“အခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ရမယ်ဆိုတဲ့နေရာမှာ ဒီအခြေခံဥပဒေက နိုင်ငံတော်အတွက် ဆိုးကျိုးဖြစ်နေပြီဆိုရင် ဒါကို ကောင်းကျိုးဖြစ်ဖို့ ပြုပြင်ရမှာက စောင့်ရှောက်သူရဲ့ တာဝန်မဟုတ်ဘူးလား”

“အခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ရမယ်ဆိုတဲ့နေရာမှာ ဒီအခြေခံဥပဒေက နိုင်ငံတော်အတွက် ဆိုးကျိုးဖြစ်နေပြီဆိုရင် ဒါကို ကောင်းကျိုးဖြစ်ဖို့ ပြုပြင်ရမှာက စောင့်ရှောက်သူရဲ့ တာဝန်မဟုတ်ဘူးလား”

မော်ကွန်းမဂ္ဂဇင်း အမှတ် ၆၈ မှ အင်တာဗျူးဖြစ်ပါသည်။

“အခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ရမယ်ဆိုတဲ့နေရာမှာ ဒီအခြေခံဥပဒေက နိုင်ငံတော်အတွက် ဆိုးကျိုးဖြစ်နေပြီဆိုရင် ဒါကို ကောင်းကျိုးဖြစ်ဖို့ ပြုပြင်ရမှာက စောင့်ရှောက်သူရဲ့ တာဝန်မဟုတ်ဘူးလား”

ဦးစိုင်းညွန့်လွင်

ဒုတိယဥက္ကဋ္ဌ ၁

ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်(SNLD)

ကျော်ဇေယျ မေးသည်။

ပြီးခဲ့တဲ့လပိုင်းအတွင်း မြန်မာ့နိုင်ငံရေးရဲ့အဓိကအကျပ်အတည်းဖြစ်နေတဲ့ ၂၀ဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ဖို့ ပြည်ထောင်စုလွှတ်တော်မှာ စတင်ခဲ့ကြပါတယ်။ တပ်မတော်အစိုးရက ဆယ်စုနှစ်နဲ့ချီ အချိန်ယူရေးဆွဲခဲ့ပြီး တပ်မတော်ခွင့်ပြုချက်မပါဘဲ အဓိကကျတဲ့ပုဒ်မတွေကို ပြင်ဆင်ခွင့်မရအောင်လုပ်ထားတဲ့ ဒီအခြေခံဥပဒေကို တိုင်းရင်းသားပါတီတွေအပါအဝင် လက်ရှိအာဏာရပါတီဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က သူတို့အနိုင်ရခဲ့တဲ့ ၂၀၁၅ ရွေး ကောက်ပွဲကာလကတည်းက ပြင်ဆင်ဖို့ ကြွေးကြော်ခဲ့တာပါ။ အစုအဖွဲ့အသီးသီးက အကြံပြုချက်အမျိုးမျိုး ပေးခဲ့ကြပေမယ့် ဒီအခြေခံဥပဒေကို ပြင်ဆင်နိုင်ဖို့က မလွယ်ကူဘူးလို့လည်း သုံးသပ်မှုတွေရှိပါတယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ဖို့ အကြံပြုချက်ပေးကြတဲ့ အစုအဖွဲ့အသီးသီးအနက် အများဆုံးအကြံပြုချက် ပေးပို့ခဲ့တဲ့ အင်အားကြီးတိုင်းရင်းသားပါတီတစ်ခုဖြစ်တဲ့ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်(SNLD)ရဲ့ လက်ရှိဖွဲ့စည်းပုံပြင်ဆင်ရေးလမ်းကြောင်းအပေါ် အမြင်တချို့ကို မော်ကွန်းကဆက်သွယ် မေးမြန်းခဲ့ပါတယ်။ အဆိုပါမေးမြန်းချက်တွေထဲက တချို့ကိုကောက်နုတ်ဖော်ပြလိုက်ပါတယ်။

