၂ဝ၁၈၊ နိုဝင်ဘာလထုတ် မော်ကွန်းမဂ္ဂဇင်း အမှတ်(၅၉)မှ သတင်းဆောင်းပါး ဖြစ်ပါသည်။
ကျော်ဇေယျာထွန်း ရေးသည်။
(ယခင်လမှ အဆက်)

Photo-Kyaw Zayar Htun
VANG VIENG မှ LUANG PRABANG သို့ ခုနစ်နာရီခန့် ကားမောင်းရမည်ဖြစ်သည်။ VANG VIENG မြို့မှ ထွက်သည်နှင့် တောင်ပေါ်သို့ တဖြည်းဖြည်း စတက်ရပြီဖြစ်သည်။ တရုတ်စာများ ရေးထားသည့် ဆိုင်းဘုတ်အနီရောင်နှင့်အတူ တောင်များဖြိုနေသည့် စီမံကိန်းကို တွေ့ရသဖြင့် မေး ကြည့်ရာ တရုတ်နိုင်ငံတောင်ပိုင်းနှင့် ဗီယန်ကျင်းမြို့သို့ မြန်နှုန်းမြင့်ရထားလမ်း ဖောက်လုပ်နေခြင်း ဖြစ်သည်ဟု ဆိုသည်။အဆိုပါ ရထားလမ်းသည် VANG VIENG မြို့နှင့် LUANG PRABANG မြို့တို့ကို ဖြတ်သန်းကာ လာအိုနိုင်ငံမြို့တော် ဗီယန်ကျင်းသို့ ချိတ်ဆက်မည်ဖြစ်သည်။

Photo-Kyaw Zayar Htun Vang Vieng မှ Luang Prabang သို့သွားသည့်တောင်ပေါ်ကားလမ်းတစ်နေရာက ယာဉ်ရပ်နားစခန်းတစ်ခု
ယခု ရထားလမ်းသည် ထိုင်းနိုင်ငံ ဘန်ကောက်မြို့အထိ ဆက်လက်ဖောက်လုပ်မည့် တရုတ်ရထားလမ်း ကွန်ရက်တစ်ခု ဖြစ်ပြီး တရုတ်နိုင်ငံ၏ ONE BELT, ONE ROAD ရည်မှန်းချက်၏ အရေးကြီးသော အစိတ်အပိုင်းတစ်ခုဖြစ်သည်။ မြန်မာ၊ ကေ်္ဘာ ဒီးယားနှင့် ထိုင်းနိုင်ငံတို့တွင် တရုတ်၏ ရထားလမ်းကွန်ရက် လုပ်ငန်းများ စတင်နိုင်ခြင်း မရှိသေးသော်လည်း လာအိုနိုင်ငံတွင် လုပ်ငန်းများ စတင်နေပြီဖြစ်သည်။ ယင်းရထားလမ်း ကွန်ရက် ကြောင့် ကုန်းတွင်းပိတ်နိုင်ငံဖြစ်သည့် လာအိုသည် ကုန်းချင်း ချိတ်ဆက်နိုင်ငံတစ်ခု ဖြစ်လာတော့မည် ဖြစ်သည်။
ကားသည် တောင်ပေါ်သို့ တဖြည်းဖြည်းတက်လာရာက နောက်ပိုင်းတွင် တောင်များပေါ်ကသာ မောင်းနေရတော့သည်။ တိမ်စိုင်များ၊ မြူခိုးများသည် ကျွန်တော်တို့၏ အောက်ဘက်သို့ ရောက်သွားကြသည်။ တိမ်စိုင်၊ မြူခိုးများအပေါ်က သွားနေရ သလိုပင်။ တောင်များသည် ပင်လယ်ရေမျက်နှာပြင်အထက် ပေ ၃,၀၀၀ကျော်၊ ၄,၀၀၀ ကျော်အမြင့်ရှိသည်။ နိုဝင်ဘာမှ ဖေဖော်ဝါရီ ဆောင်းရာသီတွင် ယင်းတောင်တန်းများသည် ၅ ဒီဂရီစင်တီဂရိတ် မှ ၁၀ ဒီဂရီစင်တီဂရိတ်ကြားအထိ အေးသည်ဟု ဆိုသည်။
တောင်ကြောများတွင် သစ်ပင်များကို ခုတ်ထွင်ရှင်းလင်း ကာ တောင်ယာလုပ်ငန်းများ စိုက်ပျိုးထားကြသည်။ ဖြတ်သန်း သွားရာ ကားလမ်းတစ်လျှောက်တွင် လူနေအိမ်များကို ဟိုတစ်စု၊ သည်တစ်စု တွေ့ရသည်။ ချင်းပြည်နယ်သို့ခရီးသွားနေရခြင်းနှင့်သာတူတော့သည်။
နှစ်နာရီကြာခန့်ကားမောင်းပြီးသည့်နောက် ကျွန်တော်တို့ သည် တောင်ထိပ်တစ်နေရာတွင် ခေတ်္တနားကြသည်။ တောင် ထိပ်တွင် ယာဉ်ရပ်နားနိုင်စေရန် ကွန်ကရစ်ယာဉ်ရပ်နားကွင်း တစ်ခု လုပ်ပေးထားသည်။ သန့်စင်ခန်း၊ နားနေဆောင်တို့ ဆောက်ပေးထားသည်။ ကော်ဖီ၊ အအေးနှင့် စားစရာများရသည့် ဆိုင်ကောင်းကောင်းတစ်ခုလည်း ရှိသည်။ ကားရပ်အနားယူသူ များအတွက် တောင်ပေါ်တွင် ထိုင်ခုံလေးများထားပေးထားသည်။ လမ်းလျှောက်နိုင်ရန်အတွက်လည်း ကွန်ကရစ်များ ခင်းပေး ထားလေသည်။
ယင်းနေရာသည် တောင်ထိပ်တစ်ခုဖြစ်ရာ မြူခိုးများ ဆိုင်း၍ နေသည်။ ပန်းပင်များလည်း စိုက်ပျိုးပေးထားသဖြင့် တကယ့်ကို သာယာလှပသည့် နားနေစရာ နေရာလေးတစ်ခုဖြစ် သည်။ ၄၅ မိနစ်ခန့် နားပြီးသည့်နောက် ခရီးဆက်ကြလေသည်။ တောင်ပေါ်ကားလမ်းသည် လမ်းကောင်းသဖြင့် ကားက အရှိန် နှင့်မောင်းသည်။ လမ်းမှာ အကွေ့အဝိုက်များသဖြင့် ကားထဲတွင် လိုက်ပါလာသူများက ယိမ်းထိုးကာနေ၏။ တချို့မှာ ကားမူးပြီး မအီမသာဖြစ်ကြလေသည်။

