၂ဝ၁၈၊ ဇန်နဝါရီလထုတ် မော်ကွန်းမဂ္ဂဇင်း အမှတ်(၅၃)မှ အင်တာဗျူး ဖြစ်ပါသည်။
ဦးသန်းဇော်အောင်
တရားလွှတ်တော်ရှေ့နေ
မြန်မာမီဒီယာရှေ့နေများကွန်ရက် အတွင်းရေးမှူးနှင့် တွေ့ဆုံခြင်း
ခင်မောင်မြင့် မေးသည်။
မြန်မာနိုင်ငံက သတင်းသမားတွေဟာ တပ် မတော်၊ လုံခြုံရေး တပ်ဖွဲ့ဝင်တွေနဲ့ ပတ်သက်တဲ့ သတင်းတွေကို ရယူရေးသားတဲ့အခါ ပြစ်ဒဏ် မြင့်မားတဲ့ ဥပဒေတွေနဲ့ တရားစွဲဆိုတာကို ခံနေ ရပါတယ်။ ယခုလည်း ရိုက်တာသတင်းဌာနက သတင်းထောက် နှစ်ဦးကို မြန်မာနိုင်ငံအစိုးရလျှို့ဝှက်ချက်များ အက်ဥပဒေနဲ့ ဖမ်းဆီးအရေးယူခံ ထားရပါတယ်။ အဲဒီ ဖမ်းဆီးခံထားရတဲ့ ရိုက် တာသတင်းထောက်နှစ်ဦးရဲ့ အမှုကို လိုက်ပါ ဆောင်ရွက်ပေးနေတဲ့ တရားလွှတ်တော်ရှေ့နေ ဦးသန်းဇော်အောင်နဲ့ တွေ့ဆုံမေးမြန်းထားပါ တယ်။ သူဟာ Myanmar Media Lawyers’ Network (MMLN) ရဲ့ အတွင်းရေးမှူးလည်း ဖြစ်ပါတယ်။
မော်ကွန်း။ ။ မြန်မာနိုင်ငံအစိုးရ လျှို့ဝှက်ချက်များ အက်ဥပဒေကို လူအများနားလည်အောင် အရိုးရှင်းဆုံး ဘယ်လိုအဓိပ်္ပာယ် ဖွင့်ဆိုမလဲ။
ဦးသန်းဇော်အောင်။ ။ လူအများအလွယ်တကူနားလည်အောင်ဆိုရင် အစိုးရနဲ့ ပတ်သက်တဲ့ စာရွက်စာတမ်းတွေ၊ ပုံကြမ်းတွေ၊ နမူနာတွေ၊ ဆောင်းပါးတွေ၊ သတင်းတွေ၊ ပုံတွေက အစ အဲဒါ တွေကို ကူးယူဖြန့်ချိတဲ့အခါ တစ်ဖက်ရန်သူကို သိစေတယ်၊ ဒါမှ မဟုတ် နိုင်ငံတော်လုံခြုံရေးကို ထိခိုက်စေတယ်ဆိုရင် နိုင်ငံတော် လျှို့ဝှက်ချက်များအက်ဥပဒေနဲ့ တရားစွဲလို့ရတယ်။ ဒါကတော့ လူအများ နားလည်အောင် ပြောတာ။ ဥပဒေဖွင့်ဆိုချက်ကတော့ အများကြီးပဲ။
လျှို့ဝှက်ဥပဒေ ပုဒ်မခွဲ(၂)မှာဆိုရင် ဆက်သွယ်အကြောင်း ကြားခြင်း၊ လက်ခံခြင်း၊ အဲဒီမှာတင် အကျယ်ကြီး ရေးထားတယ်။ စာတမ်းအမှတ်အသားမှာလည်း စာတမ်းတစ်စိတ်တစ်ဒေသ လည်းပါတယ်ဆိုပြီး ရေးထားတယ်။ ပိတ်ပင်တားမြစ်ထားတဲ့ နေရာတွေကို မဝင်ဖို့ ပြဋ္ဌာန်းထားတာရှိတယ်။ နောက်တစ်ခါ ပုံကြမ်းတွေက အစပေါ့။ ဒီဟာတွေကို ရန်သူကို တိုက်ရိုက်၊ သို့မဟုတ် သွယ်ဝိုက်၍ အသုံးဝင်စေဖို့ ရည်ရွယ်တယ်၊ ဒါမှမဟုတ် အသုံးဝင်ဖို့အတွက် ကြံရွယ်ပြီးတော့ လျှို့ဝှက်ထားတဲ့ အစိုးရ လျှို့ဝှက်၊ ဒါမှမဟုတ် ကင်းစကားဝှက် တစ်ခုခုကို ဒါမှမဟုတ် ပုံ ကြမ်း၊ နမူနာပုံစံ ဒါမှမဟုတ် ဆောင်းပါး၊ မှတ်စု၊ တခြားစာတမ်း အမှတ်အသား တစ်ရပ်ရပ်ကို ရယူတယ်၊ စုဆောင်းတယ်၊ ရေး မှတ်တယ်၊ ဒါမှမဟုတ် ထုတ်ဝေခြင်းပြုရင်၊ သို့မဟုတ် သူတစ်ပါး အား ဆက်သွယ်၍ သိစေလျှင် သု့ိမဟုတ် အဆိုပါ ပြစ်မှုမှာ ခံတပ်၊ လက်နက်ကိုင်၊ ရေတပ်၊ ကြည်းတပ် သို့မဟုတ် လေတပ် အခြေ စိုက်ထားရှိရာနေရာ သို့မဟုတ် ချထားရာဌာန၊ မိုင်းကွင်း၊ မိုင်း၊ အလုပ်ရုံ၊ သင်္ဘောကျင်း၊ စခန်း၊ သို့မဟုတ် လေယာဉ်နဲ့ စပ်လျဉ်း ၍သော်လည်းကောင်း၊ ရေတပ်၊ ကြည်းတပ် သို့မဟုတ် လေတပ် ရေးရာကိစ်္စများနှင့် စပ်လျဉ်း၍သော်လည်းကောင်း၊ လျှို့ဝှက်ထား သည့် အစိုးရစကားဝှက်တစ်ခုခုနှင့်စပ်လျဉ်း၍သော်လည်း ကောင်း၊ ကျူးလွန်သည့် ပြစ်မှုဖြစ်လျှင် ၁၄ နှစ်ထိ ထောင်ဒဏ်၊ တခြားအမှုများနှင့်ဖြစ်လျှင် သုံးနှစ်အထိ ထောင်ဒဏ် ချမှတ်နိုင် တယ်လို့ ပြောထားတယ်။
အဓိကတော့ တပ်နဲ့ လက်နက်ကိုင်အဖွဲ့တွေရဲ့ အထက်မှာ ပြောခဲ့တဲ့ ကိစ်္စတွေကို ရန်သူအသုံးဝင်ဖို့ ရည်ရွယ်တယ်ပဲဖြစ်ဖြစ်၊ မရည်ရွယ်တယ်ပဲဖြစ်ဖြစ်၊ အသုံးဝင်ဖို့ ကြံရွယ်ပြီးတော့ ခုနက ဟာတွေကို ဖော်ထုတ်လို့ရှိရင် လျှို့ဝှက်ဥပဒေမြောက်တယ် ဆို ပြီးတော့ ဒီဥပေဒက ပြောထားတာ။
မော်ကွန်း။ ။ နိုင်ငံတော်ရဲ့ လျှို့ဝှက်အပ်တဲ့ အရာတွေကို ဘယ်လို တိတိပပ ဖွင့်ဆိုမလဲ။ ဒီဥပဒေမှာ တပ်နဲ့ဆိုင်တဲ့ ဘယ်လို စာ ရွက်စာတမ်းတွေ၊ အစိုးရနဲ့ဆိုင်တဲ့ ဘယ်လိုစာရွက်စာတမ်းတွေက ဒီဥပဒေနဲ့ ငြိတယ်၊ တရားစွဲဆိုလို့ရတယ် ဆိုပြီးတော့ တိတိပပ ဖွင့်ဆိုထားတာ ရှိလား။
ဦးသန်းဇော်အောင်။ ။ အဲဒါက ပုဒ်မ (၂)မှာ ပြောထားတယ်။ ပုဒ်မ (၂)ရဲ့ ပုဒ်မခွဲ(၁)မှာ အစိုးရပိုင်ဆိုတဲ့ စကားရပ်ကို ဖွင့်ဆို တယ်။ ပုဒ်မ(၂)ရဲ့ ပုဒ်မခွဲ (၂)မှာဆိုရင် ဆက်သွယ်အကြောင်းကြား ခြင်း၊ လက်ခံခြင်း စကားရပ်မှာ တစ်စိတ်တစ်ဒေသကိုဖြစ်စေ၊ ဆက်သွယ်အကြောင်းကြားခြင်း၊ သို့မဟုတ် လက်ခံခြင်း၊ ထို့ အပြင် ပုံကြမ်း၊ စနစ်ပုံ၊ နမူနာပုံစံ၊ ဆောင်းပါးမှတ်စု၊ စာတမ်း အမှတ်အသား သို့မဟုတ် သတင်းကိုဖြစ်စေ၊ ယင်းသို့ လိုရင်း အချက်၊ သဘော သို့မဟုတ် အကြောင်းအရာကိုဖြစ်စေ ဆက် သွယ်အကြောင်းကြားခြင်း၊ သို့မဟုတ် လက်ခံခြင်း ပါဝင်တယ်။
ပုံကြမ်း၊ စနစ်ပုံ၊ နမူနာပုံစံ၊ သို့မဟုတ် ဆောင်းပါး၊ မှတ်စု သို့မဟုတ် စာတမ်းအမှတ်အသားတစ်ခုခုကို ရယူခြင်းတို့ ပါဝင် သည့်အပြင် ဆက်လက်ထားရှိခြင်းဆိုသည့် စကားရပ်တွင် ပုံ ကြမ်း၊ နမူနာပုံစံ၊ ဆောင်းပါး၊ မှတ်စု သို့မဟုတ် စာတမ်းအမှတ် အသား တစ်ခုလုံးသော်လည်းကောင်း၊ တစ်စိတ်တစ်ဒေသကို သော်လည်းကောင်း ရေးကူးခြင်း၊ ရေးကူးစေခြင်းပါဝင်ပြီး ထို့ အပြင် ပုံကြမ်း၊ စနစ်ပုံ၊ နမူနာပုံစံ၊ မှတ်စုသို့မဟုတ် စာတမ်းအမှတ် အသားတစ်ခုခုကို ဆက်သွယ်အကြောင်းကြားခြင်းဆိုသည့် စကားရပ်တွင် ပုံကြမ်း၊ စနစ်ပုံ၊ နမူနာပုံစံ၊ ဆောင်းပါး၊ မှတ်စု သို့ မဟုတ် စာတမ်းအမှတ်အသားတို့ကို လွဲှပြောင်းခြင်း သို့မဟုတ် ပေးပို့ခြင်းလည်း ပါဝင်တယ်။ ဒီဥပဒေရဲ့ ပြဿနာက အင်္ဂလိပ် လက်ထက်ကတည်းက ပြဋ္ဌာန်းခဲ့တယ်။ ဥပဒေရဲ့ မူရင်းက အင်္ဂ လိပ်လိုပဲ။ မြန်မာပြန်က မရှိဘူး။ မရှိတော့ ရှေ့နေချုပ်ရုံးက ၁၉၈၈ ဒီဇင်ဘာ ၂၃ ရက်က ထုတ်ဝေပြီး ဘာသာပြန်ထားတာတော့ ရှိတယ်။ ဒါပေမဲ့ တော်တော်ရှားတယ်။ လူတိုင်းလည်း မသိဘူး။ မသိတဲ့အခါကျတော့ လူတွေက ကျူးလွန်နေသလို ဖြစ်တာပေါ့။
