ကလေး – ၂၀၂၁ ဒီဇင်ဘာ ၈ (မော်ကွန်း)
လာမည့် ဒီဇင်ဘာ ၁၀ ရက် နိုင်ငံတကာလူ့အခွင့်အရေးနေ့မှာ ပြုလုပ်မယ့် အသံတိတ်သပိတ်မှာ မြို့ခံပြည်သူတွေ ပူးပေါင်းပါဝင်ဖို့ ကလေးမြို့ ပင်မသပိတ်ကော်မတီက ဒီကနေ့ လှုပ်ရှားမှုတွေ ပြုလုပ်ပါတယ်။
မြို့ထဲက ဈေးတွေ ၊ လမ်းမတွေပေါ်မှာ လှုံ့ဆော်အသိပေးစာတွေ လိုက်လံဝေငှခဲ့ကြတာပါ။
စစ်အာဏာရှင်ကို ဆန့်ကျင်တော်လှန်တဲ့အနေနဲ့ လာမယ့် ဒီဇင်ဘာ ၁၀ ရက်နေ့မှာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အပြင်မထွက်ဘဲ အသံတိတ်သပိတ်ပြုလုပ်ကြမှာဖြစ်ပါတယ်။
ဓါတ်ပုံ – CJ
#Dailynews