Photo-Kyaw Zayar Htun Luang Prabang အမျိုးသားပြတိုက် ခြံဝင်းအတွင်းက ရှေးဟောင်းဘုရားကျောင်းဆောင်နှင့် လာရောက်လည်ပတ်သည့် ဧည့်သည်များ
နားနေသည့်နေရာမှ နောက်ထပ် နှစ်နာရီကြာမျှ ကား မောင်းပြီးသည့်အခါ မြေပြန့်သို့ ဆင်းရမည့်နေရာသို့ရောက်သည်။ ယင်းနေရာတွင် ထပ်မံအနားယူကြသည်။ တောင်အောက်ဘက်သို့လှမ်းကြည့်လိုက်ရာ မြို့ငယ်လေးတစ်ခုကို တွေ့ရသည်။မူဆယ် သို့သွားသည့်အခါ သီပေါမြို့ကို အပေါ်မှ ဆီး၍မြင်ရသည့်နှယ်။ခဏနားပြီးသည့်နောက် တောင်ပေါ်မှ မြေပြန့်သို့ ဆင်းကြသည်။ မြေပြန့်တွင် တွေ့ရသည့် မြို့လေးမှ နောက်ထပ် နှစ်နာရီကြာ ထပ်သွားပြီးသည့်အခါမှ LUANG PRABANG မြို့သို့ ရောက် လေသည်။
LUANG PRABANG မြို့ရှိ ကားလမ်းနှင့် ပလက်ဖောင်းများမှာ သန့်ရှင်းသပ်ရပ်နေသည်။ ကားလမ်းမတွင် မော်တော်ယာဉ်နှင့် ဆိုင်ကယ်အသွားအလာနည်းပြီး လမ်းသွယ်များတွင် ကားမတွေ့ ရသလောက်ပင်ဖြစ်သည်။ ထို့ကြောင့် ကားသံ၊ ဆိုင်ကယ်သံများ ဆူညံမနေဘဲ တိတ်ဆိတ်အေးချမ်းသည့် မြို့လေးတစ်မြို့ပင်။ ကျွန်တော်တို့ နေ့လယ်စာ စားရသည့် ဟိုတယ်အနီးရှိ လမ်းများ ဆိုလျှင် လမ်းလျှောက်နေသည့် နိုင်ငံခြားသား နှစ်ယောက်၊ သုံး ယောက်လောက်သာ တွေ့ရသည်။ စိတ်ထဲတွင် ကျယ်ဝန်းလှ သည့် လုံးချင်းအိမ်ရာဝင်းကြီးတစ်ခုတည်းသို့ ရောက်သွားသကဲ့ သို့ ခံစားရသည်။
LUANG PRABANG မြို့သည် ၁၉၉၅ တွင် ယူနက်စကို စာရင်းဝင်ခဲ့သည့် မြို့တစ်မြို့ဖြစ်သည်။ လာအိုနိုင်ငံတွင် နိုင်ငံခြား ခရီးသွားဧည့်သည်များ လာရောက်လည်ပတ်ကြသည့် မြို့တစ်မြို့ လည်းဖြစ်သည်။ မြို့၏လူဦးရေမှာ လေးသိန်းကျော်သာရှိသည်။

Photo-Kyaw Zayar Htun Luang Prabang မြို့၏ညဈေးတန်း
နေ့လယ်စာ ထမင်းစားပြီးသည့်အခါ ဟိုတယ်နှင့် မလှမ်း မကမ်းရှိ LUANG PRABANG အမျိုးသားပြတိုက်သို့ သွားကြသည်။ ယင်းပတ်ဝန်းကျင် တွင် အမှတ်တရ ပစ်္စည်းအရောင်းဆိုင်များ ရှိသည်။ ဈေးဆိုင်များမှာ ကိုလိုနီခေတ်အဆောက်အအုံများတွင် ဖွင့်လှစ်ထားခြင်းဖြစ်သည်။ လမ်းပေါ်တွင် တွန်းလှည်းဈေးသည် တချို့နှင့် သုံးဘီးကားတချို့ကို တွေ့သည်။ လာရောက်လည်ပတ် ကြသည့် ဧည့်သည်တချို့လည်း ရှိသည်။
ပြတိုက်ဝင်းကြီးထဲတွင် ဘုရားကျောင်းဆောင်တစ်ခု၊ ပြဇာတ်များ ကပြဖျော်ဖြေသည့် အဆောက်အအုံ တစ်ခုနှင့် ပြတိုက် အဆောက်အအုံတို့ ရှိကြသည်။
ပြတိုက်လုပ်ထားသည့် အဆောက်အအုံ သည် ၁၉၀၄ တွင် တည်ဆောက်ခဲ့ခြင်းဖြစ် သည်။ ပြင်သစ်ကိုလိုနီ လက်ထက်တွင် လာအိုဘုရင် SISAVANG VONG နှင့် သူ့ မိသားစုအတွက် တည်ဆောက်ပေး ခဲ့သည့် နန်းတော်ဖြစ်လေ သည်။ ပဒေသရာဇ်စနစ် ပျက်သုဉ်းသွားသည့် နောက်မှာတော့ အစိုးရက ထိန်းသိမ်းခဲ့ခြင်း ဖြစ်သည်။ နန်းတော်အဖြစ် ထိန်းသိမ်း ထားရာက ၁၉၉၅ တွင် ပြတိုက်အဖြစ် ပြောင်းလဲ ဖွင့်လှစ်ခဲ့ခြင်း ဖြစ်သည်။
ပြတိုက်ထဲတွင် လာအိုနိုင်ငံကို အုပ်ချုပ်ခဲ့သည့်ဘုရင်များ၏ မှတ်တမ်းများနှင့် အသုံးအဆောင်ပစ်္စည်း၊ လာအိုရိုးရာ လက်မှု ပစ်္စည်းများကို ပြသထားသည်။ အိမ်နီးချင်းနိုင်ငံများနှင့် နိုင်ငံ တကာမှ ပေးထားသည့် လက်ဆောင်ပစ်္စည်းများကိုလည်း တွေ့ရ သည်။ အမေရိကန်က ပေးထားသည့် လက်္ဘာပေါ်မှ ကျောက်တုံး တစ်ခုကိုလည်း တွေ့ရသေး၏။
နောက်ထပ် ကျွန်တော်တို့သွားရောက်သည့်နေရာက WAT XIENG THONG ဆိုသည့်
ရှေးဟောင်း ဘုရား ကျောင်းဝင်းတစ်ခု
