ကောင်းကင်မုဆိုးကို ဖမ်းဆီးသူ

ကောင်းကင်မုဆိုးကို  ဖမ်းဆီးသူ

၂ဝ၁၈၊ ဒီဇင်ဘာလထုတ် မော်ကွန်းမဂ္ဂဇင်း အမှတ်(၆ဝ)မှ Profile ဖြစ်ပါသည်။

သက်ဦးမွန် ရေးသည်။

ရန်ကုန်မြို့၏ နိုဝင်ဘာလနံနက်ခင်း ဝေလီဝေလင်း အချိန်တွင် တစ်စီးတလေ ဖြတ်သွားသည့် ကား သံမှအပ တိတ်ဆိတ်နေ၏။ ဆောင်း၏ အငွေ့ အသက်သည် ပီပီပြင်ပြင် မဖြစ်ပေါ်သေး။ အနည်း ငယ်အေးသည် ဆိုရုံမျှသာ။ လမ်းမီးတိုင်များသည် အလင်းရောင်ပေးနေဆဲ။ ပလက်ဖောင်းပေါ် ခပ် ကွေးကွေးခွေနေသည့် လေလွင့်ခွေးများသည် အိပ်မောကျနေဆဲပင်။

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ (စည်ပင်)မှ ဝီရိယကောင်းလှသည့် သန့်ရှင်းရေးအလုပ်သမတစ်ဦးကတော့ အုန်းတံမြက်စည်းတစ်ချောင်းကို ကိုင်ပြီး ပလက်ဖောင်းတစ် လျှောက်ရှိ အမှိုက်သရိုက်များကို ရှင်းလင်းနေသည်။ လေးနာရီ ကျော်လာသည်နှင့် ကန်တော်ကြီးပတ်လမ်းတစ်လျှောက် လမ်း လျှောက်သူတစ်ဦးစ နှစ်ဦးစကို  တွေ့လာရ၏။

ထိုအချိန်တွင် အင်္ကျီအပြာရောင်ဝတ် အမျိုးသားနှစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့ ကန်တော်ကြီးဥယျာဉ်ထဲသို့ မျက်စိဆေးရုံရှေ့ဝင်ပေါက်မှတစ်ဆင့် ဝင်လာကြသည်။ သူတို့သည် အမှောင်ထု ထဲ ကျင့်သားရနေသည့်ဟန် ခပ်သုတ်သုတ် လမ်းလျှောက်ဝင် ကြ၏။  

တစ်နေရာရောက်သည့်အခါ ပါလာသော အထုပ်အပိုးများ ကို ချကာ ရပ်လိုက်လေသည်။ အိတ်ထဲမှ ပစ်္စည်းအနည်းငယ်ကို အပြင်ဘက်သို့ ထုတ်လိုက်သည်။  ပိုက်ကွန်တစ်ခု၊ လေးခွတစ် လက်နှင့် ကော်ကြိုးများကို ဓာတ်မီးအလင်းရောင်ဖြင့် တွေ့လိုက် ရသည်။ လောက်စာလုံးတွေလည်း ပါသည်။

ထိုသုံးယောက်ထဲမှ အမျိုးသားတစ်ဦးက လေးခွကို ကောက်ကိုင်လိုက်ပြီး လောက်စာလုံးကို ငါးဖမ်းရာတွင် အသုံးပြု သည့် ကော်ကြိုးအသေးဖြင့် တွဲချည်လိုက်သည်။ လောက်စာလုံး များကို ကြိုးတပ်ရန် လွယ်ကူဖို့ ပလတ်စတစ်အကြည်ဖြင့် ပတ် ချည်ထားကာ ကြိုးစလေးတစ်ခု ထုတ်ထားသည်။ ပြီးနောက် သစ်ပင်တစ်ပင်ကို မော့ကြည့်လိုက်ပြီး လက်ထဲမှ လေးခွဖြင့် ချိန် ဆကာ လောက်စာလုံးကို သစ်ပင်ထိပ်ဖျားသို့ လှမ်းပစ်လိုက်    လေသည်။

Photo-Thet Oo Mon
ကျီးကန်းတစ်ကောင်ကို တည်ထားပြီး အသံတုအော်ကာ ကျီးကန်းများကို ဖမ်းဆီး

Photo-Thet Oo Mon                                     ကျီးကန်းတစ်ကောင်ကို တည်ထားပြီး အသံတုအော်ကာ ကျီးကန်းများကို ဖမ်းဆီး

ကြိုးတန်းလန်းနှင့် လောက်စာလုံးသည် အပင်ထိပ်ဖျားသို့ မရောက်ဘဲ လမ်းတစ်ဝက်မှပင် ပြန်ကျလာ၏။ ဒုတိယအကြိမ် ပစ်သည်။ မရ။ တတိယအကြိမ် ထပ်ပစ်သည်။ ထိပ်ဆုံးသို့ မရောက်။ ကြိုးထုံးသွားသဖြင့် ကြိုးတွေကို ဖြတ်ကာ လောက်စာ လုံးအသစ်လဲကာ ထပ်ပစ်၏။ အမျိုးသမီးမှ လေးခွကြိုးတွေ မညီလို့ ပစ်မှတ်ကို မရောက်တာဟု ဆိုသည်။ ခြောက်ကြိမ် လောက်ပစ်သည့်အခါမှ သစ်ပင်ထိပ်ဖျားသို့ ကျော်သွားပြီး လောက်စာလုံးက ပြန်ကျလာ၏။ ထိုပြန်ကျလာသည့် ကြိုးစကို အမျိုးသမီးက ကိုင်ထား၏။

