၂ဝ၁၈၊ ဇန်နဝါရီလထုတ် မော်ကွန်းမဂ္ဂဇင်း အမှတ်(၅၃)မှ သတင်းဆောင်းပါး ဖြစ်ပါသည်။
သန်းနိုင်ဦး ရေးသည်။
မြန်မာစာပေလောကမှာ ထင်ရှားတဲ့ စာရေးဆရာ မောင်သာရက ဝက်လူးကျေးရွာသွား တောလား ဆိုတဲ့ လုံးချင်းဝတ်္ထုစာအုပ်တစ်အုပ် (၁၉၇၀ ခုနှစ် ဝန်းကျင်မှာ) ရေးသားခဲ့တယ်။ အဲဒီခေတ်က ပြည် သူ့ကြားမှာ အမှန်ရှာ၊ ဘဝသရုပ်ဖော်စာပေသည်သာ ပြည်သူ့စာပေ၊ ပြည်သူ့ဘ၀ ကွင်းဆင်းလေ့လာကြ စတဲ့ ကြွေးကြော်သံတွေ မြန်မာစာပေလောကမှာ မင်းမူနေချိန် ဖြစ်တယ်။ ဆရာမောင်သာရကိုယ်တိုင် လည်း အသားနက်မကြီး အောင်လံထူ (ရေနံမြေက အလုပ်သမားတွေအကြောင်း)၊ နောက်ဆုံးတော့ ကျော်ဟိန်းဟာ ကျော်ဟိန်းပါပဲ (လေးကောင်ဂျင် ကစားကြတဲ့ လောင်းကစားသမားတွေအကြောင်း)၊ မတ်တတ်ရပ်လို့ လမ်းမှာ ငို (ရန်ကုန်မြို့က လေးဘီးအငှားယာဉ်မောင်းတွေအကြောင်း) စတဲ့ စာအုပ် တွေအတွက် ကိုယ်တိုင် ကွင်းဆင်းပြီး ရေးသားနေချိန် ဖြစ်တယ်။ ဝက်လူးကျေးရွာသွားတောလား စာအုပ်က ဆေးတက်္ကသိုလ် ကျောင်းသူ၊ ကျောင်းသားတွေ ဝက်လူးကျေးရွာ ကွင်းဆင်းကြတဲ့ အကြောင်း ရေးထားတဲ့ စာအုပ် ဖြစ်ပါတယ်။
ဝက်လူးကျေးရွာက မ်္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် နွားထိုးကြီးမြို့နယ်အတွင်းမှာ ရှိတဲ့ တိုက်နယ်အဆင့် ရွာကြီး ဖြစ် တယ်။ ဆရာမောင်သာရ ဘာကြောင့် ဝက်လူးကျေးရွာကို ရွေး ချယ်ဖြစ်ခဲ့သလဲ။ မ်္တလေးတိုင်းအတွင်းမှာ ကျေးရွာတွေ အများ ကြီးရှိတဲ့အထဲက ဝက်လူးကျေးရွာကို ဇာတ်အိမ်တည်ခဲ့ရတဲ့ အကြောင်းရင်းတွေက ဘာတွေ ဖြစ်မလဲ။ မ်္တလေးတိုင်းအတွင်း မှာ ဝက်လူးကျေးရွာထက် ခေါင်တဲ့ ဒေသတွေ အများကြီး ရှိနေ ပေမယ့် ဆရာမောင်သာရက ဝက်လူးကျေးရွာကို ရွေးချယ်ခဲ့ တယ်။ ကျွန်တော့်အထင် မ်္တလေးမြို့နဲ့ မနီးလွန်း မဝေးလွန်း တောမက မြို့မကျ အညာဆန်တဲ့ ဒေသကို ရွေးချယ်ခဲ့ပုံပါပဲ။