ဖြစ်သည်။
ယင်းဘုရားကျောင်းသည် မဲခေါင်မြစ်ကမ်းပေါ် တွင် ရှိလေသည်။ WAT XIENG THONG ဘုရားကျောင်းကို ၁၅၅၉-၁၅၆၀ တွင် လာအိုဘုရင်က တည်ထားခဲ့ခြင်းဖြစ်သည်။ ဘုရားကျောင်း ဆောင်များမှာ သစ်သားများဖြင့် တည်ဆောက်ထား ခြင်းဖြစ်ပြီး အဆောက်အအုံလက်ရာများမှာ ထိုင်းနိုင်ငံတွင် တွေ့ရသည့် ဘုရားကျောင်း အဆောက်အအုံများနှင့် ပုံစံတူကြလေသည်။ ၂၀၁၁-၂၀၁၄ တွင် ယခုမြင်ရသည့်အတိုင်း ပြန်လည် ပြင်ဆင် ထားခြင်းဖြစ်သည်။
လာအိုနိုင်ငံတွင် ထူးထူးခြားခြားတွေ့ရသည်မှာ သူတို့ကို ကူညီသူ၊ လှူဒါန်းသူတို့ကို မှတ်တမ်းတင်ထားသည့် ဓလေ့ဖြစ် သည်။ ဗီယန်ကျင်းမြို့သို့ရောက်ခဲ့စဉ်ကလည်း အကူအညီပေး သည့် နိုင်ငံ၏အလံနှင့် လာအိုနိုင်ငံအလံ ပါရှိသည့် မှတ်တမ်း ကျောက်စာတိုင်နှင့် မှတ်တမ်းဆိုင်းဘုတ်များကို တွေ့ ခဲ့ရသည်။
ယခုလည်း WAT XIENG THONG ဘုရားကျောင်းတွင် ကူညီလှူဒါန်းခဲ့သည့် အမေရိကန်သံအမတ်၏ အလှူငွေနှင့် လှူဒါန်းမှုမှတ်တမ်းကို ဘုရားကျောင်းအရှေ့တွင် ထင်ထင်ရှား ရှား စိုက်ထူထားသည်ကို တွေ့ရလေသည်။
ဘုရားကျောင်းအတွင်း လာရောက်လည်ပတ်ကြသည့် ဧည့်သည်တချို့ကို တွေ့ရသည်။ ကျွန်တော် သည် ဘုရားကျောင်းအတွင်း လှည့် လည်ကြည့်ရှု ဓာတ်ပုံရိုက်ပြီး သည့်နောက် ကျောင်း ရှေ့သို့ ပြန်ထွက်လာခဲ့သည်။ ဘုရားကျောင်းအရှေ့ဘက်တွင် မဲခေါင်မြစ် သည် တသွင်သွင်စီးဆင်းနေ၏။ မြစ်ကမ်းပါးယံသည် ပေ ရာချီ မြင့်သဖြင့် အောက်ဘက်တွင် စီးဆင်းနေသည့်မြစ်ကို ရှင်းရှင်း လင်းလင်းမြင်နေရသည်။ မြစ်ထဲတွင် ရှည်လျားသည့် စက်လှေ တချို့ စုန်ဆန်ခုတ်မောင်းနေသည်ကို တွေ့ရသည်။
ညနေ ငါးနာရီအချိန်တွင် ကျွန်တော်တို့သည် ဟိုတယ်သို့ ပြန်လာကြသည်။ ကျွန်တော်တို့ တည်းခိုရသည့်ဟိုတယ်မှာ ကိုလို နီခေတ်အဆောက်အအုံတစ်ခု ဖြစ်သည်။ ညစာသွားစားကြသည့် အခါ ကျွန်တော်သည် ူကေညါ ဏမဘေညေါ မြို့ကို သေချာကြည့် မိသည်။ မြို့ကို တောင်တန်းများက ဝန်းရံထားသည်။ မြို့သည် ဝန်းရံ ထားသည့် တောင်တန်းများ၏ အလယ်တွင်ရှိသည့် မြေပြန့် လွင်ပြင်တစ်ခု ဖြစ်သည်။
နေသည် တောင်တန်းများအနောက်သို့ ကွယ်ပျောက်သွား ပြီ ဖြစ်သည်။ သို့သော် သူ၏ကိုယ်ရောင်ကိုယ်ဝါများက ကျန်နေ သေးသည်။ အနောက်အရပ် ကောင်းကင်ယံရှိ တိမ်များကို နေ အလင်းရောင်ထိုးထားသဖြင့် တိမ်များသည် ရွှေရောင်၊ ငွေရောင် တောက်နေလေ၏။ သာယာလှပသည့် ူကေညါ ဏမဘေညေါ မြို့ ညနေခင်းပင်။
ညစာစားပြီးသည့်အခါ ကျွန်တော်တို့သည် ညဈေးသို့ လမ်းလျှောက်ကြသည်။ ညဈေးမှာ ဟိုတယ်နှင့် မလှမ်းမကမ်းတွင် ဖြစ်သည်။ ညဈေးတန်းတွင် ပန်းချီကား၊ ရိုးရာ ချည်ထည်အဝတ် အထည်နှင့် အမှတ်တရပစ်္စည်းများစွာ ရောင်းချလျက်ရှိသည်။ ညဈေးမှာ ကားလမ်းမပေါ်တွင် ဖွင့်လှစ်ထားခြင်းဖြစ်ပြီး ရှည် လျားသည့် ဈေးတန်းကြီးဖြစ်သည်။ သို့သော် မိုးရာသီတွင် ဧည့် သည်အဝင်နည်းသဖြင့် ဈေးဆိုင်များမှာ ရောင်းကောင်းကြသည် မဟုတ်။ ဈေးရောင်းနေသူများမှာ အေးအေးလူလူ ဖုန်းသုံးနေကြ သူက အများစုဖြစ်သည်။

Photo-Kyaw Zayar Htun Luang Prabang မြို့တွင် ဆွမ်းခံကြွနေကြသည့် သံဃာတော်များ
ကျွန်တော်တို့သည် ဟိုတယ်သို့လမ်းလျှောက်ကာ ပြန်ခဲ့ ကြသည်။ ကျွန်တော်တို့တည်းခိုသည့်ဟိုတယ်သို့ မရောက်ခင် လမ်းတစ်ခုခြားသည့် ခြံဝင်းကျယ်ကြီးထဲတွင် ဟိုတယ်တစ်လုံးကို တွေ့ရသည်။ ယင်းဟိုတယ်မှာ ဆေးရုံဟောင်းကြီးတစ်ခု ဖြစ်သည် ဟု လာအိုသတင်းထောက် MISS KEOXOMPHOU SAKDAVONGVONG က ဆိုသည်။ အဆိုပါ ဟိုတယ်တွင် တစ်ညတည်းခိုဖို့အတွက် ဒေါ်လာထောင်ချီပေးရသည်ဟုဆိုသည်။
