ရှေ့တစ်လှမ်းတိုးဖို့ နောက်နှစ်လှမ်းဆုတ်ရဦးမည်

ရှေ့တစ်လှမ်းတိုးဖို့ နောက်နှစ်လှမ်းဆုတ်ရဦးမည်

၂ဝ၁၈၊ ဖေဖော်ဝါရီလထုတ် မော်ကွန်းမဂ္ဂဇင်း အမှတ်(၅၄)မှ  ဖြစ်ပါသည်။

သန်းစိုးနိုင်ရေးသည်

                                        ဇန်နဝါရီ ၂၃ ရက်က နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ်္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့ကို သီးခြားစီ တွေ့ဆုံပြီးနောက် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ် (NCA) ကို မကြာမီ လက်မှတ်ရေးထိုးသွားမည်ဖြစ်ကြောင်း မွန်ပြည်သစ်ပါတီ (NMSP)နဲ့ လားဟူဒီမိုကရက်တစ်အစည်းအရုံး (LDU) တို့က ပူးတွဲကြေညာခဲ့ကြပါတယ်။ ဒီလိုထုတ်ပြန်ကြေညာရာမှာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ်္ဂိုလ် ဒေါ်အောင်ဆန်း စုကြည် က ““ငြိမ်းချမ်းရေး ရဖို့အတွက် အတူသွားရမှာ ဖြစ်ပါတယ်။ တစ်ဆင့်ပြီး တစ်ဆင့် သွားရမယ်။ အဆင့်တိုင်းဟာ တန်ဖိုးရှိပါတယ်။ ပြည်ထောင်စု တည်တံ့ ခိုင်မြဲရေး၊ ငြိမ်းချမ်းရေးကို အခြေခံတဲ့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကူအညီ ပေးတဲ့ တိုင်းရင်းသား ညီအစ်ကိုမောင်နှမများ၊ မွန်တိုင်းရင်းသား၊ လားဟူ တိုင်းရင်းသားများကို အင်မတန် ကျေးဇူးတင်ပါတယ်””လို့ မိန့်ခွန်းမြွက်ကြားသွား ခဲ့ပါတယ်။

                                    အခုလို မွန်ပြည်သစ်ပါတီနဲ့ လားဟူဒီမိုကရက်တစ်အစည်း အရုံးတို့ NCA လက်မှတ်ထိုးဖို့ ဆုံးဖြတ်ကြေညာလိုက်တဲ့အတွက်  ငြိမ်းချမ်းရေးလုပ်ငန်းစဉ် တစ်ဆင့်မြင့်တက်သွားခဲ့ပြီး ရှေ့ခြေတစ် လှမ်း တိုးလိုက်နိုင်ပြီလို့ ယူဆထားကြပုံပါပဲ။ UNFC လက်ကျန် အဖွဲ့တွေထဲမှာ NCA လက်မှတ်ထိုးဖို့ ဆုံးဖြတ်ရန် ကျန်တဲ့ နှစ်ဖွဲ့ ရှိနေပါသေးတယ်။ ကရင်နီပြည်သူ့တိုးတက်ရေးပါတီ (KNPP) နဲ့ ရခိုင်ပြည် အမျိုးသားကောင်စီ (ANC) တို့ပဲ ဖြစ်ကြပါတယ်။ ဒီအဖွဲ့ တွေလည်း NCA လက်မှတ်ရေးထိုးဖို့ အခြေခံသဘောတူညီမှု ရှိခဲ့ကြ ပြီးသားပါ။ KNPP ရဲဘော်သုံးဦးနဲ့ အရပ်သားတစ်ဦးကို တပ်မ တော်က ပစ်ခတ်တိုက်ခိုက်လို့ ကျဆုံးခဲ့ရတဲ့ အခြေအနေတစ်ရပ် ပေါ် ပေါက်ခဲ့မှုကို ဆွေးနွေးညှိနှိုင်း ဖြေရှင်းနေကြရလို့ လတ်တလော မပါဝင်နိုင်သေးတာ ဖြစ်ပါလိမ့်မယ်။ ဘာပဲဖြစ်ဖြစ် ဒီအဖွဲ့တွေလည်း NCA လက်မှတ်ရေးထိုးရာမှာ မကြာမီ ပါဝင် လာနိုင်စရာ ရှိပါတယ်။ ဒီအဖွဲ့တွေပါ NCA မှာ ပါဝင်လာကြပြီ ဆိုရင် မြောက်ပိုင်း FPNCC အဖွဲ့မှာလည်း ပါဝင်ထားတဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA) အဖွဲ့မှတစ်ပါး UNFC ထဲမှာ ပါဝင်ထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း အားလုံးနီးပါး NCA စာချုပ် လက်မှတ် ရေးထိုးရာမှာ ပါဝင်ခဲ့ကြပြီလို့ ဆိုနိုင်ပါတယ်။ ဒီအခြေအနေဟာ မြန်မာပြည်ရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် တစ်ဆင့်တက် အောင်မြင် ရေးအတွက် အရေးပါတဲ့ ခြေလှမ်းတစ်လှမ်းလို့ ဆိုနိုင်ပါလိမ့်မယ်။

