ပေရွက်ပေါ်က မျှော်လင့်ချက်များ

ပေရွက်ပေါ်က မျှော်လင့်ချက်များ

၂ဝ၁၉၊ မတ်လထုတ် မော်ကွန်းမဂ္ဂဇင်း အမှတ်(၆၃)မှ  Forgotten ြဖစ်ပါသည်။

မောင်ဥယျာဉ်

လူတိုင်းမျှော်လင့်ချက်ထားကြ တယ်။ လူတစ်ယောက်ရဲ့ အနာဂတ် မျှော်လင့်ချက်ဟာ

တစ်စုံတစ်ယောက်ရဲ့ ဟောပြော ချက်တွေကို ပေထက်အက္ခရာ တင်ရုံနဲ့ တကယ်ဖြစ်၊ မဖြစ် မသေချာပေမယ့် ယုံကြည်ချက် ကြီးကြီး မားမားနဲ့မျှော်လင့်ခဲ့ကြဖူးတယ်။    ရိုးရာအစွဲအလမ်းတွေ၊

ဓလေ့ထုံးတမ်း ယဉ်ကျေးမှုတွေက လူမျိုးတိုင်း၊ နိုင်ငံတိုင်းမှာရှိတယ်။ ကျွန်တော်တို့

လူ့အဖွဲ့ အစည်း မှာလည်း အဲဒီလို ယုံ ကြည်ချက်တွေ ထုနဲ့ ထည်နဲ့ ရှိနေကြတယ်။ ပေ

ရွက်ပေါ်က ဇာတာခွင်တွေက ကျွန်တော်တို့ လူ့ အဖွဲ့အစည်းရဲ့ ရိုးရာယုံကြည်မှုတွေပါပဲ။ မွေးပြီး

မကြာမီမှာ ဇာတာလုပ်ကြတာ ဖြစ်လို့ လူတစ်ဦးချင်းစီရဲ့ ဖွားဖက်တော်လို့တောင်

ဆိုနိုင်တယ်။

ကျွန်တော်တို့ခပ်ငယ်ငယ်ကတော့ အိမ်ရှိ လူကုန် ရက်ချုပ် ဇာတာလေးတွေ ရှိကြတယ်။ ရက်ချုပ်ဇာတာတွေကို

ဘုရားစင် မှာ ဖြစ်စေ၊ ဘုရားစင်အနီးက နတ်အုန်းတိုင်မှာ ဖြစ်စေ နှီးတောင်း ရှည်ရှည်လေးတွေနဲ့

သိမ်းဆည်းထားလေ့ ရှိတယ်။ ရက်ချုပ် ဇာတာတွေကို ပေရွက်ပေါ်မှာ ကညစ်ချွန်းနဲ့ ဝိုင်းစက်ညီညာ

အောင် ရေးထားကြတာပါ။ ပေရွက်ဖြစ်လို့ အမှားအယွင်း မခံ ဘူး။ ဖျက်ရာ၊ ပြင်ရာ မပါအောင်

ဂရုစိုက်ကြရတယ်။ ပေရွက်ပေါ် မှာ မှားသွားရင် ဘက်ဘတ်တန် (Back Button) နဲ့ ပြန်ဖျက်လို့

မရသလို မလိုချင်လို့ ဒလိ (Delete) နှိပ်လို့လည်း မရဘူး။ ဇာတာ ခွင်ကို ပေရွက်ပေါ်မှာ

စနစ်တကျ စိတ်ရှည်လက်ရှည် ရေးကြရ တယ်။ ပေရွက်က အနံ လက်သုံးလုံးလောက်နဲ့ အလျားက တစ်

ထွာကျော်ကျော်လောက် ရှိမှာပေါ့။

အခုတော့ပေရွက်တွေက မြင်ဖို့ခဲယဉ်းသွားပြီ။ ပေပင်တွေပဲ ရှားပါးသွားလို့လား။ စာရွက်တွေပဲ