ပစ်ပြီးသည့် ထိုသစ်ပင်နှင့် မျက်နှာချင်းဆိုင်က နောက် တစ်ပင်ကိုလည်း ထိုနည်းအတိုင်း ထပ်ပစ်ရပြန်သည်။ ထိုအပင် ကိုလည်း လေးငါးခြောက်ကြိမ် ပစ်ပြီးမှ ရလေသည်။ ထိုအပင်နှစ် ပင်မှ ကြိုးစနှစ်ခုတွင် အလျားအတောင်နှစ်ဆယ် အနံဆယ့်ရှစ် တောင်ရှိသော ပိုက်ကွန်အမည်းတစ်ခု၏ အပေါ်ထောင့်နှစ်ဖက်ကို ချည်တုပ်လိုက်ပြီး အပေါ်သို့ဆွဲတင်လိုက်၏။ အောက်ထောင့်နှစ်ခု ကိုလည်း ကြိုးတစ်စစီနှင့် ဆွဲထားလိုက်သည်။

ပိုက်ကွန်သည် ပေနှစ်ဆယ်ခန့်ရှိသော လေပေါ်တွင် ဒေါင် လိုက်တည်နေတော့သည်။ ထိုအချိန်မှာပဲ သုံးယောက်ထဲမှ တစ် ဦးက အသံခပ်ပြတ်ပြတ်ဖြင့် “အ…အာ့…အာ့”ဆိုသည့်အသံကို ကျယ်လောင်စွာ အော်ဟစ်လိုက်၏။ အော်ပြီး မကြာခင် ကောင်း ကင်တွင် မည်းမည်းအကောင်များ ပျံဝဲလာတော့သည်။ ပိုက်ကွန် နားတွင် ရစ်သီရစ်သီလုပ်နေကြသည်။ ခဏတွင်းပင် တစ်ကောင် မှာ ပိုက်ထဲ ဝင်တိုးတော့သည်။

တိုးသည်နှင့် ပိုက်ကို အမြန်ဆွဲချလိုက်သည်။ ထိုအကောင် ကို ဖြုတ်လိုက်ပြီး လက်က ကိုင်မြှောက်ထားကာ အသံထပ်ပြုပြန် ၏။ နောက်ထပ်တစ်ကောင် ထပ်တိုးပြန်သည်။ လျင်လျင်မြန်မြန် ပင် ပိုက်ကို ဆွဲချလိုက် အကောင်ကို ဆွဲဖြုတ်လိုက် အသံပြုလိုက် လှုပ်ရှားနေကြသည်။ အပေါ်မှာလည်း မည်းမည်းအကောင်များ၏ အသံများက ဆူညံနေသည်။

တဖြည်းဖြည်းနှင့် အမှောင်ထုပြယ်ကာ အလင်းရောင် ရောက်လာတော့သည်။ ထိုကြောင့် ပိုက်ကွန်ကို မြေပြင်သို့ ဆွဲချ ကာပြန်သိမ်းလိုက်တော့သည်။ ဖမ်းမိသည့် အကောင်များကို ရေတွက်ကြည့်တော့ ခြောက်ကောင်သာရှိ၏။ ဒီနေ့ တွက်ခြေ မကိုက်ဟု ဦးစောစိုင်းမွန်က ဆို၏။ မနေ့က ၂၁ ကောင် ဖမ်းဆီးရ မိသည်ဟု သူက ပိုက်တွေ သိမ်းနေရင်းက ပြောပြသည်။  

ထိုမည်းမည်းအကောင်များမှာ အလွန် လျင်မြန်ဖျတ်လတ် လှသည်ဟု နာမည်ကျော်သော ကျီးကန်းများပင်ဖြစ်သည်။ ဦးစောစိုင်းမွန်က စည်ပင်မှ နေ့စားဝန်ထမ်းတစ်ဦးဖြစ်ကာ ကျီး ကန်းများကို ဖမ်းဆီးသည့် မုဆိုးတစ်ယောက်ဖြစ်ပြီး ကျီးဖမ်း လာသည်မှာ နှစ်ပေါင်း သုံးဆယ်ကျော်လာပြီ ဖြစ်သည်။ သူ့ပုံစံက အသားညိုသည်။ ကွမ်းတဝါးဝါးနှင့် စကားပြောလျှင် ခပ်မှန်မှန် ခပ်လေးလေး ဆိုတတ်၏။

““အမျိုးထဲမှာ မုဆိုးလည်း မရှိ၊ တောကလည်း မဟုတ်ဘူး။ ရန်ကုန်မှာ မွေးပြီး မုဆိုးကို လုပ်တာ””ဟု ဦးစောစိုင်းမွန်က ဆိုသည်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ တိရ်္ဆာန် ဆေးကုနဲ့ အသားထုတ်လုပ်ရုံများဌာနက ဩန်ကြားရေးမှူး ဦးမျိုးလွင်က ကျီးကန်းများသည် ရန်လိုတတ်သည့် သတ်္တဝါများ ဖြစ်ပြီး အခြားတိရ်္ဆာန်များကို တိုက်ခိုက်သည့် သဘောသဘာ၀ ရှိကာ လူများကိုလည်း ကူးစက်ရောဂါများ ပြန့်ပွားနိုင်သည့် အတွက် ရှင်းလင်းရခြင်း ဖြစ်သည်ဟု ဆိုသည်။   

