အရှင်မွေး နေ့ချင်းကြီးလာတဲ့ Yangon Petrol ဘယ်လို ပေါ်လာသလဲ

၂ဝ၁၉၊ ဖေဖော်ဝါရီလထုတ် မော်ကွန်းမဂ္ဂဇင်း အမှတ်(၆၂)မှ Cover Story ဖြစ်ပါသည်။

အောင်ပိုင် ရေးသည်။

ကျော်ဇေယျ ပံ့ပိုးသည်။

ရန်ကုန် (ဖေဖော်ဝါရီ၊ ၂၀၁၉)

 

(ငွေကြေးအရင်းအနှီးရှိရင်တောင် မြေနေရာနဲ့လုပ်ခွင့်လိုင်စင်ရဖို့ခက်ခဲတဲ့ စက်သုံးဆီရောင်း ဝယ်ရေးလုပ်ငန်းတစ်ခု အချိန်တိုအတွင်း ဘာကြောင့်ဘယ်လိုပေါ်လာသလဲ။ ရန်ကုန်တိုင်းဒေသ ကြီးအစိုးရက ဘယ်လိုပါဝင်ပတ်သက်သလဲ၊ ကုမ္ပဏီရှယ်ယာရှင်တွေနဲ့ ဒါရိုက်တာတွေက ဘယ် သူတွေလဲ၊ အကျိုးအမြတ်တွေကရော ဘယ်လိုလဲ၊ ဘယ်လို ပူးပေါင်းဆောင်ရွက်မှုကြောင့် Yangon Petrol ပေါ်လာရသလဲဆိုတာ အသေးစိတ် ဖော်ပြထားပါတယ်။)

စက်သုံးဆီဈေးကွက်ထဲမှာ ရောင်း ချနေတဲ့ ဈေးနှုန်းထက် တစ်လီတာကို ၄၀ ကျပ်ထက်မနည်းတဲ့ လျှော့ဈေးနဲ့ ရောင်း ချခဲ့လို့ အချိန်တိုတွင်း လူအများစိတ်ဝင် စားလာတဲ့ စက်သုံးဆီဆိုင်တစ်ဆိုင် နေ့ ချင်းညချင်းဆိုသလို ရန်ကုန်မြို့မှာ ပေါ် ထွက်လာခဲ့ပါတယ်။ အဲဒီဆိုင်ကတော့ YP လို့အများခေါ်ကြတဲ့ Yangon Petrol ဆိုတဲ့ စက်သုံးဆီအရောင်းဆိုင်ပဲ ဖြစ်ပါတယ်။

သာကေတမြို့နယ်ရှိ YP စက်သုံးဆီဆိုင်

Photo-Aung Py သာကေတမြို့နယ်ရှိ YP စက်သုံးဆီဆိုင်

လိုင်စင်မရသေးပေမယ့်လည်း ဈေးကွက်ထဲမှာရောင်းချခွင့်ရနေတာ၊ အစိုးရ ပိုင်မြေနေရာမှာ လုပ်ပိုင်ခွင့်ရရှိတာ၊ ဆီ ဆိုင်တစ်ဆိုင်ဖွင့်ရင် အဆင့်ဆင့် လျှောက် ထားရမယ့် ထောက်ခံချက်တွေနဲ့ ခွင့်ပြု ချက်တွေကို ရန်ကုန်တိုင်းဒေသကြီး အစိုးရ ရဲ့အစီအမံနဲ့ လွယ်လင့်တကူ ရရှိသွားတာ စတဲ့ အထူးအခွင့်အရေးတွေကြောင့် အခု လို ပေါ်ပေါက်လာတာပဲဖြစ်တယ်လို့ စက်သုံးဆီလုပ်ငန်း အသိုင်းအဝိုင်းက ပြောကြ ပါတယ်။

အထူးသဖြင့် ဈေးကွက်ကြီးပြီး အချက်အချာကျလွန်းတဲ့ စီးပွားရေးမြို့ တော်ရန်ကုန်လိုနေရာမှာ အရင်းအနှီး ရှိခဲ့ရင်တောင်  စက်သုံးဆီဆိုင်သစ် ဖွင့်ခွင့်ရဖို့ မြေနေရာနဲ့လုပ်ငန်းလိုင်စင်အဟန့် အတားက ကြီးမားလွန်းတယ်လို့ ဆီဆိုင် လုပ်ငန်းရှင် အသိုင်းအဝိုင်းက ပြောကြ ပါတယ်။

YP ဆိုင်တွေ ပေါ်ပေါက်လာမှုကို မြင်ရတာဟာ စစ်ဗိုလ်ချုပ်တွေလက်ထက် တုန်းက ပြည်သူပိုင် စက်သုံးဆီဆိုင်တွေကို နီးစပ်ရာလုပ်ငန်းရှင်တွေလက်ထဲ ဈေး ပေါပေါနဲ့ ပေးခဲ့တဲ့ဖြစ်အင်ကို ပြန်မြင် ယောင်သလို ခံစားမိတယ်လို့ မော်ကွန်း က တွေ့ဆုံခဲ့တဲ့ စက်သုံးဆီဆိုင်လုပ်ငန်းရှင် တွေက သုံးသပ်ကြပါတယ်။

YP စက်သုံးဆီဆိုင်ရဲ့ ဖေ့စ်ဘွတ်ခ် စာမျက်နှာမှာ ဖော်ပြချက်အရဆိုရင် သူ တို့ဆိုင်တွေဟာ တစ်နိုင်ငံလုံးမှာ ဖွင့်လှစ် ဖို့ရှိပြီး ရန်ကုန်မှာလည်း နေရာအတော် များများမှာ ဆိုင်တွေဖွင့်ဖို့ ပြင်ဆင်ထား ပြီးဖြစ်တယ်လို့ ဆိုပါတယ်။

ဒီစက်သုံးဆီဆိုင်တွေ ပေါ်ပေါက် လာတာနဲ့ ပတ်သက်ပြီး ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့က အခုအချိန်အထိ ပြည်သူလူထုကို ရှင်းရှင်းလင်းလင်း မပြောပြသေးပေမယ့် စက်သုံးဆီဈေးကျ ဆင်းရေးအဖြစ် အစိုးရရဲ့ ရှေ့ပြေးစီမံကိန်း တစ်ရပ်အနေနဲ့ ဆောင်ရွက်နေတာဖြစ် တယ်လို့ ရန်ကုန်တိုင်းဝန်ကြီးချုပ်က ဇန်နဝါရီ ၁၆ ရက်မှာ ကျင်းပခဲ့တဲ့ ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင် မှု ကြီးကြပ်ကွပ်ကဲရေး အာဏာပိုင်အဖွဲ့ (YRTA) နှစ်နှစ်ပြည့် အခမ်းအနားမှာ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ ရန်ကုန်တိုင်း ဒေသကြီးအစိုးရရဲ့ ရင်းနှီးထည့်ဝင်ငွေ လုံးဝမပါဘူးလို့လည်း သူက ဆိုပါတယ်။

တိုင်းအစိုးရရဲ့ ရင်းနှီးထည့်ဝင်ငွေ မပါပေမယ့် ““ရတဲ့အမြတ် ၂၀ ရာခိုင်နှုန်း ကို အစိုးရကို ပေးရပါမယ်””လို့ လက်ရှိ အာဏာရပါတီ NLD ရဲ့ ဗဟိုသုတေသန လမ်းဩန်အဖွဲ့၊ အတွင်းရေးမှူး ဦးမျိုးရန် နောင်သိန်းက ဇန်နဝါရီ ၂၄ ရက်မှာ သူ့ရဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာမှာ ရေးသားခဲ့ ပါတယ်။