မော်ကွန်း။  ။ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ဖို့ လွှတ်တော်မှာ အစီရင်ခံစာထွက်လာလို့ ဆွေးနွေးခဲ့ကြပါပြီ။ ဒီဟာက အရှေ့ကိုဆက်ပြီး ရွေ့နိုင်သေးသလား။ အောင်မြင်နိုင်မယ့်အနေအထား တွေကဘယ်လိုအခြေအနေတွေအပေါ် မူတည်ပါသလဲ။

ဦးစိုင်းညွန့်လွင်။  ။ တကယ်တော့ ၄၅ ဦးနဲ့ ဖွဲ့ထားတဲ့ ကော်မတီကနေ တင်သွင်းတဲ့ ၂၀ဝ၈  အခြေခံဥပဒေ ပြင်ဆင်ရေး အဆိုပြုမူတွေဆိုတာ မပြင်နိုင်မှန်းသိနေလျက်ကနေ မိမိတို့ရဲ့ သဘောထားတွေကို တင်ပြခဲ့ကြရတဲ့ အခြေအနေသာ ဖြစ်ပါတယ်။   ရွေးကောက်ခံကိုယ်စားလှယ်တွေနဲ့ တပ်မတော်သား ကိုယ်စားလှယ်တွေ သဘောတူညီမှုမရသရွေ့၊ ဘယ်လိုမှမပြင်နိုင်ဘူးဆိုတာ အားလုံးသိပြီးသား ဖြစ်ပါတယ်။ ဘာကြောင့် ဒါကို လျစ်လျူရှုထားသလဲတော့ ကျွန်တော်မသိပါဘူး။ အောင်မြင်နိုင်ဖို့ကတော့ နည်းလမ်းတစ်ခုပဲ ရှိပါတယ်။ အဲဒါကတော့ ခေါင်းဆောင်အချင်းချင်း တွေ့ဆုံပြီး  ဆွေးနွေးလို့ သဘောတူညီချက်ရခဲ့ရင် ဒါက အဖြေဖြစ်နိုင်ပါတယ်။  အောင်မြင်နိုင်ဖို့က ဒီတစ်နည်းပဲ ရှိတယ် လို့ ကျွန်တော်ထင်ပါတယ်။

မော်ကွန်း။  ။ ဒီဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးကိစ္စဟာ ဒီ လွှတ်တော်သက်တမ်းအတွင်း ဖြစ်လာဖို့ ရှိသလား။ တချို့ကပြောကြတယ်။ တပ်မတော်နဲ့သာ ကြိုတင်သဘောတူညီချက်၊ နားလည်မှုတွေ ယူမထားခဲ့ရင် ဒီလှုပ်ရှားမှုက အချည်းနှီးပဲ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ရွေးကောက်ပွဲ ကတိကဝတ်ဖြည့် ဆည်းရာ နိုင်ငံရေးလှုပ်ရှားမှုတစ်ခုပဲလို့ သုံးသပ်ကြတယ်။ ဆရာ့ အနေနဲ့ဘယ်လို မြင်ပါသလဲ။ တပ်မတော်က ကော်မတီမှာလည်း မဆွေးနွေးသလို လွှတ်တော်မှာလည်း မဆွေးနွေးဘူးလေ။

ဦးစိုင်းညွန့်လွင်။ ။ ဒီလွှတ်တော် သက်တမ်းအတွင်း ဖြစ်ဖို့ဆိုတာ လုံးဝမဖြစ်နိုင်ပါဘူး။ အခုလုပ်နေတဲ့ ပြင်ဆင်ရေးက မဖြစ်နိုင် မှန်းသိလျက်နဲ့ ဟန်ပြလုပ်တဲ့ ပြင်ဆင်ရေးပဲ ဖြစ်ပါတယ်။ နောက်ထပ် နီးလာတဲ့ ရွေးကောက်ပွဲမှာ ၂၀၁၅ တုန်းက ပြောခဲ့ တဲ့ ကတိတွေအတိုင်း လုပ်ဆောင်ခဲ့တယ် ဆိုတာကိုပဲ (အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့) သက်သေပြဖို့ လုပ်တဲ့ အလုပ်လို့ ကျွန်တော်မြင်ပါတယ်။ ဒီလို အချက်အလက်တွေကို တပ်မတော် ဘက်က သိမြင်သွားလို့ ဝင်ရောက်ဆွေးနွေးတာတွေကိုတောင် မလုပ်ခဲ့တာလို့ ကျွန်တော်တော့ မြင်မိပါတယ်။