ဈေးကြီးရသည့်အကြောင်းက သရဲခြောက်ခြင်းကြောင့် ဖြစ်သည်။ ညဘက်အချိန် အိပ်သည့်အခါ ရေချိုးသံများ၊ ကလေး ငိုသံများ ကြားရတတ်သည်ဟု MISS KEOXOMPHOU SAKDAVONG-VONG က ရှင်းပြသည်။ ခရီးသွားလုပ်ငန်းဖြင့် မျိုးစုံ စီးပွားရှာနေ ကြသည်မှာ အတုယူစရာပင်။
မနက်ဖြန် မနက် ရှစ်နာရီတွင် ဟိုတယ်မှ ထွက်ကြမည်ဖြစ် သည်။ သို့သော် သံဃာများအား ဆွမ်းလောင်းမည့်နေရာသို့ သွား ရောက် ကြည့်ရှုလိုသူများနေဖြင့် မနက် ၅ နာရီ ဟိုတယ်မှ ထွက် ကြမည်ဆိုသောကြောင့် ၅ နာရီ မထိုးခင် အိပ်ရာမှထရသည်။ ပြီးလျှင် ဆွမ်းလောင်းမည့်နေရာသို့ ထွက်ခဲ့ကြသည်။ တချို့သူ များက ဟိုတယ်တွင်ကျန်ခဲ့ကြ၏။
ဆွမ်းလောင်းသည့်နေရာမှာ ဘုန်းကြီးကျောင်းများအနီးတွင်ဖြစ်သည်။ ဆွမ်းလောင်းမည့်သူများသည် ပလက်ဖောင်းတွင် ပလက်စတစ်ခုံတွင်ထိုင်လျက် တန်းစီကာ စောင့်ဆိုင်းနေကြ သည်။ သံဃာများမှာ အဆိုပါ ပလက်ဖောင်းပေါ်မှ ကြွချီလာမည် ဖြစ်သည်။
လမ်းတစ်ဖက်တွင်က ဈေးဆိုင်နှင့် လူနေအိမ်များ ဖြစ် သည်။ အိမ်အများစုမှာ ကိုလိုနီခေတ်အဆောက်အအုံများပင် ဖြစ်သည်။ ကားလမ်းမှာ ကားအသွားအလာမရှိ။ ဆွမ်းလောင်း မည့်သူနှင့် လာရောက်ကြည့်ရှုသူများသာ ရှိသည်။
ဆွမ်းကို ဝါးနှီးဖြင့်ရက်လုပ်ထားသည့် ပလုံးလေးများထဲ တွင် ထည့်ထားကြသည်။ သံဃာများ ကြွလာသည့်အခါ ထိုင် လျက်အနေအထားကပင် ပလုံးထဲမှ ဆွမ်းကို လက်ဖြင့်နှိုက်ကာ သပိတ်ထဲသို့ ထည့်ပေးလိုက်ရခြင်းဖြစ်သည်။ တချို့က ကော်ဖီ ထုပ်၊ သကြားလုံးနှင့် မုန့်ထုပ်လေးများလည်း လှူဒါန်းကြသည်။
သပိတ်ပြည့်သွားသည့်အခါ ပလက်ဖောင်းပေါ်တွင် ချပေး ထားသည့် နှီးခြင်းတောင်းကြီးထဲသို့ ဆွမ်းများကို သွန်ချလိုက် ရသည်။ ထိုအခါ ဒကာ၊ ဒကာမများ လက်ဖြင့်ဆုပ်ကာ လုံးထား သည့် ဆွမ်းလုံးလေးများသည် နှီးခြင်းတောင်းကြီးထဲသို့ လိမ့်ကာ ကျသွားကြသည်။
သံဃာများက တစ်ဖွဲ့ပြီး တစ်ဖွဲ့ ကြွလာကြသည်။ ထိုအခါ တချို့သော ဓာတ်ပုံရိုက်နေသည့် ဧည့်သည်များက သူတို့ ကိုယ် တိုင် ဆွမ်းလောင်းသည့် အတွေ့အကြုံရစေရန်နှင့် ဆွမ်းလောင်း နေသည့်ပုံကို ဓာတ်ပုံအရိုက်ခံလိုကြသဖြင့် သံဃာများအား ဆွမ်း ဝင်လောင်းကြသည်။ မိနစ် ၂၀ ခန့်ကြာသည့်အခါ ဆွမ်းလောင်း သည့် အစီအစဉ် ပြီးလေသည်။ သံဃာများသည် ရောက်နေသည့် နေရာ၌ပင် ဘုန်းကြီးကျောင်းဘက် မျက်နှာမူလျက် မတ်တတ်ရပ် ကာ ဆုတောင်းမေတ်္တာ ပို့ကြသည်။
ကျွန်တော့်စိတ်ထဲ လက်ဖြင့် ဆုပ်ကာ လုံးထားသည့် ဆွမ်း များသည့် သန့်ရှင်းပါ့မလားဟု တွေးမိသည်။ ဧည့်လမ်းဩန်ကို မေးကြည့်သည့်အခါ ဆွမ်းလောင်းမည့်သူသည် ဆွမ်းမလောင်း ခင်ကပင် လက်ကိုဆေးကြောထားကြောင်း၊ လက်ဖြင့် လောင်း လှူသည်မှာလည်း ရိုးရာဓလေ့တစ်ခုဖြစ်ကြောင်း၊ ယခုလို ဆွမ်း လောင်းခဲ့သည်မှာ ကြာခဲ့ပြီဖြစ်ရာ ဘာအ်္တရာယ်မှ မဖြစ်ကြောင်း ရှင်းပြသည်။

Photo-Kyaw Zayar Htun မဲခေါင်မြစ်အတွင်း ပြေးဆွဲနေသည့် အပျော်စီးစက်လှေ
ဒကာ၊ ဒကာမပေါင်းများစွာ၏ လက်များဖြင့် ဆုပ်နယ်ထား သော ယခု ဆွမ်းများကို သံဃာများ အမှန်တကယ် ဘုဉ်းပေး သလားဆိုသည့် မေးခွန်း ခေါင်းထဲပေါ်လာသော်လည်း ဧည့်လမ်း ဩန်ကို ထပ်မမေးဖြစ်တော့။