ဝက်လူးကျေးရွာက အရင်ခေတ် လူရွှင်တော်တွေ ပါးစပ် မှာ ရေပန်းစားတဲ့ ရွာ ဖြစ်တယ်။ မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်၊ ဝက်လူးကျေးရွာနေ ဦးဆိတ်၊ ဒေါ်ဆင်တို့၏ သား မောင်ပုရွက် ဆိတ်ဆိုပြီး တိရ်္ဆာန်အမည်တွေ ဆက်တိုက်ဆိုပြီး ပြက်လုံးထုတ် ကြတာပါ။ ဆရာမောင်သာရဝတ်္ထုနဲ့ လူရွှင်တော်တွေရဲ့ ပြက်လုံး ခွင်က ကျွန်တော့်ကို ဝက်လူးသွားစေဖို့ တွန်းအားဖြစ်စေခဲ့တယ်။
ဝက်လူးကျေးရွာက မ်္တလေးမြို့ရဲ့ အနောက်တောင်ယွန်း ယွန်း မိုင် ၆၀ လောက် အကွာမှာ ရှိတယ်။ ဝက်လူးကို မ်္တလေး- မြစ်သား-နွားထိုးကြီးကားလမ်းက လာနိုင်သလို မ်္တလေး-တံ တားဦး-မြို့သာ ကားလမ်းကလည်း သွားလို့ရတယ်။ မြစ်သား လမ်းဘက်က သွားရင် ခရီးလမ်းမိုင် ပိုရှည်လျားပါတယ်။ ဝက်လူး သွားကြသူ အများစုကတော့ တံတားဦး-မြို့သာလမ်းကိုပဲ ရွေး ချယ်ကြတယ်။ ကျွန်တော်လည်း ဝက်လူးသွားမယ်ဆိုတော့ အနီး ဆုံးလမ်းဖြစ်တဲ့ တံတားဦး-မြို့သာလမ်းကို ရွေးချယ်ပါတယ်။
ဝက်လူးကို ကျွန်တော် တစ်ခါမှ မရောက်ဖူးဘူး။ ပါးစပ်ပါ ရွာရောက်မှာပဲဆိုတဲ့ ဆုံးဖြတ်ချက်နဲ့ ထွက်လာခဲ့တာ ဖြစ်ပါတယ်။ မြို့သာရောက်မှ ဝက်လူးကို သွားရမယ့် လမ်းကြောင်းမေးပါတယ်။ မြို့သာဈေး အရှေ့က လမ်းအတိုင်း တောင်စူးစူးကို သွားရမှာ ဖြစ် ပါတယ်။ မြို့သာဈေးတောင်ဘက် ထွက်တော့ ရထားသံလမ်းကို ကျော်ရတယ်။ (ပုဂံ-မ်္တလေး ရထားလမ်း ဖြစ်ပါတယ်။) မ်္တလေး- တံတားဦး-မြို့သာလမ်းက ကတ်္တရာထူထူခင်းထားလို့ မြို့သာအထိ သွားလမ်းသာပါတယ်။ မြို့သာ-ဝက်လူးလမ်းကတော့ ခင်းထား တာ မကြာသေးပေမယ့် အချို့နေရာတွေမှာ ချိုင့်ခွက်ကြီးတွေ ဖြစ်နေပြီ။ ဒီလမ်းပိုင်းကို ကတ်္တရာလမ်းအဆင့် တိုးမြှင့်ထားတာ မကြာသေးပါဘူး။ ၂၀၁၂ ခုနှစ်ကမှ ကတ်္တရာလမ်းအဖြစ် အဆင့် မြှင့်တင်ထားတာပါ။ လမ်းမှာ ရေကျော်တွေလည်း တွေ့ရတယ်။