mawkun-68-interview-jpg

ထူးခြားတာကတော့ ပါတီတစ်ခုချင်းရဲ့ ဒီမိုကရေစီစနစ် အပေါ် အမြင်တွေ၊ ဖက်ဒရယ်မူတွေ အပေါ်မှာထားတဲ့ အမြင်တွေ ကို သိမြင်ခွင့်ရလိုက်တာပါပဲ။  တစ်နည်းပြောရရင် အရင်တုန်းက ပြောခဲ့တာတွေနဲ့ အခု လက်တွေ့ထုတ်ဖော် တင်ပြတာတွေက မတူတာကို လက်တွေ့မှာ အတော်ကို သိရှိသွားခဲ့ကြတယ်။

မော်ကွန်း။ ။ SNLD ပါတီက အခြေခံဥပဒေပြင်ဆင်ဖို့ အများ ဆုံးအဆိုပြုချက်တွေ ပေးပို့ထားတယ်။ အခြေခံမူမှာဆိုရင် ဆရာတို့က ၈ ပြည်နယ်မူကို တစ်ခုတည်းသောအဆိုပြုတဲ့ ပါတီ ဖြစ်တာကို တွေ့ရတယ်။ ဘာကြောင့် ဒီလို ပြင်ဆင်ဖို့ လိုတာလဲ။

ဦးစိုင်းညွန့်လွင်။ ။ စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စုကို အမှန် တကယ် တည်ဆောက်ဖို့  စိတ်ဆန္ဒရှိခဲ့ရင် အခု SNLD က တင် ပြခဲ့တဲ့ အချက်တွေဟာ အံ့ဩစရာ ဘာမှမရှိပါဘူး။  အမှန်တရား အတွက် ယုံကြည်မှုကို စွဲစွဲမြဲမြဲ အခုထိ လက်ကိုင်ထားဆဲက SNLD ပဲဖြစ်ပါတယ်။  အကျိုးစီးပွားတစ်ခုခုကြောင့်တော့ ဒါကို စွန့်လွှတ်ဖို့ မရှိပါဘူး။  ဒါပေမဲ့ အစွန်းရောက်တော့ မဟုတ်ပါဘူး ဆိုတာ ရှင်းရှင်းလင်းလင်း သိစေချင်ပါတယ်။  ဒီထက်ကောင်းတဲ့၊ တော်တည့်မှန်ကန်တဲ့ အဆိုပြုချက်တွေ ရှိခဲ့ရင်လည်း  မှန်ကန်မယ်၊ အားလုံးအတွက် အကျိုးရှိစေမယ်ဆိုရင် ကျွန်တော်တို့ဘက် က  ထည့်သွင်းစဉ်းစားမယ်ဆိုတာ ဟိုးအရင်ကတည်းက ပြော ထားပြီးသားပါ။ ကျွန်တော်တို့ဟာ ခေါင်းမာသူတွေ၊ တစ်ဖက်စွန်း ရောက်သူတွေ မဟုတ်ပါဘူး။  ကျွန်တော်တို့အမြင်မှာက သမိုင်း ပေးတာဝန်တွေနဲ့လည်း မလွတ်ကင်းရလေအောင် ရပ်တည်ဖို့ လိုကို လိုပါတယ်။ ဘာကြောင့်လဲဆိုတော့ ပြည်မဘက်က၊ တကယ်ဆို ပြည်မလည်း မရှိတော့ပါဘူး၊ ဘာဖြစ်ချင်တာလဲ ဆိုတာ အခုထက်ထိ နှစ်ပေါင်း၊ ဆယ်စုပေါင်း အတော်များများ အထိ ဆုံးဖြတ်ဖို့ နေနေသာသာ ဆွေးနွေးနိုင်ကြတဲ့ အဆင့်တစ်ခု ကိုတောင် အခုထိ မရောက်သေးဘူးလို့ ပြောရင် ငြင်းဆန်နိုင် မလားဗျာ။