စည်ပင်၏ စာရင်းများအရ ၂၀၁၃ ဧပြီမှ ၂၀၁၈ မတ်အထိ ခြောက်နှစ်တာကာလအတွင်း ကျီးကန်းကောင်ရေ လေးသောင်း ကျော် (၄၀,၂၄၄) ဖမ်းဆီးကာ ရှင်းလင်းသုတ်သင်ထားသည်ဟု ဖော်ပြထားသည်။

Photo-Thet Oo Mon
ပိုက်ကွန်နားပျံဝဲနေသည့်ကျီးကန်းများ

Photo-Thet Oo Mon                                                                                             ပိုက်ကွန်နားပျံဝဲနေသည့်ကျီးကန်းများ

မိသားစုလိုက် ကျီးဖမ်းကြ

ဦးစောစိုင်းမွန်တို့က အခါကြီးရက်ကြီးများမှအပ နေ့စဉ် သူတို့နေထိုင်ရာ ရွာသာကြီးကနေ ကန်တော်ကြီးသို့ နံနက် ၃ နာရီကတည်းက လိုင်းကားတစ်ဆင့် တက်္ကစီတစ်ဆင့်စီးကာ ထွက်လာရသည်။ ကန်တော်ကြီးသို့ လေးနာရီကျော်လောက် ရောက်ပြီး ပိုက်များတပ်ဆင်ကာ ကျီးကန်းများ ဖမ်းပြီးချိန် ခြောက်နာရီကျော်ဆိုလျှင် သူတို့ အလုပ်တာဝန် ပြီးဆုံးပြီ ဖြစ် သည်။ ရံဖန်ရံခါ ဌာနမှ တာဝန်ပေးသည့်အခါ တာဝန်ကျရာ နေရာများသို့လည်း သွားရောက် ဖမ်းဆီးပေးရသည်။

သူတို့က မိသားစုလိုက် ကျီးကန်းဖမ်းသည့်အလုပ်ကို လုပ် ကိုင်ကြခြင်းဖြစ်သည်။ သူ့တွင် သမီးကြီးတစ်ဦးနှင့် သားနှစ်ဦး ရှိပြီး ယခင်ကဆို သားနှစ်ယောက်ရယ်၊ ဇနီးဖြစ်သူရယ်နှင့် ဖမ်း ကြသည်။ သားအငယ်ဖြစ်သူကတော့ မလုပ်တော့ပေ။ အကြီးဆုံး သမီးဖြစ်သူကတော့ အိမ်ထောင်ကျကာ အိမ်ခွဲနေ၏။

ထို့ကြောင့် လက်ရှိတွင် စည်ပင်ဝန်ထမ်းလည်းဖြစ်သူ သား အလတ်နှင့် ဇနီးဖြစ်သူ မိသားစုသုံးယောက် ကျီးကန်းဖမ်းကြ သည်။ စည်ပင်တွင်လည်း ကျီးကန်းဖမ်းသည့် အလုပ်ကို လုပ်ကိုင် သူ သူတို့သာ ရှိ၏။ ကျန်သူများကို သင်ပေးသော်လည်း မလုပ် ကြချေ။

ကျီးကန်းဆိုသည့် သတ်္တဝါမှာ အုပ်စုဖွဲ့နေတတ်ပြီး အလွန် စည်းလုံးသည့် သတ်္တဝါဟု အသက် ၆၂ နှစ်အရွယ် ဦးစောစိုင်းမွန် က ရှင်းပြသည်။ သူတို့အုပ်စုထဲက တစ်ကောင်ကောင် အ်္တရာယ် ကြုံသည်နှင့် ထွက်မပြေးဘဲ အုပ်စုလိုက် ကူညီကယ်ဆယ်ကာ ရန်သူဆိုလျှင် ပြန်လည်တုံ့ပြန်တတ်ကြသည်။ ထို သဘောသဘာ၀ ကြောင့်ကျီးကန်းအသံတုပြုသူက ကျီးကန်းများ အ်္တရာယ်ကျနေ သည့်အသံကို တုပအသံပြုလိုက်သည်နှင့် အုပ်စုလိုက်ဝဲလာကြ ကာ ပိုက်ကွန်ထဲသို့ တိုးဝင်မိကြခြင်း ဖြစ်သည်။

သာမန်အချိန်ဆိုလျှင် ကျီးကန်းကို ဖမ်းဖို့မပြောနှင့် အနား ကပ်ဖို့ပင်မလွယ်။ လက်နှင့် ရွယ်သည်နှင့်ပင် ထပြေးတတ်သော အလွန်လျင်မြန်ဖျတ်လတ်သည့် သတ်္တဝါများဖြစ်သည်။ နံနက် ဝေလီဝေလင်း သူတို့အိပ်တန်းထချိန် ပျံသည့်လမ်းကြောင်းမှာ ပိုက်ကွန်နှင့် စောင့်ဖမ်းမှသာ ဖမ်း၍ ရလေသည်။ အလင်းရောင် လာသည်နှင့် ပိုက်ကွန်ကို မြင်သွားပြီး ဖမ်းလို့ မရတော့ချေ။