အလွယ်တကူ ဝယ်လို့ရနေ လို့လား။ ပေရွက်ပေါ်မှာ ရေးတတ်တဲ့သူ မရှိတော့လို့လား။ သေ ချာ

သုတေသနလုပ်ဖို့ ကောင်းတယ်။ ပေရွက်ဆိုတာ ထန်းပင်က အရွက်လိုပါပဲ။ ပေပင်နဲ့ ပတ်သက်တဲ့

ဆိုရိုးစကားတောင် ရှိသေး တယ်။ ပေတစ်သီး ကျီးတစ်သားတဲ့။ ပေပင်တွေက တစ်သက်မှာ

တစ်ခါသာ သီးလေ့ ရှိပြီး ကျီးတွေကတော့ တစ်သက်မှာ တစ်ခါ သာ သားပေါက်လေ့ ရှိပါသတဲ့။

ကျွန်တော်တို့ ငယ်ငယ်က သင်ခဲ့ ရတဲ့ သူငယ်တန်းဖတ်စာရဲ့ သင်ပုန်းကြီးဖတ်စာရဲ့

ပထမဆုံး ပုံနှိပ် စာလုံးကက  ကညစ်ပေမှာချစ်၊ ပေရွက်ပေါ်မှာ ကညစ်တံလေး နဲ့

ရေးခြစ်နေပုံပါတာ မှတ်မိတယ်။ နောက်တော့ ကလေးတစ် ယောက်ကို ရင်ဝယ်ပိုက်ထားတဲ့

ပုံလေးနဲ့က ကလေးငယ် ချစ် စဖွယ်အဖြစ် ပြောင်းခဲ့တယ်။ ဟော၊ ခုသင်ပုန်းကြီးဖတ်စာမှာ

တော့ ကကြီးရေက မမက ဖြစ်သွားပြန်ပြီ။

အခုတော့ပေရွက်တွေပဲ ရှားပါးသွားလို့လား မသိတော့ ဘူး။ ပေရွက်ပေါ်မှာ ဇာတာခွင်တွက်တဲ့ အလေ့အထ

နည်းလာ တယ်။ ပေရွက်အစား ဗ၄  စက္ကူပေါ်မှာသာ ဇာတာ တွက်ချက် ကြတော့တယ်။ ခေတ်ကာလ

ကလေးအချို့ဆို ဇာတာတောင် မထားကြတော့ဘူး။ ကျွန်တော်တို့တုန်းကတော့ ဇာတာက

အရေးပါခဲ့တယ်။ မွေးပြီးလို့ မကြာမီမှာပဲ နီးစပ်ရာ ဗေဒင်ဆရာ ဆီ ပြေးပြီး

ရက်ချုပ်ဇာတာ လုပ်ကြရတယ်။ တချို့နယ်ဘက်တွေ မှာတော့ ရွာဦးကျောင်းဆရာတော်ထံ

အရောက်သွားပြီး ဇာတာ ဖွဲ့ကြသူတွေလည်း မနည်းဘူး။ ဆွေမျိုးသားချင်းထဲက ဗေဒင်

တတ်ကျွမ်းသူတွေကလည်း ဇာတာဖွဲ့ပေးကြတာရှိတယ်။ ဘယ် လိုပဲဖြစ်ဖြစ် လူတိုင်းနီးပါး

ပေရွက်ပေါ်မှာ လက်ရေးသပ်သပ်ရပ် ရပ်နဲ့ ရေးထားတဲ့ ဇာတာတစ်ခုစီတော့

ပိုင်ဆိုင်ခဲ့ကြတာချည်းပဲ။ ပေရွက်ပေါ်က စာလုံးဒီဇိုင်းတွေက အခုခေတ် ကွန်ပျူတာစာလုံး

တွေထဲမှာ ပါတဲ့ ဗာရာဏသီ စာလုံးဖောင့်နဲ့တောင် ခပ်ဆင်ဆင်ရယ်။

ဇာတာထဲမှာမွေးရက်၊ မွေးနေ့၊ မွေးတဲ့အချိန်တွေ တိတိ ကျကျပါတယ်။ ဇာတာရှင်ရဲ့ အမည်ပါတယ်။

