အာတီးယားဆောင်

အာတီးယားဆောင်

၂ဝ၁၈၊ စက်တင်ဘာ၊ အောက်တိုဘာလထုတ် မော်ကွန်းမဂ္ဂဇင်း အမှတ်(၅၈)မှ Essay ဖြစ်ပါသည်။

စက်တင်ဘာ ၂ဝ၁၈

ညဘက်တွင်အိပ်ရန်နေရာရှိပြီး နေ့ခင်းတွင် ချက်ပြုတ်စားသောက် ရန် မီးဖို၊ ဧည့်သည်အပေါင်းအသင်းလာလျှင် ဧည့်ခံစရာ နေရာထိုင် ခင်း အနည်းအကျဉ်းရှိသည့်နေရာကို အိမ်ဟု ခေါ်ကြေးဆိုလျှင် ရန် ကုန်မြို့၊ လှည်းတန်းရပ်ရှိ အိပ်ခန်းလေးတစ်ခန်းသည် ကျွန်မအတွက် ဒုတိယအိမ် ဖြစ်ခဲ့ဖူးသည်။

 ၁ဝ ပေပတ်လည် ခန့် ကျယ်နိုင်သည့် ထိုအိပ်ခန်းကျဉ်း လေးသည် အိမ်ကြီး တစ်အိမ်၏ အစိတ် အပိုင်းတစ်ခု ဖြစ်သည်။ ထိုအိမ်ကြီးသည် အိပ် ခန်း ကျဉ်းလေးပေါင်းများ စွာဖြင့် ဖွဲ့စည်းတည် ဆောက်ထားသော အိမ်ဖြစ် သည်။ ကျွန်မကဲ့သို့ပင် ဇာတိ မြေကို စွန့်ခွာလာသူများကို အမိုး၊ အကာ၊ ကျောခင်းစရာ ပေးထားသည့် ထိုအိမ်သည် နှစ် ထပ်အဆောက်အအုံတစ်ခု ဖြစ် သည်။ အာတီးယားလမ်းထဲတွင် ရှိ၍ ကျွန်မတို့က အာတီးယား ဆောင်ဟု ခေါ်သည်။

ကျွန်မနေထိုင်သည့် ၁ဝ ပေ ပတ်လည် အခန်းလေးထဲတွင် ခုတင် နှစ်လုံးရှိသည်။ ထိုခုတင်နှစ်လုံးကြားထဲ တွင် စားပွဲခုံတစ်ခုံရှိသည်။ ထိုစားပွဲခုံ ကြီးသည် ကျွန်မ၏ စာရေးစားပွဲဖြစ် သည်။  ကျွန်မနှင့် တစ်ခန်းတည်းနေထိုင် သည့် မိန်းကလေး၏ အလှအပ အသုံး အဆောင်များ၊ စာအုပ်စာတမ်းများ တင် သည့် စားပွဲလည်း ဖြစ်သည်။ ထိုစားပွဲခုံမြင့် အောက်တွင် ကျွန်မတို့၏ ခရီးဆောင်အိတ်များ၊ သေတ္တာများကို ထားသည်။ ခုတင်အောက်တွင် လည်း အိုးခွက်ပန်းကန်များနှင့် ပစ္စည်းအပိုများက နေရာယူထားသည်။ ထိုအခန်းကလေးကို သူနှင့် ကျွန်မ တစ်ဝက်စီ ပိုင်ကြသည်။

ခုတင်ခြေရင်းတွင် နှစ်ပေပတ်လည်ခန့်ရှိမည့် စားပွဲခုံလေး ရှိသည်။ အခန်းဖော် တစ်ခုံ၊ ကျွန်မ တစ်ခံုံ ပိုင်သည်။ လျှပ်စစ်မီးသုံးခွင့်ပေးထားသဖြင့် ခုတင်ခြေ ရင်းရှိ ထိုစားပွဲခုံလေးများပေါ်တွင် ချက်ပြုတ်စား သောက်ကြရသည်။  ထိုစားပွဲခုံများသည် ကျွန်မ တို့၏ မီးဖိုချောင်ဖြစ်သည်။ မိန်းကလေး ဧည့်သည်လာလျှင် ကျွန်မတို့အိပ်သည့် ခုတင်သည် ဧည့်ခန်းဖြစ်သည်။ ယောက်ျားလေး မိတ်ဆွေဧည့်သည် လာလျှင် ခြံဝင်းတံခါးဝရှိ အုတ်ခုံက ဧည့်ခန်းဖြစ်သည်။

ထို ၁ဝ ပေပတ်လည် အိပ်ခန်းလေးတွင် နှစ်ရှည်လများ နေထိုင်ခဲ့ဖူးသည်။ ထိုအခန်းတွင်နေ၍ ပညာသင်ကြားခဲ့သည်။ အလုပ်ခွင်ဝင်ခဲ့သည်။ မမေ့နိုင်ဖွယ်၊ လွမ်းမောဖွယ်ရာ အကောင်း ဆုံးကာလများဟု ဆိုရမည်။