မြို့သာ-ဝက်လူးလမ်းက အရင်ကတည်းက ရှိပေမယ့် ကျောက်ကြမ်းလမ်းအဆင့်သာ ရှိခဲ့တဲ့ လမ်းပါ။ ကတ်္တရာလမ်း အဖြစ် လွန်ခဲ့တဲ့ ငါးနှစ်ကမှ အဆင့်မြှင့်တင်ခဲ့တာ ဖြစ်တယ်။ လမ်းမှာ ရွာစဉ်တွေ ဆက်နေတယ်။ ဒီလမ်းက ငါန်းဇွန်မြို့နယ်နဲ့ နွားထိုးကြီးမြို့နယ်ထဲက ရွာတွေကို ဆက်သွယ်ပေးထားတဲ့ လမ်း ဖြစ်တယ်။ နွားထိုးကြီးမြို့နယ်ထဲက ပြင်စည်တိုက်နယ်နဲ့ ငါန်းဇွန် မြို့နယ်ထဲက မြို့သာတိုက်နယ်တို့ကို ဆက်သွယ်ထားတဲ့ လမ်း။ တိုက်နယ်အချင်းချင်း ဆက်သွယ်ထားတဲ့ လမ်းဖြစ်လို့ ကားတွေ ဥဒဟို သွားနေတာတော့ မရှိဘူး။ ဆိုင်ကယ်တွေတော့ ဖျိုးခနဲ ဖျပ်ခနဲ မောင်းနေတာ တွေ့ရတယ်။ လွန်ခဲ့တဲ့ ဆယ့်လေးငါးနှစ်က အထိ လမ်းတစ်ည မန်းတစ်ညလို့ အမည်တွင်ခဲ့တဲ့ (မ်္တလေးသွား ဖို့အရေး လမ်းမှာ တစ်ညအိပ်၊ မ်္တလေးရောက်တော့လည်း ရွာ ပြန်ဖို့ အချိန်မရှိတော့လို့ ဆက်အိပ်ရလောက်တယ်လို့ ပြောစမှတ် ပြုကြရတဲ့ ဒေသတွေပါ) အရပ်ဒေသတွေ ဖြစ်ခဲ့ဖူးတယ်။ ကုန်း ခေါင်ခေါင် အညာလွင်ပြင်ဒေသ ဖြစ်တယ်။
မြို့သာ-ဝက်လူး ကားလမ်းတစ်လျှောက်မှာ သရက်ကန်၊ ဆူးဖြူကုန်း၊ ကျွန်းဒေါင့်၊ တောဇောက်၊ ဆေးခင်းကြီး၊ မန်ကျည်း ကုန်းစတဲ့ ရွာတွေ တွေ့ရတယ်။ တချို့ ရွာတွေက အထက်တန်း ကျောင်းတွေ ဖွင့်ခွင့်ရပြီး လျှပ်စစ်မီးတွေ ထိန်ထိန်ညီးနေပြီ။ ၂၁ ရာစုမှာ မြို့ပြနဲ့ အလှမ်းမဝေးလှပေမယ့် လျှပ်စစ်မီး မရသေးတဲ့ ရွာတွေလည်း ရှိသေးတယ်။ တချို့ ရွာတွေက ကားလမ်းနံဘေးမှာ ရှိမနေဘဲ ကားလမ်းမနဲ့ ခပ်ဝေးဝေးမှာ ရှိနေတယ်။ ဆောင်း ကာလမို့ မိုးစပါးတွေ ရိတ်ပြီး ကောက်လှိုင်းတွေ ပုံထားတဲ့ လယ် ကွက်တွေလည်း ရှိတယ်။ ယာခင်းတွေမှာတော့ ပဲစင်းငုံတွေ ခါး လောက်အမြင့် ရှိနေပြီ။ ထန်းတောကြီးတွေက ညို့ဆိုင်းနေတယ်။
မ်္တလေးက မနက်ပိုင်း ထွက်လာခဲ့ပြီး ဝက်လူးကို နေ့လယ် ခင်းမှာ ရောက်ပါတယ်။ ဝက်လူးကို မရောက်မီ တယ်လီဖုန်းတာ ဝါတိုင်တွေ ထိုးထိုးထောင်ထောင် မြင်ကတည်းက ရှေ့က ရွာဟာ ဝက်လူးဖြစ်မယ်လို့ ကျွန်တော် မှန်းဆမိတယ်။ ကျွန်တော့်အထင် မမှားဘူး။ မြို့သာက ထွက်ပြီး နာရီဝက်လည်း ကြာရော ဝက်လူး ကို ရောက်တော့တာပါပဲ။ ဝက်လူးကျေးရွာက ကားလမ်းနံဘေး မေးတင်ထားတဲ့ တိုက်နယ်အဆင့်ရှိတဲ့ အညာရွာကြီးတစ်ရွာ ဖြစ် ပါတယ်။
