရတာက ရေတစ်ခုတည်း မဟုတ်ဘူး။ မြွေဆိုးတွေလည်း ကြောက်ရတယ်။ ကြောက်ဖို့ အကောင်းဆုံးကတော့ ညဘက် ကမ်းပြိုမှာကိုပဲ။ အဲဒီလိုပြိုရင် ဘာမှလုပ်ချိန်မရတော့ဘူး။ သေပြီသာမှတ်တော့”ဟု သူက ဆက်လက်ပြောသည်။

ယင်းကဲ့သို့ ရေဘေးအ္တရာယ်ကို နှစ်စဉ်ခံနေရသည့် ဒေသများတွင် အစိုးရအနေဖြင့် အိမ်များကို သံဖိနပ်များဖြင့် ခိုင် ခိုင်ခံ့ခံ့ ဆောက်ပေးခြင်း၊ မြစ်ကမ်းပါးမှ အ္တနရာယ်ရှိသော အိမ် များကို ဘေးလွတ်ရာသို့ ပြောင်းရွှေ့စေခြင်းနှင့် မြစ်ကမ်းပါး ပြို သည့်အခါ ပါသွားသောအိမ်များကို ဘေးကင်းသည့် နေရာများ တွင် အစားထိုးပြန်ဆောက်ပေးခြင်းမျိုး လုပ်ပေးစေချင်သည်ဟု ဟင်္သာတ၊ ဇလွန်၊ အင်္ဂပူဘက်မှ ဒေသခံများက ပြောသည်။

ဧရာဝတီမြစ်ဘေးက မြေသားတာတမံတစ်ခုကို ရေလျှံနေစဉ် ။ ဓာတ်ပုံ - ဦးသာယာ

ဧရာဝတီမြစ်ဘေးက မြေသားတာတမံတစ်ခုကို ရေလျှံနေစဉ် ။ ဓာတ်ပုံ – ဦးသာယာ

တာတမံထဲက လူတွေလည်း စိုးရိမ်နေရပြီ

ဟင်္သာတခရိုင်ထဲတွင်ရှိသော မြို့များ၊ ကျေးရွာများ၊ လယ် ယာမြေများ၊ အခြေခံအဆောက်အအုံများအား ရေလွှမ်းမိုးမှုမှ ကာကွယ်ရန် ဧရာဝတီမြစ်နှင့်ငဝန်မြစ်ကမ်းပါးတစ်လျှောက်ကို မြေသားတာတမံများဖြင့်ကာရံထားသည်။ ယင်းခရိုင်ထဲတွင် တာတမံ ၁ဝခုရှိပြီး အရှည်အားဖြင့် ၂ဝ၃ မိုင်ရှည်သည်။

ယင်းတမံများ၏ အမြင့်မှာ ၁ဝ ပေကျော်ခန့်စီရှိပြီး တာ တမံဆယ်ခုမှ ကာကွယ်ထားသည့် မြေဧရိယာမှာ ဧက ငါးသိန်း ဝန်းကျင်ရှိသည်ဟု ဟင်္သာတခရိုင် ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ လက်ထောက်òန်ကြားရေးမှူး ဦးသာ ယာက ပြောသည်။

ထိုတာတမံများထဲမှ အများစုမှာ အင်္ဂလိပ်အုပ်ချုပ်ခဲ့စဉ် (ခုနှစ်အားဖြင့် ၁၈၆ဝ ဝန်းကျင်) ကတည်းက တည်ဆောက်ခဲ့ သော တာတမံများဖြစ်သောကြောင့် တာတမံများ၏ကြံ့ခိုင်မှုများ မှာလည်း စိုးရိမ်စရာဖြစ်လာသည်ဟု သူကဆက်လက်ပြောသည်။

ယခုနှစ်အတွင်း ဇလွန်၊ အင်္ဂပူ၊ လေးမျက်နှာ စသည့် ဟင်္သာတခရိုင်ထဲတွင် ရှိသော တာတမံများ၏ အောက်ခြေမှ စိမ့်ဝင်ပြီး ဖြစ်လာသော သဲဗွက်ရေဝင်ပေါက်များနှင့် ကြွက်တွင်း မှတစ်ဆင့် ရေဝင်ခြင်း ဖြစ်စဉ် ၂ဝဝ ကျော်ဖြစ်ခဲ့သည်ဟု သူက ဆက်လက်ပြောသည်။