                                  ဒီလိုပြောလို့ ပြည်ထောင်စုငြိမ်းချမ်းရေး ၂၁ ရာစု ပင်လုံညီ လာခံ တတိယအကျော့ အစည်းအဝေးကြီး ကျင်းပနိုင်တော့မယ် ဆို တဲ့ အဓိပ်္ပာယ်တော့ မဟုတ်သေးပါဘူး။ တကယ်တော့ တတိယ အကျော့ညီလာခံကို ၂၀၁၇ အတွင်းမှာ ကျင်းပရမှာပါ။ ဒါပေမဲ့ ၂၀၁၇ သြဂုတ်အတွင်း ဖြစ်ပွားခဲ့တဲ့ ရခိုင်-ဘင်္ဂါလီအရေးကြောင့်  နိုင်ငံတော် ၏ အတိုင်ပင်ခံပုဂ်္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အစိုးရအဖွဲ့ တစ်ရပ်လုံး နိုင်ငံတကာ ဖိအားတွေအောက်မှာ ပိပြားနေတဲ့အတွက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို ပီပီပြင်ပြင် လုပ်ဆောင်ခွင့် မရခဲ့ကြ ပါဘူး။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကလည်း ရှေ့မတိုးသာ နောက် မဆုတ်သာနဲ့ တန့်အီနေခဲ့တာ ကြာပါ ပြီ။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ တန့်အီနေတာနဲ့ တစ်ချိန်တည်းမှာ ကချင်ပြည်နယ်နဲ့ ရှမ်းမြောက် ဒေသတွေကတော့ သေနတ်သံ မြိုင်မြိုင်ထွက်နေပြီး စစ်ပွဲတွေ မြိုင် မြိုင်ဆိုင်ဆိုင် ဖြစ်နေဆဲပါပဲ။ ပြောရရင် ညီလာခံ တတိယအကျော့မှာ ဆွေးနွေးတင်ပြစရာ ဘာမှ မည်မည်ရရ ဆုပ်မိကိုင်မိ မရှိကြသေး ပါဘူး။

 

NCA ဟာ နောက်ဆုံးမျှော်လင့်ချက်လား

                                    ၂၀၁၇ မေလပိုင်းက ကျင်းပခဲ့ကြတဲ့ ပြည်ထောင်စုငြိမ်း ချမ်းရေး ၂၁ ရာစု ပင်လုံညီလာခံ ဒုတိယအကျော့မှာ တိုင်းဒေသကြီး နဲ့ ပြည်နယ် ခြောက်ခုမှာ ကျင်းပခဲ့ကြတဲ့ အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲတွေက တင်ပြချက်တွေကို စုစည်းပြီး အချက် ၃၇ ချက်ကို ပြည်ထောင်စုအဆင့်စာချုပ်မှာ မှတ်တမ်းတင်နိုင်ခဲ့ ကြပါတယ်။ ဒါပေမဲ့ ၂၀၁၇ ဒုတိယပိုင်းမှာ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ တစ်ကြိမ်မှ မကျင်းပနိုင်ခဲ့ကြပါဘူး။ ဒါ ကြောင့် တတိယအကျော့ ညီလာခံကို ၂၀၁၇ နိုဝင်ဘာမှာ ကျင်းပဖို့ ရည်မှန်းထားရာကနေ ဒီဇင် ဘာကို ရွှေ့ခဲ့ကြတယ်။ တစ်ခါ ဒီဇင်ဘာနောက်ဆုံးပတ်ကနေ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေ မကျင်းပနိုင် ပြန်လို့ ဇန်နဝါရီနောက် ဆုံးပတ်ကို ရွှေ့လိုက်ရပြန်ပါပြီ။ ဇန်နဝါရီမှာ ဘာဆွေးနွေးပွဲမှ ဖြစ်မလာနိုင်ရင်တော့ ဖေဖော်ဝါရီပဲပေါ့။ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲဆိုတာ ငြိမ်းချမ်းရေး လမ်းပြမြေပုံဖြစ် တဲ့ NCA မှာ ပြဋ္ဌာန်း အတည်ပြုထားတာပါ။ ဒီလို အစိုးရ၊ တပ်မတော်၊ တိုင်းရင်းသား လက်နက်ကိုင်နဲ့ နိုင်ငံရေးပါတီ အစုအဖွဲ့များ ပါဝင်ရေးထိုးထားတဲ့ NCA ပြဋ္ဌာန်းချက်ပါ အမျိုးသားအဆင့် ဆွေးနွေးပွဲ တွေ ကျင်းပရေး ဘာကြောင့် နှောင့်နှေးကြန့်ကြာနေတာလဲ။