လူမှုကွန်ယက်စာမျက်နှာပေါ်တွင်ပျံ့နှံ့လာတဲ့ Yangon Petrol Company ရဲ့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့သို့ စက်သုံးဆီ မြေနေရာ ငှားရမ်းခွင့် ရရှိရေး တင်ပြထားရှိမှု အခြေအနေ

လူမှုကွန်ယက်စာမျက်နှာပေါ်တွင်ပျံ့နှံ့လာတဲ့ Yangon Petrol Company ရဲ့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့သို့ စက်သုံးဆီ မြေနေရာ ငှားရမ်းခွင့် ရရှိရေး တင်ပြထားရှိမှု အခြေအနေ

 

 

YP ကို တိုင်းအစိုးရ ဘာတွေပံ့ပိုးသလဲ

စက်သုံးဆီဆိုင်ဖွင့်လှစ်ရောင်းချဖို့ မြေနေရာနဲ့ လိုင်စင်သာ အလွယ်တကူရ ရင် ဒီလုပ်ငန်းရှင်ဟာ ထီပေါက်တာထက် ပိုသေချာတဲ့ ကံကောင်းမှုကိုရသူလို့ စက် သုံးဆီဆိုင် လုပ်ငန်းရှင်အသိုင်းအဝိုင်းက တင်စားကြလေ့ရှိပါတယ်။

YP စက်သုံးဆီဆိုင်တွေဟာ တိုင်း ဒေသကြီးအစိုးရ အကူအညီနဲ့ ဒီအခွင့် အရေးကို ကံထူးသွားပုံရတယ်လို့ အမည် မဖော် လိုတဲ့ ဆီဆိုင်လုပ်ငန်းရှင်တစ်ဦးက မော်ကွန်းကို ပြောပါတယ်။

““ကိုယ့်အိတ်ထဲကငွေနဲ့ တန်ရာ တန်ကြေးပေါက်ဈေးနဲ့ မြေကို ဝယ်နိုင်ရင် တောင် ဆီဆိုင်ဖွင့်ခွင့်ရဖို့က တကယ် မလွယ်ကူပါဘူး။ တချို့ဆို မြေဝယ်ထားပြီး ဆီဆိုင်ဖွင့်ခွင့်ရဖို့ လိုင်စင် မကျတဲ့အတွက် နှစ်နှစ်၊ သုံးနှစ်အထိ ကြာနေကြတဲ့ ဆိုင် တွေ ရန်ကုန်မှာရော မန္တလေးမှာပါ ရှိပါ တယ်””လို့ သူကပြောတယ်။

သူ့အနေနဲ့ တိုင်းအစိုးရ ကူညီနေတဲ့ ဒီလုပ်ငန်းကိုမဝေဖန်ရဲတာနဲ့ လက်ရှိလုပ် ကိုင်နေတဲ့ စီးပွားရေးလုပ်ငန်းတွေအပေါ် မလိုလားတဲ့ဖိအားတွေ ကျလာမှာကို စိုးရိမ်တာကြောင့် သူ့အမည်ကို ထည့်သွင်း မရေးသားဖို့ မေတ္တာရပ်ခံရတာပါလို့ ဆိုပါတယ်။ ဒီအကြောင်းအရာနဲ့ ပတ်သက်လို့ မော်ကွန်းက တွေ့ဆုံမေးမြန်းခဲ့တဲ့ အခြားလုပ်ငန်းရှင်တချို့ကလည်း သူတို့ အမည်ကို ထုတ်ဖော်မသုံးဖို့ တောင်းဆို ပါတယ်။

လက်ရှိ YP စက်သုံးဆီဆိုင်တွေ ဖွင့်ခွင့်ရသွားတဲ့ မြို့နယ်တွေထဲမှာပဲ လိုင် စင်မကျသေးလို့  ဖွင့်ခွင့်မရတဲ့ စက်သုံးဆီ ဆိုင်တွေရှိနေပြီး ဒီအခြေအနေတွေကို နှိုင်းယှဉ်ရုံနဲ့ YP ဟာ အစိုးရရဲ့ အကူအညီ ဘယ်လောက်ရသလဲဆိုတာကို ချင့်ချိန် နိုင်တယ်လို့ အထက်ပါလုပ်ငန်းရှင်က  ပြောပါတယ်။

စက်သုံးဆီလိုင်စင်တွေကို ကြီး ကြပ်စစ်ဆေးရတဲ့ မြန်မာ့ရေနံထွက် ပစ်္စည်း ရောင်းဝယ်ရေးလုပ်ငန်း၊ ဖြန့်ဖြူး ရောင်းချရေးဌာနရဲ့ ဩန်ကြားရေးမှူး ဦး သိန်းထွေးကတော့ YP စက်သုံးဆီဆိုင် တွေကို လိုင်စင်ချထားပေးခြင်း မရှိသေး ဘူးလို့ ဇန်နဝါရီ နောက်ဆုံးပတ်က မော် ကွန်းကို ပြောပါတယ်။ YP ကတော့ ၂၀၁၈ ဒီဇင်ဘာ ၁၄ ရက်ကစလို့ စက် သုံးဆီတွေ စတင်ရောင်းချနေပါပြီ။

““(လိုင်စင်) လျှောက်ထားဆဲပါ။ အခုမြေပြင်မှာရောင်းချခွင့်ရနေတာက ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က စက်စမ်းသပ်လည်ပတ်ခွင့်ပြုပေးပါဆိုတဲ့ တောင်းခံချက်နဲ့ လုပ်ကိုင်နေတာမျိုးပါ”” လို့သူကမော်ကွန်းရဲ့ ဆက်သွယ်မေးမြန်းမှု ကို ရှင်းပြပါတယ်။

YPစက်သုံးဆီဆိုင် အမှတ် ၁ ကို နှစ်ဧကကျော်ကျယ်တဲ့ သာကေတမြို့နယ်၊ ရတနာလမ်းပေါ်မှာ ဖွင့်လှစ်ထားသလို အမှတ် ၂ ကိုလည်း တစ်ဧကကျော်ကျယ် ဝန်းတဲ့ ဒဂုံဆိပ်ကမ်းမြို့နယ်၊ ပဲခူးမြစ် လမ်းပေါ်မှာ ဖွင့်ထားပါတယ်။

တိုင်းဒေသကြီးအစိုးရကတော့ ဒီ မြေယာတွေကို YP နဲ့ ဘယ်လို စည်း မျဉ်းစည်းကမ်းတွေနဲ့ ပေးခဲ့သလဲဆိုတာနဲ့ ပြည်သူပိုင်မြေတွေကို တင်ဒါမခေါ်ဘဲ ပေးခဲ့တာတွေနဲ့ ပတ်သက်လို့ အခုထိ တရားဝင် ထုတ်ဖော်ပြောခြင်း မရှိသေး ပါဘူး။

ရန်ကုန်တိုင်းဒေသကြီးရဲ့  ထင်ရှား တဲ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဒေါက်တာညိုညိုသင်းကတော့ “ရန်ကုန် တိုင်းအစိုးရသည် မိမိရှယ်ယာမပါဝင်ဘဲ နိုင်ငံပိုင်မြေ ၂၆ နေရာအား သမ်္မတရုံး ဩန်ကြားချက်၁/၂၀၁၇ကိုချိုးဖောက်၍့ညေါသည ဏနအမသူ တစ်ဦးတည်းကို ပေး အပ်ခြင်းဖြစ်ပါက အဂတိလိုက်စားမှုတိုက် ဖျက်ရေးဥပဒေနဲ့ ငြိစွန်းပါကြောင်း ကော် မရှင်မှ ကောင်းစွာသိရှိသည်ဟုယုံကြည် ပါသည်”လို့ သူ့ရဲ့ ဖေ့စ်ဘွတ်ခ် စာမျက် နှာမှာ ရေးသားဝေဖန်ခဲ့ပါတယ်။

