ကလေး – ၂၀၂၂ မတ် ၂၀ (မော်ကွန်း)
တိုင်းပြည်ကို အာဏာသိမ်းပြီး ပြည်သူတွေကိုသတ်ဖြတ်၊ နေအိမ်တွေကိုမီးရှို့ဖျက်ဆီးနေတဲ့ စစ်တပ်နဲ့ တွေ့ဆုံဖို့ ရောက်လာမယ့် အာဆီယံကိုယ်စားလှယ်ကို ကန့်ကွက်ရှုတ်ချကြောင်း ကလေးမြို့သပိတ်က ဒီကနေ့ ပြသခဲ့ကြပါတယ်။
ကလေးမြို့ပင်မသပိတ်ဟာ လမ်းပေါ်တက်ပြီး စစ်အာဏာရှင်ကို ဆန့်ကျင်တော်လှန် ဆန္ဒပြခဲ့တာ ဒီကနေ့ဆို ရက်ပေါင်း ၄၀၆ ရက်ရှိလာပြီဖြစ်ပါတယ်။
ဓါတ်ပုံ – CJ
#Dailynews