မော်ကွန်း။ ။ မြန်မာနိုင်ငံမှာ အင်္ဂလိပ်တွေ ပြဋ္ဌာန်းခဲ့တဲ့ ဒီဥပဒေကို ခုချိန်ထိ ပြင်ဆင်ထားတာမရှိဘဲ အစိုးရအဆက်ဆက် ဘာလို့ အသုံးပြုနေလဲလို့ သုံးသပ်မိပါသလဲ။
ဦးသန်းဇော်အောင်။ ။ ဘာကြောင့် ဆက်သုံးနေလဲဆိုတော့ ဒီဟာက နိုင်ငံတိုင်း၊ နိုင်ငံတိုင်းမှာတော့ သူ့နိုင်ငံအလိုက် လျှို့ဝှက် ထားအပ်တဲ့ အရာကတော့ ရှိတယ်။ ဒါတော့ နိုင်ငံတိုင်းတော့ လိုအပ်တယ်။ ဒါပေမဲ့ အခြေအနေကို ကြည့်ရမယ်။ အဓိက ဒီဥပဒေကို ပြဋ္ဌာန်းခဲ့တာက က်္ဘာစစ်ကာလတွေမှာ အင်္ဂလိပ် အုပ်စု၊ တစ်ဖက်ကလည်း ဂျာမနီအုပ်စု စတဲ့ အုပ်စုတွေကြားထဲမှာ တစ်ဖက်နဲ့တစ်ဖက် သူလျှိုလုပ်တဲ့ ကိစ်္စတွေရှိလို့ အင်္ဂလိပ်က ဒီဟာကို တားမြစ်တဲ့အနေနဲ့ ပြဋ္ဌာန်းခဲ့တာ။
ဒါပေမဲ့ ဒီဘက်ခေတ်မှာတော့ အခြေအနေတွေက ပြောင်း သွားပြီ။ အခုခေတ်က သူလျှိုတွေကလည်း နည်းပညာကို သုံးပြီး တော့ပဲ လုပ်နေကြတာ။ အရင်တုန်းကလို အောက်ခြေလာပြီး သူလျှိုလုပ်တာ သိပ်မရှိတော့ဘူး။ ပုံတစ်ပုံ၊ နေရာဒေသတစ်ခုရဲ့ တည်နေရာကို လိုချင်တယ်ဆိုရင် GOOGLEကနေ ခေါက်ပြီး ရှာလို့ရတဲ့ အခြေအနေဖြစ်သွားပြီ။ ဒီလိုအခြေအနေမျိုးမှာ ဒီလို ခေတ်မမီတော့တဲ့ ဥပဒေတွေကို ခေတ်မီအောင် ပြဋ္ဌာန်းရမယ်။ ဒါပေမဲ့ ဗမာပြည်မှာတော့ ဒီအင်္ဂလိပ် ပြဋ္ဌာန်းခဲ့တဲ့ ဥပဒေကို ဆက်လက်သုံးနေတုန်းပဲ။
ဥပဒေပြင်ဖို့ကတော့ ဥပဒေပြုလွှတ်တော်နဲ့ အစိုးရနဲ့ပဲဆိုင် တယ်။ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ တာဝန်သည် ဥပဒေတွေ ကိုပြင်ဆင်ဖို့ပဲ။ တော်တော်များများကတော့ ပြောတာပဲ၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ရေးကိစ်္စပေါ့။ ဒါပေမယ့် ၂၀၀၈ ဖွဲ့စည်း ပုံအခြေခံဥပဒေ ပြင်ဆင်ရေးဆိုတာထက် တည်ဆဲဥပဒေတွေ ထဲမှာ ဒီမိုကရေစီစံနှုန်းနဲ့ ဆန့်ကျင်နေတယ်။ လွတ်လပ်စွာ ထုတ် ဖော်ပြောဆိုခွင့်နဲ့ ဆန့်ကျင်နေတဲ့ ဥပဒေတွေရှိတယ်။ ဒါပေမဲ့ အဲဒီလို ဒီမိုကရေစီစံနှုန်းနဲ့ မကိုက်ညီတဲ့ ဥပဒေတွေကို အခု အချိန်ထိ လုံးဝကို မပြင်သေးတာ။ ဘာလို့ မပြင်သေးတာလဲ ဆို တာကတော့ လွှတ်တော်နဲ့ အစိုးရပိုင်းကို မေးခွန်းထုတ်ရမယ့် ကိစ်္စပဲ။
မော်ကွန်း။ ။ မြန်မာနိုင်ငံလျှို့ဝှက်ချက်များ အက်ဥပဒေမှာဆိုရင် ခေတ်နဲ့မညီတော့တဲ့ ဘယ်အပိုင်းတွေကို ပြင်ဆင်သင့်ပါသလဲ။