YP စက်သုံးဆီဆိုင်မှ အရောင်းဝန်ထမ်းတစ်ဦ

Photo-Aung Py YP စက်သုံးဆီဆိုင်မှ အရောင်းဝန်ထမ်းတစ်ဦး

ပိုင်ရှင်တွေက ဘယ်သူတွေလဲ

ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ  ဩန်ကြားမှုဦးစီးဌာနမှာတော့ညေါသည ဏနအမသူ ကုမ္ပဏီဟာ ၂၀၁၇ သြဂုတ် ဒုတိ ယအပတ်အတွင်းမှာ မှတ်ပုံတင်ထားပြီး     “အစုရှယ်ယာအားဖြင့် တာဝန်ကန့်သတ် ထားသည့် အများနှင့်မသက်ဆိုင်သော ကုမ္ပဏီ” လို့ ဖော်ပြထားကာ ပုဂ္ဂလိက အစုရှယ်ယာရှင်ငါးဦး၊ ရင်းနှီးမတည်ငွေ ကျပ်သိန်းငါးထောင်နဲ့ ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။

အဲဒီ သြဂုတ် နောက်ဆုံးရက်မှာပဲ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်က စက်သုံးဆီဈေးနှုန်းကျ ဆင်းရေးအတွက် YP ကုမ္ပဏီတာဝန်ရှိ သူတွေကို အစိုးရအဖွဲ့ရုံးမှာ တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။ ဘယ်လို သဘောတူ ညီချက်တွေ လုပ်ခဲ့တယ်ဆိုတာကိုတော့ တိုင်းဒေသကြီးအစိုးရအဖွဲ့က မထုတ်ပြန် ပါဘူး။

YP ရဲ့ ရှယ်ယာရှင်တွေကတော့  ဦးဇင်မင်းအောင်၊ ဦးအောင်မျိုးဇော်၊ ဦးဝင်းဆွေ၊  ဦးအောင်ရွှေနဲ့ ဦးအောင် မော်သိန်းလို့ ဖော်ပြထားကာ အများဆုံး ရှယ်ယာပိုင်ရှင်က ဦးဇင်မင်းအောင် ဖြစ် ပြီး သူ့ရဲ့ ထည့်ဝင်ရင်းနှီးငွေက ကျပ်သိန်း နှစ်ထောင်ပါ။ ဒုတိယအများဆုံးက ဦးဝင်း ဆွေဖြစ်ပြီး သူက ကျပ်သိန်းတစ်ထောင် ထည့်ဝင်ထားပါတယ်။ ဦးအောင်ရွှေက ကျပ်သိန်းကိုးရာ၊ ဦးအောင်မော်သိန်းက ကျပ်သိန်းခြောက်ရာနဲ့ ဦးအောင်မျိုးဇော် က ကျပ်သိန်းငါးရာ အသီးသီး ထည့်ဝင် တည်ထောင်ထားတာကို တွေ့ရပါတယ်။

YP ကုမ္ပဏီ ဒါရိုက်တာစာရင်းထဲ မှာတော့ ရှယ်ယာရှင်ငါးဦးအပြင် ဦးတင် နိုင်စိုးဆိုတဲ့ အမည်ကိုပါ ထည့်သွင်းထား တာကို တွေ့ရပါတယ်။

သူဟာ ယခင်က မြန်မာ့ရေနံထွက် ပစ်္စည်းရောင်းဝယ်ရေးလုပ်ငန်း၊ ရန်ကုန် တိုင်းရုံးရဲ့ အငြိမ်းစားအရာရှိ တစ်ယောက် ဖြစ်ပါတယ်။ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဌာနအောက်က ဒီဌာနဟာ စက်သုံးဆီ တင်သွင်းခွင့်၊ ရောင်းချခွင့်လိုင်စင်တွေကို ကြီးကြပ်စစ်ဆေး ထုတ်ပေးတဲ့ဌာနပါ။

YP ပိုင်ရှင်တွေဟာ အခုမှ စက် သုံးဆီဆိုင် လုပ်ငန်းလုပ်ကြသူတွေမဟုတ် ဘဲ မြန်မာနိုင်ငံမှာ အောင်မြင်နေတဲ့ စက် သုံးဆီလုပ်ငန်း အုပ်စုဖြစ်တဲ့ PT Power စက်သုံးဆီလုပ်ငန်းစုကို တည်ထောင်သူ တွေပါ။ PT လုပ်ငန်းစုရဲ့အောက်မှာ PT စက်သုံးဆီဆိုင်နဲ့ BOC စက်သုံးဆီဆိုင် ဆိုပြီး ရှိပါတယ်။

သာကေတမြို့နယ်ရှိ YP စက်သုံးဆီဆိုင်

Photo-Aung Py သာကေတမြို့နယ်ရှိ YP စက်သုံးဆီဆိုင်

YP  ကို ရင်းနှီးမြှုပ်နှံထားသူ ငါးဦး စလုံးဟာ PT စက်သုံးဆီလုပ်ငန်းစုရဲ့ ဒါရိုက်တာအဖွဲ့ဝင်တွေလည်း ဖြစ်ပါတယ်။

PT စက်သုံးဆီဆိုင်တွေဟာ တစ် နိုင်ငံလုံးမှာ ဖွင့်လှစ်နေတာဖြစ်ပြီး BOC စက်သုံးဆီဆိုင်တွေကတော့ အထက် မြန်မာပြည် မန္တလေးမြို့ကို အခြေပြုပြီး လုပ်ငန်းလုပ်ဆောင်နေကြတာပါ။

YP ရဲ့ ကုမ္ပဏီမှတ်ပုံတင်ဟာ ကန ဦးမှာ မန္တလေးကုမ္ပဏီ မှတ်ပုံတင်ဌာနမှာ လုပ်ခဲ့တာဖြစ်ပြီး နောက်ပိုင်း ကုမ္ပဏီ ဥပဒေ အသစ်ထွက်လာမှ ရန်ကုန်ကို ပြောင်းခဲ့တာလို့ ကုမ္ပဏီမှတ်ပုံတင်ဌာန က အမည်မဖော်လိုတဲ့ အရာရှိတစ်ဦးက မော်ကွန်းကိုပြောပါတယ်။ မန္တလေး မှာYP ရဲ့ မှတ်ပုံတင်အမှတ်က ၂၈၁/ ၂၀၁၇-၂၀၁၈(MDY) ဖြစ်ပါတယ်။

YP စက်သုံးဆီဆိုင်တွေနဲ့ ပတ် သက်ပြီး အသေးစိတ် သိရှိနိုင်ဖို့ YP ကုမ္ပဏီရဲ့ ဒါရိုက်တာအဖွဲ့နဲ့ တွေ့ဆုံဖို့ မော်ကွန်းက ကြိုးစားပေမယ့် လက်ရှိမှာ မီဒီယာကိုဖြေကြားခြင်းမပြုသေးဘူးလို့ ပဲ ကုမ္ပဏီရဲ့ ကိုယ်စားလှယ်ကတစ်ဆင့် အကြောင်းပြန်ကြားလာပါတယ်။

 