တာတမံများ၏ ကြံ့ခိုင်မှုပိုင်းတွင် အားနည်းလာသည့် အပြင် ရေကြီး၊ ရေလွှမ်းမိုးမှုများမှာလည်း ဆက်တိုက်ဆိုသလို ဖြစ်လာသောကြောင့် တာတမံများ၏ အတွင်းဘက်တွင် နေထိုင် ကြသည့် ကျေးရွာများမှာလည်း စိုးရိမ်ထိတ်လန့်စွာ နေထိုင်ကြ သည်ဟု ဟင်္သာတနှင့် ဇလွန်မြို့နယ်များမှ ဒေသခံများက ပြောသည်။

ဧရာဝတီ-ဟင်္သာတတာ၏ အထဲဘက်တွင်ရှိနေသော ဇလွန်မြို့နယ်၊ ဝါသလကျေးရွာတွင်နေထိုင်သည့် အသက် ၃၂ နှစ် အရွယ် ဒေါ်နော်မင်းကတော့ မိုးရာသီရောက်တိုင်း ရေကြီးရေလျှံ မှုဖြစ်လာသောအခါ တာကျိုးမှာကို ကြောက်ကြောက်လန့်လန့် နေကြရသည်ဟု သူ့ခံစားချက်ကိုပြောသည်။ သူ၏ အိမ်မှာလည်း တာရိုးအောက်တွင်ဖြစ်သည်။

ယခုနှစ် ဇူလိုင်လထဲတွင် သူတို့မိသားစု နေထိုင်သည့် ကျေးရွာအနီးတွင်ရှိသော တာတမံမှာ ရေများလျှံလာပြီး ကျိုးလု လုနီး အခြေအနေထိဖြစ်ခဲ့သည်။ ထိုတာရိုးနှင့် သူတို့အိမ်မှာ ပေ တစ်ရာကျော်ခန့်သာ ဝေးတော့သည်။

”တာကျိုးပြီလို့တောင် ထင်ထားတာ။ တခြားမြို့နယ်တွေ၊ ကျေးရွာတွေ လူတွေ ပွဲကျသလိုပဲ လာလာကြည့်ကြတယ်။ ဒီတာ ကျိုးရင် လယ်တွေ၊ အိမ်တွေအကုန်ပျက်စီးမှာ။ ပထမဆုံးခံရမှာ ဒီ(ဝါသလ)ရွာပဲ”ဟု ဒေါ်နော်မင်းက တာရိုးကိုညွှန်ပြရင်း ပြောသည်။

ဆည်မြောင်းဝန်ထမ်းများနှင့် ကျေးရွာမှ နေ့စားအလုပ် သမားများက နေ့နေ့ညညကင်းစောင့်ကာ ရေကျော်သည့် တာရိုး ပေါ်တွင် သဲအိတ်များဆင့်ခြင်း၊ ကြွက်တွင်း၊ သဲဗွက်များကို ကျောက်စရစ်အိတ်များဖြင့် ပိတ်ဆို့ဖာထေးခဲ့ကြသောကြောင့် တာမကျိုးခဲ့ခြင်း ဖြစ်သည်ဟု သူကဆိုသည်။

”ညဘက်ဆိုရင် အိပ်လို့ကိုမရဘူး။ တာကျိုးပြီးဆိုတာနဲ့ ရေစပြီးရောက်မှာက ကျွန်မတို့လို တာရိုးအောက်က အိမ်တွေ ပဲလေ။ ပြေးဖို့အချိန်တောင် ရမှာမဟုတ်ဘူး”ဟု ကလေးငါး ယောက်မိခင် ဒေါ်နော်မင်းက  တာပေါ်ကို လက်ညှိုးထိုးပြရင်း ပြောသည်။