မော်ကွန်း။ ။ လက်ရှိ အာဏာရပါတီက လွှတ်တော်တွင်း တပ်မ တော်ရဲ့ အခန်းကဏ္ဍကို သက်တမ်းအလိုက် အရစ်ကျလျှော့ချ သွားဖို့ အဆိုပြုချိန်မှာ SNLD အပါအဝင် တိုင်းရင်းသားပါတီ တွေက အပြီးထုတ်ပယ်ဖို့ အဆိုပြုထားတယ်။ ဒီလို ဘာကြောင့် အဆိုပြုရသလဲ။ ပြီးတော့ အဆိုပြုထားတာဟာ အကောင် အထည် ပေါ်လာနိုင်ပါ့မလား။

ဦးစိုင်းညွန့်လွင်။ ။ အကောင်အထည် ဖော်နိုင်လား၊ မဖော်နိုင်လား တော့ ကျွန်တော် မသိပါဘူး။  အခု ကျွန်တော်တို့ အဆိုပြုခဲ့တဲ့ တပ်မတော်နဲ့ သက်ဆိုင်တဲ့ အဆိုပြုချက်တွေဟာ အရင်တုန်းက အာဏာမရခင်အထိ SNLD ရပ်တည်ခဲ့တဲ့ မူဝါဒလို့ ကျွန်တော် ထင်ပါတယ်။ မမှားဘူးဆိုရင်ပေါ့။ အခုမှ အာဏာလည်းရရော၊ မပြောမဆို ပြောင်းလဲလိုက်တော့ ကျွန်တော်တို့နဲ့ မတူဘဲ ကွဲပြား သွားရတာ ဖြစ်တယ်လို့ မြင်မိပါတယ်။  ဟိုးအရင်တုန်းက အထု အရိုက်ခံပြီး ရပ်တည်ခဲ့ကြတာပါ။ အခုလို အာဏာရလာတဲ့အခါ ကျမှ ဘယ်လို ပြောင်းသွားသလဲ ကျွန်တော်တို့ မသိလိုက်ကြပါ ဘူး။ ကျွန်တော်တို့ကတော့ ဟိုးအရင်ကအတိုင်းပဲ အခုထိ ရပ် တည်ခဲ့လို့ ကွဲပြားကုန်ကြတယ်လို့ ယူဆမိပါတယ်၊ ထင်မြင်မိပါတယ်။

ကိုယ်အာဏာရရုံသက်သက် မဟုတ်ဘဲ  စစ်မှန်တဲ့ ဖက် ဒရယ် ဒီမိုကရေစီ နိုင်ငံတစ်ခု ဖြစ်ဖို့  အမှန်တကယ် ရည်ရွယ်တယ် ဆိုရင် နိုင်ငံရေးကနေ တပ်မတော်ဆုတ်ခွာဖို့ကို ရိုးရိုးသားသား ပြောရဲနေရမယ်လို့ ခံယူပါတယ်။  အကောင်အထည်ဖော်ဖို့ကိစ္စ လွယ်ကူချောမောဖို့ဆိုပြီး တစ်ဆင့်ချင်းလျှော့ဖို့ စဉ်းစားချက်က လည်း သာမန်အားဖြင့် ပျော့ပျောင်းတယ်လို့ ဆိုပေမယ့် လက် တွေ့ မှာ မဖြစ်နိုင်ပါဘူး။  ငါးရာခိုင်နှုန်း လျော့တယ်ဆိုရင်ပဲ လွှတ် တော်ထဲမှာ တပ်မတော်ရဲ့ ထိန်းချုပ်နိုင်စွမ်းက အရမ်းအားနည်း သွားမှာမို့  တပ်မတော်ဘက်က လက်ခံနိုင်မယ်လို့ ယူဆနိုင်မလားဗျာ။