အရှင် မွေး နေ့ချင်းကြီးလာတဲ့ YP

ပုဂ္ဂလိကစက်သုံးဆီ သိုလှောင်၊ ဖြန့် ဖြူး၊ ရောင်းချခြင်းလုပ်ငန်းအတွက် တရားဝင်ခွင့်ပြုချက်ရဖို့ အဆင့် ၁၀ ဆင့်ရှိပြီး ပထမအဆင့်အနေနဲ့ မြေပိုင် ဆိုင်မှုအထောက်အထား၊ ပတ်ဝန်းကျင် နေထိုင်သူတွေရဲ့ ထောက်ခံချက်၊ ရပ်ကွက် ရုံး၊ မြို့နယ်မီးသတ်၊ မြို့ နယ်စည်ပင်တို့ရဲ့ ထောက်ခံချက်တွေ ရရှိထားရမယ်လို့ မြန် မာ့ ရေနံထွက်ပစ်္စည်းရောင်းဝယ်ရေးလုပ်ငန်းက သတ်မှတ်ထားပါတယ်။

ဒီအဆင့်ကိုတင် ပြေလည်ဖို့ နှစ် ပေါက်အောင် ကြိုးစားကြရပြီး တချို့ဆို ရပ်ကွက်က သတ်မှတ်အိမ်အရေအတွက် ရဲ့ ထောက်ခံချက်မရလို့ ဒါမှမဟုတ် တစ်ဦးတလေက ကန့်ကွက်လို့ နှစ်နဲ့ချီပြီး ညှိနှိုင်းယူကြရတယ်လို့ စက်သုံးဆီ လုပ် ငန်းရှင်တွေက ပြောပြတယ်။

ဒီအဆင့်ကိုကျော်နိုင်ရင်တောင် မြို့နယ်၊ ခရိုင်၊ တိုင်းအဆင့် အုပ်ချုပ်ရေး အဖွဲ့တွေ၊ တိုင်းအဆင့် ရေနံထွက်ပစ်္စည်း များ  တင်သွင်း၊ ဖြန့်ဖြူး၊ ရောင်းချရေးလုပ် ငန်းများ ထိန်းသိမ်းရေးကော်မတီရဲ့ ထောက်ခံချက်တွေ၊ ပြည်ထောင်စုအဆင့် ဝန်ကြီးဌာနတွေဖြစ်တဲ့ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ သယံဇာတနှင့် သဘာ၀ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန တို့ရဲ့ အဆင့်ဆင့် စစ်ဆေးမှုတွေကို ကျော် ဖြတ်နိုင်မှ လိုင်စင်ရတာမျိုး ဖြစ်တယ်လို့ လက်ရှိ စက်သုံးဆီရောင်းဝယ်ရေး လုပ် ကိုင်နေသူတွေက ရှင်းပြတယ်။

ဒါပေမဲ့  သူတို့အတွက် ခက်ခဲလွန်း တဲ့ လုပ်ထုံးလုပ်နည်းတွေကို YP ဆီဆိုင် တွေက အလွယ်တကူကျော်ဖြတ်၊ ပေါ် ပေါက်လာတာဟာ တိုင်းဒေသကြီးအစိုးရ အဖွဲ့ရဲ့ အကူအညီကြောင့် ဖြစ်တယ်လို့ ဆိုကြပါတယ်။

ရန်ကုန်လိုမြို့ကြီးရဲ့မြို့လယ် ကောင်မှာ စက်သုံးဆီဆိုင် ဖွင့်လှစ် ရောင်းချခွင့် လိုင်စင်ရဖို့ဆိုတာ အိပ်မက် တစ်ခုလို့ စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့က စက်သုံးဆီဆိုင် ဖွင့်လှစ် ထားသူ ဦးသန့်ဇင်လင်းက ပြောတယ်။

သူတို့လို နယ်မြို့က လုပ်ငန်းရှင် တွေတောင် မြို့နဲ့ အနည်းဆုံးနှစ်မိုင်ဝေးမှ လိုင်စင်ပေးမယ်ဆိုလို့ မြို့နဲ့ ဝေးရာကို ခွာခဲ့ရတယ်လို့ သူက ရှင်းပြတယ်။

သာကေတမြို့နယ်၊ ရတနာလမ်းနှင့် ရှုခင်းသာလမ်းကြားရှိ YP စက်သုံးဆီဆိုင်

Source: Google Maps သာကေတမြို့နယ်၊ ရတနာလမ်းနှင့် ရှုခင်းသာလမ်းကြားရှိ YP စက်သုံးဆီဆိုင်

““ရန်ကုန်မှာ YPဆိုင်တွေ အခုလို ဖြစ်ပေါ်လာတာဟာ မယုံနိုင်စရာပါဗျ။ တကယ်တော့ ရန်ကုန်လိုနေရာထား တော့၊ နယ်မြို့တွေမှာတောင်မှ အရင်း အနှီးတတ်နိုင်ရင်တောင် မြို့ထဲမှာ ဆီဆိုင် ဖွင့်ခွင့် ထောက်ခံချက်တွေရဖို့ မလွယ် ဘူး”” လို့ ဦးသန့်ဇင်လင်းက ပြောတယ်။

သာကေတမြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးမောင်မောင်သန်း ကတော့ YP အတွက် မြို့နယ်စည်ပင်ရဲ့ ထောက်ခံချက်ကို ““တိုင်းအစိုးရရဲ့ စက် သုံးဆီဈေးနှုန်းကျဆင်းရေးဆိုတဲ့ စီမံ ချက်နဲ့ယူသွားတာ””လို့ ဆိုပါတယ်။ သာကေတမြို့နယ်၊ အထွေထွေအုပ်ချုပ် ရေးမှူးရုံးကတော့ ဒီစက်သုံးဆီဆိုင် မြေ နေရာတွေနဲ့ ပတ်သက်ပြီး မှတ်ချက်မပေး ခဲ့ပါဘူး။

ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ ပြနှင့်အိမ်ရာဖွံ့ဖြိုးမှုဦးစီးဌာန၊ နေပြည် တော်ရုံးက အရာရှိတစ်ဦးကတော့ ၂၀၁၈ မေ အတွင်းမှာ YP စက်သုံးဆီဆိုင်တွေနဲ့ ပတ်သက်ပြီး တိုင်းဒေသကြီးအစိုးရ မှတ် ချက်နဲ့မြေပါမစ် လျှောက်ထားလာတဲ့ အတွက် သူတို့ဌာနက စီမံခန့်ခွဲခွင့်ရှိတဲ့ ရန်ကုန်မြို့က မြေနေရာငါးခုကို YP အမည်ပေါက် ခွင့်ပြုပေးခဲ့တယ်လို့ ဆို ပါတယ်။

လက်ရှိမှာတော့ မြေယာပါမစ် ထုတ်ပေးတဲ့လုပ်ငန်းတွေ ကို သက်ဆိုင်ရာ မြို့နယ်တွေမှာရှိတဲ့ စည်ပင်သာယာရေး ဌာနတွေကို ၂၀၁၈၊ နိုဝင်ဘာကတည်းက လုပ်ပိုင်ခွင့်လွှဲပြောင်းပေးလိုက်ပြီ ဖြစ်တဲ့ အတွက် နောက်ပိုင်းကိစ္စတွေကို မသိရှိ တော့ဘူးလို့ သူက မော်ကွန်းကို ပြော ပါတယ်။

ဆီဖြည့်ပေးနေသော ဝန်ထမ်းတစ်ဦး

Photo-Aung Py ဆီဖြည့်ပေးနေသော ဝန်ထမ်းတစ်ဦး

ဒီမြေယာတွေရဲ့ မြေရာဇဝင်နဲ့ သမိုင်းကြောင်းကိုသိဖို့ ရန်ကုန်တိုင်း ဒေသကြီး၊ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီး ဌာနကို မော်ကွန်းက ဆက်သွယ်ပေးမယ့် မှတ်ချက်ပေးဖို့ ငြင်းဆန်ပြီး တိုင်းဒေသ ကြီးအစိုးရအဖွဲ့ကိုသာ တိုက်ရိုက်မေးဖို့ ဒီဌာနက လမ်းဩန်ပါတယ်။

ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်၊ ဘဏ္ဍာရေး၊ စီမံကိန်းနှင့် စီးပွားရေး ကော်မတီဥက္ကဌဖြစ်သူ ဒေါ်စန်္ဒာမင်းက တော့YP စက်သုံးဆီဆိုင်တွေ ဖွင့်လှစ် ထားတဲ့ မြေနေရာတွေဟာ အစိုးရပိုင် မြေနေရာတွေဖြစ်ပြီး ဒါကို တင်ဒါခေါ်ယူမှု မရှိဘဲ လုပ်ပိုင်ခွင့် တွေပေးခဲ့တာဟာ လုပ် ထုံးလုပ်နည်းအရ မှားယွင်းနေကြောင်း လည်း မီဒီယာတွေကနေ တစ်ဆင့် ဝေဖန် ထောက်ပြပါတယ်။

အများပြည်သူ ဆီဈေးနှုန်းကျဆင်း ရေးအတွက် ဦးတည်ဆောင်ရွက်တယ် ဆိုရင်လည်း တိုင်းဒေသကြီးအစိုးရအနေ နဲ့ အများနဲ့ သက်ဆိုင်တဲ့မြေတွေကို အခု လို လုပ်ငန်းရှင်တစ်ဖွဲ့ကို ချပေးခြင်းဟာ ရေရှည်မှာ ကောင်းကျိုးထက် ဆိုးကျိုး များမယ့် ဆုံးဖြတ်ချက်လို့ စက်သုံးဆီ လုပ်ငန်းရှင်တချို့ က သုံးသပ်တယ်။

တိုင်းအစိုးရရဲ့ လုပ်ချင်ကိုင်ချင်တဲ့ ပုံစံကို အများပြည်သူကို ချပြပြီး ပွင့်လင်း ပြီး စည်းစနစ်ကျတဲ့ ပုံစံမျိုးနဲ့ မြေတွေကို ချထားပေးတာမျိုး ဖြစ်သင့်တယ်လို့ မော် ကွန်းက တွေ့ဆုံခဲ့တဲ့ စက်သုံးဆီဆိုင်လုပ်ငန်းရှင်တချို့က သုံးသပ်ကြတယ်။

သာကေတမြို့နယ်ရှိ YP စက်သုံးဆီဆိုင်

Photo-Aung Py သာကေတမြို့နယ်ရှိ YP စက်သုံးဆီဆိုင်

စက်သုံးဆီကို ဘယ်လို တင်သွင်းနေကြသလဲ

လက်ရှိ မြန်မာနိုင်ငံမှာ စက်သုံး ဆီဆိုင်ပေါင်း ၂,၄၀၀ ကျော်ရှိပြီး ရန် ကုန်မြို့မှာ ဆိုင်ပေါင်း ၁၇၀ ကျော်ကို လိုင် စင်ထုတ်ပေးထားတယ်လို့ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနရဲ့ အချက်အလက် တွေမှာ ဖော်ပြပါတယ်။

စင်ကာပူနိုင်ငံက ရေနံထွက်ပစ်္စည်း ရောင်းဝယ်ရေးကုမ္ပဏီတွေကတစ်ဆင့် ဈေးကွက်ကို တင်သွင်းရောင်းချကြတဲ့ ပုံစံနဲ့ ပြည်တွင်းလုပ်ငန်းတွေက လည်ပတ် နေတာပါ။

သိုလှောင်မှု နေရာအခက်အခဲ၊ မတည်ငွေရင်းအကန့် အသတ်တွေ ရှိတာ ကြောင့် ဈေးကွက်အတွင်း လည်ပတ်နေ တဲ့ စက်သုံးဆီကို လက်လီသဘော တင် သွင်းနေခြင်းမျိုးဖြစ်တယ်လို့ စက်သုံးဆီ လုပ်ငန်းရှင်တွေက ရှင်းပြတယ်။

““အပိုဆီ သိုလှောင်ထားနိုင်မှုက တစ်လစာတောင် ရှိတာမဟုတ်ပါဘူး။ အပတ်စဉ် ဝယ်ယူတင်သွင်းကြပြီး ဈေး ကွက်မှာ ရောင်းချနေတာပါ”” လို့ ရန်ကုန် နဲ့ မန္တလေးမှာ စက်သုံးဆီလုပ်ငန်း လုပ် ကိုင်နေတဲ့ လုပ်ငန်းရှင်တစ်ဦးက ဆို ပါတယ်။

““ဆီဈေးနှုန်း တကယ်ကျချင်ရင် ဆီတင်သွင်းမှုကဏ္ဍ၊ သိုလှောင်မှုကဏ္ဍမှာ ဖြစ်ပေါ်နေတဲ့ အခက်အခဲတွေကို ဖြေ ရှင်းပြီး လုပ်ငန်းရှင်တွေကို အထောက် အပံ့လုပ်ပေးတာမျိုး ဖြစ်သင့်တယ်””လို့ သူက ဆက်ပြောပါတယ်။

တည်ငြိမ်တဲ့စက်သုံးဆီဈေးနှုန်း ဖြစ်ဖို့ဆိုရင် နိုင်ငံတကာမှာ စက်သုံးဆီ ဈေးနှုန်းကျဆင်းနေချိန်မှာ များများဝယ် ပြီး များများလှောင်နိုင်မယ့် အခြေအနေ တွေကို ဖန်တီးပေးနိုင်မှရမှာ ဖြစ်ပြီး အခု လို တစ်ဦးတစ်ဖွဲ့ကို မြေနဲ့လုပ်ပိုင်ခွင့်တွေ မက်လုံးပေးရုံနဲ့ ဈေးသက်သာတဲ့စက်သုံး ဆီတွေ ပြည်သူထံရောက်ရှိဖို့က ရေရှည် မှာ မဖြစ်နိုင်ဘူးလို့ စက်သုံးဆီ လုပ်ငန်းရှင် တွေက ဆိုကြတယ်။

ပြည်သူပိုင်မြေတွေကို ပုဂ္ဂလိက လုပ်ငန်းရှင်တစ်စုတစ်ဖွဲ့ကို ပေးလိုက် တာထက် ဒီမြေတွေကိုအရင်းတည်ပြီး နိုင်ငံတကာ လုပ်ငန်းရှင်တွေကို ဖိတ်ခေါ်ခဲ့ ရင်တောင် မြေဈေးကြီးမြင့်မှုကြောင့်  နိုင်ငံခြားရင်းနှီးမြုပ်နှံမှု အဟန့်အတား ဖြစ်နေတဲ့ ဒီစက်သုံးဆီ နယ်ပယ်မှာ ယှဉ် ပြိုင်မှု ဖြစ်ပေါ်လာပြီး သုံးစွဲသူတွေ သက် သာရေးအတွက် ပိုအကျိုးရှိမယ်လို့ စက် သုံးဆီဆိုင် လုပ်ငန်းရှင်တချို့က သုံးသပ် ပါတယ်။

““ ရန်ကုန်မှာ စက်သုံးဆီဆိုင် လို အပ်ချက်ကရှိသေးတယ်။ ဒါပေမဲ့ မြေနေ ရာက ရှားတယ်။FDI (ပြည်ပ တိုက်ရိုက် ရင်းနှီးမြှုပ်နှံ) လာရင်တောင် ကျွန်တော် တို့က ပြိုင်ဆိုင်မှုကို လက်ခံလို့ ရသေး တယ်။ ခုလို လုပ်လိုက်တော့ မေးခွန်းထုတ် စရာတွေက အများကြီးဖြစ်သွားတယ်””လို့ စက်သုံးဆီလုပ်ငန်းရှင်တစ်ဦးက ဆို ပါတယ်။