ကြွက်တွင်း၊ ခြတွင်း၊ တာရိုးမြေသားမကောင်းခြင်းများ ကြောင့်လည်း တာရိုးများတွင် ရေပေါက်များဖြစ်ပေါ်ပြီး ကျိုး တတ်သလို မြေသားတာရိုး၏ အောက်တွင်ရှိသော သဲကြော အတွင်းသို့ မြစ်ရေများစိမ့်ဝင်လာကာ ကလိုင်ပေါက်သဲဗွက်များကြောင့်လည်း တာရိုးကျိုးပေါက်သည်အထိဖြစ်တတ်သည်။

တစ်နိုင်ငံလုံး ရေဘာကြောင့်ကြီး

ရာသီဥတုဖောက်ပြန်လာပြီး မိုးရွာသည့်အခါ ဆက်တိုက် ရွာခြင်း၊ ရွာသည့် မိုးရေများကိုလည်း ထိန်းသိမ်းပေးမည့် သစ် တောများပြုန်းတီးလာခြင်း၊ တောင်ကျရေများတွင် ရွှံ့များ၊ နုန်းမြေများပါဝင်လာခြင်းတို့ကြောင့် မြစ်ချောင်းကြမ်းပြင်များမြင့်တက်လာပြီး ရေကြီး၊ ရေလွှမ်းမိုးမှုများဖြစ်လာရသည်ဟု ပညာ ရှင်များက ဆိုသည်။

မြန်မာနိုင်ငံ၏ နှစ်စဉ်သစ်တောပြုန်းတီးမှုမှာ က္ဘာပေါ် တွင် နံပါတ်သုံးနေရာတွင်ရှိနေပြီး နံပါတ်တစ်နေရာတွင် ဘရာဇီး နိုင်ငံနှင့် နံပါတ်နှစ်နေရာတွင် အင်ဒိုနီးရှားတို့ဖြစ်သည်ဟု ကမ္ဘာ့စိုက်ပျိုးရေးနှင့်စားနပ်ရိက္ခာဆိုင်ရာအဖွဲ့အစည်း (Food and Agriculture Organization of the United Nations-FAO)၏ ၂ဝ၁၅ က ထုတ်ပြန်ခဲ့သော Global Forest Resources Assessment 2015 စစ်တမ်းတွင် ဖော်ပြထားသည်။

ရေရှည်မှာ သဘာဝဘေးအ္တနရာယ် လျော့ပါးအောင်တစ်ခုတည်း သောနည်းလမ်းမှာ ”သစ်တောတွေကိုတော့ ပြန်စိုက်ရမှာပဲ”ဟု ဒေါက်တာထွန်းလွင်က ဆိုသည်။

သစ်တောများ မရှိတော့သောကြောင့် နောက်နှစ်များတွင် လည်း ယခုလို ရေကြီး၊ ရေလွှမ်းမိုးမှုများ နှစ်စဉ်နှစ်တိုင်း ကြုံတွေ့ နေရဦးမည်ဟု သူက ဆက်လက်ပြောသည်။

အင်္ဂပူမြို့ နယ်ထဲက ကျေးရွာတစ်ရွာတွင် မြစ်ကမ်းပါး ပြိုကျ နေသည်ကို တွေ့ရစဉ်။ ဓာ်တ်ပုံ - ခင်မောင်မြင့်/မော်ကွန်းမဂ္ဂဇင်း

အင်္ဂပူမြို့ နယ်ထဲက ကျေးရွာတစ်ရွာတွင် မြစ်ကမ်းပါး ပြိုကျ နေသည်ကို တွေ့ရစဉ်။ ဓာ်တ်ပုံ – ခင်မောင်မြင့်/မော်ကွန်းမဂ္ဂဇင်း

လက်ပူတိုက် ဖြေရှင်းနေကြဆဲ

မြန်မာနိုင်ငံသည် နောင်လာမည့်နှစ်များတွင် ရေကြီးရေ လျှံ၊ ရေလွှမ်းမိုးခြင်းများ နှစ်စဉ်နှစ်တိုင်းဖြစ်ပေါ်လာနိုင်သော် လည်း အစိုးရတာဝန်ရှိသူများမှ ကြိုတင်ပြင်ဆင်မှုပိုင်းနှင့် ရေ ရှည်ဆောင်ရွက်မည့် အစီအစဉ်များကို စနစ်တကျချမှတ်ပြီး ဆောင်ရွက်ရမည့် အပိုင်းများတွင် အားနည်းနေသေးသည်ဟု သဘာဝဘေးကျွမ်းကျင်သူများက ဆိုပါသည်။