                                    ၂၀၁၈ ဇန်နဝါရီ ၈ ရက်က လင်းခေးမြို့မှာ ပြုလုပ်မယ့် ရှမ်း အမျိုးသားအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကို ယာယီရွှေ့ဆိုင်းလိုက်ကြောင်း NCA လက်မှတ် ရေးထိုးထားတဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA) ဗဟို အလုပ်အမှုဆောင် ကော်မတီက ထုတ်ပြန်ကြေညာလိုက်ပါတယ်။ ဒီကြေညာချက်ထဲမှာ တပ်မတော်နဲ့ RCSS တို့အကြား အမျိုး သားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပမယ့်နေရာ အငြင်းပွား နေမှုအပေါ် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ်္ဂိုလ် ဒေါ်အောင်ဆန်းစု ကြည်ရဲ့ ကြားဝင်စေ့စပ်မှုကို လက်ခံပြီး လင်းခေးမြို့မှာ ကျင်းပဖို့ နှစ်ဦးနှစ်ဖက် သဘောတူညီခဲ့ကြပါတယ်။ ဒီလိုသဘောတူလိုက် တာ အကြိုလူထုတွေ့ဆုံပွဲတွေကို တောင်ကြီး၊ လားရှိုး၊ ကျိုင်းတုံ နဲ့ အခြားနေရာတွေမှာ ကျင်းပနိုင်တယ်လို့ အစိုးရက သဘောတူ ခဲ့လို့သာ လက်ခံလိုက်တာ ဖြစ်တယ်။ ဒါပေမဲ့ ရှမ်းပြည်နယ်အတွင်း မြို့နယ် ၁၄ ခုမှာ ကျင်းပတဲ့ လူထုတွေ့ဆုံပွဲတွေကို တပ်မတော်က နည်းမျိုးစုံနဲ့ ဟန့်တားပိတ်ဆို့မှုတွေ ကြုံခဲ့ကြရတယ်။ ၂၀၁၇ ဒီဇင် ဘာ ၂၂ ရက်မှာ အကြိုလူထုတွေ့ဆုံပွဲတွေ ကျင်းပဖို့ ပိတ်ပင်လိုက် ကြောင်း အစိုးရက ထုတ်ပြန်လိုက်ပါတယ်။ ဒီကိစ်္စကို နိုင်ငံတော် ၏ အတိုင်ပင်ခံပုဂ်္ဂိုလ်နဲ့ ကာကွယ်ရေးဦးစီးချုပ်တို့ထံ တင်ပြခဲ့ပေ မယ့် ဘာမှ အကြောင်းမပြန်ခဲ့ပါဘူး။ ဒီလို အကြိုလူထုတွေ့ဆုံပွဲ တွေ ကျင်းပခွင့်မရတဲ့အတွက် လင်းခေးမြို့မှာ ကျင်းပမယ့် ရှမ်း အမျိုးသားနိုင်ငံရေးဆွေးနွေးပွဲကို ယာယီရွှေ့ဆိုင်းလိုက်ကြောင်း ထုတ်ပြန်ကြေညာချက်ထဲမှာ ဖော်ပြထားခဲ့ပါတယ်။