လှည်းတန်းတွင် မနေခင်က စမ်းချောင်းမြို့နယ်ရှိ အဆောင်တစ်ခုတွင် နေထိုင်ခဲ့ဖူးသည်။ အပြင်ဘက်မှကြည့်လျှင် သာမန် တစ်ထပ်ပျဉ်ထောင်အိမ်ဟု မြင်ရသော်လည်း အတွင်း ဘက်တွင် သုံးထပ်ဖြစ်အောင် တည်ဆောက်ထားသည့် အိမ်အို ကြီးတစ်လုံး ဖြစ်သည်။ ထိုစဉ်က အဆောင်လခမှာ ၃,၅ဝဝ ကျပ် ဖြစ်သည်။ ၁ဝ ပေပင် မပြည့်တတ်သည့် အခန်းကျဉ်းလေးထဲမှ နှစ်ယောက်အိပ်ခုတင်တွင် အခန်းဖော် အမျိုးသမီးတစ်ဦးနှင့် အတူနေထိုင်ရသည်။

နေ့မှန်း၊ ညမှန်း မသဲကွဲအောင် မှောင်မည်းနေသည့် ထို အဆောင်ထဲတွင် အချိန်ပြည့် လျှပ်စစ်မီးထွန်းထားရသည်။ ကျွန်မ နေရသည့် အခန်းမှာ အဆောင်သူများ၏ ရေချိုးခန်းနှင့်ကပ်လျက်အနေအထားဖြစ်၍ စိုထိုင်းသည့် ကြမ်းပြင်၊ အောက် သိုးသိုး အနံ့များနှင့် လအတန်ကြာနေခဲ့ရသည်။ ညဉ့်နက်သန်း ခေါင်တွင် ခြင်ထောင်အပြင်မှ ြ<ွကက်များက ခြေချောင်းတွေကို လာ၍ ကိုက်တတ်သည်။

အသက်ရှူမဝခြင်း၊ ြ<ွကက်များ၊ ပိုးဟပ်များ၊ ခြင်များနှင့် အဆောင်သူများ ရေချိုးနေလျှင် ချောင်းမြောင်း ကြည့်ရှုတတ် သည့် အဆောင်ရှင် အဘိုးကြီး၊ သူ၏ ယောက်ျားကို အဆောင်သူ များနှင့် အော်ကြီးဟစ်ကျယ် သမုတ်တတ်သည့် အဆောင်ရှင် အဘွားကြီးတို့၏  စိတ်ပျက်ဖွယ်ရာများကို သည်းမခံနိုင်သည့် အဆုံးတွင် လှည်းတန်းသို့ ရွှေ့ပြောင်းနေထိုင်ခဲ့သည်။

လှည်းတန်းတွင် အဆောင်လိုက်ရှာစဉ်က အတွေ့အကြုံ တခုကို ကောင်းစွာ မှတ်မိနေသေးသည်။ သူငယ်ချင်းတစ် ယောက်က ရန်ကုန်တက္ကသိုလ် ခြံဝင်းထဲတွင် အဆောင်ငှားသည့် ဝန်ထမ်းလိုင်းခန်းများ ရှိသည်ဟု ပြောဖူးသဖြင့် ရောက်သွား ခဲ့သည်။ ဝန်ထမ်းအိမ်ရာ တစ်ခုသို့ရောက်သော် အဆောင်ငှား ချင်လို့ပါဟု အရဲစွန့်၍ မေးမိသည်။ အမေးခံရသည့် အမျိုးသမီးက ကျွန်မတို့အား စေ့စေ့စပ်စပ်ကြည့်ကာ ”ဒီမှာ ကြုံရာလူကို အဆောင်မငှားဘူး၊ ကျောင်းထဲမှာ ဘွဲ့လွန်တက်နေတဲ့လူတွေကိုပဲ အဆောင်ငှားတာ”ဟု တိုတောင်းစွာ ပြန်၍ ဖြေကာ စိုက်ကြည့် လေသည်။ ကျွန်မတို့လည်း ထိုနေရာမှ ခပ်ကုပ်ကုပ်ဖြင့် လှည့် ထွက်ခဲ့ကြသည်။ မွန်မွန်ရည်ရည် ပြန်ဖြေ၍ရသော်လည်း ထို အမျိုးသမီး၏ အပြုအမူ၊ လေယူလေသိမ်းရိုင်းပျပုံကို ယခုတိုင် မမေ့သေးပေ။