 

မုဆိုးအလုပ်ကို ဝါသနာပါ

ဦးစောစိုင်းမွန်က ဒီအလုပ်ကို အသက် ၂၀ ကျော်အရွယ်က တည်းက စလုပ်ခဲ့တာဟု ဆိုသည်။ သူ့ဇာတိက ရန်ကုန်၊ ဗဟန်း မြို့နယ်က ဖြစ်ပြီး မွေးချင်း ခြောက်ယောက်အနက် သူက စတုတ်္ထ သားဖြစ်၏။ သူ လေးတန်းနှစ်ရောက်တော့ သူ့ မိဘနှစ်ပါး အိမ် ထောင်ကွဲခဲ့၏။  

မိခင်ဖြစ်သူမှာ ကလေးခြောက်ယောက်နှင့် အတော် ကသီ လင်တ နိုင်ခဲ့သည်ဟု သူကပြောပြသည်။ စားဝတ်နေရေး ခက်ခဲ ကာ အချို့နေ့တွေဆို ထမင်းစားဖို့ပင် အခက်အခဲများ ကြုံတွေ့ ခဲ့ရသည်ဟု သူက ပြောပြသည်။ ထို့ကြောင့် သူက အိမ်၏ စားဝတ် နေရေးကို ဖြေရှင်းရန် ကန်တော်ကြီး ဥယျာဉ်ထဲတွင် ငါးဖမ်းကာ ရှာကျွေးခဲ့သည်ဟုဆိုသည်။

သူဖမ်းရသည့်ငါးက ငါးကျည်း၊ ငါးခူများဖြစ်ပြီး တစ်နေ့ သုံးဆယ်သားလောက်ရသည်ဟု ဆိုသည်။ တစ်ဆယ်သားလျှင် ငွေနှစ်ကျပ်ရသည်ဟု သူက ပြောပြသည်။ အဲဒီအချိန်က ဆန် တစ်ပြည်လျှင် နှစ်ကျပ်သာပေးရသည်။ တစ်နေကုန် ငါးဖမ်းပြီး ရလာသည့် ငါးများကို အစ်မဖြစ်သူက ရောင်းတန်ရောင်း၊ ချက် တန်ချက်ဖြင့် မိသားစုဝမ်းရေးကို ဖြေရှင်းရသည်ဟု ဦးစောစိုင်း မွန်က ဆိုသည်။

သူကိုယ်တိုင်ကလည်း အခြားအလုပ်များထက် ““မုဆိုး၊ တံငါအလုပ်ကို သိပ်ဝါသနာပါတာ””ဟု ဆို၏။

ထိုသို့နေလာရင်း အသက် ၁၉ နှစ်အရွယ်လောက်တွင် ကန်တော်ကြီးဥယျာဉ်ထဲတွင် ကျီးကန်းဖမ်းသည့် အဖွဲ့များ ရောက်လာခဲ့သည်။ သူတို့က စည်ပင်ဝန်ထမ်းများ မဟုတ်။ ကျီး ကန်းဖမ်းသည့် အဖွဲ့ဟူ၍လည်း စည်ပင်မှာ မရှိသေးပေ။ ဝမ်းရေး အတွက် ကျီးကန်းဖမ်းကြသည့် မုဆိုးများ ဖြစ်သည်။

အဖွဲ့က သုံးဖွဲ့လောက်ရှိ၏။ ရလာသည့် ကျီးကန်းများကို လမ်းမတော် တရုတ်တန်းတွင် တစ်ကောင်နှစ်ကျပ်နှုန်းဖြင့် ရောင်းစားကြခြင်းဖြစ်သည်။

သူလည်း ကျီးကန်းဖမ်းခြင်းကို စိတ်ဝင်စားသွားပြီး ငါးမျှား နေရင်း ကျီးကန်းဖမ်းသူများထံတွင် ပညာရဖို့ စတင်လေ့လာခဲ့ သည်ဟုဆိုသည်။ ကျီးကန်း အိပ်တန်းထချိန်နှင့် အိပ်တန်းဝင်ချိန် နှစ်ချိန်တွင် သူတို့ပျံသန်းသည့် လမ်းကြောင်းများတွင် စောင့်ဖမ်း ကြခြင်းဖြစ်သည်။

““သူတို့နဲ့ တပည့်လိုက်လုပ်ပြီး ပညာသင်ရတယ်””ဟု ဦးစောစိုင်းမွန်က ဆိုသည်။

ကျီးကန်းများ၏ သဘောသဘာဝနှင့် သူတို့ကို ဖမ်းဖို့ ပိုက် ထောင်နည်း၊ ပိုက်ထိုးနည်းများကို လေ့လာရခြင်း ဖြစ်သည်။ သို့ ပေမယ့် ငါးမျှားတာတစ်ဖက်၊ သူတို့ကျီးကန်းဖမ်းသည့်အချိန်မှ သာ ကြည့်ရ သင်ရသည့်အတွက် ပညာတော့ ကောင်းကောင်း မရဟု သူက ဆိုသည်။

Photo-Thet Oo Mon
ဖမ်းမိသည့် ကျီးကန်းများ

Photo-Thet Oo Mon                                                                                                                           ဖမ်းမိသည့် ကျီးကန်းများ

