ဓာတ်ပုံ – အောင်ပိုင်
ရန်ကုန် – ၂၀၂၀ ဇူလိုင် ၇ (မော်ကွန်း)



၁၉၆၂ ဗိုလ်ချုပ်နေဝင်းအာဏာသိမ်းပြီးနောက်ပစ်ခတ်သတ်ဖြတ်ခြင်း ခံခဲ့ရသော ဆန္ဒပြကျောင်းသားများနှင့် ဗုံးခွဲဖျက်ဆီးခံခဲ့ရသော ကျောင်းသားသမဂ္ဂအဆောက်အအုံကို အောက်မေ့ဂုဏ်ပြုသည့် ၅၈ ကြိမ်မြောက် ဆဲဗင်းဇူလိုင်အခမ်းအနားကို ရန်ကုန်တက္ကသိုလ်သမဂ္ဂ မြက်ခင်းပြင်တွင် ကျင်းပခဲ့ကြသည်။
အခမ်းအနားတွင် တက္ကသိုလ်အသီးသီးမှ ကျောင်းသားများ၊ စာရေးဆရာများနှင့် နိုင်ငံရေးတက်ကြွလှုပ်ရှားသူများက ရန်ကုန်တက္ကသိုလ်သမဂ္ဂမြက်ခင်းပြင်၌ ပန်းခွေချ၊ အလေးပြုခဲ့ကြပြီး တရားမျှတမှုရရှိရေးအတွက်ဆိုကာ ကြေညာချက်များ ဖတ်ကြားခဲ့သည်။
#Dailynews