ဝက်လူးဒေသက ရောင်းပန်းဝယ်ပန်း ပွင့်လန်းပုံရတယ်။ ကားလမ်းနံဘေးမှာ ရှိတဲ့ တချို့အိမ်တွေက ဆိုင်ခန်းလေးတွေ ဆောက်ပြီး ဆိုင်ခန်းအငှား ချထားကြတယ်။ နံကပ်တိုက်တွေ၊ အာရ်စီတိုက်တွေက ကားလမ်းနံဘေးမှာ အစီအရီပါပဲ။ ကား လမ်းမထက်မှာ ဝက်လူး အ.ထ.က ဒုတိယအကြိမ် အာစရိယပူ ဇော်ပွဲ လမ်းဖြတ်ပိုစတာတွေက လေမှာ တလူလူ လွင့်နေတယ်။အညာရွာကြီးတစ်ရွာမှာ ထမင်းဆိုင်တွေ၊ အရက်ဆိုင်တွေ၊ တယ် လီဖုန်းဆိုင်၊ ဆိုင်ကယ်ဝပ်ရှော့၊ လက်ဖက်ရည်ဆိုင်၊ ဆေးဆိုင်၊ ဆေးခန်း၊ ကုန်စုံဆိုင်၊ လေထိုးကျွတ်ဖာ၊ မိတ်ကပ်ဆံပင် အလှပြင် ဆိုင်၊ ပန့်နဲ့ ရောင်းတဲ့ ဓာတ်ဆီဆိုင်၊ ရှမ်းခေါက်ဆွဲဆိုင်တွေ ရှိနေ ပါတယ်။ ဝက်လူးမှာ ကိုယ်ပိုင်ကျောင်းကြော်ငြာတွေလည်း တွေ့ ရတယ်။ နွားထိုးကြီးမြို့ပေါ်က ကျောင်းအချို့က ကြော်ငြာလာကပ် ထားတာပါ။ နောက်ထပ် ထူးထူးခြားခြားလို့ ထင်ရတဲ့ ကြော်ငြာ က ဝက်လူးမှာ ကိုရီးယားဘာသာစကား အရေး၊ အဖတ်၊ အပြော နားထောင်ဆိုတဲ့ သင်တန်းပါ။ အညာစရော ယဉ်ကျေးမှုကြီးက ကုန်းခေါင်ခေါင်က အညာရွာလေးကို ၂၁ ရာစုထဲ ဇွတ်အတင်း ဆွဲခေါ်နေတယ်။
ဝက်လူးကျေးရွာအုပ်ချုပ်ရေးမှူးရုံးက လမ်းနံဘေးမှာရှိတဲ့ တစ်ထပ်အဆောက်အအုံလေးပါ။ ဝက်လူးကျေးရွာအုပ်စုက ရွာ လေးရွာ ပေါင်းစပ်ထားတယ်။ ဝက်လူး ၁၊ ဝက်လူး ၂၊ ဝက်လူး ၃ နဲ့ ကံဦးဆိုပြီး ပေါင်းထားတာပါ။ ဒါပေမဲ့ ဒေသခံတွေကတော့ ဝက်လူးအရှေ့၊ ဝက်လူးအလယ်၊ ဝက်လူးအနောက်လို့သာ အလွယ်ခေါ်ကြတယ်။ ဝက်လူးမှာ အိမ်ခြေ ၁,၃၈၂ အိမ် ရှိပြီး လူဦးရေ ၆,၀၈၀ ရှိတယ်။ ဝက်လူးဒေသက သာသနာရောင်ဝါ ထိန်ထိန်လင်းပါတယ်။ ရွာတောင်ဖျားပိုင်းမှာ ဘုန်းတော်ကြီး ကျောင်း ရှိပြီး အရိပ်ရ သစ်ပင်ကြီးတွေနဲ့ အုံ့ဆိုင်းနေပါတယ်။ ဘုန်းတော်ကြီး ကျောင်းဝင်းကြီးက ကားလမ်းမရဲ့ အနောက် ဘက်မှာ ရှိပြီး ကျယ်ဝန်းလှတယ်။ ကျောင်းရှေ့ကွက်လပ်ကျယ် ကြီးက ဘောလုံးကွင်းတစ်ကွင်းစာ မကဘူး။ ဝက်လူးအနောက် ရွာမှာတော့ ရွှေရောင်တဝင်းဝင်းနဲ့ စေတီတော်ကို ဖူးတွေ့နိုင် တယ်။ ဉဏ်တော် ပေ ၃၀ လောက် အမြင့်ရှိပါတယ်။