ဦးသန်းဇော်အောင်။ ။ ပုဒ်မ(၃) ပုဒ်မခွဲ(၁)ရဲ့ (ဂ)မှာဆိုလို့ရှိရင် အဲဒီမှာ အရမ်းကျယ်ပြန့်တယ်။ ရန်သူကို တိုက်ရိုက် သို့မဟုတ် သွယ်ဝိုက်၍ အသုံးဝင်စေရန် ရည်ရွယ်၍ သို့မဟုတ် အသုံးဝင် တန်ရာဟူသည့် အစိုးရစကားဝှက်၊ ကင်းစကားဝှက်၊ ခုနက ပြော ခဲ့တဲ့ ဆောင်းပါးမှတ်စုတွေ၊ စာရွက်စာတမ်းတွေ၊ မှတ်စုတွေ၊ သတင်းတစ်ရပ်ကို ရယူစုဆောင်းတယ်ဆိုတဲ့ ကိစ်္စတွေက အဲဒီ ဟာကို ကျူးလွန်ရင် ထောင်ဒဏ် ၁၄ နှစ်ဆိုတဲ့ဟာပေါ့။ ပြီးတော့ အစိုးရမှတ်စုဆိုတဲ့နေရာမှာလည်း အရမ်းကျယ်ပြန့်တယ်။ နိုင်ငံ တော်ရဲ့ ဘတ်ဂျက်ရေးရာကိစ်္စတွေ ဒါမျိုးတွေဆိုလို့ရှိရင် ပြည်သူ က သိသင့်သိထိုက်တဲ့ ကိစ်္စလေ။ ပြီးတော့ တပ်နဲ့ ပတ်သက်တဲ့ ကိစ်္စတွေကို ထောင်ဒဏ် ၁၄နှစ်ဆိုတော့ အရမ်းပြင်းလွန်းအားကြီး တယ်။ တပ်နဲ့ပတ်သက်တဲ့ စာရွက်စာတမ်း တစ်ရွက်တွေ့ရုံနဲ့ အခန့်မသင့်ရင် ဒီဥပဒေနဲ့ စွဲလို့ရတယ်။ အဲလိုမျိုးဖြစ်နေတယ်။
အစိုးရဌာနတစ်ခုရဲ့ ဗီရိုထဲမှာ သော့လေးထပ်လောက် ခတ် ပြီး သိမ်းထားတဲ့ စာရွက်စာတမ်းဖြစ်စေဦးတော့။ အွန်လိုင်းမှာ တချို့ဟာတွေက အလွယ်တကူရှာလို့ရတယ်။ အဲဒီလို နည်းပညာ ဆိုင်ရာ စိန်ခေါ်မှုတွေ ရှိလာတဲ့အခါကျတော့ ဒီဥပဒေကို ဘယ် လိုပြင်ဆင်မှာလဲ။ ရည်ရွယ်ချက်ရှိရှိ နိုင်ငံတော်အကျိုးကို ပျက်စီးဖို့၊ လုံခြုံရေးကို ထိခိုက်ဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့လုပ်တာက တစ်ပိုင်းပေါ့။ ဒီအတွက် ပြစ်ဒဏ်က တစ်ပိုင်းပေါ့။ ဒါပေမဲ့ အများ ပြည်သူ သိရှိပိုင်ခွင့်ရှိတဲ့ အကြောင်းအရာတွေကို ဖော်ထုတ်မယ် ဆိုရင်တော့ တစ်ပိုင်းသွားသင့်တယ်။ ပြင်ဆင်သင့်တယ်။ အခုက အကုန်လုံးကို ရောပြွမ်းထားတယ်။ ဥပဒေမူရင်းကိုယ်တိုင်က အင်္ဂလိပ်လိုပဲ ရှိတယ်။ မြန်မာလို ပြန်ထားပေမယ့် လူသိအောင် မလုပ်တဲ့အခါကျတော့ လူအများ မသိကြဘူး။ မြန်မာပြည်မှာ ဥပဒေပေါင်းက ၉၂၀ နီးပါးရှိတဲ့အခါကျတော့ တစ်ခုချင်းစီ အကုန်လုံးကို လိုက်ကြည့်ဖို့က မလွယ်ဘူးလေ။ ပြဿနာပေါ် တော့မှသာ ဒီဟာကို လေ့လာကြရတာ။ အဲဒီလို ဖြစ်နေတယ်။
မော်ကွန်း။ ။ ဒီဥပဒေကလည်း ပြဋ္ဌာန်းခဲ့တာ ကြာပြီ။ လွတ်လပ် ရေးရပြီးတဲ့နောက်ပိုင်း ဒီဥပဒေကို အသုံးပြုပြီး တရားစွဲဆိုခဲ့တဲ့ ဖြစ်စဉ်တွေ၊ အထင်ကရ ဖြစ်စဉ်တွေ ဘာတွေရှိလဲ။
ဦးသန်းဇော်အောင်။ ။ ကျွန်တော် ကြားဖူးသလောက်တော့ ၁၉၆၁ မှာ မိုးကြိုးသတင်းစာကိစ်္စ ဖြစ်ခဲ့ဖူးတယ်။ ဆရာဦးဖိုး သောကြာတို့ပေါ့နော်။ သူတရားခွင်တစ်ခုမှာ ထွက်ဆိုချက်အရ ကျွန်တော်က သိရတာ။ အဲဒီတုန်းက တပ်မှူးများညီလာခံမှာ ဝီစကီအရက်တွေ၊ နိုင်ငံခြားအရက်တွေ မသုံးဖို့၊ စီးကရက်အစား ရှမ်းဖက်လိပ်ကို သုံးဖို့ဆိုပြီးတော့ ဆုံးဖြတ်ကြတယ်။ တပ်မတော် က ခြိုးခြံချွေတာရမယ် ဆိုပြီးတော့။ အဲဒါကို ဆရာဦးဖိုးသော ကြာက ကောင်းသောသတင်းတစ်ခုပဲ၊ တပ်မတော်က ခြိုးခြံ ချွေတာဖို့ လုပ်နေတယ်ဆိုပြီးတော့ မိုးကြိုးသတင်းစာမှာ ရေး တယ်။ ရေးတော့ တပ်မှူးများညီလာခံအစည်းအဝေး ပေါက်ကြား တယ် ဆိုပြီးတော့ ဆရာဦးဖိုးသောကြာကို တရားစွဲတယ်။ တရား စွဲတော့ သတင်းစာဆရာအသင်းဥက်္ကဋ္ဌ ဦးစိန်ဝင်းက ဒါတော့ မဖြစ်သင့်ဘူးဆိုပြီး ဝန်ကြီးချုပ်ဦးနုကို တောင်းဆိုတယ်။ ဝန်ကြီး ချုပ်က တပ်မတော်နဲ့ ညှိပြီးတော့ အမှုကို ရုပ်သိမ်းပစ်လိုက်တယ်။ အဲဒီတုန်းက ဆရာဦးဖိုးသောကြာကို ဒီပုဒ်မနဲ့ စွဲပေမယ့် အာမခံ ပေးတယ်။ ဒီလိုဖြစ်စဉ် ဖြစ်ခဲ့ဖူးတယ်။
ကျွန်တော်ကိုယ်တိုင် သိခဲ့တဲ့ဟာကတော့ ၂၀၁၄ မှာ ယူနတီဂျာနယ်ကိစ်္စ ရှိခဲ့ဖူးတယ်။ ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခံရ တယ်။ အခု ကိုဝလုံးနဲ့ ကိုကျော်စိုးဦးကိစ်္စဆို တတိယမြောက် ကိစ်္စလို့ ပြောလို့ရမယ်နဲ့ တူတယ်။ ကြားထဲမှာ ကျွန်တော်မသိတဲ့ ကိစ်္စတွေလည်း ရှိနိုင်တယ်။
မော်ကွန်း။ ။ အခုက ဒီဥပဒေနဲ့တရားစွဲတာ သတင်းထောက်တွေပဲ ဖြစ်နေတယ်။ အမှန်ဆို ဒီဥပဒေနဲ့ တရားစွဲမယ်ဆိုရင် ဘယ်လိုလူ တွေ၊ ဘယ်လိုဖြစ်စဉ်တွေကို တရားစွဲဆိုသင့်လဲ။
ဦးသန်းဇော်အောင်။ ။ အမှန်တကယ်က နိုင်ငံတော်အကျိုးနဲ့ နိုင်ငံတော်လုံခြုံရေးကို ပျက်စီးဖို့ ရည်ရွယ်ချက်နဲ့ တပ်တွေထဲကို ဝင်တယ်၊ တပ်ရဲ့ လူသူလက်နက်အင်အားစာရင်း၊ ကင်းစကား ဝှက်တွေ၊ လှုပ်ရှားမှုတွေကို တစ်ဖက်ကို ရောင်းစားတယ်၊ သူလျှို လုပ်တယ်ဆိုတဲ့ ကိစ်္စမျိုးတွေကတော့ တရားစွဲသင့်တယ်။ တခြား နိုင်ငံတကာမှာလည်း ဒီဥပဒေရှိတယ်။ အင်္ဂလန်မှာဆိုရင် ပြစ် ဒဏ်ပိုင်းတွေတော့ လျှော့လိုက်တာပေါ့။ စင်ကာပူမှာလည်း ရှိတယ်။ မလေးရှားမှာလည်း ရှိတယ်။ မလေးမှာဆိုရင် တချို့ပုဒ်မ တွေ ဆိုလို့ရှိရင် ရင်းဂစ် ၂၀,၀၀၀ တို့ စသဖြင့် ဒဏ်ငွေဆောင်လို့ ရတဲ့အဆင့်ထိ လျှော့ချပေးထားတယ်။ သူတို့မှာလည်း OFFICIAL SECRET ART ပဲ။
အင်္ဂလန်ဆိုရင် ဒီဥပဒေကို ၁၉၈၉ ခုနှစ်မှာ ပြင်ထားတယ်။ UNITED KINGDOM-UK ပေါ့နော်။ ဒါပေမဲ့ ကျွန်တော်ပြောခဲ့ သလိုပဲ။ ခေတ်က ပြောင်းလဲသွားပြီ။ တပ်ရဲ့ ခြံဝင်းထဲထိ သွား ကြည့်စရာမလိုဘူး။ အင်တာနက်က ကြည့်လိုက်တာနဲ့ တပ်ထဲမှာ အဆောက်အအုံ ဘယ်နှလုံးရှိတယ်။ ချုံပုတ်ဘယ်လောက် ရှိ တယ်က အစ ကြည့်လို့ရတယ်။ အဲဒီလိုအခြေအနေမျိုးမှာ ခေတ် နဲ့ ညီအောင် နိုင်ငံတော်လုံခြုံရေးကို ဘယ်လိုလုပ်မှာလဲဆိုတာကို တပ်ဘက်က လုံခြုံရေးဆိုင်ရာ ပုဂ်္ဂိုလ်တွေ စီစဉ် ဆောင်ရွက်ရမယ့် အပိုင်း။ ဒီပြဿနာတွေကတော့ ရှိနေတယ်။ ပြီးခဲ့တဲ့နှစ်နှစ် လောက်က ရုရှားမှာ ကရင်မလင်နန်းတော်က အွန်လိုင်းကနေ သတင်းပေးပို့တာတွေ မလုံခြုံလို့ဆိုပြီး လက်နှိပ်စက်ပြန်သုံး မယ်ဆိုတဲ့ သတင်းတွေ ကြားလိုက်ရတယ်။ သူတို့ကိုယ်တိုင် တစ် ပတ်ပြန်လည်သွားတယ်။ တပ်ထဲကို ဝင်ပြီးတော့ သတင်းအချက် အလက် ယူတာတို့၊ စာရွက်စာတမ်းယူတာတို့ကမှ မိနိုင်သေး တယ်။ အွန်လိုင်းဆိုင်ရာ ကိစ်္စတွေဆိုရင် ပိုဆိုးသွားမယ်။ တပ်က သုံးနေတဲ့ ဝက်ဘ်ဆိုက်တစ်ခုသော်လည်းကောင်း၊ တပ်ပိုင်းဆိုင် ရာ ကြေးနန်းစာသော် လည်းကောင်း နည်းပညာနဲ့ ဖောက်လို့ရတဲ့ အချိန်မှာ ဒါမျိုးတွေလည်း ကာကွယ်ဖို့လိုတယ်။ ဒါပေမဲ့ ရည် ရွယ်ချက်တော့ မရှိဘူး၊ ပြည်သူ့အကျိုးစီးပွားအတွက်ဆိုရင် ပြစ် ဒဏ်ပုံစံတစ်မျိုးနဲ့ သော်လည်းကောင်း၊ ခြွင်းချက်နဲ့သော်လည်း ကောင်း စဉ်းစားပေးသင့်တယ်။
မော်ကွန်း။ ။ အခု ရိုက်တာသတင်းဌာနက သတင်းထောက်နှစ် ယောက်ကို ဒီလို ပြစ်ဒဏ်အများကြီး ချမှတ်နိုင်တဲ့ ဥပဒေနဲ့ ဘာကြောင့် ဖမ်းဆီးရတာလဲ။ ဘယ်လိုယူဆပါသလဲ။
ဦးသန်းဇော်အောင်။ ။ အဓိကကတော့ သတင်းသမားတွေ တပ်နဲ့ လုံခြုံရေးတပ်ဖွဲ့တွေနဲ့ ဆိုင်တဲ့ ကိစ်္စတွေကို ရေးမယ်၊ သားမယ် ဆိုလို့ရှိရင် သတိထားမိအောင်ပေါ့နော်။ နောင် လက်ရှောင် အောင်ဆိုတဲ့ သဘောမျိုးနဲ့ ဒီလိုမျိုးစွဲတဲ့ သဘောရှိတယ်။ ယူနတီ ဂျာနယ်တုန်းကလည်း ဒီအတိုင်းပဲ။ တပ်နဲ့ဆိုင်တဲ့ ကိစ်္စတွေကို သတင်းရေးတဲ့အတွက် ထောင်ဒဏ် ၁၀ နှစ်ချမှတ်ခဲ့တယ်။ အခု လည်း ဒီလိုသဘောပဲလို့ ယူဆတယ်။ ဒီဥပဒေအရ တရားစွဲမယ် ဆိုရင် SANCTION လို့ခေါ်တဲ့ တရားစွဲဆိုခွင့်ပြုမိန့်ထုတ်ပေးရ တယ်။ ဘယ်သူက စွဲစွဲ အစိုးရက ခွင့်ပြုမိန့် ထုတ်ပေးရတယ်။ သမ်္မတရုံး ဒါမှမဟုတ် တာဝန်ရှိသူတစ်ရပ်ရပ်က ခွင့်ပြုမိန့် ထုတ် ပေးတာပေါ့။ အစိုးရပိုင်းက ပါမှာလားဆိုတော့ ဒီလိုအရေးကြီးတဲ့ ကိစ်္စတွေ၊ မှုခင်းတွေကို တရားစွဲမယ်ဆိုရင် သမ်္မတအထိ မသိဘဲ မနေဘူး။ ဒီဟာကို တရားစွဲဆိုခွင့်ပြုမိန့် ထုတ်ပေးရတဲ့ အရာတွေ၊ ဒီလို ဖြစ်စဉ်ဖြစ်တဲ့အပေါ်မှာလည်း အပေါ်က လူတွေ သိတယ်။ တပ်ကပဲ လုပ်သလား၊ အစိုးရကပဲ လုပ်သလားဆိုတာကတော့ဗျာ။ တရားစွဲဆိုနိုင်တဲ့ အဖွဲ့အစည်းက ပြည်ထဲရေးဝန်ကြီးဌာနကိုး။ သူက အစိုးရအဖွဲ့ပဲ။ ဆိုတော့ အခု တရားစွဲဆိုတာမှာလည်း အစိုးရ ကိုယ်တိုင် ပါဝင်တယ်လို့ ပြောလို့ရတယ်။
မော်ကွန်း။ ။ အခုလည်း သတင်းထောက်တွေ ဒီဥပဒေနဲ့ တရား စွဲတာခံနေရတယ်။ ဆိုတော့ဒီဥပဒေက စုံစမ်းထောက်လှမ်းပြီး ရေးတဲ့ သတင်းထောက်တွေအတွက် ဘယ်လို အတားအဆီးတွေ ဖြစ်နေလဲ။ ဘာတွေကို ပြင်သင့်လဲ။
