၂ဝ၁၉၊ ဇွန်လထုတ် မော်ကွန်းမဂ္ဂဇင်း အမှတ်(၆၆)မှ Poem ဖြစ်ပါသည်။
မင်းထက်မောင် ရေးသည်။
အိုဘယ့်… မိုး
အုံ့မှိုင်းဖွဲ့ဆင်
တိမ်ညိုရှင်
ရွာမယ် ပြင်လား မပြင်လား။
ဝေါခနဲပင်
မိုးရွာလျှင်
တို့ရင် ငြိမ်းအံ့ ဝမ်းသာအံ့။
မိုးရွာပါက
လယ်ထဲက
တေးလွချိုသီ ကြားပါမည်။
မိုးရွာပါမှ
ထွန်ရေးပြ
အလှပန်းချီ တွေ့ပါမည်။
မိုးရွာပါမှ
မိုးစေ့ချ
ဘဝရှင်သန်ရပါမည်။
အို… တို့လောကထဲ
မိုးရွာကျဲ
စိန်ခဲ ရွှေခဲ ပတ္တမြားခဲ။
အကယ်၍သာ
မိုးမရွာ
တို့မှာ ဝမ်းနည်း ပူဆွေးမြဲ။
အုံ့မှိုင်းဖွဲ့ဆင်
တိမ်ညိုရှင်
ရွာမယ် ပြင်လား မပြင်လား။
Office : 
မော်ကွန်းမဂ္ဂဇင်း
အမှတ်(၁၂၁)၊တတိယထပ်၊ အနော်ရထာလမ်းနှင့် ၄၉ လမ်းထောင့်၊
ပုဇွနေ်တာင်မြို့နယ် ရန်ကုန်မြို့။
ဖုန်း- ဝ၉၃၁၃၄ဝ၂၃၉ ၊ ဝ၉၇၉ ၁၆၆၃ဝ၆၅ ။
Website: http://www.mawkun.com
E-mail: mawkunmagazine@gmail.com