ကျွန်တော်တို့သည် ဟိုတယ်သို့ပြန်လာကြပြီး မနက်စာ စားကြသည်။ ပြီးလျှင် တစ်နေ့တာ လည်ပတ်ရမည့်ခရီးစဉ်ကို စတင်ကြသည်။ ဇွန် ၂၄ ရက်တွင် ရေတံခွန်သို့ ဦးစွာသွားမည်။ ပြီးလျှင် လက်မှုပစ်္စည်းများလုပ်သည့် ကျေးရွာသို့ သွားလည်ပတ် ကြမည်။ ယင်းနောက် ရက်ကန်းစင်များသို့ သွားမည်ဖြစ်သည်။
ရေတံခွန်သို့သွားရသည်က ကားဖြင့် မဟုတ်၊ စက်လှေကြီး နှင့် ဖြစ်သည်။ မဲခေါင်မြစ်တစ်လျှောက် စက်လှေစီးကာ သွားကြ မည်ဖြစ်သည်။ စက်လှေမှာ အလျားရှည်ပြီး ဝမ်းပြားသည်။ စက် လှေပေါ်တွင် ဘားကောင်တာ တစ်ခုလည်းရှိသည်။ ဆိုဖာထိုင်ခုံ များ၊ စားပွဲများပါရှိပြီး ဧည့်သည်များအတွက် သေချာပြင်ဆင် တည်ဆောက်ထားသည့် စက်လှေကြီးပင်။ သန့်စင်ခန်းပါ ရှိပြီး ဘိုထိုင်အိမ်သာ တပ်ဆင်ပေးထားသည်။
စက်လှေပေါ်ရောက်သည်နှင့် အအေးနှင့် မုန့်များ ဧည့်ခံ သည်။ စက်လှေမှာ မဲခေါင်မြစ်ကို ဆန်၍ တက်သွားရခြင်းဖြစ် သည်။ မြစ်၏ ဝဲယာနှစ်ဘက်စလုံးတွင် တောင်တန်းများဖြစ်သည်။ မဲခေါင်မြစ်သည် တောင်များကြားမှ စီးဆင်းနေခြင်းဖြစ်ရာ ရေစီး သန်၏။ မြစ်ရေသည် တိမ်ပြီး နွေရာသီအချိန်ဆိုလျှင် မြစ်ကြောင်း ကျဉ်းကျဉ်းလေးသာရှိသည်ဟုဆိုသည်။
မြစ်ကြောင်းကွေ့သွားသည့်နေရာနှင့် နီးလာပြီဆိုလျှင် မြစ်သည် တောင်များကြားထဲပျောက်သွားသည်။ မြစ်အကွေ့သို့ စက်လှေရောက်သည့်အခါမှ မြစ်ပြင်ကျယ်ကြီးကို မြင်ရသည်မှာ ပျော်စရာပင်ကောင်းတော့သည်။
မြစ်ကြောင်းတစ်လျှောက် ကျေးရွာများကိုလည်း ဟိုတစ် စု သည်တစ်စု တွေ့ရသည်။ ငါးရှာနေသူများလည်းရှိသည်။ ခရီး သည်တင် စက်လှေများ၊ ဒေသခံတို့၏ စက်လှေငယ်လေးများ လည်း သွားလာနေကြသည်။ မြစ်ကမ်းဘေး ရေခပ်ဆင်းနေကြသူ များ၊ အဝတ်လျှော်နေကြသူများကိုလည်း တွေ့ရသည်။
ရေတံခွန်ရှိသည့်နေရာသို့ ရောက်ဖို့ ၄၅ မိနစ်ခန့် စက်လှေ စီးလိုက်ရသည်။ စက်လှေရပ်မည့်ကမ်းစပ်တွင် ကားများက အသင့်စောင့်နေကြသည်။ ကားလမ်းပေါက်သော်လည်း ကျွန် တော်တို့ကို စက်လှေဖြင့် သက်သက် ပို့ဆောင်ပေးခြင်း ဖြစ် လေသည်။
KUANG SI ရေတံခွန်သို့ လာရောက်လည်ပတ်သည့် ဧည်သည့်အတော်များသည်။ ရေကူးနိုင်သည့် နေရာရှိသဖြင့် တချို့က ရေကူးကြသည်။ ရေတံခွန်တွင် တစ်နာရီကျော်ကြာ နေ ပြီးသည့်အခါ စက်လှေသို့ပြန်လာကြသည်။ ပြီးလျှင် နောက်တစ် နေရာသို့ ခရီးဆက်ကြသည်။ နေ့လယ်စာကို စက်လှေပေါ်တွင် စားကြရသည်။ သွားလိုသည့်ခရီးကို ရောက်ဖို့ နောက်ထပ် တစ် နာရီခွဲခန့် စက်လှေစီးလိုက်ရသည်။
ကျွန်တော်တို့ သွားရောက်လည်ပတ်သည့် ရွာမှာ BAN XANG KHONG ဆိုသည့် မိရိုးဖလာ လက်မှုပညာဖြင့် စက်္ကူများ လုပ်သည့် ရွာ ဖြစ်သည်။ ကျွန်တော်တို့ သွားရောက်လေ့လာခဲ့ သည့် အိမ်မှာ လက်တွေ့ စက်္ကူထုတ်လုပ်နေကြသည်။ ပြီးလျှင် ယင်းစက်္ကူဖြင့် အမှတ်တရပစ်္စည်းမျိုးစုံ ပြုလုပ်ကာ ရောင်းချနေ သည့် အမှတ်တရ အရောင်းဆိုင်လည်းဖြစ်သည်။ ယင်းအမှတ် တရပစ်္စည်းဆိုင်တွင် ဗီဇာကတ်၊ မာစတာကတ်များဖြင့် ဈေးဝယ် ၍ ရသည်။
စက်္ကူထုတ်လုပ်ရန် ပိုးစာပင်အခေါက်ကို ခွာရသည်။ ပြီး လျှင် အခြောက်လှန်းပြီး ပေါင်းခံရသည်။ ပြီးသည့်အခါ ယင်း အခေါက်ကို အမှုန့်ဖြစ်အောင် ထုထောင်းကြရသည်။ အမှုန့်ဖြစ် လာသည့်အခါ ရေတွင် စိမ်ကာ စက်္ကူလုပ်မည့် အနှစ်များကို ဆန် ခါဖြင့်စစ်ယူရသည်။ ထို့နောက် ယင်းအနှစ်များကို သစ်သား ဇလားထဲသို့ ထည့်ပြီး စက်္ကူဖြစ်လာရန်အတွက် နေလှန်းရလေသည်။
Photo-Kyaw Zayar Htun မဲခေါင်မြစ်အတွင်း အပျော်စီးစက်လှေစီးကြသူများ
Photo-Kyaw Zayar Htun မဲခေါင်မြစ်အတွင်း အပျော်စီးစက်လှေစီးကြသူများ