”အခုက သဘာဝဘေး၊ ရေဘေး ဖြစ်လာပြီးမှ လက်ပူ တိုက် ဖြေရှင်းနေတုန်းပါပဲ။ နောက်ပိုင်း ပိုပြီး ကောင်းလာလိမ့် မယ်လို့တော့ မျှော်လင့်ပါတယ်”ဟု ကုလသမဂ္ဂဖွံ့ဖြိုးရေး အစီ အစဉ် (UNDP)၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သဘာဝ ဘေးလျော့ကျရေးဌာနမှ ဌာနမှူး ဒေါ်လတ်လတ်အေးက ဆိုပါသည်။

ဟင်္သာတခရိုင် ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီး ဌာနမှ လက်ထောက်òန်ကြားရေးမှူး ဦးသာယာတစ်ယောက်ကလည်း မိုးရာသီရောက်တိုင်း တာတမံများကိုကြည့်ကာ စိတ်ရောကိုယ်ပါ မသာ မယာ ဖြစ်ရသည်ဆိုသည်။

သူ့ဌာနတွင် လူအင်အားက နည်းပါးခြင်း၊ တာတမံကို ပြင် ဆင်မည့် ငွေကြေးက မလုံလောက်ခြင်းတို့ကြောင့်  မည်သည့်နေ့၊ မည်သည့်နေရာ တွင် တာတမံပေါက်မှာလဲ၊ တာကျိုးကျမှာလဲ ဆိုသည်ကို စိုးရိမ်နေရသော ကြောင့်ဖြစ်သည်။

သူတာဝန်ကျသည့် ခရိုင်ထဲတွင်ရှိသော တာတမံများမှာ  နှစ်သက် တမ်းကြာမြင့်လာသည်နှင့်အမျှ တာတမံရိုးများတွင်  သဲဗွက်တွင်းများဖြစ် ပေါ် ခြင်း၊ တာရိုးများ နိမ့်ကျခြင်း၊ ရေပေါက်များပေါက်ခြင်း၊ ကြွက်တွင်း များ ဖြစ်ပေါ်ခြင်းတို့ကြောင့် ကြံခိုင်မှုပိုင်းကို သေသေချာချာစစ်ဆေးပြီး ဆောင်ရွက်ရန် လိုအပ်လာပြီဟု သူက ဆိုသည်။

”အခုကဗျာ၊ ရေကြီးမှ တာတမံတွေကို သတိရကြတာ။ တာတမံ ဆိုတာ ရေကြီး ပြီဆိုတာနဲ့ ဘာမှ လုပ်လို့မရတော့ဘူး။ ကြိုတင်ပြီးလုပ် ထားရမယ့်အလုပ်တွေဗျာ”ဟု ဆိုသည်။

ထိုကဲ့သို့ တာတမံများ၏ ကြံ့ခိုင်မှု အားနည်းလာခြင်း၊ မြစ်ရေမှာ တာရိုးနားအထိ ရေတိုက်စားလာခြင်းတို့ကြောင့် မြစ်ရေကို လမ်းကြောင်း လွဲှသည့်အနေဖြင့် ယခုနှစ် ဖေဖော်ဝါရီနှင့် မတ်အတွင်း အောက်ခြေ အကျယ် ပေ ၅ဝ နှင့် အဝအကျယ်ပေ ၂ဝဝ ဝန်းကျင်ရှိပြီး ငါးမိုင်ကျော် ရှည်လျားသည့် ဧရာဝတီမြစ် ဖြတ်မြောင်း တစ်ခုကိုဖောက်လုပ်ခဲ့သည်။ ယင်းဖြတ် မြောင်း ဖောက်လုပ်ပြီးနောက် ဧရာဝတီ မြစ်ရေမှာ စီးဆင်းနှုန်းမြန်ဆန်သွားသော ကြောင့် ဝါသလကျေးရွာအနီးမှ တာရိုးမှာ ယခုနှစ်အတွင်း မကျိုးပေါက်ခဲ့ခြင်းဖြစ်သည် ဟု ဦးသာယာက ဆိုပါသည်။