အသက်ရှည် အဆင်းလှတဲ့ အကြောင်းတွေ ပါတယ်။ ဇာတာလာဖွဲ့သူ မိဘ လည်း ကျေနပ်၊

ဇာတာဖွဲ့ပေးတဲ့ ဗေဒင်ဆရာလည်း လာဘ်လာဘ ဝင်၊ ဇာတာအဖွဲ့ ခံရတဲ့ ကလေးငယ်အတွက်လည်း

အတိတ်နိမိတ် ကောင်း၊ သားရွှေအိုးထမ်းတဲ့ ကိန်း ဆိုက်တော့တာပါပဲ။ မည်တွင် သညာ

ခေါ်စရာကား သားလှကြန်အင် မောင်ဥယျာဉ် အသက် ၁၂ဝ ရှည်စေသောဝ် ဘာညာဆိုပြီး ပါတာပေါ့။

ကျွန်တော်တို့ လူ့ အဖွဲ့အစည်းရဲ့ နာမည်ပေးပုံကလည်း သိပ်လွတ်လပ်တာ။ မိဘ

မျိုးရိုးနာမည် ထည့်ချင်လည်း ရတယ်။ မထည့်ဘဲနေလည်း ရ တယ်။ ဇာတာထဲက ဗေဒင်ဆရာပေးတဲ့

နာမည် မကြိုက်ရင်လည်း မသုံးဘဲ နေခွင့်ရှိတယ်။

ကျွန်တော့်သူငယ်ချင်းတချို့ဆိုနာမည် သုံးလေးငါးမျိုး ရှိ ကြတယ်။ ဇာတာထဲက နာမည်က တစ်မျိုး၊ ကျောင်းနာမည်က သပ်သပ်၊အိမ်မှာခေါ်တဲ့ အိမ်နာမည်ဆိုတာက ရှိသေး။ သူငယ် ချင်းအချင်းချင်း

နာမည်ပြောင်ခေါ်ကြတာက တစ်ဖုံ။ ကျွန်တော့် နာမည်အရင်းကတော့ ဗေဒင်ဆရာပေးတာ မဟုတ်ဘဲ အဘ

(အမေ့ရဲ့  ဦးကြီး)ကိုယ်တိုင် ပေးထားတာ။ ပေရွက်ပေါ်က ဇာတာ တိုင်းမှာ

အယုတ်အလတ် အမြတ်မရွေး အသက် ၁၂ဝ ရှည်စေ သောဝ်ဆိုတဲ့ ဆုတောင်းပါလေ့ရှိတယ်။ တကယ်တော့

အသက် ရှည်ဖို့ အဆင်းလှဖို့ ဆိုတာ ကံ၊ စိတ်၊ ဥတု၊ အာဟာရနဲ့လည်း ဆိုင် သေးတာကိုး။

ဒါပေမဲ့ ဗေဒင်ဆရာက အသက် ၁၂ဝ ရှည်စေ သောဝ်လို့ ဆုတောင်းစာ ရေးပေးလိုက်တော့လည်း

မိဘတိုင်းက ကျေနပ်ကြတာပါပဲ။ ဇာတာထဲကအတိုင်း မမှန်လို့လည်း ဘယ် ဗေဒင်ဆရာမှ

တရားစွဲမခံဖူးပါဘူး။ ဇာတာရှင်နဲ့ ပတ်သက်ပြီး အဆိုတော်မေဆွိက “ကိုကိုစိတ်ကူးယဉ်”

ဆိုတဲ့ သီချင်းတစ်ပုဒ် ဆိုခဲ့သေးတယ်။ သူ့ခေတ် သူ့အခါက ရေပန်းစားတဲ့ သီချင်းတစ်

ပုဒ် ဖြစ်ခဲ့ပြီး လူတိုင်း ပါးစပ်ဖျား ရောက်ခဲ့တယ်။

လမ်းဘေးနားကxxx အကြော်ဆိုင်တဲမှာ မထိုင်နိုင်ဘူး xxx ဝမ်းတီး တူးတီး xxx ကော်ဖီဆိုင်မှာ

မသောက်ချင်ဘူး။ အထင်သေးစွာရယ် xxx သခင်လေးပါကွယ်။ ဟိုတယ်မှာ xxx

ကိုကာကိုလာသောက်ဖို့ xxx သူ ခေါ်တယ်။

ကားတိုးစီးဖို့xxx ဝါသနာ သူ့မှာ ပါမလာဘူး။ မွန်းကျပ် လွန်းတဲ့ xxx အမြန်ယာဉ် xxx တစ်ကျပ်တန်

