အမ်း- ၂၀၂၄ စက်တင်ဘာ ၁၃ ( မော်ကွန်း)
ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် အမ်းချောင်းရေမြင့်တက်လာပြီး အမ်းချောင်းတစ်လျှောက်ရှိ ကျေးရွာပေါင်း ၂၃ ရွာကို ဘေးလွတ်ရာသို့ ပြောင်းရွေ့ထားရပါတယ်။
အမ်းချောင်းတစ်လျှောက်မှာရှိတဲ့ ပြောင်းချောင်း၊ လောင်းစပ်၊ပြုတ်ကျွန်း၊ ညောင်ချောင်း၊ ချင်းကုန်း၊ ငလက်ကျ၊ ကျားခြေရာ၊ လောင်းဒုံးကွင်း၊ ခရမ်းကျွန်း၊ မယ်ဇလီကိုင်း၊ ဗြက်၊ ရေအေး၊ မွန်လှ၊ စခန်းမော်၊ တိုက်မော်၊ မော်ကြီး၊ ဝက်မီးတို၊ ဟင်းရွက်မော်၊ တောင်ဖီလာ၊ အဝပြင်၊ ကံဇလီ၊ မရမ်းတောင်နဲ့ တပ်တောင် စတဲ့ကျေးရွာတွေကို ကုန်းမြင့်ပိုင်းဒေသသို့ပြောင်းရွှေ့ ထားရတာဖြစ်ပါတယ်။
” မနေ့က နေ့လယ်ပိုင်းကတည်းက ရွာတွေကို ချောင်းရေတွေ စဝင်ပါတယ်။ အရင်တုန်းကလည်း အမ်းချောင်းရေကျော်လို့ ဒီဒေသတွေအကုန်လုံး မြုပ်ဖူးတယ်။ တစ်ချို့မြေနိမ့်ပိုင်းရွာတွေဆို အိမ်ခေါင်ဖျားတောင် မပေါ်တဲ့အထိမြှုပ်ဖူးတော့ စိုးရိမ်ပြီး ဘေးကင်းရာကို ကြိုတင်ပြီး ရွှေ့ပြောင်းကြတာပါ” လို့ ဒေသခံတစ်ဦးကပြောပါတယ်။
ပြောင်းရွှေ့လာတဲ့ အမ်းချောင်းဒေသခံတွေဟာ ကုန်းမြင့်ပိုင်းဒေသတွေက ဘုန်းကြီးကျောင်းတွေ၊ နီးစပ်ရာ ဆွေမျိုးအိမ်တွေနဲ့ အသိမိတ်ဆွေအိမ်တွေမှာ ယာယီခိုလှုံနေကြပြီး လူဦးရေ သောင်းနဲ့ချီရှိနိုင်တယ်လို့ ကူညီဆောင်ရွက်ပေးနေတဲ့ အမ်းမြို့ခံတစ်ဦးကပြောပါတယ်။
” လူဦးရေအတိအကျကို စာရင်းနဲ့သေချာလိုက်ကောက်ပြီး လိုအပ်တဲ့ကူညီထောက်ပံ့မှုတွေ လုပ်ပေးဖို့ကြိုးစားနေပါတယ်။ ရိက္ခာပါလာတဲ့သူတွေရှိသလို ဘာမှမပါလာတဲ့ လက်လုပ်လက်စားတွေလည်းရှိတော့ စားဖို့သောက်ဖို့ခက်ခဲနေကြတယ်” လို့ ၎င်းမြို့ခံကပြောပါတယ်။
လက်ရှိအခြေအနေအရ မိုးအဆက်မပြတ် ရွာသွန်းနေတဲ့အတွက် အမ်းချောင်းရေဟာ တဖြည်းဖြည်းမြင့်တက်လာနေပြီး အမ်းမြို့ပေါ်က မြေနိမ့်ပိုင်းရပ်ကွက်တွေလည်း ဘေးလွတ်ရာသို့ပြောင်းရွှေ့ဖို့ ပြင်ဆင်နေကြတယ်လို့လည်း ဆိုပါတယ်။
ရခိုင်ရိုးမပေါ် မိုးအားအနည်းငယ်လျော့ကျလာနေသော်လည်း ရခိုင်ပြည်နယ်အတွင်းက ကျောက်တော်၊ ဘူးသီးတောင်၊ မောင်တော၊ ပုဏ္ဏားကျွန်း ၊ရသေ့တောင် ၊စစ်တွေ၊ ကျောက်ဖြူ ၊ ရမ်းဗြဲကျွန်း၊ မာန်အောင်ကျွန်း၊ သံတွဲ၊တောင်ကုတ်၊ မအီ ၊အမ်း၊ မင်းပြား၊ မြောက်ဦး ၊မြေပုံ စတဲ့ ဒေသတွေမှာ မိုးကြီးနိုင်သေးတယ်လို့ မိုးလေဝသခန့်မှန်းသူ Su Su San က ဒီနေ့မနက်ပိုင်းက ထပ်မံအသိပေးထားပါတယ်။

ပုံစာ- အမ်းချောင်းရေမြင့်တက်လာမှုကြောင့် ရေမြှုပ်နေတဲ့ ကျေးရွာအချို့
Photo – ထွန်းထွန်းသိန်း
🌐 Website
မြစ်ကြီးနားမှာ ရေသုံးပေလောက်ကျသွားပေမယ့် အနိမ့်ပိုင်းရပ်ကွက်တွေ ရေနစ်မြုပ်နေဆဲ
🌐 Telegram
https://t.me/MawkunMM
🌐 Facebook
https://facebook.com/mawkunmagazine
🌐 Youtube
https://youtube.com/@mawkunmagazine494/community
🌐 TikTok
https://tiktok.com/@mawkun.magazine
🌐 X
https://x.com/MawKunMM
🌐 Substack
https://mawkunmagazine.substack.com/
🌐 Linktree
https://linktr.ee/MawKunMagazine
Mawkun Magazine #Chronicle #dailynews