ဝက်လူးတိုက်နယ်ဆေးရုံက ကားလမ်းမအနောက်ဘက် မှာ ရှိပြီး ကျယ်ဝန်းသန့်ရှင်းတယ်။ ဝက်လူး အ.ထ.က နဲ့ တိုက်နယ် ဆေးရုံက ကပ်လျက် တည်ရှိပါတယ်။ ကျောင်းဖွင့်ရက်မို့ စာအံသံ တွေ အတိုင်းသား ကြားနေရတယ်။ စာသင်ကျောင်းရှေ့က အနောက်စူးစူးကို သွားရင် ဝက်လူးအနောက်ရွာကို ရောက်မှာပါ။ စာသင်ကျောင်းအလွန်မှာ ဘဝသစ်စာကြည့်တိုက် နံကပ်တစ် ထပ် အဆောက်အအုံရှိပါတယ်။ စာကြည့်တိုက်က ကျွန်တော်တို့ ရောက်ရှိချိန်မှာ ပိတ်ထားပါတယ်။ စာကြည့်တိုက်ရှေ့မှာလည်း သစ်ရွက်ခြောက်အမှိုက်တွေနဲ့ ရှုပ်ပွနေတာမို့ ပိတ်ထားတာ အချိန်ကြာပြီလို့တောင် ယူဆနိုင်တယ်။
စာကြည့်တိုက်ကို လွန်ရင် သဲချောင်းပြင်ကျယ်ကြီး တွေ့ရ မှာပါ။ ဆောင်းအခါမို့ ရေမရှိပေမယ့် မိုးတွင်းမှာ ရေများမယ့် ပုံပါ ပဲ။ သဲချောင်းအလွန်မှာ ဝက်လူးအနောက်ရွာ ရှိတယ်။ ဝက်လူး အနောက်ရွာမှာ ကျေးလက်ကျန်းမာရေးဌာန ရှိတယ်။ ဂျပန်ဦး နှောက်ရောင်ကာကွယ်ဆေး ထိုးနှံကြဖို့ ဗီနိုင်းတွေ ချိတ်ဆွဲထား တယ်။ ဝက်လူးအနောက်ရွာမှာ ဝက်လူးဘူတာ ရှိပါတယ်။ အရင် ကားလမ်းတွေ ကောင်းကောင်း မပေါက်ခင်က ဒီဘူတာရုံလေး က ရွာလူထုအတွက် အားထားစရာ ဖြစ်ခဲ့တယ်။ ဝက်လူးက (မ်္တလေး-မြင်းခြံ-ပုဂံ) ရထားလမ်းပိုင်းမှာ ရှိတဲ့ တောဘူတာလေး သာ ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီဘူတာလေးမှာပဲ ရထားစောင့်ကြ၊ ရထားလာတော့လည်း ပဲအိတ်တွေ၊ နှမ်းအိတ်တွေနဲ့အတူ တိုးဝှေ့ တက်ခဲ့ကြရရှာတယ်။
“ရန်ကုန်ဘတ်စ်ကားတွေ ကျပ်တယ်ဆိုတာ ဝက်လူး ရထားက ရယ်တာပေါ့။ လူတွေရော ကုန်တွေပါ ကြိတ်ကြိတ်တိုး ပြီး ဖြစ်သလို တွယ်ကပ်လိုက်ခဲ့ကြရတာ။ အိန်္ဒိယရုပ်ရှင်ကားတွေ မှာ ပါတဲ့ ရထားတွေအတိုင်းပါပဲ။ ဆေးလိပ်မီးခိုးငွေ့တွေ ရှူကြရ၊ ကွမ်းတံတွေးတွေ စဉ်ခဲ့ကြပါဗျာ”လို့ မ်္တလေးရောက် ဝက်လူး သား ကိုမင်းသေ့က သူ့ဒေသကို စာဖွဲ့ ခဲ့ဖူးတယ်။