မစီးချင်ဘူး။ အက်စ် အီးပေါ်ဝယ် xxx ဇိမ်နဲ့ ထိုင်မယ်။ ရင်ပူလာရင် xxx ဘီယာဆိုင်နား

xxx သွားစို့လား။ကိုကိုစိတ်ကူး အဆီအငေါ်တွေ xxx မတည့်နိုင်။ ရည်ရွယ် ချက်များ xxx အတွေးကမ္ဘာထဲမှာလည်

xxxထီထိုးတော့လည်း xxx ကံတရား မကယ်တယ် xxx ကျူထရံကာ အိမ်မှာ အမိုးများ မလုံပါတယ် xxx

ကမ္ဘာကျော် စိတ်ကူး xxx အညာတွေ မတတ်နိုင် xxx ဗေဒင်ဆရာများ xxx ဈေးတွေတက်လာပြီ xxx

ကံတရား မှိန် မှိန် xxx ဗိုက်ကလေး ပိန်ပိန် xxx ဇာတာရှင် xxx အရွယ်မလွန်ခင် xxx

ရှင်သူဌေး ဖြစ်ပါ့မလား xxx

ကျွန်တော်တို့မိသားစုရဲ့ ဇာတာခွင်လေး ဘုရားစင်အနီးက နှီးတောင်းလေးထဲမှာ ကာလကြာရှည်

ရှိခဲ့ဖူးတယ်။ အကြောင်း ကြီးငယ် ကိစ္စတွေ ရှိတိုင်း အမေက ဇာတာတောင်းထဲက ဇာတာ တွေကို

နှိုက်ယူပြီး ဗေဒင်မေးလေ့ရှိတယ်။ ဥပမာ-ကျွန်တော် ဆယ်တန်းဖြေမယ်ဆိုတော့

ကျွန်တော့်ဇာတာလေး ယူပြီး ဗေဒင် သွားမေးဖူးတယ်။ စာမေးပွဲဆိုတာ ကြိုးစားမှုနဲ့

ဆုံးဖြတ်မှာ အမေ သိပေမယ့် သားဇောကြောင့် ဇာတာယူပြီး ဗေဒင်ဆရာဆီ အမေ မေးခဲ့ဖူးတယ်။

စာမေးပွဲရက်တွေမှာ ဗေဒင်ဆရာဟောတဲ့ အဆောင်တွေ မရမက ရှာဖွေပြီး သူ့သား

ကျွန်တော့်အတွက် အလုပ်တွေ ရှုပ်ခဲ့ဖူးတယ်။ ကျွန်တော့်သူငယ်ချင်းရဲ့ အမေတွေ လည်း

ကျွန်တော့်အမေလိုပါပဲ။ သူတို့သားသမီးတွေရဲ့ ဇာတာ တွေ ယူလို့ ဗေဒင်ဆရာတွေထံ

အပြေးတစ်ပိုင်း သွားခဲ့ကြတယ်။ ဘယ်တော့ ပြန်လာမယ်မှန်း မသိရတဲ့ အဝေးရောက် သားတွေ

အတွက် သားမွေးနေ့ မနက် ဂြိုဟ်တိုင်မှာ ရေသက်စေ့ ပူဇော်ခဲ့ကြ သူတွေ ဖြစ်တယ်။

မိဘတွေက သူတို့ချစ်တဲ့ သားသမီးတွေအတွက် သူတို့ယုံကြည်မှုကို ပိုပြီး

ခိုင်မာစေခဲ့တယ်။ ငယ်ငယ်တုန်းက သူ ပုန်စိတ်လေးလည်း ရှိနေတော့ လူကြီးသူမတွေရဲ့

ယုံကြည်မှု အပေါ် အားမလိုအားမရ ဖြစ်ခဲ့ဖူးတယ်။ အခုတော့ ဘဝဖြတ်သန်း မှုနဲ့ ဘဝအတွေ့အကြုံတွေက