အကယ်၍ ဟင်္သာတတာ၊ ထိန်ငူတာ နှင့် ငဝန်တာ စသည့် တာများသာ ကျိုး သွားခဲ့မည်ဆိုပါက တာကျိုးသည့်အပေါ် မူ တည်ကာ ဟင်္သာတ၊ ကျုံပျော်၊ ရေကြည်၊ လေးမျက်နှာ၊ ကျောင်းကုန်း၊ ဇလွန်၊ ဓနုဖြူ စသည့်မြို့နယ်များအပြင် ဟင်္သာတအောက် ပိုင်းတွင်ရှိသော မြို့နယ်များတွင်လည်း ရေ လွှမ်းမိုးမှုခံသွားရနိုင်ပြီး ထိခိုက်ဆုံးရှုံးမှုများ မှာလည်း ကြီးမားသွားနိုင်သည်ဟု ¤င်း ကဆိုသည်။

”ဒီတာရဲ့အထဲမှာနေတဲ့ လူတွေအတွက်လည်း အ္တနရာယ် ရှိတယ်။ လယ်ယာ၊ ကျွဲနွား၊ လမ်းတံတားအပါအဝင် တည် ဆောက်ထားတဲ့ ှုည်မျေအမကခအကမန (အခြေခံအဆောက်အအုံ) တွေ အကုန်လုံးဆုံးရှုံးမှာ။ ဆုံးရှုံးမှုကတော့ အတိုင်းအဆများ လွန်းပါတယ်။ ခန့်မှန်းဖို့တောင် ခက်ခဲပါတယ်”ဟု သူက ဆက် ပြောသည်။

ဟင်္သာတခရိုင်အတွင်း တာတမံကျိုးပေါက်မှုအနေဖြင့် ၁၉၇၄ တွင် သဲဗွက်များကြောင့် တာကျိုးပေါက်ခြင်း၊ ၁၉၉၁ တွင် လေပြင်းတိုက်ခတ်ခြင်းနှင့် လှိုင်းပုတ်ခြင်းတို့ကြောင့် တာကျိုး ပေါက်ခြင်း၊ ၁၉၉၇ တွင် ရေပေါက်ပေါက်ခြင်းနှင့် သဲဗွက်များ ဖြစ်ပေါ်ခြင်းတို့ကြောင့် တာတမံကျိုးပေါက်ခြင်း၊ ၂ဝဝ၇ တွင် လည်း ရေပေါက်များ ဖြစ်လာသည့်အတွက် ကာကွယ်မှု ဆောင် ရွက်နေစဉ် ရုတ်တရက် တာတမံမှာ နိမ့်ဆင်းပြီး ကျိုးပေါက်ခြင်း စုစုပေါင်းလေးကြိမ်အထိ ဖြစ်ပွားခဲ့သည်ဟု ဆည်မြောင်း၏ စာ ရင်းများတွင် ဖော်ပြထားသည်။

ယင်းတာတမံများ ကျိုးပေါက်ခဲ့စဉ်တုန်းကလည်း တာထဲ တွင်ရှိသော ကျေးရွာမှဒေသခံများ ဒုက္ခရောက်ခဲ့ကြသလို လူနေ အိမ်များ၊ လယ်ယာမြေများနှင့် အခြားသောသီးနှံစိုက်ခင်းများ မှာလည်း ပျက်စီးဆုံးရှုံးခဲ့သည်ဟု လက်ထောက်ညွှန်ကြားရေး မှူးဦးသာယာက ပြောသည်။

ယင်းအပြင် ၂ဝဝ၆ မှစတင်ကာ ယခုနှစ်အထိ ဆယ်နှစ်တိုင် တိုင် ဟင်္သာတမြို့၏ စိုးရိမ်ရေအမှတ် ၄၄ ပေ ထက်ကျော် လွန်ခဲ့ သည်ဟု ဟင်္သာတခရိုင် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲ ရေးဦးစီးဌာန၏စာရင်းများတွင် ဖော်ပြထားသည်။

