စစ်ကိုင်းတိုင်း – ၂၀၂၂ စက်တင်ဘာ ၂ (မော်ကွန်း)
ဒီကနေ့ဟာ LGBT Alliance Myanmar ဖွဲ့စည်းတာ တစ်နှစ်ပြည့်မြောက်ပြီဖြစ်လို့ LGBT ကိုယ်စားလှယ်တွေခေါင်းဆောင်ပြီး ယင်းမာပင် – ဆားလင်းကြီး ရွာပေါင်းစုံ စစ်အာဏာရှင်ဆန့်ကျင်တော်လှန်ရေးသပိတ်ဟာ ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။
“လိင်စိတ်ခံယူမှု ဘယ်လောက်ပဲကွဲပြားပါစေ ခွဲခြားခြင်းမပြုဘဲ LGBT များအပေါ် စာနာနားလည်မှုရှိပေးဖို့” လူထုကို တောင်းဆိုဟောပြောခဲ့ကြသလို LGBT တွေအနေနဲ့လည်း တော်လှန်ရေးနယ်ပယ်အသီးသီးမှာ ပါဝင်လှုပ်ရှားရင်း ဆက်လက်တိုက်ပွဲဝင်သွားပါမည်ဟုလည်း ကတိသစ္စာပြုခဲ့ကြပါတယ်။
တဆက်တည်းမှာပဲ ဦးကျော်မိုးထွန်း သံအမတ်နေရာဆက်လက် ထားရှိဖို့ ကမ္ဘာ့ကုလသမဂ္ဂကိုလည်း မြန်မာပြည်သူတွေဘက်ကရပ်တည်ပေးဖို့နဲ့ အကြမ်းဖက်စစ်တပ်ကို ထောက်ခံခြင်းမပြုဖို့လည်း တောင်းဆိုခဲ့ကြပါတယ်။
ဒီကနေ့ ယင်းမာပင်-ဆားလင်းကြီးရွာပေါင်းစုံသပိတ်ကိုလူဦးရေ ၅၀၀ခန့်နဲ့ ချီတက်ဆန္ဒပြခဲ့ကြပါတယ်။
ဓာတ်ပုံ – CJ
#Dailynews