ထို့နောက် မိမိတို့ ဇာတိမြို့မှ အသိတစ်ယောက်၏ အဆက် အသွယ်ဖြင့် အာတီးယားဆောင်သို့ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်သွားခဲ့ခြင်း ဖြစ်သည်။ အာတီးယားဆောင်သည် ခြံဝင်း ကျယ်ကြီးဖြစ်ရာ မြေနှင့် အိမ် အတိအကျဆောက်ထားသည့် စမ်းချောင်းက မှောင်မှောင်မည်းမည်း အိမ်ကြီးနှင့်ယှဉ်လျှင် ဆီနဲ့ ရေလို ကွာခြားသည်။ အဆောင်ခြံဝင်းကျယ်ကြီးထဲတွင် အဆောင်အဖြစ်ဆောက်လုပ်ထားသည့် တိုက်အိမ်တစ်လုံး၊ သစ် သားအိမ်တစ်လုံး၊ သစ်သားကားဂိုဒေါင်တစ်လုံးနှင့် အိမ်ရှင် မိသားစု နေထိုင်သည့် တစ်ထပ်တိုက်တစ်လုံးရှိသည်။

ခြံထဲတွင် သီးပင်စားပင်များ၊ ပန်းပင်များနှင့် မြက်ခင်း လေးလည်းရှိသည်။ အဆောင်ခြံတံခါးဝတွင် ထားဝယ်မှိုင်းပန်း ပင်များနှင့် ဆောင်တော်ကူးပန်းနွယ်ပင်များက အုံ့ဆိုင်းနေသည်။ အဆောင်ရှင်၏ အိမ်ခေါင်းရင်းဘက်တွင် ရေမှန်မှန်လောင်း သဖြင့် အပွင့်ဝါဝါကလေးများ အမြဲတစေ ပွင့်ဖူးနေတတ်သည့် သနပ်ခါးပန်းပင်ရှိသည်။ ညအချိန်တွင် လေတိုက်လိုက်တိုင်း သနပ်ခါးပန်းနှင့် ထားဝယ်မှိုင်းပန်းရနံ့တို့က ကျွန်မတို့နေထိုင်ရာ အဆောင်ထဲအထိ တိုးဝင်လာတတ်သည်။ အဆောင်သူများ အတွက် အိပ်ခန်းအရွယ်ကျဉ်းသည်ကလွဲရင် ထိုခြံကျယ်ကြီးက သဘောကျနှက်ခြိုက်ဖွယ်ပင်။

ခြံဝင်းကျယ်ကြီးများဖြင့်နေထိုင်သည့် ရပ်ကွက်ဖြစ်ရာ တိတ်ဆိတ်ခြင်းနှင့် အေးချမ်းခြင်းကို ခံစားရသည်။ ကျွန်မတို့ အဆောင်သူအချင်းချင်း နောက်ပြောင်တတ်သည့် စကား တစ်ခွန်းရှိသည်။ ”ဟေ့…ငါတို့က သူဌေးရပ်ကွက်မှာနေတာကွ၊ အထင်မသေးနဲ့။ အေး…အထင်လည်းမကြီးနဲ့။ ဒီလမ်းထဲကနေ ကားမပါဘဲ လမ်းလျှောက်ပြီး ဝင်ထွက်သွားလာတာဆိုလို့လည်း ငါတို့ပဲ ရှိတယ်” ဟူ၍ ဖြစ်သည်။ ပြီးလျှင် ကိုယ့်စကားကိုယ် သဘောကျကာ တဟားဟားရယ်ကြသည်။

အာတီးယားဆောင်၏ ၁ဝ ပေပတ်လည် အခန်းကျဉ်းလေး တွင် နေထိုင်ခွင့်အတွက် တစ်လလျှင် ငွေကျပ် ခြောက်ထောင်ပေး ရသည်။ ရေဖိုးနှင့် မီးဖိုး ထပ်ပေးရန် မလို။ အဆောင်တယ်လီဖုန်းကို အြေ<ွကးဖြင့် ဆက်နိုင်သည်။ တစ်ခါတစ်ရံတွင် အခန်းလခကိုပင် တစ်ပတ်တန်သည်၊ ဆယ်ရက်တန်သည် အဆိုင်းထားခွင့် ရှိ  တတ်သည်။

သို့သော် ထိုအခွင့်အရေးသည် လူတိုင်းအတွက်တော့ မဟုတ်။ အဆောင်ရှင်၏ စိတ်ထဲတွင် အချိုးပြေသည်၊ အလုပ် ကြိုးစားပြီး သေသေသပ်သပ် နေတတ်ပုံပေါ်သည်ဟု ယူဆသော အချို့အဆောင်သူများအတွက်သာ ဖြစ်သည်။ အလုပ်လုပ်၍ ရလာသော လစာသည် ရန်ကုန်တွင်နေထိုင်ရသည့် နေစရိတ်၊ စားစရိတ်၊ အခြေခံလိုအပ်သည့် အသုံးအဆောင်စရိတ်တို့ကို မကာမိ။