မော်ကွန်း။  ။ အခြေခံမူမှာပါတဲ့ တပ်မတော်က ဖွဲ့စည်းပုံအခြေခံဥပဒေကိုကာကွယ်စောင့်ရှောက်သည်ဆိုတဲ့ ပုဒ်မကိုလည်း ဆရာ တို့ ပါတီနဲ့ SNLD က ပယ်ဖျက်ပစ်ထားတာ တွေ့ရတယ်။ ဘာ ကြောင့် ဒီလို အကြံပြုခဲ့တာလဲ။ ဒီလို ပယ်ဖျက်ဖို့ အကြံပြုထား တာကို ဘယ်လို နားလည်ကြဖို့ လိုသလဲ။

ဦးစိုင်းညွန့်လွင်။ ။ ဟိုးအရင် ၁၉၉၃ အမျိုးသားညီလာခံကတည်း က ကျွန်တော်တို့ တင်ပြခဲ့တဲ့ မူ ရှိပါတယ်။  နိုင်ငံတော်ကို ကာ ကွယ်စောင့်ရှောက်ဖို့၊ ကာကွယ်ရေးတာဝန်ကို ထမ်းဆောင်ဖို့ ဆိုရင် တပ်မတော်တစ်ခုတည်းရဲ့ တာဝန် မဟုတ်ဘူးလို့ ကျွန် တော်တို့ တင်ပြခဲ့ဖူးပါတယ်။  နိုင်ငံတော်ကို ပြည်ပရန်က ကာ ကွယ်ဖို့ဆိုတာ ကျွန်တော်တို့ ပြည်သူအားလုံးက တာဝန်ရှိတယ်။ ပူးတွဲတာဝန်ယူဖို့လိုတယ်လို့ဆိုတဲ့ အမြင်တွေကို တင်ပြခဲ့ဖူးပါ တယ်။  အခုထိလည်း တိုင်းပြည်ကာကွယ်ရေးတာဝန်ဆိုတာကို တပ်မတော်တစ်ခုတည်းက တာဝန်ရှိပြီး ကျန်နေတဲ့ ပြည်သူတွေ က တာဝန်မရှိသလို ဖြစ်နေတာမျိုးကို ကျွန်တော်တို့က မဖြစ်နိုင် ဘူးလို့ မြင်ပါမိတယ်။  ပြည်ပရန် ကာကွယ်ဖို့ဆိုရင် တပ်မတော် တစ်ခုတည်းရဲ့ တာဝန်ဖြစ်တယ်ဆိုရင် တပ်မတော်အပေါ် ကျွန် တော်တို့ဘက်က တရားမျှတမှာ မဟုတ်ပါဘူး။ ပြည်သူလူထုကိုယ် တိုင်ကလည်း အဲဒီတာဝန်ကို ပူးပေါင်းတာဝန်ယူသင့်တယ်လို့ ခံယူထားပါတယ်။