ယုံကြည်မှုတွေအပေါ် တလေး တစားရှိဖို့ သင်ကြားပေးလိုက်ပါပြီ။ သူတစ်ပါးရဲ့

ယုံကြည်မှုကို မလေးစားတာဟာ မရင့်ကျက်ခြင်း၊ သေးသိမ်ခြင်းပါပဲ။ ခေတ်မေ မေအချို့

ဆံပင်အလှပြင်ဆိုင်က ခေါင်းလျှော်စင်ပေါ်မှာ နာရီဝက်၊ တစ်နာရီမက အချိန်ပေးပြီး

ဆံပင်အလှပြင်ဖို့ အချိန်ရကြတယ်။ ကိုယ်မွေးထားတဲ့ သားသမီး ပုံပြောပြဖို့

ဆယ့်ငါးမိနစ်စာတောင် အချိန် မပေးနိုင်တာတွေ တွေ့နေရတော့ ခေတ်မေမေတွေရဲ့ မိခင်

မေတ်္တာကို အံ့အားသင့်မိတယ်။ ခေတ်ဖေဖေတွေလည်း မထူးပါ ဘူး။ ဘီယာစတေရှင်တွေနဲ့

ကေတီဗီတွေမှာသာ သူငယ်ချင်းတွေ နဲ့ ဟေးလားဝါးလား အချိန်ကုန်ချင် ကုန်မယ်။

ချန်ပီယံလိဂ် ဘောလုံးပွဲ ကြည့်ဖို့ ညဉ့်ဆယ့်နှစ်နာရီ တစ်ချက် အိပ်ရေးပျက်ခံ ပြီး

တီဗီရှေ့ ငုတ်တုတ်ထိုင်ချင်ထိုင်မယ်။ သားသမီး ကျောင်းစာ အုပ်မှာ အိမ်စာ ပြီး၊

မပြီး ယူကြည့်ဖို့ အချိန်မရကြတော့ဘူး။ ကျွန် တော်ကပဲ ကွန်ဆာဗေးတစ် ဖြစ်လွန်းနေသလား

မဆိုနိုင်ဘူး။ ကျွန်တော်က တစ်ခါတစ်ရံ အမေနဲ့ စကားစမြည် ပြောလေ့ရှိ တယ်။ အထူးသဖြင့်

ကျွန်တော်ငယ်စဉ်က အကြောင်းတွေပေါ့။ အမေ ကျွန်တော့်ကို မွေးတဲ့အချိန် ငလျင်တွေ

ဘာတွေ လှုပ်ပြီး တော်လဲသံတွေ ဘာတွေ မကြားမိဖူးလား။ အဖေ့ညာလက်ရုံးက များ

မီးဟုန်းဟုန်း တောက်ခဲ့သေးသလား။ အမေက ကျွန်တော် အဲဒီလို ပေါက်ပေါက်ရှာရှာတွေ

မေးရင် ဟက်ဟက်ပက်ပက် ရယ် လေ့ရှိတယ်။ ငလျင်လည်း မလှုပ်၊ တော်လဲသံလည်း မကြားပေါင်

တော်။ နင့်အဖေက ဆေးပေါ့လိပ်သောက်တော့ ညာဘက်လား ဘယ်ဘက်လားတော့ မသိဘူး၊

ဆေးလိပ်မီးပွားတော့ ခဏခဏ ပေါက်တတ်တယ်။ နင်မွေးတဲ့နေ့မှာ သမဝါယမက ရွှေဝါဆပ်ပြာ

နှစ်ဖြတ် မဲပေါက်တာတော့ ရှိတယ်။

အခုခေတ်ဗေဒင်ဆရာတွေက ဇာတာခွင်တွေကို ပေရွက် ပေါ်မှာ မရေးတော့ဘဲ အသင့်ရေးပြီးသား ဆော့ဝဲလ်နဲ့