ကျွန်တော်တို့ရောက်တဲ့ ဒီဇင်ဘာလ ဒုတိယပတ် နေ့လယ် ခင်းမှာတော့ ဝက်လူးဘူတာမှာ ရထားစောင့်နေတဲ့ ခရီးသည် လေးငါးယောက်ထက် မပိုဘူး။ ဝက်လူးဒေသခံတွေ ခရီးအသွား အလာနည်းသွားလို့ ဘူတာမှာ လူမရှိတာ မဟုတ်ဘူး။ ခရီးသွား တွေ အရင်ထက် ပိုတောင် များလာသေးတယ်။ ဘယ်အချိန်လာ မှန်း မသိတဲ့ ရထားကို အချိန်ကုန်ခံပြီး စောင့်မနေကြတော့ဘူး။ ဆိုင်ကယ်တွေ၊ ကားတွေ သုံးပြီး မြို့ကို အချိန်မရွေး သွားလို့ရတာ ကြောင့် ရထားစီးသူ နည်းပါးသွားတာပါ။
ဝက်လူးဘူတာနဲ့ မျက်နှာချင်းဆိုင်မှာ ဝက်လူးနယ်မြေရဲ စခန်း ရှိပါတယ်။ ဝက်လူးအနောက် ရွာလယ်လမ်းအတိုင်း ဝင် သွားရင် ကံဦးရွာသွားတဲ့ လမ်းဩန်ဆိုင်းဘုတ်ကို မြင်တွေ့ရမှာ ဖြစ်တယ်။ ရွာလယ်က အုတ်ရေချမ်းစင်မှာ ဆေးအပြာနဲ့ မြွေဆိပ် ဖြေဆေး ရနိုင်ကြောင်း ကြော်ငြာထားတယ်။ ကျေးလက်က ဦး ကြီးတွေ မြွေအ်္တရာယ် ကင်းရှင်းကြပါလေစ။ ရွာထဲက အိမ်တွေ မှာ လူတွေ ရှင်းနေတာ တောသွား အလုပ်လုပ်ကြတာလို့ တွက် ဆခဲ့တယ်။ ကျွန်တော့်တွက်ဆမှု လွဲသွားတယ်။ လူကြီးရွေးပွဲ တစ် အိမ်တစ်ယောက် မလာမနေရဆိုလို့ သွားကြတာပါတဲ့။
ဝက်လူးအနောက်ရွာက ပြန်ထွက်လာကြပြီး ကားလမ်းမ အနီးက ဆုံဆည်းရာမှာ လက်ဖက်ရည်သောက် နားပါတယ်။ ဆုံ ဆည်းရာလက်ဖက်ရည်ဆိုင်က နံကပ်နှစ်ထပ်အဆောက်အအုံပါ။ ကျယ်ကျယ်ဝန်းဝန်း သပ်သပ်ရပ်ရပ် ရှိပါတယ်။ ဆိုင်ရှေ့က လိုက် ထရပ်ကားပေါ် ရွှေဆေးသုတ် လှည်းယာဉ်သုံးစီး ဆင့်ပြီး တင် ထားတယ်။ အလှူက နားထွင်းတွေအတွက် လာငှားလို့ အငှား လိုက်တာ ဖြစ်ပါတယ်။ လှည်းယာဉ်ငှားရမ်းခက တစ်စီး ကျပ် ၃၅,၀၀၀ ဖြစ်ပြီး သုံးစီးငှားရင် ကျပ်တစ်သိန်း ဖြစ်ပါတယ်။ ဒီနှစ် ရွာမှာ အလှူတွေ ပေါရဲ့လားလို့ ကျွန်တော်က စပ်စုကြည့်တော့ တပေါင်းတန်ခူး ကျောင်းပိတ်ရက်မှာတော့ အလှူတွေ ဆက် တိုက်ပဲလို့ လက်ဖက်ရည်ဆိုင်ရှင်က အဖြေပေးတယ်။ လှည်း ယာဉ်မောင်းမယ့် လှည်းသမားအတွက် အလှူထမင်း၊ အလှူ ဟင်းနဲ့ ဧည့်ခံရုံနဲ့တင် ရပါသတဲ့။ ကျွန်တော်တို့ လက်ဖက်ရည်ဆိုင် ထိုင်နေစဉ်မှာ နွားစာပြောင်းတွေ တင်လာတဲ့ နွားလှည်းက ဆိုင် ရှေ့က တအီအီနဲ့ ဖြတ်သွားတယ်။ လက်ဖက်ရည်ဆိုင်ရှင် အမျိုး သမီးက 5 MOVIE က လာတဲ့ ရုပ်ရှင်ကား ကြည့်ကောင်းနေဆဲ။
လက်ဖက်ရည်ဆိုင်ထဲမှာ တန်ဆောင်မုန်းလပြည့်ကျော် ၉-၁၀ မှာ ကပြမယ့် ဇာတ်ပွဲကြော်ငြာ ကပ်ထားတယ်။ မင်းသား ဝင်းနောင်ရဲ့ ဇာတ်ကြော်ငြာပါ။ ဇာတ်ပွဲကြည့်ဖို့ ဖျာဝယ်မယ့်သူ တွေ ဦးအောင်မြင့်ရှိန် (ဝက်လူး အလယ်ရွာ) ထံမှာ ဆက်သွယ် ဝယ်ယူကြဖို့ ကြေညာထားတယ်။ ဝင်းနောင်က ဝက်လူးကျေးရွာ သား ဖြစ်ပြီး မြို့မှာ အောင်မြင်နေတဲ့ ဇာတ်မင်းသားတစ်ယောက်ပါ။
ဝက်လူးအရှေ့ ရွာရဲ့ အရှေ့ စူးစူးမှာ ချင်းကျောက်တွေ ခင်း ထားတဲ့ လမ်းမကျယ်ကြီး ရှိတယ်။ အဲဒီလမ်းက ကျောက်ဆည်မြို့ နယ်ထဲကို ဖောက်လုပ်ထားတဲ့ လမ်း ဖြစ်ပါတယ်။ ဝက်လူးက ၂၁ ရာစုမှာ ကျန်မနေခဲ့ဘူး။ ဝက်လူးကျေးရွာမှာ EASY MOBILE AGENT ရှိနေပါပြီ။ ပြည်တွင်းပြည်ပ ကူးလူးဆက်ဆံမှု များတဲ့ ခေတ်မှာ ဝက်လူးသူ ဝက်လူးသားတွေ ရေကြည်ရာ မြက်နုရာ သွားပြီး ဝမ်းကျောင်းကြပုံရတယ်။ EASY MOBILE က ပြည်တွင်း ပြည်ပ ငွေလွှဲဝန်ဆောင်မှုတွေ ဆောင်ရွက်ပေးနေတာလေ။ ပွင့် လင်းခေတ်မို့ နိုင်ငံရေးပါတီ ဆိုင်းဘုတ်တွေလည်း ဝက်လူးမှာ တွေ့မြင်ရပါတယ်။ အခု လွှတ်တော်ထဲ ရောက်နေကြသူတွေထဲ မှာ ဝက်လူးသူ ဝက်လူးသားတွေ ရှိနေတယ်ဆိုရင် မိတ်ဆွေ မအံ့ သြပါနဲ့။ နွားထိုးကြီးမြို့နယ်က အရွေးခံခဲ့ကြတဲ့ ကိုယ်စားလှယ် တွေဟာ ဝက်လူးသူ ဝက်လူးသားတွေ ဖြစ်ကြပါတယ်။
နောက်တစ်ခါ ဝက်လူးကို သွားဖြစ်ရင် ပြင်စည် (နွားထိုး ကြီးမြို့နယ် ရန်ကုန်-မ်္တလေး အမြန်လမ်းမကြီးဘေးက တိုက်နယ် အဆင့်ရှိ ရွာ) ဘက်ကနေ လှည့်ဝင်ချင်ပါသေးတယ်။
(ဆောင်းပါးခေါင်းစဉ်မှာ ဆရာမောင်သာရ၏ လုံးချင်းဝတ်္ထုခေါင်းစဉ် ဖြစ်ပြီး ဆောင်းပါးရှင်က ကြိုက်လွန်း၍ ယူသုံးထားခြင်း ဖြစ်ပါတယ်။)