”ဒီလိုရာသီဥတုတွေလည်း ဖောက်ပြန်နေတဲ့အနေအထား မှာ ဒီတာတွေမကျိုးဘူးလို့ ဘယ်လိုမှ အာမခံလို့မရဘူး။ ဒီတာ တွေလည်း တော်တော်ကြာပြီ။ ကြံ့ခိုင်မှုက တော်တော်နည်းနေ ပြီ”ဟု ဦးသာယာက ဆိုပါသည်။

ထိုကဲ့သို့ တာတမံများ၏ ကြံ့ခိုင်မှုနည်းပါးနေသောကြောင့် သမ္မတဦးသိန်းစိန်လက်ထက်တွင် ဟင်္သာတခရိုင်အတွင်းရှိ တာ တမံများကို ငါးပေအထိ မြှင့်တင်ရေးလုပ်ငန်းများ ဆောင်ရွက် ပေးမည်ဟု နှုတ်အားဖြင့် ပြောဆိုခဲ့သော်လည်း ယနေ့ အချိန်ထိ ဘတ်ဂျက်ကျလာခြင်း မရှိသေးသောကြောင့် ဆောင်ရွက်နိုင် ခြင်းမရှိသေးဟု ၎င်းက ဆက်လက်ပြောသည်။

ကြိုတင်ပြင်ဆင်မှုဖြင့် ကာကွယ်ပါ

နောင်လာမည့်နှစ်များတွင်လည်း ရေလွှမ်းမိုးမှုများ ထပ်မံ ကြုံတွေ့လာနိုင်သောကြောင့် ဆောင်ရန်၊ ရှောင်ရန်များကို အသိ ပညာပေးခြင်း၊ ရုတ်တရက်ရေကြီးနိုင်သည့်နေရာများကို အချိန် မီသတင်းအချက်အလက်ပေးပို့ခြင်း၊ ရေဘေးရှောင်ရန် အဆောက် အအုံ ခိုင်ခိုင်ခံ့ခံ့ ဆောက်လုပ်ပေးခြင်းစသည်တို့ကို ဆောင်ရွက် ပေးရမည်ဟု ပညာရှင်များက ဆိုပါသည်။

”သဘာဝဘေးမှာ ကြိုတင်ကာကွယ်ရမယ့်အရာပါ။ ရေ ရှည်အတွက် ရင်းနှီးမြှုပ်နှံပြီး လုပ်ဖို့လိုတယ်။ သဘာဝဘေး ဖြစ်လိုက်၊ ဆုံးရှုံးမှုများလိုက်၊ ပြန်ပြင်လိုက်ဆိုရင် နိုင်ငံတော် ဖွံ့ ဖြိုးတိုးတက်ရေးလမ်းကြောင်းကိုလည်း အတားအဆီးဖြစ်စေပါ တယ်”ဟု ဒေါ်လတ်လတ်အေးက ပြောသည်။

တာတမံများသာ အားကိုးပြီးနေရသည့် မြေနိမ့်ပိုင်း ဖြစ်သော မြစ်ဝကျွန်းပေါ်ဒေသများတွင်လည်း တာတမံများ၏  ကြံ့ခိုင်မှုကို ဆောင်ရွက်ခြင်းနှင့် လိုအပ်သည့်အမြင့်ကို ဆောင် ရွက်ခြင်း၊ မြစ်ရေလွှဲလမ်းကြောင်း လုပ်ပေးခြင်း ဆောင်ရွက်ရန် လို အပ်သည်ဟု ဒေါက်တာထွန်းလွင်က ဆိုပါသည်။

”ဧရာဝတီမြစ်ရေကြီးတယ်ဆိုတာ ဟိုးအထက်က စလာ နေတာ။ ဒီရေကို လမ်းကနေ ဖမ်းထိန်းတဲ့ နည်းပညာတွေ ရှိနေ တာပဲ။ ဂျပန်မှာ စီးလာတဲ့ရေကို သေးအောင်လုပ်တဲ့ ရေကန်တွေ တစ်ဖက်တစ်ချက်မှာ(လုပ်ထားကြတယ်)။ ဧရာဝတီမြစ်ကြီးကွာ ဖောက်ချင်သလောက်ဖောက်။ အများကြီးပဲ”ဟု ဒေါက်တာထွန်း လွင်က ပြောသည်။