                                NCA လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက် ကိုင် အဖွဲ့ ရှစ်ဖွဲ့ရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အလုပ်အဖွဲ့ (PPWT) ခေါင်းဆောင် KNU အထွေထွေအတွင်းရေးမှူး ပဒိုစောတာ ဒိုမှူးကတော့ လူထုတွေ့ဆုံပွဲတွေ မရှိဘဲ အမျိုးသားအဆင့် နိုင်ငံ ရေးဆွေးနွေးပွဲတွေ လုပ်ဖို့ ဘယ်လိုမှ မဖြစ်နိုင်ကြောင်း ပြော ကြားခဲ့ပါတယ်။ ဆက်လက်ပြီး နိုင်ငံရေးဆွေးနွေးပွဲများရဲ့  အဓိက အနှစ်သာရ ပြည်သူလူထုနဲ့ ကျယ်ကျယ်ပြန့်ပြန့် တွေ့ဆုံပြီး သဘောထား ရယူရမှာဖြစ်ကြောင်း နိုင်ငံရေးယဉ်ကျေးမှုသစ် ဖြစ်တဲ့ တွေ့ဆုံဆွေးနွေးအဖြေရှာရာမှာ ပါဝင်သင့် ပါဝင်ထိုက်သူ များသာမက ပြည်သူ့အသံများကို ရယူလာမယ့် လူထုတွေ့ဆုံပွဲ များ လွတ်လပ်စွာ ကျင်းပခွင့်ရရန် အရေးကြီးကြောင်း ပြောကြား သွားခဲ့ပါတယ်။

                                         ထို့ပြင် လူထုတွေ့ဆုံပွဲနဲ့ အမျိုးသားအဆင့် နိုင်ငံရေးဆွေး နွေးပွဲများမှာ ခေါင်းနဲ့ ပန်းပမာ တစ်ခုမရှိလျှင် တစ်ခု မဖြစ်နိုင် သည့် အခြေခံတန်ဖိုးများ ဖြစ်ကြောင်း၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် တွင် တာဝန်ယူသည့် Stake Holder များမှာ ညီညွတ်သော အမြင် မရှိကြကြောင်း၊ NCA ထဲတွင် အမျိုးသားအဆင့် နိုင်ငံ ရေးဟုသာ ခြုံငုံဖော်ပြထားခြင်းကို လုပ်ငန်းလမ်းဩန် (TOR) ထဲတွင် လူထုတွေ့ဆုံပွဲ မပါဟု ငြင်းပယ်ခြင်းမှာ ငြိမ်းချမ်းရေးလုပ် ငန်းစဉ်ကို ွှနခ့ညငခေူ ရှုထောင့်မှ ဟန့်တားနေခြင်း ဖြစ်ကြောင်း၊၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (ဏဏှွှ) က ဒီပြဿနာ ကို ဆွေးနွေးဖြေရှင်းမှု မပြုဘဲ ၂၁ ရာစု ပင်လုံညီလာခံ ရှေ့ဆက် ရန် မဖြစ်နိုင်ကြောင်း ရှင်းပြသွားခဲ့ပါတယ်။ အလားတူ ပြည် ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (့ဏီဲဃ) အဖွဲ့ဝင် စိုင်းကျော်ညွန့်ကလည်း ““ငြိမ်းချမ်းရေးလုပ်ငန်းစဉ် တုံ့ ဆိုင်းတန့်အီနေရခြင်းမှာ ပြည်ထောင်စုကို မည်သို့ သွားမည်ဆို သည့် ဦးတည်ချက် ပျောက်နေ၍ ဖြစ်ကြောင်း၊ အရေးကြီးဆုံးမှာ အစိုးရနှင့် တပ်မတော်တို့အကြား စေ့စပ်ညှိနှိုင်းမှု မရှိသည့်အပြင် အစိုးရက သဘောတူသည်ကို တပ်မတော်မှ သဘောမတူမှုများ ရှိနေကြောင်း၊ ယခုအခါ ပြည်တွင်း ငြိမ်းချမ်းရေးခရီးစဉ်အတွင်း NCA လမ်းကြောင်းဖြင့် အဆင်ပြေ မပြေ မေးခွန်းထုတ်ရန် လို လာပြီဖြစ်ကြောင်း၊ NCA သည် ရွေးချယ်စရာများထဲမှ တစ်ခု သာ ဖြစ်ပြီး ခေါင်းဆောင်များ ပြောနေကြသကဲ့သို့ နောက်ဆုံး မျှော်လင့်ချက် မဟုတ်ကြောင်း”” DVB သတင်းဌာနရဲ့ “ငြိမ်း ချမ်းရေးလုပ်ငန်းစဉ် လက်တွေ့ကျရဲ့လား” Debate မှာ ဆွေးနွေး တင်ပြသွားခဲ့ပါတယ်။