ယင်းသို့ အခြောက်လှန်းသည့်အခါ တချို့က သစ်ရွက်လေး များကို ကိုယ်လိုချင်သည့် ပုံဖော်ကာ နေလှန်းကြသည်။ ထိုသို့ပြု လုပ်သည့်အတွက် စက်္ကူဖြစ်သွားသည့်အခါ စက်္ကူတွင် သစ်ရွက် လေးများဖြင့် ပန်းချီဆွဲထားသလို ဖြစ်နေလေသည်။ စက်္ကူမှာ ပေါ့ပါးပြီး ချည်သားလိုမျက်နှာပြင်ပုံစံမျိုးဖြစ်သည်။ ပို့စကတ်၊ ယပ်တောင်၊ စက်္ကူအိတ်၊ မီးပုံး၊ ပန်းချီဆွဲသည့်စာရွက် စသဖြင့် အမှတ်တရပစ်္စည်းမျိုးစုံ လုပ်ကြလေသည်။
ညဈေးတန်းတွင် ရောင်းချနေသည့် ပစ်္စည်းများသည် BAN XANG KHONG ကျေးရွာမှ ထွက်ရှိသည့် အမှတ်တရပစ်္စည်း များလည်း အများစုဖြစ်သည်ဟု သိရသည်။
BAN XANG KHONG ကျေးရွာတွင် လေ့လာပြီးသည့် နောက် ကျွန်တော်တို့သည် ရက်ကန်းစင်ရှိသည့်နေရာသို့ ထပ်မံ သွားရောက်လေ့လာကြသည်။ အဆိုပါ ရက်ကန်းစင်မှာ LUANG PRABANG မြို့တွင် ဖြစ်သည်။ ရက်ကန်းစင်ရှိသည့် ခြံကျယ်ကြီး ထဲတွင် ခြေတံရှည်အိမ်တစ်လုံးရှိသည်။ ပိုးချည်ထုတ်လုပ်ပုံနှင့် ချည်သားဆေးဆိုးပုံ အဆင့်ဆင့်ကိုပြထားသည့် ပြခန်းအဆောင် လေးများ ရှိသည်။ ပြီးလျှင် ချည်ထည်မျိုးစုံရောင်းချပေးသည့် အရောင်းပြခန်းတစ်ခုလည်းရှိသေးသည်။

Photo-Kyaw Zayar Htun Luang Prabang မြို့က ယက်ကန်းစင်မှ ယက်ကန်းယက်နေသူ အမျိုးသမီး
ဆိုင်ဝန်ထမ်းက ကျွန်တော်တို့ကို ပြခန်းများကို လိုက်လံ ရှင်းပြသည်။ ရက်ကန်းစင်မှာ ၁၀ စင်ခန့် ရှိမည်။ အမျိုးသမီးများ က ချည်ထည်များကို ရက်လုပ်နေကြလေ၏။ ရက်ကန်းစင်၏ ဘေးပတ်ပတ်လည်တွင် ရက်ကန်းစင်ပိုင်ရှင်နှင့် သူ၏ဝန်ထမ်း တချို့ နိုင်ငံခြားသို့ သွားရောက်လည်ပတ်ခဲ့သည့် မှတ်တမ်း ဓာတ်ပုံနှင့် လေ့လာရေးခရီးစဉ်ဓာတ်ပုံများကို ချိတ်ဆွဲထားသည်။
ရက်ကန်းစင်မှ ပြန်လာသည့်အခါ ညနေ ၅ နာရီထိုးတော့ မည်ဖြစ်သည်။ ဟိုတယ်သို့ တန်းပြန်လာခဲ့ကြသည်။ ဟိုတယ်သို့ ရောက်သည့်အခါ ကျွန်တော်သည် ဟိုတယ်မှ စက်ဘီးတစ်စီးငှား ပြီး PHOSY MARKET သို့ထွက်ခဲ့သည်။ အဆိုပါဈေးမှာ မြန်မာ နိုင်ငံရှိ မြို့များတွင် တွေ့ရလေ့ရှိသော မြို့မဈေးကဲ့သို့ပင်ဖြစ်သည်။
ဈေးမကြီးထဲတွင် သံထည်ပစ်္စည်းဆိုင်၊ ကုန်ခြောက်ပစ်္စည်း ဆိုင်၊ မုန့်ဆိုင်၊ ဖိနပ်ဆိုင်၊ အထည်ဆိုင်၊ ဆေးဆိုင်များသာ အများ ဆုံးတွေ့ရသည်။ အသီးအရွက်နှင့်အသား၊ ငါးများ ရောင်းသည့် နေရာသို့လည်း သွားကြည့်လိုက်သေးသည်။ ကျွန်တော်တို့ဆီက ဈေးတန်းများလိုသာ ဖြစ်သည်။ ဖားအရှင်များ၊ ကြွက်ကင်၊ ဝါးပိုး စသည့် ဒေသအစားအစာများလည်း ရောင်းချနေကြသည်။ ကျွန်တော်သည် အဆိုပါဈေးမှ လာအိုငရုတ်သီးကြော် တစ်ဘူး ဝယ်ကာ ပြန်လာခဲ့သည်။
နောက်နေ့မနက် ငါးနာရီတွင် ဟိုတယ်မှထွက်ကာ လေ ဆိပ်သို့သွားခဲ့ကြသည်။ LUANG PRABANG မြို့မှ ဗီယန်ကျင်းမြို့သို့ လေယာဉ်မောင်းချိန်မှာ တစ်နာရီမျှသာ ကြာသည်။ ကျွန်တော် တို့၏ အခမ်းအနားပိတ်ပွဲကို ဗီယန်ကျင်းမြို့ရှိ ဥယျာဉ်ကြီးအတွင်း က ဧည့်ခန်းမတစ်ခုတွင် ကျင်းပကြသည်။ ပိတ်ပွဲအခမ်းအနားသို့ လာအိုနိုင်ငံအစိုးရ၏ ပြန်ကြားရေး၊ ယဉ်ကျေးမှုနှင့် ခရီးသွားလာ ရေး ဒုဝန်ကြီး (ီနစကအပ ငြညငျအနမ သ် ှုည်သမာအေငသည, ဃကူအကမန ညေိ ွှသကမငျာ) မြ. ှလေညေု့သညန ျွဖောသကညအမပ အပါအဝင် ယခုခရီးစဉ်တွင်ပါဝင်သည့် သတင်းသမားများ၏ သက်ဆိုင်ရာ နိုင်ငံအသီးသီးမှ သံအမတ်များလည်း တက်ရောက်ခဲ့ကြသည်။ သို့သော် မြန်မာသံအမတ်ကတော့ တက်ရောက်တာ မတွေ့ရ။
