ဂေထော
ဒီဇင်ဘာ ၄
အရည်အသွေး မပြည့်မီတဲ့ စာတမ်းများနဲ့ ရာထူးတိုးမြှင့်ခြင်းခံခဲ့ရတဲ့ တက္ကသိုလ် ဆရာ ၊ ဆရာမများကို ပြန်လည်စိစစ်ဖို့ တက္ကသိုလ် ဆရာ၊ဆရာမ အသင်းများကိုယ်စားပြုကော်မတီမှ တောင်းဆို
ဂေထော
ဒီဇင်ဘာ ၄
ရာထူးတိုးမြှင့်ခြင်းနဲ့ ရွှေ့ပြောင်းခန့်ထားခြင်းကိစ္စတွေမှာ အရည်အသွေးမပြည့်မီတဲ့ စာတမ်း တင်သွင်းခဲ့သူတွေ ပါဝင်နေခြင်းကို ပြန်လည်စိစစ်ဖို့နဲ့ နစ်နာခဲ့တဲ့ ဆရာဆရာမတွေကိုလည်း တရားမျှတစွာ ပြန်လည်ကုစားပေးဖို့ကို တက္ကသိုလ် ဆရာ၊ဆရာမ အသင်းများ ကိုယ်စားပြု ကော်မတီက မနေ့က သဘောထားထုတ်ပြန် တောင်းဆိုခဲ့ပါတယ်။
တက္ကသိုလ် ဆရာ၊ဆရာမ အသင်းများ ကိုယ်စားပြု ကော်မတီ အတွင်းရေးမှူး ဦးလှိုင်တင့်က “ရာထူးတိုးတဲ့အခါမှာတော့ မူလဝန်ကြီးဌာနက ထုတ်ပြန်တဲ့ မူဝါဒအတိုင်းမဟုတ်ဘဲနဲ့ ကွဲလွဲပြီးတော့ ရာထူးတိုးသွားတာရှိတယ်။ ဒါတွေကတော့ နှစ်တိုင်းဖြစ်နေတဲ့ကိစ္စ အဲ့ဒါကိုလည်း ကျွန်တော်တို့ နှစ်တိုင်းပြောနေရတဲ့ ကိစ္စ မဖြစ်သင့်တော့ဘူး။ ဒါက တိကျတဲ့ မူဝါဒမရှိလို့ ဖြစ်နေတဲ့ ပြဿနာလို့မြင်တယ်။ ဒါကြောင့် ကြေငြာချက်ထုတ်ရတာပါ” လို့ ဆိုပါတယ်။
သူတို့အနေနှင့် ရာထူးတိုးရာတွင် ပါဝင်သင့်သည့် သူများမပါဝင်ခြင်း မူဝါဒများတိကျခိုင်မာမှု မရှိခြင်းတို့ကို အကြိမ်ကြိမ် ကန့်ကွက်ပြောဆိုခဲ့သော်လည်း မျက်ကွယ်ပြုခံခဲ့ရတယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
ဒါကြောင့် ဗဟိုချုပ်ကိုင်မှု လွန်ကဲနေတဲ့ အမျိုးသားပညာရေးဥပဒေကို ဆက်လက်ပြင်ဆင်ပြီး လွတ်လပ်သော ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တက္ကသိုလ်တွေကို အမြန်ဆုံး ဖော်ဆောင်ပေးဖို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ပုံစာ – ပညာရေးကောလိပ် ကျောင်းသားသမဂ္ဂများကု်ယ်စားပြုကော်မတီမွ အမျိုးသားပညာရေးဥပဒေနဲ့ ပညာရေးကဏ္ဍနှင့်ပက်သက်သောဆွေးနွေးပွဲကို ရန်ကုန်တက္ကသိုလ်တွင်ကျင်းပေနစဥ်
#mawkun #magazine #chronicle #dailynews