ဒီနေရာမှာ ပြန်ပြီး မေးချင်တဲ့ မေးခွန်းတစ်ခု ရှိပါတယ်။  တပ်မတော်အနေနဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ကာကွယ်စောင့် ရှောက်သည် ဆိုတဲ့ စကားပါ။  ကျွန်တော်တို့ရဲ့ သားသမီးတွေကို ကာကွယ်စောင့်ရှောက်တဲ့အခါ မကောင်းတာကို ရှောင်စေပြီး ကောင်းရာကို ညွှန်ပြ ဖြစ်ဖို့ ကျင့်ကြံကြရတယ်ဗျာ။  အခြေခံ ဥပဒေကို ကာကွယ်စောင့်ရှောက်ရမယ်ဆိုတဲ့နေရာမှာ ဒီ အခြေခံဥပဒေက နိုင်ငံတော်အတွက် ဆိုးကျိုးဖြစ်နေပြီဆိုရင် ဒါကို ကောင်းကျိုးဖြစ်ဖို့ ပြုပြင်ရမှာက စောင့်ရှောက်သူ ရဲ့ တာ ဝန် မဟုတ်ဘူးလား။  ကာကွယ်စောင့်ရှောက်တယ်ဆိုတာ မကောင်းရင် ကောင်းအောင် ပြုပြင်ပေးရမယ်။ ကောင်းနေရင် လည်း ဆက်လက်တည်တံ့အောင် စောင့်ရှောက်ရမယ်လို့ ကျွန် တော် မြင်ပါတယ်။  ဒါကြီးကိုပဲ ကောင်းကောင်း၊ မကောင်း ကောင်း ပုံသေနည်းနဲ့ အခုအတိုင်းပဲ အမြဲရှိရမယ်ဆိုတဲ့ အမြင်နဲ့ စောင့်ရှောက်တယ်ဆိုရင်  မှန်မယ်လို့ ခင်ဗျားအနေနဲ့ရော ထင် မြင်မလားဗျာ။

မော်ကွန်း။ ။ အခု လွှတ်တော်တွင်းက ဖွဲ့စည်းပုံပြင်ဆင်ရေးအကြံ ပြုချက်တွေ ဖတ်ကြည့်တော့ သတိထားမိတာတစ်ခုက ကျင်းပ နေတဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံက ဆွေးနွေးနေတဲ့ နိုင်ငံရေးလမ်းကြောင်းတွေနဲ့ အယူအဆတွေနဲ့  တချို့ အစုအဖွဲ့ တွေရဲ့ အကြံပြုချက်တွေက အံမဝင်၊ လွဲချော်သလိုဖြစ်နေတာ တွေ့ရတယ်။ ဒါက လက်ရှိ ဖော်ဆောင်နေတဲ့ ငြိမ်းချမ်းရေးလုပ် ငန်းစဉ်နဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေးကိစ္စဟာ မဆက်စပ်၊ မသက်ဆိုင် ဘူးဆိုတဲ့ သဘောမျိုးလား။ ငြိမ်းချမ်းရေးဖြစ်စဉ်နဲ့ လွှတ်တော် တွင်းက ဖွဲ့စည်းပုံပြင်ဆင်ရေး ဘယ်လို ချိတ်ဆက်သင့်တယ်လို့ ဆရာအနေနဲ့ ထင်မြင်ပါသလဲ။

ဦးစိုင်းညွန့်လွင်။ ။ ဖွဲ့စည်းပုံပြင်ဆင်ရေးဆိုတာက လက်ရှိ နိုင်ငံ ရေးအသိုင်းအဝိုင်းအားလုံးရဲ့ တာဝန်ပါ။ ဒါကို မပြုပြင် မပြောင်း လဲအောင် ကာကွယ်စောင့်ရှောက်ရမယ်ဆိုတာက ဖွဲ့စည်းပုံ အခြေခံဥပဒေထဲမှာ ဖော်ပြထားတဲ့ အဖွဲ့အစည်းရဲ့ တာဝန်ဖြစ်ပါ တယ်လို့ ဆိုပါတယ်။  အဲဒီလို အခြေအနေမှာ နိုင်ငံရေး အသိုင်း အဝိုင်းထဲမှာ  လွှတ်တော်တွင်း ပြင်ဆင်ရေးဆိုတာနဲ့ လွှတ်တော် ပြင်ပ ပြင်ဆင်ရေးဆိုပြီး ကွဲပြားခဲ့တယ်။  လွှတ်တော်တွင်း ပြင် ဆင်ရေးဆိုတာက ၂၀ဝ၈ အခြေခံဥပဒေသတ်မှတ်ချက်အတိုင်း အဲဒီ ဥခွံအထဲမှာ ပြင်ဆင်ဖို့ဆိုတာ လုံးဝ မဖြစ်နိုင်ဘူးဆိုတာ အား လုံးက သိကြပါတယ်။

