၂ဝ၁၈၊ ဒီဇင်ဘာလထုတ် မော်ကွန်းမဂ္ဂဇင်း အမှတ်(၆ဝ)မှ Photo Essay ဖြစ်ပါသည်။
Photo – Kaung Htet San
မိုးကုတ် ဒေသသည် ကမ္ဘာကျော်
ပတ္တမြားထွက်ရှိရာ ရတနာနယ်မြေဖြစ်သည်။ မိုးကုတ်ဒေသမှထွက်ရှိသည့် သံယံဇာတ ကျောက်မျက်ရတနာများကို ခေတ်အဆက်ဆက်က တူးဖော်ထုတ်ယူခဲ့ကြပြီး ယခုအချိန်အခါတွင် လုပ်ငန်းများကို သက်တမ်းတိုးခွင့် မပြုတော့ပေ။
မိုးကုတ်မြို့တွင် ကျောက်မျက်ရတနာ တူးဖော်မှုနှင့် ပတ်သက်၍ အလွှာစုံကို တွေ့မြင်နိုင်သည်။ ကုမ္ပဏီလုပ်ကွက်များ၊ ဗြုန်းဆေးလုပ်ကွက်များ၊ ခဲကျင်းများ၊ ကျောက်ဝိုင်းများ အစရှိသည်ဖြင့် လုပ်ကိုင်လျှက် ရှိကြသည်။
ထိုအထဲမှ ဗြုန်းဆေးကာ ကျောက်ရှာသည့် လုပ်ကွက်များအကြောင်း ယခုလအတွက် ဓာတ်ပုံမှတ်တမ်းအဖြစ် ဖော်ပြလိုက်ပါသည်။
အသက်၃၀ကျော်ပြီဖြစ်တဲ့ လီဆူးတိုင်းရင်းသား အားဆာကတော့ ဗြုန်းဆေးတဲ့လုပ်ငန်းကိုလုပ်ကိုင်လာတာနှစ်၂၀ရှိပါပြီ
တူးလို့ရတဲ့ကျောက်တွေကိုတော့ ဒီလိုပြုလုပ်ထားတဲ့ကန်ထဲမှာမီးစက်ငယ်နဲ့ရေထိုးပြီးအရည်ဖျော်ရပါတယ်

photo-Kaung htet San

photo-Kaung htet San အရည်ဖျော်လိုက်တဲ့ရေတွေကတော့ ချောင်းထဲကိုစီးဆင်းသွားပါတယ် ဒါကြောင့်ဒီချောင်းကို ကြည့်မယ်ဆိုရင် ရေကြည်တယ်ဆိုတာမရှိပါဘူး

ဒီချောင်းတစ်လျှောက်မှာလည်း အခုလိုဗြုန်းဆေးသူတွေ အဖွဲ့လိုက်လုပ်ကိုင်နေကြတာကို တွေ့ကြရမှာပါ
photo-Kaung htet San ဒီချောင်းတစ်လျှောက်မှာလည်း အခုလိုဗြုန်းဆေးသူတွေ အဖွဲ့လိုက်လုပ်ကိုင်နေကြတာကို တွေ့ကြရမှာပါ

ကုမ္ပဏီတွေက လူအင်အား စက်အင်အားတွေနဲ့တူးဖော်ပြီးကျန်ခဲ့တဲ့အမှုန်အမွှားတွေထဲကမှ ကျောက်ကောင်းများရမလားဆိုပြီး သူတို့က ပြန်ရှာနေကြတာဖြစ်ပါတယ်
photo-Kaung htet San ကုမ္ပဏီတွေက လူအင်အား စက်အင်အားတွေနဲ့တူးဖော်ပြီးကျန်ခဲ့တဲ့အမှုန်အမွှားတွေထဲကမှ ကျောက်ကောင်းများရမလားဆိုပြီးသူတို့က ပြန်ရှာနေကြတာဖြစ်ပါတယ်

ရွှံ့တွေရောနှောပါနေတဲ့ဗြုန်းများကို ချောင်းရေထဲမှာ ပြန်လည်သန့်စင်ရပါတယ်
photo-Kaung htet San
ရွှံ့တွေရောနှောပါနေတဲ့ဗြုန်းများကို ချောင်းရေထဲမှာ ပြန်လည်သန့်စင်ရပါတယ်

သန့်စင်ပြီးထွက်လာတဲ့ကျောက်များထဲက အဖိုးတန်ကျောက်များကို ရှာဖွေရပါတယ်
photo-Kaung htet San
သန့်စင်ပြီးထွက်လာတဲ့ကျောက်များထဲက အဖိုးတန်ကျောက်များကို ရှာဖွေရပါတယ်

အဆင့်ဆင့်သန့်စင်ရှာဖွေပြီးတဲ့အခါ ဒေသအခေါ်ထမင်းစားကျောက်များကိုရရှိပါတယ်
photo-Kaung htet San
အဆင့်ဆင့်သန့်စင်ရှာဖွေပြီးတဲ့အခါ ဒေသအခေါ်ထမင်းစားကျောက်များကိုရရှိပါတယ်