ထိုသို့သော အကျပ်အတည်းများ၊ စိုးရိမ်သောကများနှင့် ကြုံရတိုင်း  ခြောက်ထောင်ကျပ်တန် အခန်းကျဉ်းလေးထဲ၊ တစ် နည်းအားဖြင့် ကျွန်မ တစ်ခြမ်းပိုင်သော အိပ်ခန်းလေးထဲတွင် ကျိတ်၍ ငိုရသည်။ ဆန်ဆိုတာ ဆန်အိုးထဲက ထွက်လာတာဟူ သော အတွေးသည် ဟိုးမိုင်ပေါင်းများစွာအဝေးက အမေ့အိမ် တွင် ကျန်ခဲ့ပြီမဟုတ်ပါလား။ မိဘအိမ်က ထွက်လာစဉ်က ဆင် ယင်ပေးလိုက်သော ခပ်ပါးပါး ရွှေလက်စွပ်ကို လှည်းတန်းလမ်းမ ပေါ်က အပေါင်ဆိုင်ကို ပို့ရသည့်အကြိမ်တိုင်း ”မိဘတွေသာသိရင် ဆူကြ၊ မာန်မဲကြမှာပဲ”ဟုတွေးရင်း ပြုံးခဲ့ရဖူးသည်လည်း ရှိသည်။

အလုပ်သို့သွားရာတွင် ဘတ်စ်ကားစီးရန် ငွေမလောက်င တော့သည့်အခါ ငါးဆခန့် ဈေးသက်သာသည့် ရထားကိုပြောင်း၍ စီးသည်။ ခြံနှင့်၊ ဝင်းနှင့်၊ ဆန်အိုးထဲတွင် ဆန်အပြည့်နှင့် မပူမပင် နေရသော မိဘအိမ်ကို တစ်နှစ်တစ်ခေါက်ပင် မပြန်ဖြစ်ခဲ့။ အမြင် မတော်တိုင်း ဆူမာန်မဲ၊ တဗျစ်တောက်တောက် ပြောတတ်သော မိဘအိမ်ထက် ယခုနေရသည့် ၁ဝ ပေပတ်လည် အခန်းလေးက ပို၍ လွတ်လပ်သည်၊ ပို၍ နေပျော်စရာကောင်းသည်ဟု ထင်မိသည်။

ထိုနေရာတွင် နှစ်အနည်းငယ်နေထိုင်ပြီးနောက် အဆောင် လခ နှစ်ဆခန့် ဈေးတက်မည်ဟု အဆောင်ရှင်က ရာဇသံပေး သည်။ ဝင်ငွေလခမတိုးဘဲ အဆောင်လခတိုးပေးရန် မဖြစ်နိုင် သည့် အခြေအနေကြောင့် အာတီးယားဆောင်ကို မခွဲချင်ဘဲ ခွဲခွာကာ အနီးဝန်းကျင်ရှိ ဈေးသက်သာသည့် အဆောင်တစ်ခု သို့ ပြောင်းရွှေ့နေထိုင်ခဲ့ဖူးသည်။ သို့သော် နေရထိုင်ရ သိပ် အဆင်မပြေ။ မှောင်သည်၊ လေကောင်းလေသန့်မရ။ အဆောင် လခအပြင် ရေဖိုး၊ မီးဖိုး ထပ်ဆောင်းပေးရသော်လည်း ထမင်း ဟင်းချက်လျှင် မီတာခ ကုန်သည်ဟု တဗျစ်တောက်တောက် ပြောတတ်သော၊ လမကုန်မီကပင် အဆောင်လခ ကြိုတောင်း ချင်သော အဆောင်ရှင်ကြောင့် ထိုအဆောင်မှ မြန်မြန်ပြောင်းဖို့ စဉ်းစားရပြန်သည်။

‘အမျိုးသမီးသီးသန့် အဆောင်ငှားရန်ရှိသည်’ဆိုသည့် ဆိုင်းဘုတ်လေးများကို တွေ့တိုင်း လိုက်ဖတ်ရသည်။ လိပ်စာကို မှတ်ကာ သွား၍ စုံစမ်းရသည်။ အဆောင်အများစုမှာ လှည်းတန်း တွင် ရှိကြသည်။ ကျောင်းသား၊ အလုပ်သမားလူငယ်များ နေထိုင် ကြသည့်အတွက် သင်တန်းကျောင်းများသည်လည်း လှည်း တန်းတွင်ပေါသည်။ ထို့ကြောင့် အဆောင်ပြောင်းလျှင်လည်း လှည်းတန်းတစ်ဝိုက်တွင်သာ နေရာအသစ်ရှာရန် ဆုံးဖြတ်ရသည်။