စီးပွားဖြစ်ကျီးကန်းဖမ်းပြီ

ထိုအချိန်မှာပဲ သူနှင့် ဝါသနာတူ သူငယ်ချင်းတစ်ဦးကို ဆုံ တွေ့ ခဲ့ရလေသည်။ ထိုသူက လင်းဆွဲများကို ဖမ်းဆီးသည့် မုဆိုး တစ်ဦးပင်ဖြစ်သည်။ တစ်ရက် ငါးမျှားနေရင်း သူနှင့်ဆုံတွေ့ ခဲ့ကာ သူတို့အဖွဲ့ထဲသို့ ဝင်ခဲ့သည်ဟုသူဆိုသည်။

လင်းဆွဲဆိုသည်မှာ ခွေးဦးခေါင်းပုံစံနှင့် လင်းနို့ အတောင် ပံရှိပြီး အသီးအရွက်များကိုသာ စားသည့် နို့တိုက်သတ်္တဝါတစ်မျိုး ဖြစ်သည်။ အကောင်အရွယ်အစားမှာ အတောင်ပံများ ဖြန့်လိုက် ပါက လူ့လက်တစ်ပြန်ကျော် ရှိပြီး အလေးချိန်က သုံးဆယ်သား လောက်ရှိသည်ဟု သူက ဖုန်းထဲတွင် သူ သိမ်းထားသည့် ဓာတ်ပုံ များကို ထုတ်ပြ၏။

လင်းဆွဲနှစ်ကောင်ကို ငွေခုနစ်ကျပ်ရပြီး တရုတ်တန်းတွင် သွားရောင်းရသည်။ လင်းဆွဲသားကို တရုတ်များက ဆေးဖက်ဝင် သည်ဟုဆိုကာ အတော်နှစ်ခြိုက်စွာ စားသုံးကြသည်ဟုဆိုသည်။ ကျီးကန်းကိုလည်း စားသောက်ကြ၏။ သူလည်း ကျီးကန်းသားကို စားဖူး၏။ အသားမှာ မာကျစ်ကျစ်ရှိသည်ဟု ဆိုသည်။

သူငယ်ချင်းဖြစ်သူက သူ့ကို ငါးမျှားနေသည့်အစား သူတို့ နှင့်လာလုပ်ပါက ဝေစုတစ်ဝက်ပေးမည်ဟု ဆိုကြောင်း ပြန်ပြော ပြသည်။

““ဦးက သဘောကျသွားတာ။ ငါ ဝါသနာပါတယ်။ မင်းနဲ့ လာလုပ်မယ်လို့””ဟု လင်းဆွဲဖမ်းဖြစ်ခဲ့ပုံကို ပြန်ပြောပြသည်။

ထိုအလုပ်လုပ်နေရင်း သူငယ်ချင်းထံကလည်း ပိုက်ထိုး နည်းပညာတွေ သင်ရ၏။ ပိုက်ထောင်နည်းတွေ သင်ရ၏။ ထိုသို့ နေလာရင်း လင်းဆွဲဖမ်းရတာ အရနည်းလာ၏။ လင်းဆွဲဆိုသည် မှာ နေ့တိုင်းဖမ်းရသည်မဟုတ် သူတို့အစာရေစာရှိမှသာ လာ ရောက်ကြသည့် သတ်္တဝါများ ဖြစ်သည်။

ထို့ကြောင့် သူက သူငယ်ချင်းဖြစ်သူကို ကျီးကန်းများ ဖမ်း ဖို့ အကြံပေးသည်။ သူငယ်ချင်းက ဖြစ်ပါ့မလားဟု သူ့ကို ပြန် ပြော၏။ သူက သူငယ်စဉ်က ကြုံတွေ့ခဲ့ရသည့် အဖြစ်အပျက် တစ်ခုကို ပြောပြပြီး ကျီးကန်းကို ဘယ်လို ဖမ်းမည်ဟု ပြောပြ လိုက်သည်။

သူ  ခုနစ်နှစ်သားလောက်က အသိုက်မှ ပြုတ်ကျလာသော ကျီးကန်းပေါက်လေးတစ်ကောင်ကို သွားကိုင်မိရာ ကျီးကန်း အုပ်ကြီးက လိုက်လံထိုးဆိတ်တာကို ခံရကြောင်းနှင့် ကျီးကန်းဆို သည်မှာ အမျိုးထိရင် အုပ်စုလိုက် တုံ့ပြန်တတ်သည့် သဘော သဘာ၀ ရှိတာကြောင့် ကျီးကန်းတစ်ကောင်နှင့်တည်ပြီး ဖမ်းရန် အကြံပြုလိုက်၏။

ထိုနေ့ညနေမှာပင် ကျီးကန်းဖမ်းဖို့ အကောင်အထည် ဖော်ကြသည်။ ကျီးကန်းတစ်ကောင်ကို ဖမ်းထားပြီး ပိုက်ဆင်ကြ ၏။ ဆင်ပြီးချိန် ဦးစောစိုင်းမွန်က ကျီးကန်းကို ပိုက်ပြီး ပါးစပ်က လည်း ကျီးကန်းအသံပြုကာ ပိုက်အောက်က ဖြတ်ပြေးသည်။ ကျီးကန်းက သူ့အမျိုးအသံ ကြားသည်နှင့် အုပ်စုလိုက် လိုက်လာ ကြတော့သည်။  