အသက် ၇၇နှစ်အရွယ် ဒေါ်သီလတို့နေထိုင်သည့် ဟင်္သာတ မြို့နယ်ထဲက ရေလယ်သောင်ကျွန်းကျေးရွာမှာ တာ၏ အပြင် ဘက်တွင် ရှိနေသောကြောင့် ရေဘေးဒဏ်ကို နှစ်တိုင်းလိုလို ခံရ သည်။ ပြီးခဲ့သည့်နှစ်မှ စပြီး ရေကြီးမှုမှာ  ပိုဆိုးရွားလာခဲ့သည်။ အိမ်ပေါ်မှာ ဝါးစင်လေးထိုးပြီးနေရသည်ဟု သူက ပြောသည်။

”ဒီလိုသာ နှစ်တိုင်း ရေကြီးနေမယ်ဆိုရင် အဘွားတို့ အတွက် အရမ်းအ္တနရာယ်များတယ်။ အစိုးရကို အိမ်လေးတွေကို တော့ ခိုင်ခိုင်ခံ့ခံ့ လေးလုပ်ပေးစေချင်တယ်”ဟု ဒေါ်သီလက ဝါးဖြင့်ဆောက်လုပ်ထားသော သူ့အိမ်ကလေးကို တုန်ယင်နေ သောလက်များဖြင့် ညွှန်ပြရင်း ပြောလိုက်သည်။

 

အောက်တိုဘာ နောက်ဆုံးအပတ်ထဲတွင် မုန်တိုင်းသတိပေးချက်ကြောင့် မြစ်ဝ ကျွန်းပေါ်ဒေသမှ ပြည်သူအချို့မှာ လပွတ္တာမြို့ပေါ်သို့ တိမ်းရှောင်လာခဲ့ကြသည်။ ထိုကဲ့သို့ တိမ်းရှောင်လာသော  ပြည်သူများအား အစိုးရတာဝန်ရှိသူများ၏ ဆောင် ရွက်နေမှုအခြေအနေကို သိနိုင်ရန် လပွတ္တာမြို့ပေါ်မှ မုန်တိုင်းတိမ်းရှောင် ပြည်သူ များကို ကူညီပေးခဲ့သည့် ဒေသခံတစ်ယောက်အား မော်ကွန်းက မေးမြန်းထားပါသည်။

ဦးဆန်းမင်း

မုန်တိုင်းရှောင် ပြည်သူများကို ကူညီပေးခဲ့သူတစ်ဦး

ဒီလပွတ္တာကိုရောက်လာတဲ့သူတွေကတော့ သူတို့အစီ အစဉ်နဲ့ သူတို့လာတာ။ လပွတ္တာမြို့နယ်က ပြင်စလူမြို့ ပတ်ဝန်းကျင်ကကျေးရွာတွေ၊ ပိုးလောင်း၊ သစ်ပုတ်၊ လွှစာ၊ အဲဒီဘက် ကျေးရွာတွေက ပြေးလာကြတာများပါတယ်။ အခုတစ်ခါ ၂၅ ရက် နေ့ ညနေစာရင်းပိတ်တဲ့အထိ ၃,ဝ၂၅ ယောက်ရှိပါတယ်။ သူတို့ပြေးလာကြတာကတော့ ရေတက်မယ်လို့ ကြေညာလိုက် တယ်လေ။ ခုနစ်ပေကနေ ဆယ်ပေအထိပေါ့လေ။ အခု ပြေးလာတဲ့သူတွေက နာဂစ်တုန်းက ခံခဲ့ရတဲ့နေရာကပြေးလာတဲ့သူတွေ များတယ်ဗျ။