လှည်းတန်းတစ်ဝိုက်ရှာဖွေခဲ့ဖူးသော အဆောင်အများစု မှာ အလင်းရောင်ကောင်းစွာမရခြင်း၊ အိပ်ခန်းများအလွန်ကျဉ်းမြောင်းခြင်း၊ အများသုံး မီးဖိုခန်း၊ အိမ်သာ၊ ရေချိုးခန်း စသည့် နေရာများ ညစ်ပတ်ခြင်း စသည်တို့ကြောင့် စိတ်တိုင်းကျမဖြစ်ခဲ့။ အဆင်အပြေဆုံးဟု သတ်မှတ်ရသည့် စံရိပ်ငြိမ်မှ အဆောင် တစ်ခုတွင် အခန်းရသည်။ ပြောင်းရွှေ့သည့်နေ့တွင်ပင် စာအုပ်စာ တမ်း အထုပ်အပိုးများကို ကြည့်ကာ ”ဒီလောက် အထုပ်အပိုးတွေ များမှန်းသိရင် မငှားဘူး”ဟု အဆောင်ရှင်က ဆိုသည်။ အဆောင်သို့ရောက်ပြီး ရက်ပိုင်းအတွင်း မီးပူတိုက်သည့် အဝတ် အစား များလွန်းသည်၊ မီတာတက်မည်ဟု ခေါ်၍ သတိပေးခံရပြန် သည်။ ထိုအဆောင်တွင် အခိုက်အတန့်နေကာ အဆောင်သစ် ထပ်ရှာဖို့ ဆုံးဖြတ်ရပြန်သည်။

အသစ်ရှာသည်ထက် အဟောင်းက ပို၍ကောင်းမည်ဟု တွေးကာ အဆောင်လခ တိုးတောင်းသည့်  အာတီးယားဆောင် သို့သာ ပြန်၍ ခြေဦးလှည့်ရတော့သည်။ ခင်မင်ရင်းစွဲရှိသည့် အဆောင်ရှင်သည် သုံးယောက်ခန်းတစ်ခန်းကို နှစ်ယောက်စာ နှုန်းပဲ ယူကာ ကျွန်မအား ငှားပေးခဲ့သည်။ အာတီးယားဆောင် တွင်နေထိုင်ခဲ့သည့် ကာလတစ်လျှောက် ထိုအခန်းတွင် နေထိုင် သည့်ကာလမှာ အကြာရှည်ဆုံးဖြစ်ပြီး အလွန်အဆင်ပြေခဲ့သည်။

အဆောင်ဟောင်းသို့ ပြန်ရောက်ချိန်တွင် အချို့က အခြား နေရာသို့ ပြောင်းရွှေ့သွားကြပြီ။ ယနေ့တိုင် ပြန်မတွေ့ကြတော့ ပေ။ အချို့က မပြောင်းဘဲ ကျန်နေကြသည်လည်း ရှိသည်။ ခင်မင် ရင်းနှီးသူများ ပြောင်းရွှေ့သွား၍ လူသစ်များရောက်လာသည့် အဆောင်နေ နေ့ရက်များ သည် လွန်စွာ အထီးကျန် ဆန်လှသည်။ ရုံးဆင်း၍ အဆောင်သို့ ပြန်ရောက်ချိန်တွင် မိမိအား ဆီးကြိုနှုတ် ဆက်မည့်သူ မရှိသည့်အခါ မိဘများ၏ အိမ်ကို လွမ်းဆွတ်ရပြန် သည်။ စောင်ခေါင်းမြီးခြုံ၊ စောင်ထူထူကို ပါးစပ်ထဲထိုးထည့်ကာ ငိုရပြန်သည်။

အသုံးစရိတ်ပိုသွား၍ ငွေကြေးမပြေလည်သည့် လများ တွင် အဆောင်ရှင်သည် ကျွန်မအတွက် အဆောင်လခကို အြေ<ွကးမှတ်ထားပေးခြင်း၊ ရံဖန်ရံခါ စားသောက်စရာများ ပေး တတ်ခြင်းတို့ကြောင့် ဆွေမျိုးသားချင်းသဖွယ် ခင်မင်ရင်းနှီး နေသဖြင့် ထိုအဆောင်တွင် နေထိုင်ခဲ့ရသည့်ကာလများတွင် စိတ်ပိုင်းဆိုင်ရာ လုံခြုံမှုကို ခံစားခဲ့ရသည်။ နေဖူးသမျှတွင် အကောင်းဆုံးအဆောင်ဟု သတ်မှတ်ထားသည့်တိုင် တီကောင် များ အထွေးလိုက် စုပြုံနေတတ်သည့် ဘုံရေချိုးကန်တွင်လည်း ကြိတ်မှိတ်၍ ရေချိုး၊ အဝတ်လျှော်ရဖူးသည်လည်း ရှိသည်။ ကြမ်းပိုးများလွန်းသဖြင့် ရုံးပိတ်ရက်တိုင်း ကြမ်းပိုးရှာပုံတော် ဖွင့်ရသည်လည်း ရှိဖူးသည်က အမှတ်တရဖြစ်သည်။ အဆောင် လခပေးရန် အြေ<ွကးထားပေးသော်လည်း တစ်ခါတစ်ရံ သတ် မှတ်ရက်ထက်ကျော်လွန်သွားလျှင် မျက်နှာကြောတင်းတင်းဖြင့် ”သတ်မှတ်ရက်ပြည့်ပြီနော်”ဟု အော်တတ်သည့် အဆောင်ရှင် ကို စိတ်မဆိုးဘဲ မျက်နှာချိုသွေးရသည့် အကြိမ်များကလည်း အမှတ်တရဖြစ်စရာပင်။