နေ့လယ်စာစားသောက်ပြီးသည့်အခါ အချိန်ပိုနေသေး သဖြင့် လှေလှော်ခြင်း၊ ဆင်စီးခြင်းနှင့် ဇငစ ူငညန စီးခြင်းများ လုပ်ကြဦးမလားဟု လာမေးသေးသည်။ သို့သော် အများစုက ဘာမျှ မလုပ်ချင်ကြတော့။ ထို့ကြောင့် ဗီယန်ကျင်းမြို့ရှိ ရှော့ပင်း စင်တာတစ်ခုသို့သွားရန် စီစဉ်လိုက်ကြသည်။
သို့သော် ကျွန်တော်က မြေမြုပ်မိုင်းနှင့် ဗုံးများအကြောင်း လေ့လာလိုသဖြင့် ယင်းပြတိုက်သို့သွားလိုကြောင်း ဧည့်လမ်းညွှန် အားပြောသည့်အခါ သူက အဆိုပါပြတိုက်မှာ ရှော့ပင်းစင်တာနှင့် မလှမ်းမကမ်းတွင် ရှိသည့်အတွက် လိုက်ပို့ပေးမည်ဖြစ်ကြောင်း ပြောသည်။
တခြားသူများကို ရှော့ပင်းစင်တာတွင် ချပေးပြီးသည့် နောက် ကျွန်တော်နှင့်ကိုရန်နောင်သည် မြေမြှုပ်မိုင်းနှင့် ဗုံးများ အကြောင်းပြသထားသည့် ပြတိုက်သို့ဆက်သွားခဲ့ကြသည်။ ပြ တိုက်မှာ အိမ်တစ်လုံးအရွယ်အစားမျှသာရှိသည်။ ယင်းကို ဃသစန ဠငျအသမ ဃနညအနမ ဟုခေါ်သည်။ ပြတိုက်အနီးတွင် ဗုံးဆန် အခွံဖြင့်လုပ်ထားသည့် လှေတစ်စီးနှင့် ကလေးကို လက်ဆွဲထား သည့် မိခင်တစ်ဦး၏ ရုပ်တုကို တွေ့ရသည်။
ပြတိုက်ထဲသို့ဝင်သွားသည့်အခါ ပြတိုက်ရုံးခန်းစားပွဲတွင် အမျိုးသမီးနှစ်ဦး ထိုင်နေသည်။ကျွန်တော်သည် ပြခန်းရှိသည့် ဘက်သို့ ဝင်သွားလိုက်သည်။ ပြခန်းထဲ ဝင်ဝင်ချင်းတွေ့ရသည်က ဂေါက်သီးအရွယ်အစိမ်းရင့်ရောင် ဗုံးသီးများစွာကို အဆောက် အအုံ၏ မျက်နှာကြက်မှ အောက်ဘက်အထိ ကြိုးနှင့်တွဲကာ ချိတ် ဆွဲထားသည့် မြင်ကွင်းဖြစ်သည်။ ချိတ်ဆွဲထားသည့် ကြိုးမှာ အကြည် ဖြစ်သဖြင့် အလင်းရောင်အားနည်းသည့် အခန်းထဲတွင် ကြိုးကိုမမြင်ရဘဲ ဗုံးသီးများကိုသာ မြင်ရသလိုမျိုး ဖြစ်နေသည်။ ထို့ကြောင့် ရုတ်တရက်ကြည့်သည့်အခါ ဗုံးသီးများ မိုးပေါ်က ကျ လာသည့်ပုံစံမျိုး ဖြစ်နေလေသည်။
ယင်းဗုံးသီးများအနီးရှိ နံရံတွင် ဗုံးသီးများနှင့်ပတ် သက်သည့် သမိုင်းကြောင်းကို ရှင်းပြသည့် ရုပ်သံမှတ်တမ်းတစ်ခု ကို ပြသထားသည်။ စင်တာက ထုတ်ပြန်ထားသည့် စာရင်းများ အရ ၁၉၆၄ မှ ၁၉၇၃ အတွင်း ကိုးနှစ်ကြာဖြစ်ပွားခဲ့သည့် အမေ ရိကန်-ဗီယက်နမ်စစ်ပွဲအတွင်း လာအိုနိုင်ငံတွင် အမေရိကန်များ ကြဲချခဲ့သည့် ဗုံးမစ်ရှင်အကြိမ်ရေ ၅၈၀,၀၀၀ ကျော်ရှိခဲ့သည်။ ယင်းအရေအတွက်မှာ ရှစ်မိနစ်တစ်ကြိမ် ဗုံးကြဲချခဲ့ခြင်းဖြစ် သည်ဟု စာရင်းတွင် ဖော်ပြထားသည်။
ကြဲချခဲ့သည့် ဗုံးအရေအတွက် သန်းပေါင်း ၂၇၀ ကျော်ရှိခဲ့ ပြီး စစ်ပြီးသည့်နောက်ပိုင်း လာအိုနိုင်ငံတွင် မပေါက်ကွဲသေးဘဲ ကျန်ရှိသည့် ဗုံးအရေအတွက်မှာ သန်း ၈၀ ခန့်ရှိမည်ဟု ခန့်မှန်း ထားကြသည်။ ထို့ကြောင့် ဗုံးအရေအတွက်မှာ နိုင်ငံလူဦးရေထက် ၁၁ ဆကျော် များလေသည်။
၁၉၇၃ စစ်ပြီးနောက်ပိုင်းကာလမှ ၂၀၁၁ အထိ ဗုံးပေါက် ကွဲသဖြင့် ထိခိုက်ဒဏ်ရာရသူနှင့် သေဆုံးသူ ၂၀,၀၀၀ ကျော်ရှိပြီး ၎င်းင်းတို့အနက် ၁၃,၀၀၀ ကျော် ခြေလက်ဆုံးရှုံးသူများ ဖြစ်ကြ သည်။ သေဆုံးသူနှင့် ထိခိုက်ဒဏ်ရာရရှိသူ ၂၀,၀၀၀ ကျော် အနက် ၄၀ ရာခိုင်နှုန်းသည် ကလေးများဖြစ်သည်ဟု စင်တာရှိ စာရင်းတွင် ဖော်ပြထားသည်။

Photo-Kyaw Zayar Htun ပိုးစာပင်အခေါက်မှ ထုတ်လုပ်သည့် စက္ကူပေါ်တွင် ပန်းချီဆွဲနေသည့် လာအို မိန်းကလေးတစ်ဦ:
ပြတိုက်အလယ်တွင်လည်း ပလတ်စတစ်ခြေထောက်အတု များကို အဆောက်အအုံမျက်နှာကြက်မှ အောက်ဘက်အထိ ကြိုးနှင့် တွဲလောင်းဆွဲထားကြသည်။ စစ်ပွဲတွင် ကြဲချခဲ့သည့် ဗုံး ဆန်များ၊ ဗုံးပေါက်ကွဲသဖြင့် ဒဏ်ရာရ ကလေးငယ်များ၏ ဓာတ် ပုံများ၊ ပလတ်စတစ်လက်အတုများ၊ ချိုင်းထောက်များကိုလည်း ပြသထားသည်။ ထို့အပြင် ဗုံးဒဏ်ခံခဲ့ရသည့် ကလေးငယ်များ၏ အင်တာဗျူး မှတ်တမ်းရုပ်သံများကိုလည်း ပြခန်းအတွင်း ပြသ ထားကြသည်။

Photo-Kyaw Zayar Htun ပိုးစာပင်အခေါက်မှထုတ်လုပ်သည့် စက္ကူဖြင့် ပြုလုပ်ထားသော ယပ်တောင်များ
ပြခန်းထဲတွင် ဝါးထရံကာထားသည့် တဲအိမ်တစ်လုံးတွေ့သဖြင့်ဝင်ကြည့်ရာ အိမ်အသုံးအဆောင်ပစ်္စည်းများ ပြသထား လေသည်။ ပစ်္စည်းတစ်ခုချင်းစီ၏ အနားသို့ကပ်ပြီး ရေးထား သည့်စာကို ဖတ်ကြည့်သည့်အခါမှ ယင်းအသုံးအဆောင်ပစ်္စည်း များမှာ ဗုံးဆန်များကို ဒေသခံများက အိမ်အသုံးအဆောင်ပစ်္စည်း အဖြစ်ပြန်လည် အသုံးပြုထားကြခြင်း ဖြစ်လေသည်။

Photo-Kyaw Zayar Htun Luang Prabang မြို့ Phosy Market ရှိ အသီးအရွက်ဈေးတန်း
နွားခလောက်၊ ဇွန်း၊ မီးခွက်၊ ဓား၊ တံစဉ်၊ ရေအိုး၊ လင်ဗန်း၊ သောက် ရေခွက်စသဖြင့် မျိုးစုံလုပ်ထားကြခြင်းဖြစ်သည်။ ပြတိုက်တွင် မှတ်တမ်းရုပ်ရှင်ပြသည့် အခန်းလည်းရှိသေးသည်။ အထဲတွင် နိုင်ငံခြားသားနှစ်ယောက် ရုပ်ရှင်ထိုင်ကြည့်နေတာကို တွေ့ရပြီး ကျန်ထိုင်ခုံများက လွတ်နေသည်။ ကျွန်တော်သည် အချိန်မရသည့်အတွက် ခဏမျှသာ ကြည့်ပြီး ပြန်ထွက်လာခဲ့သည်။

Photo-Kyaw Zayar Htun Cope visitor Center ရှေ့ရှိ ဗုံးဆန်ခွံဖြင့် ပြုလုပ်ထားသော ရုပ်ထု

Photo-Kyaw Zayar Htun Cope visitor Center တွင်ပြသထားသည့် ဗုံးဆန်ခွံဖြင့် ပြုလုပ်ထားသော မီးခွက်တစ်ခု
စင်တာတွင် ပြထားသည့် ဗုံးကြဲခံထားရသောနေရာပြ မြေပုံတွင် ကျွန်တော်တို့သွားရောက်လည်ပတ်ခဲ့သည့် နေရာများ ကိုလည်း ပြသထားသည်ကို တွေ့ရသဖြင့် ယင်းနေရာများသည် ခရီးသွားဧည့်သည်များအတွက် အ်္တရာယ်မရှိနိုင်ဘူးလားဟု ကျွန်တော်တို့ကို လိုက်ပို့သည့် ဧည့်လမ်းဩန်အား မေးကြည့် မိသည်။
ယင်းနေရာများမှာ ဗုံး ရှင်းလင်းထားပြီးသော နေရာများ ဖြစ်ရာ မည်သည့်အ်္တရာယ်မှ မရှိကြောင်းနှင့် ဗုံးအ်္တရာယ် ရှိနိုင်သည့် နေရာများတွင် သတိပေးဆိုင်းဘုတ်များဖြင့် အသိပေး ထားကြသည်ဟု ပြန်ဖြေသည်။

Photo-Kyaw Zayar Htun Cope Visitor Center ထဲတွင် ပြသထားသည့် ခြေတုများ
ကျွန်တော်တို့သည် ရှော့ပင်းစင်တာရှိ လူများကို ခေါ်ပြီး သည့်နောက် လေဆိပ်သို့ တန်းသွားကြသည်။ ညနေ ၆ နာရီမှာ တော့ လာအိုနိုင်ငံမှ ဘန်ကောက်သို့ ပြန်လာခဲ့ကြသည်။ဘန် ကောက်တွင် တစ်ညအိပ်သည်။ မနက်ဖြန် မနက်စောစော အိပ် ရာထကာ မိမိသက်ဆိုင်ရာ နိုင်ငံသို့ အသီးသီး ပြန်ကြမည် ဖြစ်ရာ ညကတည်းက တစ်ဦးကို တစ်ဦး ကြိုတင် နှုတ်ဆက်ထားကြသည်။

Photo-Kyaw Zayar Htun
၁၀ ရက်ကြာ အတူသွား၊ အတူလာခဲ့ကြသည့်သူများဖြစ်ရာ တစ်ဦးနှင့် တစ်ဦး ခင်မင်ရင်းနှီးနေကြပြီဖြစ်သည်။ သူတို့ကလည်း သူတို့နိုင်ငံကို လာလည်ဖို့ ဖိတ်ခေါ်သလို ကိုယ်ကလည်း ကိုယ့် နိုင်ငံသို့ အလည်လာဖို့ ဖိတ်ခေါ်သည်။ နောက်တစ်ရက်တွင် ကျွန် တော်တို့နှစ်ယောက်သည် ဃဲဗ ခရီးစဉ်တွင် ခင်မင်ခဲ့ရသူအားလုံး ကို ကျောခိုင်းကာ မြန်မာပြည်သို့ ပြန်လာခဲ့တော့သည်။
#MawKunMagazine
ဆက်သွယ်မှာယူနိုင်စေရန်…….
OFFICE : No.121, 4th Floor, Corner or 49 Street and Anawrahta Street, Pazundaung Township, Yangon, Myanmar.
: 0931340239
: 09791663065
website: www.mawkun.com
facebook: @mawkunmagazine
mawkun.chronicle@gmail.com