ကလေး – ၂၀၂၁ ဒီဇင်ဘာ ၂၈ (မော်ကွန်း)
အာဏာသိမ်းစစ်ကောင်စီတပ်တွေ ဖိနှိပ်စောင့်ကြည့်နေပေမယ့် ကလေးမြို့ ပင်မသပိတ်ကတော့ ပျက်ရက်မရှိဘဲ လမ်းပေါ်တက် ဆန္ဒပြခဲ့ကြပါတယ်။
ဒီနေ့မှာတော့ သပိတ်ကို အမျိုးသမီးတွေက ဦးဆောင်ကာ “ရဲမေတို့ ရှေ့ထွက် တော်လှန်နှစ်သစ် ခရီးဆက်၊ မုဒိမ်းစစ်တပ် အမြစ်ဖြတ် ဖမ်းဆီးခံများအတွက်” ဆိုတဲ့ ဆောင်ပုဒ်ကို ကိုင်ဆောင်ခဲ့ကြပါတယ်။
စစ်အာဏာရှင်ဆန့်ကျင်တော်လှန်ရေး ကလေးမြို့ သပိတ်ဟာ ဒီကနေ့ဆို ၃၂၄ ရက် ရှိလာခဲ့ပါပြီ။
ဓာတ်ပုံ – CJ
#Dailynews