ဦးသန်းဇော်အောင်။ ။ ဘယ်လိုအတားအဆီးဖြစ်လဲဆိုတော့ စုံစမ်းထောက်လှမ်းပြီးရေးတဲ့ သတင်းသမားတွေအတွက်က ခုနက ကျွန်တော်ပြောသလိုပဲ။ တပ်နဲ့ လုံခြုံရေးအဖွဲ့တွေနဲ့ ဆိုင်တဲ့ သတင်းတွေ၊ နေရာတွေ ဆိုလို့ရှိရင်တော့ သတိထားရမယ်။ ကိုယ် က လိုက်တဲ့ သတင်းတွေက တပ်၊ လုံခြုံရေးအဖွဲ့တွေနဲ့ သို့မဟုတ် အစိုးရအဖွဲ့တစ်ခုခုနဲ့ ဆိုင်တယ်ဆိုလို့ရှိရင် ဒီဥပဒေက ရှိနေတယ်။ တပ်နဲ့ ရဲမဟုတ်ရင်တောင် အစိုးရဌာနဆိုင်တစ်ခုခုက လျှို့ဝှက် ချက်ကိစ်္စတစ်ခုခု ဆိုလို့ရှိရင်လည်း ဒီဥပဒေက ပြဿနာ ရှိနိုင်တယ်။
အထူးသဖြင့် နယ်စပ်ဒေသတွေမှာရှိတဲ့ သတင်းထောက် တွေ သတင်းယူတဲ့အခါ သတိထားပြီး သတင်းယူဖို့ လိုတယ်။ ရန်ကုန်က လူတွေလည်း ဒီလိုမျိုး သတင်းတွေကို လိုက်တဲ့အခါ သတိထားသင့်တယ်။ ဒီဥပဒေပုဒ်မအရ ရှောင်ရှားပြီး ရေးမှ အဆင်ပြေမယ်။
မော်ကွန်း။ ။သတင်းထောက်တွေကတော့ အများပြည်သူနဲ့ဆိုင် တဲ့ ကိစ်္စတွေကိုဆိုရင် သတင်းယူမှာပဲ။ အဲဒီ အများပြည်သူနဲ့ သက်ဆိုင်တဲ့ သတင်းတွေကို သတင်းယူတဲ့အတွက် ဒီလိုမျိုး ပြစ်ဒဏ်အများကြီးချမှတ်နိုင်တဲ့ ဥပဒေနဲ့ တရားစွဲမယ်ဆိုရင် သတင်းမီဒီယာ လွတ်လပ်ခွင့်ကို ပိတ်ပင်ရာမကျဘူးလား။ ဘာ များမှတ်ချက်ပြုချင်ပါလဲ။
ဦးသန်းဇော်အောင်။ ။ ဒီလိုမျိုးတရားစွဲဆိုနေမယ်ဆိုရင် အများ ပြည်သူနဲ့ဆိုင်တဲ့ သတင်းတွေ သိခွင့်ကတော့ ရပ်ဆိုင်းသွားမယ်။ တခြားကိစ်္စတွေပဲ သတင်းသိပိုင်ခွင့်ရှိနေမယ်။ တပ်တို့၊ လုံခြုံရေး အဖွဲ့တို့၊ အစိုးရပိုင်း ဆိုင်ရာနဲ့ပတ်သက်တဲ့ အတွင်းကိစ်္စတွေက ပြည်သူသိရှိဖို့ ခဲယဉ်းသွားမယ်။ သတင်းမီဒီယာ ဥပဒေမှာလည်း သတင်းရယူခွင့်နဲ့ ပတ်သက်ပြီးပါတယ်။
အခက်အခဲက ကျွန်တော်သတင်းထောက်တွေနဲ့ တွေ့တဲ့ အခါ မေးကြည့်တယ်။ တပ်နဲ့ ရဲဘက်ကို ထားဦး၊ အရပ်ဘက် ဝန်ကြီးဌာနတွေ ကိုယ်တိုင်က အချက်အလက်တွေ တောင်းတဲ့ အခါ မပေးတာတွေ၊ ကြန့်ကြာနေတာတွေ၊ မရတဲ့ဟာတွေ အများကြီးရှိတယ်။ အဲဒါကတော့ ပွင့်လင်းမြင်သာမှုရှိတဲ့ အစိုးရ တစ်ရပ်ဖြစ်ဖို့အတွက် အခက်အခဲရှိတယ်။ ပြည်သူကလည်း ဒီ အစိုးရ ဘာလုပ်နေလဲဆိုတာကို မသိနိုင်တော့ဘူး။
မော်ကွန်း။ ။ တပ်မတော်နဲ့ ဆိုင်တဲ့ ကိစ်္စတွေ၊ အစိုးရနဲ့ ဆိုင်တဲ့ ကိစ်္စတွေမှာ အများပြည်သူနဲ့ သက်ဆိုင်တဲ့၊ သိခွင့်ရှိတဲ့ သတင်း အချက်အလက်တွေကို လွတ်လွတ်လပ်လပ် ရယူရေးသားတဲ့အခါ သတင်းထောက်တွေ ဒီဥပဒေနဲ့တရားစွဲဆိုမခံရအောင် ဘာတွေ လုပ်သင့်လဲ။