 

NCA နှင့် မတူသည့် လမ်းကြောင်း

                                         ဒီလို NCA လမ်းကြောင်းနဲ့ ပတ်သက်ပြီး ဝေဖန်ပြောဆို နေကြချိန်မှာ NCA နဲ့ မတူတဲ့ လမ်းကြောင်းအတိုင်း သွားမယ်လို့  ကြွေးကြော်ထားတဲ့ ပြည်ထောင်စုနိုင်ငံရေးဆွေးနွေးညှိနှိုင်းမှု ကော်မတီ (FPNCC) အဖွဲ့ဝင်တွေထဲမှာလည်း ဖွဲ့စည်းပုံပြောင်း လဲမှုတချို့ ပေါ်ပေါက်ခဲ့ပါတယ်။ ၂၀၁၈ ဇန်နဝါရီလ အလယ်ပိုင်းက “ဝ”ပြည် သွေးစည်းညီညွတ်ရေးပါတီ (့ျွှှဏ)တိုးချဲ့ ဗဟိုကော် မတီ အစည်းအဝေးကျင်းပခဲ့ပြီး ထိပ်တန်းခေါင်းဆောင်များ အတွင်း မျိုးဆက်သစ်ခေါင်းဆောင်တချို့ ထည့်သွင်း ဖွဲ့စည်းခဲ့ကြ တယ်လို့ ဆိုပါတယ်။ တည်ငြိမ်အေးချမ်းစွာ ဖွံ့ဖြိုးတိုးတက်ရေး လမ်းစဉ် ကျင့်သုံးသွားမှာ ဖြစ်ပြီး ပဋိပက်္ခများကို နိုင်ငံရေးနည်း အရ ဖြေရှင်းသွားမည်၊ စစ်ရေးအရ ဖိအားပေးမှုများကို ဆန့်ကျင် သွားမယ်လို့လည်း ဆိုပါတယ်။ ပြည်ထောင်စုအစိုးရနဲ့ ချုပ်ဆို ထားတဲ့ စာချုပ်တွေကို လေးစားလိုက်နာသွားမှာ ဖြစ်ပြီး အစိုးရ၊ တပ်မတော် ထိပ်ပိုင်းခေါင်းဆောင်များနဲ့ ပိုမိုပူးပေါင်းဆောင်ရွက် ရင်း ယုံကြည်မှုခိုင်မာစွာ တည်ဆောက်သွားမယ်လို့လည်း ဖော် ပြထားပါတယ်။ ပြည်ပကျူးကျော်မှုများကို မိမိကိုယ်ကိုယ် ကာ ကွယ်သည့်သဘောဖြင့် ချေမှုန်းသွားမှာဖြစ်ပြီး ငြိမ်းချမ်းရေး အလံတော်နဲ့ လက်နက်ကို တစ်ဖက်စီ ကိုင်စွဲသွားမယ်။ ဝဒေသ ဟာ မြန်မာနိုင်ငံရဲ့ နယ်မြေတစ်စိတ်တစ်ဒေသဖြစ်ပြီး မည်သည့် အကြောင်းနဲ့မှ ခွဲမထွက်ဘဲ ဝကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ် ဖြစ်အောင် တောင်းဆိုသွားမယ်။ လက်ရှိ ဖွဲ့စည်းပုံပြင်ဆင်ရေးကို လည်း ဆက်လက် တင်ပြအရေးဆိုသွားမယ်လို့ တင်ပြထားပါ တယ်။ ထို့အပြင် ၀ ပြည်သူလူထုရဲ့ ပညာရေး၊ ကျန်းမာရေးနဲ့ လူမှု အဆင့်အတန်းမြင့်မားရေးတို့အတွက် တံခါးဖွင့်ဝါဒ ကျင့်သုံးပြီး ပြင်ပအသိပညာရှင်၊ အတတ်ပညာရှင်နဲ့ ရင်းနှီးမြှုပ်နှံမှုများကို ဖိတ်ခေါ်သွားမှာ ဖြစ်ကြောင်း ဖော်ပြထားပါတယ်။ ဒီလို ဆောင် ရွက်မယ့် ကိစ်္စတွေကို ပြည်ထောင်စုအစိုးရနဲ့ ဘယ်လိုဆက်သွယ် ညှိနှိုင်းပြီး ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဘောင်ဝင်အောင် ဘယ် လိုရှေ့ဆက်ဆောင်ရွက်မယ်ဆိုတာတော့ ဖော်ပြမထားပါဘူး။