ကျွန်မကဲ့သို့ပင် ပညာရေးနှင့် အလုပ်အကိုင် ဆိုသည့် မျှော် လင့်ချက်ဖြင့် အခန်းကျဉ်းကလေးများထဲတွင် နှစ်ပေါင်းများစွာ ကြာမြင့်သည်အထိ နေထိုင်ကြသည့် အဆောင်သူများလည်း ရှိသည်။ ဘုံအိမ်သာ၊ ဘုံရေကန်နှင့် ဘုံတယ်လီဖုန်းတို့ကို အတူ တကွ အသုံးပြုကြရသည်။ အဆောင် အတူနေသူများနှင့်  သင့် တင့်အောင် ပေါင်းသင်းနေထိုင်ရသည့် အတွေ့အကြုံတို့က မိဘ အိမ်တွင် ဆိုးခဲ့သော၊ တစ်ကိုယ်ကောင်းဆန်ခဲ့သော ကိုယ်ပိုင် အတ္တအစွန်းများကို တိုက်စားပစ်သည်။ ပေါင်းသင်းဆက်ဆံရေး သင်ခန်းစာအသစ်များကို အဆောင်များမှ ရရှိခဲ့သည်။ တစ် ဖက်လူအား မျှဝေတတ်ခြင်း အနုပညာကို ရရှိခဲ့သည်။ အပေါ် ထပ်တွင်နေသည့် အဆောင်သူများ ခြေသံပြင်းလျှင် ဖြစ်စေ၊ ကြမ်းပြင်သို့ ရေဖိတ်ကျလျှင်ဖြစ်စေ အောက်ထပ်မှ အဆောင် သူများက အော်ဟစ်ဆူပူတတ်သည်။ အဆောင်အပေါ်ထပ်တွင် နေသည့် ကျွန်မသည် ထိုမှတစ်ဆင့် တစ်ဖက်သားကို အနှောင့် အယှက်မဖြစ်အောင် အလိုက်တသိ နေတတ်ခြင်း ဆိုသည့် အသိ တရားကို သင်ယူနိုင်သည်။

လှည်းတန်းအဆောင်တွင် နေထိုင်စဉ်က အဓိက မျှော်လင့် ချက်မှာ အသက်မွေးဝမ်းကျောင်းအလုပ်အတွက် အထောက် အပံ့ပေးနိုင်သော အတတ်ပညာများကို ဆက်လက်သင်ကြား ခွင့်နှင့် လောက်ငသော လစာရရှိရေးဖြစ်သည်။ ထိုအရာက လွဲ လျှင် အခြားမျှော်လင့်ချက် တစ်ခုလည်း ရှိသေးသည်။ ထို အရာမှာ အိပ်ရာ၊ မီးဖိုတို့ဖြင့် ပြည့်နေသည့် အခန်းမျိုး မဟုတ်ဘဲ အိမ်ဆန်ဆန် ကျယ်ကျယ်ဝန်းဝန်းလေး နေခွင့်ရလျှင် ကောင်း မည်။ စိတ်သဘောထားချင်း တိုက်ဆိုင်သူ သူငယ်ချင်းတချို့နှင့် အိမ်ငှား၍ နေခွင့်ရမည်ဆိုလျှင် သာ၍ ကောင်းမည်ဟု တွေးမိသည်။