 

စီမံခန့်ခွဲမှုကောင်းဖို့လို

ရန်ကုန်စီးပွားရေးတက္ကသိုလ် အငြိမ်းစားပါမောက္ခဖြစ်တဲ့ စီးပွားရေး ပညာရှင် ဦးစောမြင့်မောင်ကတော့ လက် ရှိ ပြဋ္ဌာန်းထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ ဈေးကွက်စီးပွားရေးမူဝါဒအရ ““ အစိုး ရကစီးပွားရေးလုပ်ငန်းထဲမှာ ဝင်မလုပ် သင့်ဘူး။ ပုဂ္ဂလိက မလုပ်နိုင်လို့ မဖြစ်မနေ ဝင်လုပ်ရမယ်ဆိုရင်လည်း ဘာကြောင့် လုပ်သင့်ပါသည်ဆိုတဲ့ ဥပဒေ အရင်ပြုရ တယ်””လို့ သုံးသပ်ပြပါတယ်။

စက်သုံးဆီဈေးနှုန်းကို ထိန်းချုပ်ဖို့ ဆိုရင် အစိုးရတွေအနေနဲ့ကိုယ်တိုင်ပါဝင်မယ့်အစား  နိုင်ငံခြားက ကုမ္ပဏီတစ်ခုကို တိုက်ရိုက်လာဖွင့်နိုင်အောင် စီစဉ်ပေးကာ ““ပြိုင်ဆိုင်တဲ့နည်းနဲ့ စားသုံးသူအကျိုးရှိ အောင်လုပ်ရမှာ””လို့ သူကရှင်းပြပါတယ်။

ဦးသန့်ဇင်လင်းကတော့ စက်သုံးဆီဈေးနှုန်းတည်ငြိမ်ရေးတကယ်ဖြစ်ပေါ်ချင်ရင် လက်ရှိစက်သုံးဆီဈေးကွက်ကို လက်ကား ဖြန့်ဖြူးသူတွေက လက်ဝါးကြီး အုပ်ထားတဲ့အခြေအနေကို ယှဉ်ပြိုင်မှု ဖြစ်ပေါ်လာအောင် မူဝါဒတစ်ရပ်နဲ့ အစိုး ရတွေက ကူညီသင့်တယ်လို့ ပြောတယ်။

““ခေတ်အဆက်ဆက် ဒီလောက မှာ သိုလှောင်ကန်ပိုင်တဲ့၊ ဆိပ်ကမ်းပိုင် တဲ့သူတွေက လက်ဝါးကြီးအုပ်ထားတာ တွေ ရှိတယ်။ ဒီကဏ္ဍမှာ နိုင်ငံခြားရင်းနှီး မြှုပ်နှံသူတွေဝင်လာအောင်၊ သူတို့အ တွက်မြေတွေကို ဈေးသက်သာစွာနဲ့ ရ အောင် ဖန်တီးပေးပြီး ယှဉ်ပြိုင်ခိုင်းတာ မျိုးတွေဖြစ်မှ သုံးစွဲသူတွေအတွက် အကျိုး ပိုဖြစ်မှာပါ”” လို့ သူက ပြောတယ်။

လက်ရှိမှာတော့ အစိုးရရဲ့ မျက်နှာ သာပေးခံရတဲ့ဆိုင်တွေ ပေါ်လာတာ ကြောင့် ဆီဈေးကွက်မှာ မမျှတတဲ့ ယှဉ် ပြိုင်မှုဖြစ်နေတယ်လို့ စက်သုံးဆီရောင်း ဝယ်သူတွေက ပြောကြပါတယ်။ တစ် နိုင်ငံလုံးရဲ့ စက်သုံးဆီဈေးကွက်ကို အဓိ က စတင်ဖြန့်ဖြူးတာက ရန်ကုန်မြို့ကပါ။

အမည်မဖော်လိုတဲ့ လုပ်ငန်းရှင် တစ်ဦးက ““ ကျွန်တော်တို့မှာ(ရန်ကုန်မှာ)  တစ်ဆိုင်တိုးဖွင့်ဖို့ အရမ်းခက်ခဲပါတယ်။ ဒီလိုမြေရော၊ လိုင်စင်ရော လွယ်လွယ် ရရင် ဒီအစိုးရ သက်တမ်း အတွင်းလောက် ကတော့ အိတ်စိုက်၊ အရှုံးခံပြီး ကျွန်တော် တို့လည်းပေးနိုင်ပါတယ်””လို့  ဝေဖန် ပါတယ်။

ဒီအစိုးရသက်တမ်းအလွန် ဖွံ့ဖြိုး လာမယ့် ရန်ကုန်ရဲ့အခြေအနေနဲ့ ကြည့် ရင် ဒီပြည်သူပိုင် မြေနေရာတွေဟာ တန်ဖိုးအင်မတန်ရှိတယ်လို့ သူက ဆိုတယ်။

““အခုလို တန်ဖိုးအရမ်းမြင့်တဲ့ မြေ တွေအပေါ်မှာ စက်သုံးဆီဆိုင်ပါ ဖွင့်ခွင့် ပေးတဲ့ မူဝါဒမျိုးက ပြည်သူတွေ ဈေးနှုန်း သက် သာဖို့ထက် ရေရှည်မှာနစ်နာရဖို့သာ ရှိမယ်လို့ထင်တယ်””လို့ သူက မှတ်ချက် ပြုတယ်။

ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကတော့ ““တည်ဆောက် ရေးနဲ့ပတ်သက်တဲ့ ကဏ္ဍနယ်ပယ်တွေ အားလုံးကို ကူညီသွားမှာ။ မြေနေရာရော။ အရှင်းဆုံးပြောရရင် ဈေးချပြီးတော့ ပြည်သူလူထုအတွက် ဝန်ဆောင်မှု လုပ် နိုင်တဲ့ အရာအားလုံးကို ကူညီချင်တယ်။့ညေါသည ဏနအမသူ မှ မဟုတ်ဘူး။ ကုမ္ပဏီ အားလုံးကိုပဲ။ ပြည်သူ့အတွက် လုပ်ပေးဖို့ ပဲ”” လို့ YRTA နှစ်နှစ်ပြည့် အခမ်း အနားမှာ  မော်ကွန်းရဲ့ မေးမြန်းမှုကို ဖြေ ကြားခဲ့ပါတယ်။

ဒဂုံမြို့နယ်၊ မဲဆန္ဒနယ်အမှတ်၂ ၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စား လှယ်ဦးကျော်ဇေယျကတော့ ရန်ကုန် တိုင်း ဒေသကြီးမှာ စက်သုံးဆီဈေးနှုန်း ထိန်းချုပ်ဖို့ ထုတ်ပြန်ထားတဲ့ ဥပဒေမျိုး အခု မရှိသေးဘူးလို့ဆိုပါတယ်။ ဒါအပြင် တိုင်းဒေသကြီးအစိုးရအနေနဲ့ အစိုးရဌာန ပိုင်မြေတွေကို ပုဂ္ဂလိကကို ပေးမယ်ဆိုရင် လွှတ်တော်ကို တင်ပြပြီး ခွင့်ပြုချက်ရယူဖို့ လိုတယ်လို့ သူက သုံးသပ်ပါတယ်။

