စည်သူ
ရန်ကုန်-စက်တင်ဘာ ၁ (မော်ကွန်း)
နိုင်ငံတော်အကြည်ညိုပျက်စေမှုနဲ့ တရားစွဲဆိုခံထားရတဲ့ ဦးဌေးအောင်အမှုကို ခြောက်လအတွင်း အပြီးစစ်ဆေးမှာဖြစ်တယ်လို့ ရန်ကုန်အရှေ့ပိုင်းခရိုင်တရားရုံး တွဲဖက်ခရိုင်တရားသူကြီး က တရားခွင်မှာပြောပါတယ်။
ဦးဌေးအောင်ကို ပုဇွန်တောင်မြို့နယ် အုပ်ချုပ်ရေမှူး ဦးချမ်းငြိမ်းအောင် က တရားလိုပြုလုပ်ပြီး တရားစွဲဆိုခဲ့တာဖြစ်ပါတယ်။
ဩဂုတ် ၈ရက်က နိုင်ငံရေးပါတီများကိုဖိတ်ကြားပြီး Orchid Hotelမှာ ပြုလုပ်ခဲ့တဲ့ ရှင်းလင်းပွဲနဲ့ လှုမှုကွန်ရက်မှာတင်ထားတဲ့ ဗီဒီယိုမှာ ဦးဌေးအောင်က အဏာရပါတီဟာ အခြေခံဥပဒေကို ကျော်လွန်ပြီး နိုင်ငံခြားက အထောက်အပံ့ယူခဲ့တယ်ဆိုတာတွေနဲ့ တစ်ခြားအကြောင်းအရာတွေကို ဦးတည်တရားစွဲဆိုခဲ့တာဖြစ်ပါတယ်။
ဒီကနေ့ ရုံးချိန်းကို နိုင်ငံရေးပါတီအသီးသီးက မိုက်ကယ်ကျော်မြင့်၊ ဦးမျိုးညွန့် နဲ့ ဦးကျော်သူအောင်တို့ အပါအဝင် ၁၀ဦးလောက်က ဦးဌေးအောင်ကို လာရောက်ဝန်းရံခဲ့ပါတယ်။
“NLDပါတီနဲ့ ပါတီဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်တို့က ပြည်ပငွေတွေကို လက်ခံရယူထားတာ ဟုတ် မဟုတ်ဆိုတဲ့ အဖြေကို တတိုင်းပြည်လုံးက ပြည်သူတွေနဲ့ အတူ သိချင်လို့ လာရောက်ဝန်းရံတာဖြစ်တယ်”လို့ အခြေခံလူတန်းစား ဘဝ မြင့်မားရေးပါတီက မိုက်ကယ်ကျော်မြင့်က ပြောပါတယ်။
ဦးဌေးအောင်ဟာ လာမယ့်ရွေးကောက်ပွဲမှာ ကော့မှူးမြို့နယ်ကနေ တသီးပုဂ္ဂလ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ပြိုင်ဖို့ မှတ်ပုံတင်ထားပါတယ်။
Photo:U Htay Aung Facebook
#Dailynews