ထိုစဉ်က တိုက်ခန်းတစ်ခန်းလုံးငှားလျှင် ကျပ် သုံးသောင်း ခန့်သာကျသင့်သည့် ကာလဖြစ်သော်လည်း ကျွန်မ၏ ဝင်ငွေက ထိုပမာဏကို လိုက်၍ မမီ။ အခြားသူငယ်ချင်းများလည်း ကျွန်မ နည်းတူဖြစ်သည်။ ‘အိမ်ငှားရန် ရှိသည်’ဆိုသည့် ဆိုင်းဘုတ် များကိုသာ အကြိမ်ကြိမ် ငေးမောခဲ့ရသည်။ တစ်ခါတစ်ရံတွင် မိဘအိမ်သို့ ပြန်ပြေးသွားချင်စိတ် ဖြစ်ရသည်။ အဆောင်တွင် နေထိုင်ရသည့် ကာလ ကြာမြင့်လာသည်နှင့်အမျှ ကျွန်မသည် အဆောင်သူဘဝမှ အပြီးတိုင် ရုန်းထွက်လိုက်ချင်သည့် စိတ်ကူး များ မကြာမကြာ ဖြစ်ပေါ်လာသည်။ ခြံဝင်းကလေးနှင့် နေချင် သည်။ အိမ်ကလေးတစ်လုံးနှင့် နေချင်သည်။ မိသားစုနှင့် နေချင် သည်။ သို့သော် ပညာရေး၊ အလုပ်အကိုင် ရည်မှန်းချက်များဖြင့် ကျားကန်ကာ မိဘအိမ်သို့ ပြန်မည့် အတွေးကို နောက်ချန်ထား ရသည်။

ဝင်ငွေနှင့် ထွက်ငွေ မလုံလောက်သည့် အခြေအနေများကို ရင်ဆိုင်နိုင်ရန် ခွန်အားမရှိတော့သဖြင့် တပ်ဆုတ်ပြန်သွားကြ သည့် အဆောင်အတူနေ သူငယ်ချင်းအချို့ကိုလည်း တွေ့ကြုံခဲ့ရ သလို အိမ်သို့ မပြန်တော့ဘဲ ဘဝကို ရေစုန်မျှောလိုက်ရသူများ ကိုလည်း ကြုံတွေ့ ဖူးသည်။

၁ဝ ပေပတ်လည် အိပ်ခန်းကျဉ်းလေးထဲတွင် ငါးနှစ်တာမျှ နေထိုင်ခဲ့ပြီးသည့်နောက်တွင် မိန်းကလေးသူငယ်ချင်းတချို့နှင့် စုစပ်ကာ လှည်းတန်းဈေးအနီးတွင် တိုက်ခန်းတစ်ခန်းငှား၍ နေ နိုင်သည့် နေ့ကို ရောက်ရှိလာသည်။ ခုနစ်ထပ်အမြင့်တွင်ရှိသည့် ထိုတိုက်ခန်းကို ငှားနိုင်ချိန်တွင် အခန်းငှားခမှာ ကျပ်တစ်သိန်း ကျော်နေပြီ။ အထပ်မြင့်၍ အဝေးမြင်ရသော ထိုနေရာလေးသည် ကျွန်မ၏ တတိယမြောက် အိမ်သဖွယ်ဖြစ်လာရပြန်သည်။

အိမ်ဟု ဆိုသော်လည်း ရေချိုးခန်းနှင့် အိမ်သာတွဲလျက် အခန်းငယ်တစ်ခု ပါရှိသည်က လွဲလျှင် အိပ်ခန်းဖွဲ့ထားခြင်း မရှိ သည့် ခန်းမကျယ် ဖြစ်သည်။ အဆောင်များ၊ အခန်းကျဉ်းလေး များထဲတွင် ငါးနှစ်တာကာလ နေထိုင်ပြီးသည့်နောက် သည်တိုက် ခန်းသည် ကျွန်မအတွက်တော့ နိဗ္ဗာန်ဘုံဖြစ်သည်။ အသက်ရှူ ချောင်၍ အလင်းရောင် ကောင်းစွာရသော နေရာကလေးဖြစ် သည်။ ထိုတိုက်ခန်းကို ကျွန်မတို့က အကျင့်ပါနေသည့်အတိုင်း အဆောင်ဟုသာ ခေါ်ဝေါ်သုံးနှုန်းကြသည်။

ဝင်ငွေ၏ ထက်ဝက်နီးပါးကို အိမ်လခအဖြစ် သုံးရသည်။ အလုပ်မှ ပင်ပန်းလာလျှင် ကြမ်းပြင်ပေါ်သို့ ခြေပစ်လက်ပစ် လွတ် လွတ်လပ်လပ် လှဲချခွင့်ရသည့် အကျယ်အဝန်းရှိခြင်းကြောင့် ဝင်ငွေ၏ ရာခိုင်နှုန်းအများစုကို နေစရာအတွက် အသုံးချခဲ့သည် မှာ တန်သည်ဟုသာ ဖြေသိမ့်မိသည်။ ထိုတိုက်ခန်းအဆောင်လေး တွင် စိတ်ချမ်းသာသော်လည်း ခြံနှင့် ဝင်းနှင့် အာတီးယားဆောင် ကိုတော့ စကားဝိုင်းဖွဲ့ပြောတိုင်း ထည့်၍ ပြောမြဲ၊ သတိရမြဲ။