ဒါကြောင့် အစိုးရသစ်အနေနဲ့ လွှတ်တော်ပြင်ပမှာ ပြင်ဆင် မှ ဖြစ်နိုင်မယ်လို့ လက်ခံခဲ့တယ်လို့ ထင်မိပါတယ်။ ဒါကြောင့် လည်း သမ္မတဦးသိန်းစိန် လုပ်ခဲ့တဲ့ ငြိမ်းချမ်းရေး ညီလာခံကို နာ မည်ပြောင်းရုံပြောင်းပြီး ၂၁ ရာစု ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ဆိုပြီး အသစ်တဖန် ပြန်စခဲ့တယ်။

mawkun-68-interview-jpg

တကယ်တော့ ဒီကြိုးစားချက်တွေက လွှတ်တော်ပြင်ပက နေ နိုင်ငံရေးသဘောတူညီချက်တွေကို ရအောင် ကြိုးစားချက်ပဲ ဖြစ်ပါတယ်။ လမ်းကြောင်းမှန်တယ်လို့ ကျွန်တော် မြင်ပါတယ်။ တုံ့ဆိုင်းနေတာကတော့ တစ်မျိုး စဉ်းစားရမှာပေါ့။   အခုလုပ်နေ တဲ့ အခြေခံဥပဒေပြင်ဆင်ရေးဆိုတာ ဟန်ပြလို့ပဲ ကျွန်တော် မြင်ပါတယ်။ လွှတ်တော်တွင်းမှာ တပ်မတော်နဲ့ သဘောတူညီချက် တစ်ခုမှ မရှိဘဲ ပြင်ဆင်ဖို့ မဖြစ်နိုင်ပါဘူး။ ဒါကို အားလုံးက သိ နေကြတာပဲ။ အခု အဆိုပြု တင်ပြခဲ့တဲ့ အချက်ပေါင်း ၃ç၇၀ဝ ကျော် ဆိုတာက အခြေခံဥပဒေထဲက ဥပဒေပုဒ်မတွေကို မူတည် ပြီး ဆွေးနွေးခဲ့ကြတာပါ။  ပြင်လို့မရအောင် လုပ်ထားတဲ့ အခြေခံ ဥပဒေ ခွင်ထဲကနေ ဆွေးနွေးနေတာပါ။  အဓိက ကတော့ ၂၀ဝ၈ အခြေခံဥပဒေခွင်အတွင်းက ဆွေးနွေးနေတာ ဖြစ်ပါတယ်။  ဒါ ကြောင့် (ပြင်ဆင်ဖို့အကြံပြုချက်တွေ) များနေတယ်လို့ ပြောနိုင် တာပါ။  တကယ်တော့ ၂၀၁၀-၂၀၁၅  အစိုးရတုန်းက အဆိုပြုခဲ့တဲ့ အခြေခံဥပဒေ ပြင်ဆင်ရေး အဆိုပြုချက်တွေက သောင်းဂဏန်း အထိ ရှိခဲ့တာပါ။  အခုထက် ပိုများပါတယ်။

အခု ဆွေးနွေးတင်ပြခဲ့တာတွေ အားလုံးဟာ  ၂၀ဝ၈ အခြေခံဥပဒေထဲက ပုဒ်မတွေကိုပဲ ဆွေးနွေးခဲ့ကြတာပါ။ တကယ် ဆိုရင် နိုင်ငံရေးဆွေးနွေးမှု၊ နိုင်ငံရေး သဘောတူညီမှု တစ်ခုမှ မပါတာကို သတိပြုဖို့ လိုပါတယ်။ အခြေခံဥပဒေဆိုတာ နိုင်ငံရေး သဘောတူညီချက်ကနေ ပေါက်ဖွားလာရတာ ဖြစ်ပါတယ်။  ဥပဒေအချက်အလက်တွေ ဆိုတာလည်း နိုင်ငံရေးသဘောတူညီ ချက်တွေ အပေါ်မှာပဲ ရေးသားရတဲ့ စာသားတွေ ဖြစ်ပါတယ်။  နိုင်ငံရေးသဘောတူညီချက် တစ်ခုမှ မရှိဘဲ ဥပဒေတွေကို သွား ပြင်နေတာဟာ အချိန်ကုန်၊ လူပန်း အကျိုး မရှိပါဘူး။  နိုင်ငံရေး လှုပ်ရှားမှုတစ်ခုအတွက်ပဲ သက်သက်လုပ်တယ်ဆိုရင်တော့ လည်း ကျွန်တော် မပြောတတ်တော့ပါဘူး။