                                        ၂၀၁၈ ဇန်နဝါရီ ၂ ရက်ကလည်း KIO/KIA ဌာနချုပ် လိုင်ဇာမြို့မှာ ဆုတောင်းပွဲပြုလုပ်ပြီး ခေါင်းဆောင်ငါးဦး နေရာ အပြောင်းအလဲလုပ်တယ်လို့ သိရပါတယ်။ အသက် ၈၀ နီးပါး ရှိ ပြီး ကျန်းမာရေးလည်း မကောင်းလှတဲ့ ဥက်္ကဋ္ဌဟောင်း ဦးဇောင်း ဟရားက အနားယူလိုက်တဲ့အတွက် ဗိုလ်ချုပ်ကြီးအင်ဘန်လက  ဥက်္ကဋ္ဌအဖြစ် တာဝန်ယူသွားတော့မှာ ဖြစ်ပါတယ်။ စစ်ဦးစီးချုပ် ကြီး ဂမ်ရှောင်က ဒုဥက်္ကဋ္ဌ ၁ ဆရာကြီး ဆွမ်လွတ်ဂမ်က ဒုဥက်္ကဋ္ဌ ၂ ဖြစ်လာခဲ့ပါတယ်။ ဗိုလ်ချုပ်ဂွမ်မော်က ကချင်အုပ်ချုပ်ရေး ကောင်စီ (KIC) မှာ ဒုတိယဥက်္ကဋ္ဌ ၁ ဖြစ်လာပြီး ဗိုလ်ချုပ်ဇောင်း ဘုတ်ထန်းက ဒုဥက်္ကဋ္ဌ ၂ ဖြစ်လာခဲ့ပါပြီ။ တခြား ထူးခြားတဲ့ အပြောင်းအလဲ မရှိခဲ့သလို ခေါင်းဆောင်နေရာ လွှဲပြောင်းမှုက လည်း ချောချောမွေ့မွေ့ပဲလို့ ဆိုပါတယ်။ တစ်ချိန်တည်းမှာ KIA အဖွဲ့ ရဲ့ မူဝါဒ သဘောထားတွေမှာလည်း အပြောင်းအလဲ မရှိဘူး လို့ ပြောပါတယ်။