YP စက်သုံးဆီဆိုင်က ရန်ကုန် မြို့က ပြည်သူပိုင် မြေနေရာ ၂၆ နေရာကို စက်သုံးဆီဆိုင် ဖွင့်လှစ်လုပ်ကိုင်ခွင့်ပြုဖို့ လျှောက်ထားတဲ့ စာတစ်စောင် လူမှုကွန် ရက်မှာ ပျံ့နှံ့လာခဲ့တာကြောင့် အဲဒီ အခြေ အနေတွေကို အသေးစိတ်သိရှိနိုင်ဖို့ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန၊ ရန်ကုန်တိုင်းရဲ့ ဒုတိယဩန်ကြားရေးမှူး ဦးမြင့်နိုင်ကို ဆက်သွယ်မေးမြန်းတဲ့အခါ ဌာနနဲ့မသက်ဆိုင်ဘဲ ဒီမြေတွေကို တိုင်း ဒေသကြီး အစိုးရအဖွဲ့က တိုက်ရိုက်ကိုင် တွယ်တာလို့သာ ဖြေပြီး မှတ်ချက်ပေးဖို့ ငြင်းဆန်ပါတယ်။

YP က လျှောက်ထားတယ်ဆိုတဲ့ ဒီ မြေနေရာ ၂၆ နေရာထဲမှာ အခုဖွင့်လှစ် ထားတဲ့ စက်သုံးဆီဆိုင် နှစ်ဆိုင်လည်း ပါဝင်သလို ဆီဆိုင်ဖွင့်ဖို့ ခြံခတ်လို့ ဇန်နဝါ ရီ ၂၈ ရက်က ရပ်ကွက်နေသူတွေက ကန့် ကွက်မှုတွေ ပြုလုပ်ခဲတဲ့ တောင်ဒဂုံမြို့နယ်၊ မောင်းမကန်လမ်းဘေးက နေရာတွေ လည်း ပါဝင်ပါတယ်။

လက်ရှိ ဖွင့်လှစ်ရောင်းချနေတဲ့ သာကေတမြို့နယ်က စက်သုံးဆီဆိုင် အမှတ် ၁ အတွက် တစ်ပေပတ်လည် မြေ တန်ဖိုးကို YP ဟာ ၂,၀၀၀ ကျပ်သာ ပေးသွင်းရပေမယ့် အဲဒီနေရာရဲ့ ကာလ ပေါက်ဈေးဟာ တစ်ပေပတ်လည်ကို ကျပ် ၆၅,၀၀၀ ရှိတယ်လို့ ပြည်တွင်းအခွန်များ ဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။ အပြင်ပုဂ္ဂလိက ပေါက်ဈေးက တစ်ပေကို ကျပ်တစ်သိန်းဝန်းကျင် ရှိတယ်လို့ အိမ်ခြံ မြေအကျိုးဆောင်လုပ်ငန်းတွေက ပြော ကြပါတယ်။ YP  အမှတ် ၁ ဆိုင် ဖွင့်ထား တဲ့ မြေအကျယ်အဝန်းက နှစ်ဧကကျော် (စတုရန်းပေ ၈၇,၀၀၀ ကျော်) ရှိပါတယ်။

ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်၊ ပဲခူး မြစ်လမ်းဘေးမှာ ဖွင့်ထားတဲ့ ဆိုင်အမှတ် ၂ အတွက်လည်း မြေတန်ဖိုးကို တစ်ပေ ၂,၀၀၀ ကျပ်သာ ပေးခဲ့ရတာ ဖြစ်ပြီး ပြည် တွင်းအခွန်များဦးစီးဌာနက သတ်မှတ် ထားတဲ့ အဲဒီမြေနေရာရဲ့ တန်ဖိုးကတော့ တစ်ပေ ၁၂,၀၀၀ ကျပ် ကျော် ဖြစ်ပါတယ်။  အဲဒီ အမှတ် ၂ ဆိုင်ရဲ့ အကျယ်အဝန်းက တစ်ဧကကျော် (စတုရန်းပေ ၄၉,၀၀၀ ကျော်) ရှိပါတယ်။

လူမှုကွန်ရက်မှာပျံ့နှံ့နေတဲ့ စာရွက် စာတမ်းတွေအရYP စက်သုံးဆီဆိုင် တွေကို ရန်ကုန်မြို့မှာသာမက MP (Mandalay Petrol) အမည်နဲ့ မန္တလေးမြို့မှာလည်း ဖွင့်လှစ်ဖို့ စီစဉ်ထားခဲ့ တာကို တွေ့ရပါတယ်။

၂၀၁၉ ဇန်နဝါရီထဲမှာပဲ ဦးဝင်း ဆွေနဲ့ ဦးအောင်မော်သိန်းတို့ဟာ မ်္တ လေး၊ အောင်မြေသာစံမြို့နယ်က အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ မြို့နယ်ပါတီရုံး မြေနေရာဝယ်ယူဖို့နဲ့ အဆောက်အအုံ ဆောက်လုပ်ဖို့ အလှူငွေကျပ်သိန်းငါးရာ ထည့်ဝင်လှူဒါန်းခဲ့ပါသေးတယ်။

 

မြေတွေ ရလို့ အမြဲ ဈေးချမှာလား

YP စက်သုံးဆီဆိုင်ရဲ့ စစချင်း ကာ လတွေမှာ ရောင်းချတဲ့ Octane 92 Ron ရဲ့ ဈေးနှုန်းဟာ တစ်လီတာကို ၆၂၀ ကျပ် သာရှိခဲ့လို့ အခြားဆိုင်တွေထက် ကျပ် ၄၀၊ ၅၀ လောက်အထိ သက်သာတာကြောင့် သုံးစွဲသူတွေအကြား ရေပန်း စားခဲ့ပေမယ့် အခုအခါမှာတော့ သူနဲ့ဈေးနှုန်းတူ ရောင်း ချတဲ့ဆိုင်တွေလည်း ပေါ်ထွက်လာပါပြီ။

အထူးသဖြင့် သာကေတ YP စက် သုံးဆီဆိုင်ရဲ့ အနီးအနား မှာရှိတဲ့ ရွှေဗျိုင်းဖြူ စက်သုံးဆီဆိုရင် YP နဲ့ ဈေးနှုန်းတူ ရောင်းချတာတွေ့ရပါတယ်။ ဒီအချက် ကြောင့် စက်သုံးဆီလုပ်ငန်းရှင်တွေကြား မေးခွန်းတွေလည်း ပေါ်ထွက်လာခဲ့ ပါတယ်။

““အစိုးရ အထောက်အပံ့ အကူ အညီပေးတဲ့ဆိုင်မှာလည်း ဒီဈေးပဲ။ အစိုး ရ အထောက်အပံ့မရတဲ့ ဆိုင်မှာလည်း ဒီဈေးပဲဆိုတော့ စဉ်းစားစရာပဲ။ ဒီဆိုင် တွေကလည်း ကျွန်တော်တို့လည်း YPလို ဈေးနှုန်းနဲ့ ရောင်းချနိုင်တာပဲ။ ကျွန်တော် တို့ကိုလည်း သူလို မြေနေရာနဲ့လိုင်စင်တွေ ချပေးပါလို့ တောင်းဆိုရင်တော့ တိုင်း အစိုးရဒုက္ခရာက်ပြီ”” လို့ မြန်မာနိုင်ငံ စက်သုံးဆီတင်သွင်း ဖြန့်ဖြူးရောင်းချသူ များအသင်းနဲ့ နီးစပ်သူတစ်ဦးက မော် ကွန်းကို ပြောတယ်။