““ပိုက်အောက်က ဝင်ပြေးတော့ ကျီးကန်းအုပ်က ပိုက်ကို ဝင်တိုးကြတာ””ဟု အဲဒီအချိန်က အဖြစ်အပျက်ကို ကျေနပ်အား ရသည့်အသံဖြင့် သူက ပြန်ပြောပြသည်။

အဲဒီနေ့က ကျီးကန်းအကောင်လေးဆယ်ကျော်လောက် ရသည်ဟုဆို၏။ ရသည့်ကျီးကန်းများကို ဒိုင်များက လာဝယ် သည်။ သူတို့လည်း တစ်ညနေတည်းနှင့်ပင် တွက်ခြေကိုက်သွား ခဲ့သည်။ သို့ပေမဲ့ သူတို့ ကျီးကန်းဖမ်းသည့် အချိန် လာကြည့်ကြ သည့် အခြား ကျီးကန်းဖမ်းသည့်အဖွဲ့များကလည်း အားကျပြီး အလှည့်ကျဖမ်းမည်ဟု တောင်းဆိုသောကြောင့် ကန်တော်ကြီး ထဲ အလှည့်ကျဖမ်းရတော့သည်။

ကျီးကန်းဖမ်းနေရင်း အသက် ၂၀ ကျော်တွင် သူ အိမ် ထောင်ကျလေသည်။ အိမ်ထောင်ကျပြီး သူငယ်ချင်းဖြစ်သူနှင့် အဖွဲ့ ခွဲလိုက်၏။ အမျိုးသမီးက သူနှင့်အတူ ကျီးကန်းဖမ်းဖို့ လိုက် ကူညီလုပ်ကိုင်ပေးသည်။  

 

စည်ပင်က လာခေါ်

၁၉၉၀ ကျော် ရောက်သောအခါ ကန်တော်ကြီးထဲ ကျီး ကန်းဖမ်းနေသည့် သူတို့ကို စည်ပင်မှ လာခေါ်လေ၏။ နေ့စား ဝန်ထမ်းအဖြစ် လုပ်ရန်ဖြစ်သည်။ ကန်တော်ကြီးတွင် သူတို့ ဖမ်း နေသည်ကို ရန်ကုန်မြို့တော်ဝန်မှ တွေ့သွားပြီး ကျီးကန်းများကို ရှင်းလင်းသုတ်သင်ရန် ဝန်ထမ်းခန့်လိုက်ခြင်းဖြစ်သည်ဟု ဦးစော စိုင်းမွန်ကရှင်းပြသည်။ သူနှင့် သူ့ဆရာနှစ်ဦး စည်ပင်သို့ အလုပ် ဝင်ခဲ့သည်။  

စည်ပင်တွင် ဝန်ထမ်းစလုပ်စဉ်က လစာမရသေးချေ။ နေ့ စဉ်ကျီးကန်းဖမ်းသည့် အကောင်ရေအလိုက် ပိုက်ဆံရ၏။ တစ် ကောင်ကို တစ်ကျပ်ခွဲနှုန်းဖြင့် ပိုက်ဆံရှင်းပေးသည်ဟု ဦးစော စိုင်းမွန်က ပြောပြသည်။

““အပြင်မှာလုပ်တာ ပုံသေမရှိဘူး။ ကိုယ့်ဘာသာကိုယ် ဖမ်းရောင်းရတာ၊ စည်ပင်က ပုံမှန်ရတယ်””ဟု စည်ပင်ဝန်ထမ်း လုပ်ခြင်းက အဆင်ပြေပုံကို သူက ပြောပြသည်။

၁၉၉၄  လောက်မှာတော့ အကောင်ရေစနစ်ကို ဖျက်သိမ်း လိုက်ပြီး နေ့စားလရှင်းစနစ်ကို ပြောင်းလဲခဲ့သည်ဟု ဆိုသည်။ ယခုဆိုလျှင် တစ်နေ့လုပ်အားခ ၄,၈၀၀ ကျပ် ရသည်ဟု သူက ဆိုသည်။

ကျီးကန်းဖမ်းသည့် အရင်းအနှီးက ယနေ့ခေတ် ဈေးနှုန်း အရ ပိုက်ဖိုး၊ ကြိုးဖိုးနဲ့ ဆိုလျှင် ငါးသောင်းကျော်လောက် ကျ သည်ဟု သူကဆိုသည်။ တစ်ခါတလေ ပိုက်ထောင်နေရင်း သစ်ပင်နှင့် ချိတ်မိကာ ပေါက်ပြဲပျက်စီးတတ်သေးသည်။ ထိုအခါ ပိုက်အသစ်ပြန်ထိုးရသည်။ ပိုက်တစ်ခါထိုးပါက ဆယ်ရက်ခန့် ကြာသည်။  

““ပိုက်ထိုးတာက ကိုယ့်ဘာသာကိုယ် လုပ်ရတာ ဆရာတွေ ဆီကသင်ထားတာ တစ်ပြေးညီ ထိုးလို့ မရဘူး။ အလယ်မှာ ခွက် ထားရတယ်။ ပိုက်ကို ကျီးကန်းဝင်တိုးရင် ရုန်းမထွက်နိုင် အောင်””ဟု သူက ရှင်းပြ၏။