                                      KIA အဖွဲ့အနေနဲ့ ခေါင်းဆောင်ပိုင်း ပြောင်းလဲပေမယ့် မူ ဝါဒ အပြောင်းအလဲမရှိဘူးလို့ ဆိုခဲ့တဲ့အတိုင်း ကချင်ပြည်နယ်နဲ့ ရှမ်းပြည်မြောက်ပိုင်း နယ်မြေတွေရဲ့ စစ်ရေးအခြေအနေတွေက လည်း အပြောင်းအလဲ မရှိလှပါဘူး။ အဆက်မပြတ် တိုက်ပွဲတွေ ဖြစ်နေဆဲ၊ ဒုက်္ခသည်တွေ တိုးပွားနေဆဲပါပဲ။ မြန်မာ့ငြိမ်းချမ်းရေး စောင့်ကြည့်ရေးအဖွဲ့  (Myanmar Peace Monitor) ရဲ့ လ အလိုက် လေ့လာချက်အရ ၂၀၁၇ အတွင်း မြန်မာတစ်နိုင်ငံလုံး မှာ စစ်ရေးတိုက်ပွဲပေါင်း ၂၅၈ ကြိမ်မျှ ဖြစ်ပွားခဲ့တယ်လို့ ဆိုပါ တယ်။ မေမှာ ၃၆ ကြိမ်နဲ့ အများဆုံး ဖြစ်ပွားခဲ့ပြီး အောက်တိုဘာ မှာ ရှစ်ကြိမ်နဲ့ အနည်းဆုံးဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ဒီတိုက်ပွဲစဉ် တွေထဲမှာ တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ အကြား ဖြစ်ပွားတဲ့ တိုက်ပွဲတွေက အများဆုံး ဖြစ်ပေမယ့် တိုင်း ရင်းသားအချင်းချင်းဖြစ်တဲ့ တိုက်ပွဲတွေလည်း ရှိတယ်လို့ ဆိုပါ တယ်။ တိုက်ပွဲစဉ် တစ်နှစ်တာအတွင်း တပ်မတော်နဲ့ တအာန်း ပလောင် (TNLA) အဖွဲ့တို့ ထိတွေ့ မှုဖြစ်စဉ်က အကြိမ်အများဆုံး ဖြစ်ပြီး တပ်မတော်နဲ့ KIA ၊ AA တို့ ပူးတွဲအဖွဲ့နဲ့ ထိတွေ့ မှုက  ဒုတိယအများဆုံး ဖြစ်ပါတယ်။ ထို့ပြင် ရှမ်းပြည်ပြန်လည်ထူ ထောင်ရေးကောင်စီ (RCSS/SSA) ၊ ရှမ်းပြည်တိုးတက်ရေးပါတီ (ှှဏဏ) ၊ ကိုးကန့်အဖွဲ့ (MNDAA)၊ ကရင် (KNU) ၊ ကရင်ဗုဒ်္ဓ ဘာသာအဖွဲ့ (DKBA)၊ ကရင်နီ (KNPP) အဖွဲ့တွေနဲ့ တပ်မ တော်တို့ ထိတွေ့မှုအချို့လည်း ရှိခဲ့ပါတယ်။ တိုင်းရင်းသားအချင်း ချင်း တိုက်ပွဲဖြစ်စဉ်တွေမှာတော့ ပလောင်အဖွဲ့ (TNLA) နဲ့ ရှမ်း အဖွဲ့ (RCSS) တို့အကြား ထိတွေ့ မှုဖြစ်စဉ်က အများဆုံးလို့ သိ ရပါတယ်။၂၀၁၇ အတွင်း မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးဆိုင်ရာ တွေ့ဆုံဆွေးနွေးမှု၁၃၃ ကြိမ် ရှိခဲ့ပြီး စစ်ရေးတိုက်ပွဲပေါင်း ၂၅၈ ကြိမ်မျှ ရှိခဲ့တယ်လို့ ဆိုပါတယ်။ ဒါဟာ မြန်မာ့ငြိမ်းချမ်းရေးလုပ် ငန်းစဉ်ရဲ့ အနေအထားကို မီးမောင်းထိုးကာ မြင်ကွင်းကျယ် ပြ သလိုက်ခြင်းဖြစ်ပါတယ်။

 

တက်လမ်းလား၊ ဆုတ်လမ်းလား

                                            ဇန်နဝါရီ ၂၃ ရက်က NCA လက်မှတ် ရေးထိုးထားတဲ့  ကရင်အမျိုးသားအစည်းအရုံး (KNU) ဗဟို အမြဲတမ်းကော်မတီ ရဲ့ အရေးပေါ်အစည်းအဝေးကို လေးဝါးစခန်းမှာ ကျင်းပခဲ့ကြပါ တယ်။ ဒီအစည်းအဝေးမှာ လက်ရှိငြိမ်းချမ်းရေးဖြစ်စဉ်၊ လက်ရှိ နိုင်ငံရေးအခြေအနေကို ပြန်လည်သုံးသပ်ဆွေးနွေးမှုတွေ လုပ်ခဲ့ ကြပါတယ်။ ၂၁ ရာစုပင်လုံ ဒုတိယအကျော့ အစည်းအဝေးက ကရင်အမျိုးသားအစည်းအရုံး (KNU)၊ DKBA ၊ ုြူဗ (PC) တို့ ဦးဆောင်ပြီး ကရင်လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေ ကျင်းပပြီး ဒုတိယအကျော့ ညီလာခံမှာ စာတမ်းတွေ တင်ပြနိုင်ခဲ့ကြပါတယ်။ ယခု တတိယအကျော့ မတိုင်မီ ကရင်လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေး နွေးပွဲ ဖြစ်မြောက်ရေးကော်မတီက ကရင်ပြည်နယ်ပြင်ပရှိ တိုင်း ဒေသကြီးတွေမှာ လူထုတွေ့ဆုံပွဲတွေ ကျင်းပခွင့် တောင်းရာမှာ တော့ ခွင့်ပြုချက် မရရှိခဲ့ကြပါဘူး။ NCA လက်မှတ်ထိုးပြီးနောက် တပ်မတော်နဲ့ အငြင်းပွားမှုတချို့ ရှိခဲ့တဲ့ ုြူဗ အဖွဲ့ကလည်း အရေးပေါ်အစည်းအဝေးကျင်းပပြီး NCA ဟာ ငြိမ်းချမ်းရေးလုပ် ငန်းစဉ်အတွက် ထိရောက်မှု မရှိတော့တဲ့အတွက် ၂၁ ရာစုပင်လုံ  အစည်းအဝေးကို ဆိုင်းငံ့ထားသင့်ကြောင်း ကြေညာချက် ထုတ် ပြန်ခဲ့ပါတယ်။ ထို့အတူ ရှမ်းလူမျိုးအလိုက် အမျိုးသားအဆင့်နိုင်ငံ ရေးဆွေးနွေးပွဲ ကျင်းပရန် လူထုတွေ့ဆုံပွဲကျင်းပရေးကို တားမြစ် ခံရသဖြင့် တရားဝင် ဆွေးနွေးပွဲကို ယာယီရွှေ့ဆိုင်းထားခြင်း၊ ရခိုင်လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပရန် လူထုတွေ့ဆုံပွဲများ ကျင်းပခွင့် မရရှိခြင်း စတဲ့ အခြေ အနေတွေ ဖြစ်ပေါ်နေပါတယ်။ ဒါကြောင့် ၂၁ ရာစုပင်လုံ တတိယ အစည်းအဝေးကို အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများ ကျင်းပပြီးမှသာ ဆောင်ရွက်ရန် NCA လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ အရေးပေါ်အစည်းအဝေးအပြီးမှာ ဇန်နဝါရီ ၁၂ ရက်က ထုတ်ပြန်ကြေညာလိုက်ပါပြီ။