မော်ကွန်း။ ။ ထိရောက်၊ ခရီးပေါက်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးတစ်ခုဖြစ်လာဖို့ဆိုရင် အရှေ့မှာ ဘယ်လို ညှိနှိုင်း၊ သဘောတူညီမှုတွေ လုပ်ဆောင်ကြရမလဲ။ ဆရာတို့အနေနဲ့ရော အခုအခြေအနေတွေအပေါ် ဘယ်လောက်အထိ မျှော်လင့်သလဲ။

ဦးစိုင်းညွန့်လွင်။ ။ လုပ်ရင်းကိုင်ရင်း စစ်ဘောင်က တဖြည်းဖြည်း ကျယ်လာပြီး နိုင်ငံရေးဘောင်က တဖြည်းဖြည်း ကျဉ်းလာနေ တယ်။ ဖွဲ့စည်းပုံနဲ့ ပတ်သက်ပြီး အဆင်ပြေနိုင်တဲ့ နည်းလမ်းက တစ်ခုတည်းပဲ ရှိပါတယ်။  ဒါကတော့ နိုင်ငံရေး ဆွေးနွေးမှုကနေ နိုင်ငံရေးသဘောတူညီချက်တွေ ရရှိစေဖို့ပဲ ဖြစ်ပါတယ်။   အား လုံး အများစု သဘောမတူဘဲနဲ့တော့  ငြိမ်းချမ်းရေးရဖို့  မျှော်လင့် လို့ မရနိုင်ပါဘူး။   အခု အခြေအနေက ဖွဲ့စည်းပုံသဘောတူညီချက် တစ်မျိုးတည်းနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးလုပ်ငန်းကို ကုစားလို့ ရပါတော့မလား ဆိုတာကို သံသယတောင် ဖြစ်လာမိ တယ်။ စိတ်မကောင်းစရာပဲလို့ တွေးနေမိတယ်။

မော်ကွန်း။ ။ တပ်မတော် မထောက်ခံဘဲ ပြင်ဆင်ခွင့်မရအောင် အခန်း ၁၂ မှာ ကန့်သတ်ထားတဲ့ ပုဒ်မတွေထဲက ပုဒ်မငါးခုကို ဒီ တစ်ခေါက်မှာ တို့ထိပြင်ဆင်ခွင့် ပေးခဲ့မယ်လို့ သဘောထားပါ တော့။ တိုင်းရင်းသားပါတီတစ်ခုဖြစ်တဲ့ ဆရာတို့ ပါတီအနေနဲ့ ဘယ်လို ပုဒ်မတွေကို အဓိက ဦးစားပေး ပြင်ဆင်ချင်ပါသလဲ။

ဦးစိုင်းညွန့်လွင်။ ။ ဒီလို စိတ်ကူးယဉ် မေးခွန်းမျိုးကို ကျွန်တော် မဖြေချင်ပါဘူး (ရယ်လျက်)။  အန္တရာယ်များပြီး အကျိုးမရှိပါဘူး။  အန္တရာယ်များပေမယ့် လက်တွေ့အကျိုးရှိမယ်ဆိုရင်ဖြင့်  နိုင်ငံ ရေးသမား တစ်ယောက်အနေနဲ့ကတော့ စွန့်စားပြီးဖြေပေးမှာပါ။ စိတ်ကူးယဉ်သက်သက်ကိုတော့ ဘာမှ မပြောတာ အကောင်းဆုံး ပါပဲ။


#mawkun #magazine #interview #no68 #chronicle


 

အမျိုးအစား - အင်တာဗျူး

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."