ယခင်ကတော့ သစ်ပင်များတွင် ပိုက်ဆင်ပါက ကြိုးကို လေးခွနှင့် မပစ်ဘဲ တစ်ဆယ်သား အလေးချိန်ရှိသော ခဲသီးကို ကြိုးဖြင့် တပ်ကာ သစ်ပင်ထိပ်ဖျားသို့ ပစ်ရသည်။

““အ်္တရာယ်ကတော့ များတယ်။ ခဲသီးက ခေါင်းပေါ် ပြန်ကျ ရင် ခေါင်းကွဲနိုင်တယ်။ ခဲသီးက လေစူးအားကောင်းတယ်။ အခု က အသက်ကြီးလာတော့ မရတော့ဘူး။ မပစ်နိုင်တာ ငါးနှစ် ခြောက်နှစ်လောက်ပဲ ရှိဦးမယ်””ဟု သူက ဆိုသည်။

ကျီးကန်းသဘောသဘာဝကို နားထောင်ပြီး အသံကို လည်း လေ့ကျင့်ရ၏။

““အသံတုက ကိုယ့်ဘာသာကိုယ် ကျင့်ရတယ်။ အသံလေး နည်းနည်းလေးတူရင် ရတယ်။ သူတို့ဒုက်္ခရောက်တဲ့အသံ သူတို့ သဘောသဘာဝကို ကြည့်နေရင်းနဲ့ နားထောင်ရတယ်””ဟု သူ က ဆိုသည်။

ကျီးကန်းများသည် မျက်စိအလွန်လျင်ကာ အစာကို ခိုး တတ်ဝှက်တတ်သော သဘောရှိသည်။ တီကောင်နှင့် ကြွက်ငယ် များကို ရှာဖွေစားသောက်တတ်ပြီး မြို့ပြ ကျီးကန်းများသည် ဈေးများ အစားအသောက်ဆိုင်များတွင် ရှိသော အသားစ၊ ငါးစ များနှင့် စားကြွင်းစားကျန်များကို ထိုးသုတ်စားသောက်ကြသည်။ ဈေးဗန်းများပေါ်ရှိ အသားငါးများကိုလည်း လူလစ်ရင် ထိုးသုတ် တတ်သေးသည်။

ကျီးကန်းများ၏ သက်တမ်းသည် နှစ်နှစ်ဆယ်အထိ ရှင် သန်နိုင်သည်။ ကျီးကန်းမသည် သုံးနှစ်သားတွင်အရွယ်ရောက်ပြီး ကျီးကန်းဖိုက ငါးနှစ်သားတွင် အရွယ်ရောက်၏။ ကျီးကန်းများ သည် နှစ်စဉ် ဧပြီလတွင် မိတ်လိုက်ကြပြီး တစ်ခါ ဥလျှင် သုံးလေး လုံး ဥတတ်သည်။ ဥကနေ အကောင်ပေါက်ချိန်မှာ တစ်လခန့် ကြာမြင့်သည်။

 

ကျီးမုန်းတဲ့သူ

ကျီးကန်းဖမ်းသည့်အခါ သူတို့မှာ အခက်အခဲတစ်ခုလည်း ရှိသည်။ အဲ့သည်အခက်အခဲက ကျီးကန်းဖမ်းရခက်ခဲခြင်းမဟုတ်။ တစ်ခါတစ်ရံ ကျီးကန်းဖမ်းသည်ကို မကြိုက်သည့်သူများက သူများ အသက်သတ်သည်ဟုဆိုကာ လာရောက် ရန်တွေ့ပြော ဆိုမှုများပင်ဖြစ်သည်။

လွန်ခဲ့တဲ့ တစ်နှစ်ခွဲလောက်က ကြုံရသည့်အဖြစ်အပျက်ကို သူက ပြန်ပြောပြသည်။ ထို့နေ့က နံနက်ပိုင်း တာဝန်အရ ကျီး ကန်းဖမ်းနေစဉ် အသက် ၂၀ ကျော်အရွယ် ကောင်မလေးတစ် ယောက်က လာရောက်ရန်တွေ့ခဲ့သည်။ ထိုကောင်မလေးက         ““ဘာလုပ်နေတာလဲ၊ အခု သွား၊ ပိုက်တွေ အခုသိမ်း”” ဟု ဆိုပြီး သူတို့ကိုလည်း ဖုန်းနှင့် ဓာတ်ပုံတွေ ရိုက်သွားသည်ဟု ဦးစော စိုင်းမွန်က ပြန်ပြောပြ၏။

သူကတော့ တာဝန်အရလုပ်တာ၊ တိုင်ချင်တဲ့သူတိုင်ဟု ပြန်ပြောခဲ့သည်ဟုဆိုသည်။ အခြားသူများကလည်း သူတို့ ကျီး ကန်း ဖမ်းနေသည့်အနား မကြားတကြား လာရောက် အပြစ်တင် ပြော ဆိုတတ်ကြသည်ကို တစ်ခါတစ်ရံ ကြုံရသည်ဟု ဆိုသည်။

““သူတို့ပါးစပ်ရှိလို့ ပြောပါစေ စိတ်ထဲတော့ဘယ်လိုမှ မခံ စားရဘူး။ ကိုယ့်အလုပ်ကို လာမနှောင့်ယှက်ရင် ပြီးတာပဲ။ ကိုယ် ကလည်း သူများစီးပွားရေးကို သွားမဖျက်ဆီးဘူး။ လူသားချင်း အပေါ်မှာ မဟုတ်တာ မလုပ်ဘူး”” ဟု သူ ခံယူထားပုံကို ဦးစော စိုင်းမွန်က ပြောပြသည်။

