ရန်ကုန်- ၂၀၂၃၊ ဧပြီ ၂၇ (မော်ကွန်း)
မြန်မာနိုင်ငံအောက်ပိုင်း ရန်ကုန်မြို့မှာ အမြင့်ဆုံးအပူချိန် ၄၂ ဒီဂရီနဲ့ မြန်မာနိုင်ငံအလယ်ပိုင်း မကွေးတိုင်းဒေသကြီးချောက်မြို့မှာ အမြင့်ဆုံးအပူချိန် ၄၄ ဒီဂရီ ရောက်နေတယ်လို့ မိုးလေဝသနှင့်ဇလဗေဒဦးစီးဌာနကဒီကနေ့ထုတ်ပြန်ထားပါတယ်။
လက်ရှိရန်ကုန်မြို့မှာဆိုရင်လည်း လျှပ်စစ်မီးပုံမှန်မရတဲ့အပြင် ရာသီဥတုအပူဒဏ်ကြားမှာ ပြည်သူတွေဟာ စားဝတ်နေရေးအတွက်ရုန်းကန်လှုပ်ရှားနေရတာပါ။
မနေ့က သာကတေမြို့နယ် မှာ အသက် ၄၀ ဝန်းကျင် အမျိုးသားတစ်ဦး အပူချိန်မြင့်တက်လာရာကနေ ကွယ်လွန်သွားခဲ့တယ်လို့ သာကေတမြို့နယ်လူမှူကူညီရေးအဖွဲ့ကထုတ်ပြန်ထားပါတယ်။
အပူချိန်မြင့်မားနေတဲ့ ရန်ကုန်မြို့မှာ အပူရှပ်တာတွေ သတိမေ့လဲတာတွေရှိလာနေတယ်လို့လူမှုကူညီကယ်ဆယ်ရေးအသင်းတွေကထုတ်ပြန်ပါတယ်။
Photo: Mawkun
#Dailynews