                                                  ဆိုရရင် ၂၁ ရာစု ပင်လုံညီလာခံ တတိယအကျော့ အစည်း အဝေးကို ဘယ်နေ့ ဘယ်အချိန်အခါမှာ ကျင်းပနိုင်မယ်ဆိုတာ  မျှော်မှန်းလို့ မရနိုင်တော့ပါဘူး။ တစ်ချိန်တည်းမှာ NCA လုပ် ငန်းစဉ်ရဲ့ တတိယအဆင့်ဖြစ်တဲ့ အမျိုးသားအဆင့် နိုင်ငံရေးဆွေး နွေးပွဲတွေလည်း လူထုတွေ့ဆုံပွဲတွေ ကျင်းပခွင့်မရလို့ အကောင် အထည်ဖော်နိုင်စွမ်း မရှိတဲ့ အခြေအနေမှာ NCA လုပ်ငန်းစဉ် အပေါ် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေက ယုံကြည် မှု ဆုတ်ယုတ်ကျဆင်းနေကြပါပြီ။ ၂၀၁၇ ဟာ ငြိမ်းချမ်းရေးနှစ် ဖြစ်ရမယ်လို့ ဒေါ်အောင်ဆန်းစုကြည် ကြွေးကြော်ခဲ့ပေမယ့် လက် တွေ့ကတော့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ တန့်အီနေခဲ့ပါပြီ။

                                                   ၂၀၁၈ ဟာ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံ ထူထောင်ရေးဆိုင် ရာ အခြေခံမူတွေ အပြီးချမှတ်နိုင်ရမယ်လို့ ဒေါ်အောင်ဆန်းစု ကြည် မျှော်မှန်းထားပေမယ့် လက်တွေ့မှာတော့ တတိယအကျော့ ညီလာခံ ကျင်းပနိုင်ရေး၊ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ တွေ ကျင်းပနိုင်ရေးအတွက် တပ်မတော်နဲ့ အပေးအယူ အဆုတ် အတက်တွေ မလွဲမသွေ လုပ်ရဦးမယ့် နှစ်ပါပဲ။ တစ်ချိန်တည်းမှာ ဗုံး၊ အမြောက်သံတွေ ဟိန်းညံနေဆဲဖြစ်တဲ့ မြောက်ပိုင်းအဖွဲ့တွေ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ပါဝင်ခွင့်ရဖို့ တပ်မတော်နဲ့ ညှိနှိုင်း အဖြေရှာရဦးမှာ ဖြစ်ပါတယ်။

                                    ဆိုရရင် ၂၀၁၈ မှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ ရှေ့တစ် လှမ်းတိုးနိုင်ရေးအတွက် ဦးစွာအားဖြင့် နိုင်ငံရေးအရ နောက်နှစ် လှမ်း ပြန်ဆုတ်ရဦးမယ်လို့ ယူဆရပါတယ်။

  • #Than_Soe_Naing
  • #mawkun
  • #magazine
  • #chronicle



 

အမျိုးအစား - သုံးသပ်ချက်

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."