တွက်ချက် လိုက်တဲ့ ဇာတာကိုပဲ စာရွက်နဲ့ ပရင့်အောက် ထုတ်လိုက်ကြတော့ တယ်။ နာမည်တွေ

ပေးလိုက်ရင်လည်း စာလုံးလေးငါးလုံး ပါကြ တာ များတယ်။ ဒီနေ့ခေတ် ကလေးနာမည်တချို့က

ကျွန်တော့် အတွက်တော့ ခေါ်ရခက်လိုက်တာ။ ကလေးနာမည် ရွေးတာ ချည်းပဲ ဂဏန်းငါးလုံးလောက်

ဉဏ်ပူဇော်ခ ရနေတဲ့ ဗေဒင် ဆရာတွေ ရှိတယ်။ ဒါပေမဲ့ ဟောခန်းဖွင့်ထားပြီး ဗေဒင်မေးသူ

မလာလို့ အခန်းခ လစဉ်ကုန်ကျနေတဲ့ ဗေဒင်ဆရာတွေလည်း ရှိ တာပါပဲ။ ကိုယ့်ဟောခန်း

ဗေဒင်မေးသူတွေနဲ့ စည်ကားရေး ကိုယ့် ဘာသာ ဓာတ်ရိုက်ဓာတ်ဆင် ယတြာချေရမလို ဖြစ်နေပြီ။

ကျွန်တော့်ငယ်ဆရာတစ်ယောက်ကတော့ဗေဒင်တွေ၊ လက္ခဏာတွေပေါ်မှာ မယုံကြည်သူ ဖြစ်တယ်။ စကြဝဠာထဲမှာ

အချိန်ကိုက်သွားလာနေကြတဲ့ ဂြိုဟ်တွေက မြေကမ္ဘာက လူ့ရဲ့ ကံကြမ္မာကို အဆိုးအကောင်း အပြောင်းအလဲ

ဖြစ်နိုင်တယ်ဆို တာကို သူက မယုံကြည်ဘူး။ လူတွေရဲ့ လက်ဖဝါးမှာ ပါတဲ့ လက္ခဏာ

အရေးအကြောင်းတွေ ဆိုတာကလည်း မွေးဖွားလာ စဉ်မှာ လက်သီးဆုပ်ပြီး မိခင်ဝမ်းတွင်းက

ရုန်းကန်ထွက်ခဲ့ရတာ ဖြစ်လို့ အရေးအကြောင်းတွေ ထင်နေမှုသာ ဖြစ်တယ်။ လက်သီး ဆုပ်ပုံ

ကွဲပြားမှုကြောင့် လက်္ခဏာတွေ ကွဲပြားသွားရတာ ဖြစ် တယ်။ လက်ဝါးပြင်ပေါ်မှာ ရှိတဲ့

အရေးအကြောင်းတွေက လူတစ် ယောက်ရဲ့ ကံကြမ္မာ အလှည့်အပြောင်းကို ဖြစ်စေနိုင်တယ်ဆိုတာ

သူက မယုံကြည်ဘူး။ သူ ယုံကြည်တာက ကောင်းတာ လုပ်ရင် ကောင်းတာ ဖြစ်မယ်။ မကောင်းတာ

လုပ်ရင် မကောင်းတာ ဖြစ် မယ်။ ဘာမှမလုပ်ရင် ဘာမှ မဖြစ်ဘူးဆိုတဲ့ ယုံကြည်ချက်ပါ။ ကံ

ကံ၏ အကျိုးကိုသာ ယုံကြည်သူ ဖြစ်တယ်။ အခုတော့ ကျွန်တော့် ငယ်ဆရာလည်း ကွယ်လွန်ခဲ့တာ

ဆယ်နှစ်စွန်းစွန်း ရှိခဲ့ပါပြီ။ ဗေဒင်ပညာ၊ လက္ခဏာပညာ၊ အင်္ဂဝိဇ္ဇာပညာတွေ ရှိနေခြင်းကို

ကျွန်တော့် လက်ခံတယ်။ ဒါပေမဲ့ ကျွန်တော်ကိုယ်တိုင် ဗေဒင် လက္ခဏာတွေ ယုံယုံကြည်ကြည်

မမေးဖူးသေးဘူး။ ခရီးသွားဟန် လွှဲ မေးဖူးတာတော့ ရှိတာပေါ့။ သူငယ်ချင်း ဗေဒင်ဆရာကို

မွေး နေ့ပြောပြီး တွက်ခိုင်းတာမျိုး၊ မိတ်ဆွေ လက္ခဏာဆရာနဲ့ ကြုံလို့ သူ့ရှေ့မှာ လက်ဝါးဖြန့်မိတာမျိုး