တိုက်ခန်းအဆောင်တွင် တစ်နှစ်ခန့် နေထိုင်ပြီးနောက် အိမ်ထောင်ရက်သားကျသဖြင့် အဆောင်သူဘဝမှ လွတ်မြောက် ခဲ့သည်။ အိမ်ထောင်ကျပြီးနောက် တိုက်ခန်းအသစ်ငှားကာ ပြောင်းရွှေ့နေထိုင်ခဲ့သည်။ အဆောင်သူဘဝကို အဆုံးသတ်ကာ ကိုယ်ပိုင်မိသားစုဘဝကို ဖန်တီးမည့် လမ်းကြောင်းပေါ်သို့ ရွေး ချယ်လျှောက်လှမ်းခဲ့သည်။

ရန်ကုန်သို့ ခြေချစဉ်ကာလများက အဆောင်သူဘဝသည် ကျွန်မ၏ ဘဝတစ်လျှောက်အတွက် အများကြီး အထောက်အကူ ဖြစ်စေခဲ့သည်။ မိမိထက် အသက်အားဖြင့်ဖြစ်စေ၊ အတွေ့အကြုံ အားဖြင့်ဖြစ်စေ ပိုသာလွန်သော အစ်မများနှင့် တွေ့ဆုံရင်းနှီးခွင့်၊ စာဖတ်နာသော သူတို့၏ သွန်သင်ဆုံးမခဲ့မှုများ စသည်တို့က ကျွန်မအတွက် များစွာပံ့ပိုးပေးခဲ့သည်ကို အမှတ်တရဖြစ်မိသည်။ လွန်ခဲ့သည့် ၁၅ နှစ်ခန့်က အဆောင်သူအဖြစ် ရင်းနှီးခင်မင်ခဲ့ဖူး သည့် ထိုအစ်မများနှင့် ယနေ့တိုင် မိတ်ကောင်းဆွေကောင်းများ အဖြစ် ရှိနေခွင့်ရသေးသည်ကလည်း ဘဝအတွက် အမှတ်တရ များ ဖြစ်သည်။

ငယ်စဉ်ဘဝတစ်လျှောက် မိဘအိမ်နှင့် ခွဲခွာကာ သူစိမ်း နယ်မြေတွင် ကျင်လည်ရုန်းကန်ရင်း ခိုလှုံခဲ့ဖူးသည့် အာတီးယား ဆောင်ကိုလည်းကောင်း၊ အဆောင်သူများကို ဆွေမျိုးတော်စပ် သူတွေလို ကြည့်ရှုစောင်မခဲ့သည့် အဆောင်ရှင်ကိုလည်းကောင်း ကျွန်မ မည်သည့်အခါမျှ မေ့ပျောက်နိုင်မည်မဟုတ်။ လှည်းတန်းတစ်ဝိုက်သို့ရောက်သည့်အခါတိုင်း ‘အမျိုးသမီး သီးသန့် အဆောင် ငှားရန်ရှိသည်’ ဆိုသည့် ကြော်ငြာများကို နေရာအနှံ့ တွေ့ရသည်။ ထိုသို့ တွေ့ရတိုင်း အာတီးယားအဆောင်ကို သတိရ တတ်၏။ ယခုဆိုလျှင် အဆောင်လခတွေ အတော်ပင် ဈေးကြီးနေ ရော့မည်။ လှည်းတန်းတစ်ဝိုက်မှ အဆောင်များရော ယခင်လိုပဲ ညစ်ပတ်ဆဲလား၊ သို့မဟုတ် အဆောင်လခနှင့်အတူ သန့်ရှင်းသပ် ရပ်ပြီး နေချင်စဖွယ်အဖြစ် တိုးတက်ပြောင်းလဲသွားကြပြီလား။

အဆောင်သူဘဝအကြောင်းကို တွေးမိတိုင်း ကိုယ့်အရပ် ကိုယ့်ဒေသ၊ ကိုယ့်မိဘအိမ်ကို ခွဲခွာကာ ဘဝတိုးတက်လမ်း အတွက် အဆောင်နေကာ လှုပ်ရှား ရုန်းကန်နေကြသူများကို ကိုယ်ချင်းစာစိတ်ဖြစ်သည်။ အဆောင်လခတွေ ဈေးသက်သာ ပါစေ၊ ဝင်ငွေလခတွေ တိုးတက်ကြပါစေ၊ ဘဝတိုးတက်လမ်း အတွက် အထောက်အပံ့ကောင်းတွေ ပေးနိုင်သည့် မိတ်ဆွေ ကောင်းများနှင့် တွေ့ကြပါစေ၊ မိမိတို့ရည်မှန်းသည့် ဘဝပန်း တိုင်ကို ဆိုက်ဆိုက်မြိုက်မြိုက်ရောက်အောင် လျှောက်လှမ်းနိုင် ကြပါစေဟု ဆုတောင်းမိတော့သည်။

 

အမျိုးအစား - အက်ဆေး

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."