နောက်ထပ် မေးခွန်းထုတ်စရာ တစ်ခုက YP စက်သုံးဆီဆိုင်တွေ ဈေး နှုန်းတွေ ချရောင်းနေတဲ့အချိန်မှာ YP ကို ရာနှုန်းပြည့် ပိုင်ဆိုင်ကြတဲ့ PT စက်သုံး ဆီလုပ်ငန်းအုပ်စုက ဖွင့်ထားတဲ့ ရန် ကုန်မြို့က စက်သုံးဆီဆိုင်တွေမှာတော့ ဈေးနှုန်းချ ရောင်းပေးတာမျိုးမရှိဘဲ စက် သုံးဆီအသင်းက သတ်မှတ်တဲ့ ပုံမှန် ဈေး နှုန်းတွေအတိုင်း ရောင်းချခဲ့တာပါပဲ။

““အခု သူတို့(YP)ကို မြေနေရာ တွေပေးတယ်။ သူတို့က ဈေးချပေးတယ် ပေါ့။ ဒါကဘယ်လောက်အထိ ဈေးချပေး မှာလဲ ဆိုတာကလည်း ရှိသေးတယ်။ ဒီ အစိုးရသက်တမ်းကုန်ရင်ရော သူတို့က ဈေးကိုချပေးနေဦးမှာလားဆိုတာ မေး ခွန်းထုတ်စရာပဲ””လို့ အမည်မဖော်လိုတဲ့ စက်သုံးဆီလုပ်ငန်းရှင်က ဝေဖန်တယ်။

စက်သုံးဆီဆိုင် ဖွင့်နိုင်ဖို့ အစိုးရက မြေနဲ့ လိုင်စင်ရအောင် မြန်မြန်ကူညီ ရင်YP လိုပဲ တခြားလုပ်ငန်းရှင်တွေလည်း လိုက် လုပ်နိုင်ပါတယ်။ ဒါကြောင့် သူတို့ ကိုလည်း YP လိုမျိုး မြေနဲ့ လိုင်စင်ပေးသင့် တယ်လို့ တမင်တကာလုပ်တောင်းတာမျိုး တွေလည်း ဖြစ်လာနိုင်တယ်လို့ သူက ထောက်ပြပါတယ်။

ကလေးမြို့မှာ စက်သုံးဆီဆိုင်ဖွင့် ထားတဲ့ ဦးသန့်ဇင်လင်းကတော့ စက်သုံး ဆီဈေးနှုန်း ကျဆင်းရေးအတွက်ဆိုရင် ရန်ကုန်မြို့မှာတင်မဟုတ်ဘဲ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ မူဝါဒကောင်းကောင်း တွေ ချမှတ်ဆောင်ရွက်မှ ဖြစ်နိုင်မယ်လို့ သုံးသပ်ပါတယ်။ သူအနေနဲ့ဆိုရင်လည်း ဒီလောက်လုပ်ငန်းစတင်ဖို့ ခက်ခဲတဲ့ ကဏ္ဍမှာ အစိုးရတန်ဖိုးနဲ့ မြေငှားပေးပြီး လိုင်စင်ရအောင်ပါ ကူညီပေးရင် ““ရှိ သမျှဟာ ပေါင်နှံပြီး ရန်ကုန်လာပြီးလုပ်ပစ် လိုက်ချင်တယ်””လို့ မချိတင်ကဲ ဆိုပါတယ်။

YP စက်သုံးဆီဆိုင်တွေအတွက် အစိုးရပိုင် မြေနေရာတွေကို တစ်စုတစ်ဖွဲ့ တည်းကိုပဲ ကာလပေါက်ဈေးထက် များ စွာ လျှော့ရောင်းပေးတာ၊ တင်ဒါမခေါ် တာတွေနဲ့ပတ်သက်လို့ အသေးစိတ် သိရှိနိုင်ဖို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီး ချုပ်ကို လိပ်မူပြီး ဇန်နဝါရီ ၈ ရက်က သတင်းမီဒီယာဥပဒေ၊ နည်းဥပဒေပါ သတင်းအချက်အလက် တောင်းခံခွင့်ပုံစံ အတိုင်း လျှောက်ထားခဲ့ပါတယ်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ လျှပ်စစ်နှင့်လမ်းပန်းဆက်သွယ်ရေးဝန် ကြီး ဒေါ်နီလာကျော်ကို ဇန်နဝါရီ ၉ ရက် က ဖုန်းဆက်မေးမြန်းရာမှာလည်း ရုံးမှာ စာလာတင်ဖို့ ပြောတာကြောင့် သတင်း မီဒီယာနည်းဥပဒေအရ  သတင်းအချက် အလက် တောင်းခံခွင့်ပုံစံနဲ့အတူ ဇန်နဝါရီ ၁၀ ရက်က ထပ်မံလျှောက်ထား ခဲ့ပါ တယ်။ ဒါ့အပြင် ဇန်နဝါရီ ၁၀ ရက်က ရန် ကုန်တိုင်းဝန်ကြီးချုပ် မြန်မာနိုင်ငံသတင်း မီဒီယာကောင်စီရုံးခန်းကို လာရောက်စဉ် ကလည်း  YP ကို ပေးခဲ့တဲ့ ပြည်သူပိုင် မြေတွေအကြောင်း မေးထားတဲ့ မေးခွန်း တွေကို ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း လက် ထဲ မော်ကွန်းက ထည့်ပေးခဲ့ပါတယ်။

ဇန်နဝါရီ ၁၁ ရက်မှာတော့ ရန်ကုန် မြို့တော်စည်ပင်သာယာရေးကော်မတီ၊ မြို့ပြစီမံကိန်းနှင့် မြေစီမံခန့်ခွဲမှုဌာန၊ ဌာနမှူးကို လိပ်မူပြီး YP အတွက် မြေ အငှားချထားမှုအကြောင်း သတင်းမီဒီ ယာနည်းဥပဒေအရမေးမြန်းထားပါ တယ်။

ဒါပေမဲ့ ယခု ဆောင်းပါး ဖောင်ပိတ် ချိန် ဇန်နဝါရီ ၃၁ ရက်မှာ ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့ကို မော်ကွန်းက ထပ်မံ သွားရောက်မေးမြန်းတဲ့အခါ သတင်းအချက်အလက်တောင်းခံမှုစာ တွေကို ဝန်ကြီးချုပ်ထံ တင်ပြထားတယ် လို့ အစိုးရအဖွဲ့ရုံး ဝန်ထမ်းတွေက ပြောပြီး ပြန်လည်ဆက်သွယ်မယ်လို့သာ ဖြေကြား ပါတယ်။

““တောင်းခံသည့်နေ့မှ တရားဝင် ရုံးပိတ်ရက်များမှအပ အလုပ်လုပ်ရက် ၁၅ ရက်အတွင်း အကြောင်းပြန်ကြားရ မည်””လို့ မီဒီယာဥပဒေမှာ ဖော်ပြထားပေ မယ့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ က မလိုက်နာခဲ့ပါဘူး။

မြေနေရာတွေနဲ့ ပတ်သက်ပြီး ရန် ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ  မြို့ပြ စီမံကိန်းနှင့် မြေယာဌာန ကတော့ မော်ကွန်းမဂ္ဂဇင်းက တောင်းခံ ထားတဲ့ အချက်အလက်တွေကို တိုင်း ဒေသကြီး အစိုးရအဖွဲ့ထံ တင်ပြထားတယ် လို့ ၎င်းင်းဌာနရဲ့ တာဝန်ရှိသူတစ်ဦးက ဇန်နဝါရီ ၃၁ ရက်က မော်ကွန်းကို ပြော ပါတယ်။

 

အမျိုးအစား - ပုံရိပ်လွှာ

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."