ရှိဖူးတယ်။ ဗေဒင်လက္ခဏာတွေ ကို ယုံယုံကြည်ကြည် မေးကြသူတွေလည်း ရှိတာပါပဲ။ ဒါဟာ ယုံ

ကြည်သူတို့ရဲ့ အခွင့်အရေးသာ ဖြစ်ပါတယ်။

ဗေဒင်ပညာရပ်ကိုယုံကြည်တယ်၊ မယုံကြည်ဘူး ဆိုတာ ထက် ပေရွက်ပေါ်မှာ ရေးတဲ့ ဇာတာခွင်တွေ

ပျောက်ပျက်သွား မှာကိုပဲ စိုးရိမ်တယ်။ ပေရွက်ယဉ်ကျေးမှု မပျောက်ကွယ်စေချင် ဘူး။

တကယ်တော့ ပေရွက်ပေါ်က ဇာတာခွင်တွေဟာ ဗေဒင်ဆို တာထက် ယဉ်ကျေးမှု အနုပညာတွေ ဖြစ်တယ်။

လွန်ခဲ့တဲ့ နှစ် ပေါင်း ခုနစ်ရာဝန်းကျင်လောက်ကတည်းက ပေထက်အက်္ခရာ တင်ခဲ့ကြတာ

ဖြစ်တယ်။ အဲဒီတုန်းက ပေထက်အက္ခရာ တင်ကြ ရာမှာ ဇာတာတစ်ခုတည်း မဟုတ်ဘဲ ပျို့၊ လင်္ကာ၊

ရတု၊ လူးတား၊ အဲချင်း၊ အိုင်ချင်းတွေကို ပေရွက်ပေါ်မှာ ရေးသားခဲ့ကြတယ်။

ပညာသင်ကြားရာမှာလည်း ပေရွက်ပေါ်မှာသာ ရေးသားခဲ့ကြရ တယ်။ ရှည်ကြာလှတဲ့

ပေရွက်ယဉ်ကျေးမှု အမွေအနှစ်ကို ဒီနေ့ ခေတ်လူတွေ လက်ဆင့်ကမ်းဖို့ ပျက်ကွက်ခဲ့ကြတယ်။

ပေရွက်ဆို တာ အရုပ်ရေးကြည့်ရတော့မှ ဖြစ်တော့မယ်။ ကျွန်တော်ကတော့ ရွှေပြည်ကြီးရဲ့

တစ်နေရာမှာ ကျန်ကောင်းကျန်ရာ ပေရွက်ယဉ် ကျေးမှုဓလေ့ ရှိနေနိုင်သေးတယ်လို့ ထင်မိတယ်။

အလွယ်တကူ တွေ့ချင်မှ တွေ့နိုင်မှာ ဖြစ်ပေမယ့် သေချာဖော်ထုတ်နိုင်ရင် ရှိနေ

နိုင်သေးတယ်။ ပေရွက်ယဉ်ကျေးမှုကို အမိအရ အမြန် မှတ်တမ်း တင်စေချင်တယ်။ ပညာအမွေ

ရယူထားကြစေချင်တယ်။ ပေရွက် ယဉ်ကျေးမှုက ကာလရှည်ကြာခဲ့ပြီ ဖြစ်တဲ့ ရှေးဟောင်းအမွေ

လည်း ဖြစ်ပါတယ်။ သမိုင်းဆိုင်ရာ အမွေအနှစ် ဖြစ်သလို ယဉ် ကျေးမှု ဓလေ့ထုံးတမ်းဆိုင်ရာ

လက်ဆင့်ကမ်း အမွေလည်း ဖြစ် တယ်။ ပျောက်ဆုံးနေတာ ကြာပြီဖြစ်တဲ့ (ပေရွက်ပေါ်မှာ ရေး

ထားတဲ့) ကျွန်တော့်ဇာတာလေးလည်း ရှာဖွေကြည့်ပါဦးမယ်။ ကျွန်တော့်ဇာတာ ပြန်တွေ့

ခဲ့ရင် ဇာတာထဲက အကြောင်းတွေ မိတ်ဆွေတို့ကို ရယ်ကာမောကာ ပြောပြပါ့မယ်။

 

အမျိုးအစား - အမေ့ခံ

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."