ဦးသန်းဇော်အောင်။ ။ လောလောဆယ် သတင်းသမားတွေ အတွက် ပေးထားတာက သတင်းမီဒီယာဥပဒေ ရှိတယ်။ သတင်း မီဒီယာ ဥပဒေအတိုင်းပဲ သတင်းတောင်းဆိုမှုနဲ့ ပတ်သက်ပြီး ဝန်ကြီးဌာနတွေကို ချိတ်ဆက်ပြီးလုပ်တာမျိုး။ အခုက ဝန်ကြီး ဌာနတွေက မပေးဘူးဆိုတဲ့ အသံတွေ ကြားရတယ်။ အဲဒီအတွက် ဘယ်လိုအသုံးအနှုန်းနဲ့ သွားမှာလဲ။ သတင်းသမားတွေအတွက် ဖွဲ့စည်းထားတဲ့ သတင်းမီဒီယာကောင်စီ ရှိတယ်။ သူတို့ကို ဒီကိစ်္စ တွေကို လုပ်ဖို့အတွက် တိုက်တွန်းရမယ်။ မရရင် ရအောင်တွန်းရ မယ်။ ကျွန်တော်တို့ သတင်းသမားတွေ သတင်းအလုပ်လုပ်တဲ့ အခါ အခက်အခဲရှိတယ်။ သတင်းမီဒီယာကောင်စီ ဘာလုပ် ပေးမှာလဲ။ ပြန်ကြားရေးဝန်ကြီးဌာန ရှိတယ်။ ပြန်ကြားရေး ဝန်ကြီးဌာန ဘာလုပ်ပေးမှာလဲ။ ဒီဟာတွေကိုပြောရမယ်။ ဥပဒေ ပိုင်း ပြင်ဆင်ရေးအပိုင်းမှာလည်း ဒီလျှို့ဝှက်ဥပဒေတင်မဟုတ်ဘူး။ တခြားသော ရာဇသတ်ကြီး ဥပဒေတွေရှိတယ်။ အထူးဥပဒေတွေ ရှိတယ်။ သတင်းသမားကို တရားစွဲနိုင်မယ့် ဥပဒေတွေပေါ့။ ဒီ ဥပဒေတွေကိုလည်း ပြင်ဆင်ဖို့အတွက် သတင်းသမားတွေ ကိုယ် တိုင်က ပါဝင်တိုက်တွန်းရမယ်။ အဲဒီလိုဥပဒေတွေကို မပြင်နိုင်ရင် မလွယ်ဘူး။
ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ-၃၅၄ အရ လွတ်လပ်စွာ ထင် မြင်ယူဆခွင့်၊ ဖော်ထုတ်ခွင့်၊ ရေးသားဖြန့်ချိခွင့် ရှိတယ်ဆိုပေမယ့် လည်း အပေါ်မှာ သူ(အခြေခံဥပဒေ)ပြောထားတာက ပြည်သူ တွေရဲ့ ကိုယ်ကျင့်တရားအလို့ငှာ ပြဋ္ဌာန်းထားတဲ့ ဥပဒေတွေနဲ့ မဆန့်ကျင်မှ ရေးသားဖြန့်ချိခွင့်ရမယ်ဆိုတဲ့သဘောပေါ့။ ပြဋ္ဌာန်း ထားတဲ့ ဥပဒေတွေထဲမှာ သတင်းသမားတွေနဲ့ ပတ်သက်နေတဲ့ ဥပဒေက အများကြီးတော့ မရှိဘူး။ ဥပဒေ ၂၀ နီးပါးလောက် ရှိတယ်။ ဒီဟာတွေကို ပြင်ဆင်ဖို့၊ ပြည်သူ့သိပိုင်ခွင့်၊ သတင်းရယူ ခွင့်နဲ့ ပတ်သက်ပြီးတော့ ဒီလို အတားအဆီးဖြစ်နေတဲ့ ဥပဒေ တွေကို ပြင်ဖို့လိုတယ်။ ပြင်ဖို့လုပ်တဲ့နေရာမှာလည်း သတင်း မီဒီယာကောင်စီက ဦးဆောင်သင့်တယ်။ ဦးဆောင်ရမယ်။
မော်ကွန်း။ ။ ဘာများ ဖြည့်စွက်ပြီးပြောချင်ပါသလဲ။
ဦးသန်းဇော်အောင်။ ။ သတင်းသမားတွေကို အတားအဆီးဖြစ် နေတဲ့ ဥပဒေတွေရှိတယ်။ အဲဒီဥပဒေတွေကို ပြင်ဆင်ဖို့အတွက်က လွှတ်တော်မှာ တာဝန်ရှိသလို ပြန်ကြားရေးဝန်ကြီးဌာနမှာ တာဝန်ရှိတယ်။ မီဒီယာကောင်စီ ဦးဆောင်ပြီး လုပ်သင့်တယ်။ သတင်းသမားတွေကလည်း ပူးပေါင်းပါဝင်သင့်တယ်။ သတင်း မီဒီယာဥပဒေကို ပြင်တဲ့အခါမှာ သတင်းသမားက သတင်းလုပ် ဆောင်ချက်နဲ့ပတ်သက်ပြီး တရားစွဲဆိုလာရင် အခြားတည်ဆဲ ဥပဒေမှာ မည်သို့ ပင်ပါရှိစေကာမူ သတင်းမီဒီယာဥပဒေနဲ့သာ အရေးယူရမယ်ဆိုပြီး တိတိကျကျ ပြဋ္ဌာန်းနိုင်ဖို့လိုတယ်။ တစ် ဖက်ကလည်း သတင်းသမားတွေကိုယ်တိုင်ကလည်း ကျင့်ဝတ် တွေ၊ စည်းမျဉ်းစည်းကမ်းတွေ၊ ဥပဒေတွေကို ကျကျနန နား လည်ထားဖို့လိုတယ်။ သတင်းသမားကလည်း ကိုယ့်ရဲ့ အရည် အသွေးတွေကို မြှင့်တင်ထားဖို့လိုတယ်။ အဲဒီလိုမျိုးဆိုရင် ဒီ အခက်အခဲတွေကတော့ ပြီးသွားနိုင်တယ်။