ကျီးကန်းဖမ်းခြင်းကို လူအချို့က မနှစ်သက်သည့် နည်းတူ ကျီးကန်းများကလည်း ဦးစောစိုင်းမွန်တို့ကို ရန်သူလို သဘော ထားကြသည်။ ကျီးကန်းများက သူတို့ကိုဖမ်းဆီးသည့် ဦးစောစိုင်း မွန်တို့မိသားစုကို မှတ်ထားကြပြီး လစ်သည်နှင့် ရန်ပြုတတ် ကြသည်။ သူဆိုလျှင် မကြာခဏ ကျီးကန်းများ၏ ထိုးဆိတ်ခြင်းကို ခံရသည်။

တစ်ခါကဆိုလျှင် နေအိမ်မှ လမ်းထိပ်သို့ ဈေးဝယ်ထွက်စဉ် နောက်မှ ခဲနှင့်ပေါက်သလို သူ့ဦးခေါင်းမှာ ထုံကျဉ်သွားခဲ့သည်။ တစ်ယောက်ယောက် ခဲနှင့် ပေါက်သလား လှည့်ကြည့်တော့ မည်သူမျှမရှိ။ ကောင်းကင်ကိုကြည့်တော့မှ ကျီးကန်း တစ် ကောင်က သူ့ကိုကြည့်ပြီး အော်ဟစ်နေသည်ကို တွေ့လိုက်ရပြီး ကျီးကန်းထိုးဆိတ်သွားမှန်း သိလိုက်ရ၏။  

အဲသည်နေရာတွင် ကျီးကန်းအသိုက်လည်း ရှိနေသည်။ ကျီးကန်းက သူ့အသိုက်နား ကပ်မလာရန် ဦးစောစိုင်းမွန်ကို တိုက်ခိုက်မောင်းထုတ်ခြင်းပင် ဖြစ်သည်။ ထိုအချိန်က ကျီးကန်း များ အသိုက်ဆောက်သည့် မိတ်လိုက်ရာသီ ဧပြီလထဲမှာ ဖြစ် သည်။ ထိုရာသီရောက်ရင်တော့ ဦးစောစိုင်းမွန်တို့မိသားစု သတိ ထားနေရတော့သည်။

ကျီးကန်းသည် အတေးအမှတ်ကြီးသည့် သတ်္တဝါဖြစ်ပြီး သူတို့မိသားစုကို ဘယ်နေရာရောက်ရောက် မှတ်မိကြသည်ဟု ဦးစောစိုင်းမွန်က ဆိုသည်။

““ကျီးကန်းအဆိတ်ခံရတာ အကြိမ်ရေပေါင်းမနည်းဘူး။အသိုက်ဆောက်ပြီဆို ကန်တော်ကြီးနား ဖြတ်မလျှောက်နဲ့။ နောက်ကနေလိုက်အော်တာ သူတို့အသိုက်နဲ့ ဝေးတဲ့အထိ။ လစ် ရင် လူကို ချသွားတယ်””ဟု ဦးစောစိုင်းမွန်က ရယ်လျက် ပြော ပြ၏။

 

အပြစ်ရှိသလား

ဦးစောစိုင်းမွန်က ဝမ်းစာအတွက် ကျီးကန်းများ ဖမ်းဆီး နေသော်လည်း တစ်ခါတစ်ရံ အလှူဒါနလည်း ပြုတတ်၏။ သူ့ သမီး အကြီးဆုံးနေထိုင်သည့် ဗဟန်းမြို့နယ်ဘုန်းကြီးကျောင်း တစ်ခုထဲက မိဘမဲ့ကလေးငယ်များအား အဝတ်အစားများ၊ ကျောင်းစာအုပ်များ ဝယ်ပေးခြင်းဖြစ်သည်။  

““မရှိတဲ့ ကလေးတွေကို ကြည့်တယ်။ အဝတ်အစား နွမ်းတဲ့ သူတွေ သူတို့ကို ခေါ်သွားပြီး ဆိုင်တွေမှာ အဝတ်တွေ ဝယ်ပေး လိုက်တယ်”” ဟု သူက ဆိုသည်။  

သူ့ကို ပတ်ဝန်းကျင်က လူတွေမေးကြသည့် မေးခွန်းများ လည်း ရှိသည်။ သူများ အသက်သတ်သည့်အတွက် ငရဲကြီးမှာ၊ ဝဋ်လည်မှာ မကြောက်ဘူးလားဟူသည်။ သူကတော့ မိသားစု စားဝတ်နေရေးနှင့် တာဝန်အရ လုပ်ရသည့်အတွက် အပြစ်မရှိဟု ခံယူထား၏။

သူ ယုံကြည်လက်ခံထားသည့် အပြစ်ဆိုသည်ကိုလည်း ယခုကဲ့သို့ အဓိပ်္ပာယ်ဖွင့်၏။

““အဓိက လူသားအချင်းချင်းကို မလုပ်နဲ့။ အဲဒါ ပိုအပြစ် ကြီးတယ်””

 

အမျိုးအစား - ပုံရိပ်လွှာ

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."