ကျော်ဇေယျ
ဇန်နဝါရီ- ၁၄
မြန်မာနိုင်ငံမှာ ဘိန်းစိုက်ပျိုးထုတ်လုပ်မှုဟာ လေးနှစ်ဆက်တိုက်ကျဆင်းလာခဲ့တယ်လို့ ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ရာဇ ဝတ်ဆိုင်ရာရုံး ( UNODC ) ရဲ့ ဇန်နဝါရီ ၁၁ က ထုတ်ပြန်တဲ့ ၂၀၁၈၊ မြန်မာနိုင်ငံဆိုင်ရာ ဘိန်းစိုက်ပျိုးမှုအစီရင်ခံစာမှာ ဖော် ပြထားပါတယ်။
၂၀၁၄ ခုနှစ်ကတည်းက မြန်မာ့ဘိန်းစိုက်ပျိုးထုတ်လုပ်မှုဟာ ဆက်တိုက်ကျဆင်းလာခဲ့ပြီး ၂၀၁၈ မှာ ဘိန်းအဓိက စိုက်ပျိုး ရာ ဒေသတွေဖြစ်တဲ့ ရှမ်းပြည်နယ်နဲ့ ကချင်ပြည်နယ်တွေမှာဆိုရင် ၂၀၁၇ တုန်းကထက် ဧက ၁၂,၀၀၀ ကျော်နီးပါး ( ဟတ်တာ ၄,၉၀၀) စိုက်ပျိုးမှုကျဆင်းခဲ့တယ်လို့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။
စုစုပေါင်း ဘိန်းထုတ်လုပ်မှုရဲ့ ၉၀ ရာခိုင်နှုန်းနီးပါးက ရှမ်းပြည်နယ်က ထုတ်လုပ်ခဲ့တာလို့ အစီရင်ခံစာမှာ ဖော်ပြတယ်။ ဒီဒေသတွေမှာ ၂၀၁၇ တုန်းက ဧက တစ်သိန်းကျော် ( ဟတ်တာ ၄၁,၀၀၀) စိုက်ပျိုးခဲ့ပြီး ၂၀၁၈ မှာတော့ ဧက ကိုးသောင်းခန့် ( ဟတ်တာ ၃၆,၁၀၀) အထိ လျော့ကျလာခဲ့တယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံဟာ ကမ္ဘာပေါ်မှာ အာဖဂန်နစ္စတန်နိုင်ငံပြီးရင် ဒုတိယအများဆုံး ဘိန်းစိုက်ပျိုးနေတဲ့ နိုင်ငံဖြစ်ပါတယ်။
- #Kyaw_Zayya
- #mawkun
- #magazine
- #chronicle
- #dailynews