သူတို့က တော်ရုံတန်ရုံ လေကိုမကြောက်ကြပေမယ့် မုန်တိုင်းဒီရေကိုတော့ ကြောက်ကြတယ်ဗျ။ သူတို့နေရာမှာ အဲဒီမုန်တိုင်းဒီရေကို ခိုလှုံမယ့် နေရာမရှိလို့၊ စိတ် မချလို့ပြေးလာတဲ့ သူတွေပါ။ အစိုးရပိုင်းက ပြောင်းရွှေ့ပေးတာ မဟုတ်ဘူးခင်ဗျ။ သူတို့ အစီအစဉ်နဲ့ သူတို့လာကြတာ။

တချို့ကျေးရွာမှာတော့ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့တွေနဲ့ ဒေသက လူမှုအဖွဲ့ အစည်းတွေက သူတို့ရွာတွေမှာ သက်ကြီးတွေနဲ့ ကလေးတွေကို မုန်တိုင်းဒဏ်ခံ အဆောက်အအုံသို့ ရွှေ့ ပြောင်းတာ၊ စားနပ်ရိက္ခာစုဆောင်းတာ အဲဒီလို လုပ်ဆောင် ကြတာတော့ရှိပါတယ်။

မြို့ကိုပြေးလာတဲ့သူတွေကိုတော့ ကြိုတင်ပြီးတော့ ၂၁ ရက်၊ ၂၂ ရက်ကတည်းက နယ်ကလူတွေ တက်လာခဲ့ရင် ဘုန်းကြီးကျောင်းတွေမှာ တည်းခိုမယ်။ အဲဒီလိုမျိုးတော့ ကြိုတင်ပြီး စီစဉ်ထားတာတော့ရှိပါတယ်။

သူတို့အတွက် စားရေးသောက်ရေးကိုတော့ မြို့ပေါ်က လူမှုရေး အဖွဲ့အစည်းတွေ ကနေ သူတို့နီးစပ်ရာ အိမ်တွေကို ထမင်းထုပ် တစ်ထုပ်စီပေးကြပါ၊ ချက်ပေးကြပါလို့ အကူအညီတွေတောင်းပြီး စီစဉ်ကြပါတယ်။

သူတို့ပြန်ကြတဲ့အခါမှာလည်း မြို့နယ်အုပ်ချုပ်ရေးအဖွဲ့ အစည်းတွေကတော့ ဒီနေ့မနက်ပြန်လို့ရပြီဆိုပြီး ပြောတော့ ပြန်သွားကြပြီ။ ပြန်တဲ့အခါမှာ သင်္ဘောတွေ လည်း ထွက်ခွင့်ပြုပြီဆိုတော့ အဲဒီအစီအစဉ်နဲ့ပဲ သူတို့ပြန်သွားကြတယ်။ သူတို့ကို အစိုးရက သီးသန့်ပြန်ပို့ပေးတာ မဟုတ်ပါဘူး။

လက်ရှိအခြေအနေကတော့ မုန်တိုင်းဖြစ်လာခဲ့မယ်ဆိုရင် သူတို့သွားဖို့လာဖို့ သက်ဆိုင်ရာအာဏာပိုင်အဖွဲ့အစည်းတွေက စီစဉ်ပေးတာတော့ မတွေ့ဘူး။သို့သော် လည်း မုန်တိုင်းဖြစ်လာပြီး မြို့ပေါ်ရောက်လာရင်တော့ နေရာထိုင်ခင်းတွေ စီစဉ်ထား တာ တွေ့နေရတယ်။

မုန်တိုင်းမဖြစ်ခင် အချိန်မှာတော့ သူတို့က မုန်တိုင်းအသိပေးလုပ်ငန်းတွေနဲ့ပဲသွားတယ်။ ကြေညာချက်တွေထုတ်မယ်။ သတင်းပေးမယ်။ သီးသန့်ပြောင်းရွှေ့ဖို့စီစဉ် တာတော့ မကြား မိဘူး” ။      ။

၂၀၁၆-နိုဝင်ဘာလထုတ်၊မော်ကွန်းမဂ္ဂဇင်း အမှတ်(၄၀)တွင် ပါရှိမည့် သတင်းဆောင်းပါး ဖြစ်ပါသည်။

ခင်မောင်မြင့် ရေးသည်။

အမျိုးအစား - သတင်းဆောင်းပါး

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."