အနာဂတ် ကြယ်ပွင့်လေးများရဲ့ဆည်းလည်းသံ

အနာဂတ် ကြယ်ပွင့်လေးများရဲ့ဆည်းလည်းသံ

၂ဝ၁၈၊ ဇန်နဝါရီလထုတ် မော်ကွန်းမဂ္ဂဇင်း အမှတ်(၅၃)မှ Profile ဖြစ်ပါသည်။

ကျော်ဇေယျာထွန်း ရေးသည်။

မေရီချက်(ပ်)မင်း နားမကြားသော ကလေးများ ကျောင်းသို့ ဆရာမနော်ဗွီတူဖော ရောက်ခဲ့သည့် အချိန်က သူ့အသက်မှာ ၂၂ နှစ်အရွယ်၊ တက်္ကသိုလ် ကျောင်းတက်နေသည့် အချိန်။ ဆရာ၊ ဆရာမ များအတွက် သာမန်ကလေးတစ်ဦးကိုပင် စာ သင်ကြားဖို့ ခက်ခဲသည့်အခြေအနေတွင် ဆရာမ နော်ဗွီတူဖောက အကြားအာရုံ အားနည်းသည့် ကလေး၊ အကြားအာရုံချို့ယွင်းသည့် ကလေးများ ကို စာသင်ကြားပေးဖို့ သူ ရွေးချယ်ခဲ့သည်။

      ထို့ကြောင့် ယခုဆိုလျှင် သူရွေးချယ်ခဲ့သည့် စာသင်ကြား ရေး ခရီးလမ်းကို လျှောက်လှမ်းခဲ့သည်မှာ ၂၅ နှစ်ကျော်ခဲ့လေပြီ။ နားမကြားကလေးများကို စာသင်ကြားပေးသည့် ဆရာမတစ်ဦး အနေဖြင့်ဤကာလရှည်ခရီးတစ်ခုကို မည်သို့ဖြတ်သန်းခဲ့ရ ပါသနည်း။

      နော်ဗွီတူဖောသည် ၁၉၉၂ ဖေဖော်ဝါရီတွင် မေရီချက်(ပ်)မင်း နားမကြားသော ကလေးများကျောင်းသို့ စတင်ရောက်ခဲ့ ခြင်း ဖြစ်သည်။ သူ့အစ်မဖြစ်သူ၏ အချိတ်အဆက်မှတစ်ဆင့် ဤကျောင်းသို့ သူရောက်လာခဲ့ခြင်းဖြစ်သည်။ သူသည် ဘားအံမြို့ ဇာတိ ဖြစ်လေသည်။ မော်လမြိုင်တက်္ကသိုလ်တွင် ဓာတုဗေဒ အထူးပြုဖြင့် တတိယနှစ်တက်နေစဉ် ၁၉၈၇ ငွေ စက်္ကူအရေးအခင်း၊ ၁၉၈၈ အရေးအခင်းဖြစ်ပြီး ကျောင်း ပိတ်လိုက်သဖြင့် ကျောင်းနားခဲ့ရသည်။

      ထိုသို့ ကျောင်းများ ပိတ်ထားစဉ် အစ်မဖြစ်သူက ရန်ကုန် မြို့ရှိ မေရီချက်(ပ်)မင်းနားမကြားသောကလေးများကျောင်း တွင် အလုပ်လုပ်ရန် လှမ်းခေါ်ရာမှ နော်ဗွီတူဖော ရန်ကုန်သို့ ရောက်လာခဲ့ခြင်းဖြစ်သည်။

      သူတို့ရောက်သည့်အချိန်က မေရီချက်(ပ်)မင်း ကျောင်း ဝင်းထဲတွင် ဘန်ဂလိုရုံးခန်း၊ အမျိုးသားအဆောင်၊ စာသင် ဆောင်နှင့် မေရီချက်(ပ်)မင်းလက်ထက်က ရှိခဲ့သည့် အနီရောင် အဆောက်အအုံစသည်တို့သာရှိခဲ့သည်။ ကျောင်းပတ်ဝန်းကျင် မှာလည်း ယခုလိုမဟုတ်ဘဲ တိတ်ဆိတ်သည့် နေရာတစ်ခုဖြစ် သည်ဟု သူက ဆိုသည်။

      ထိုစဉ်က သူသည် မသန်စွမ်းဆိုလျှင် မျက်မမြင်များသာ တွေ့ဖူးသည်။ နားမကြားသူများနှင့်တော့ ရင်းနှီးလှသည် မဟုတ်။ မေရီချက်(ပ်)မင်းကျောင်းသို့ ရောက်မှသာ တွေ့ဖူး ခြင်း ဖြစ်သည်။ ထို့ကြောင့် သူတို့နှင့်လည်း စကားမပြောတတ်။ နားမကြားသည့် ကျောင်းသူ၊ ကျောင်းသားအချင်းချင်းကတော့ အပြန်အလှန်စကားပြောကြကာ ပျော်နေတတ်ကြသည်ဟု နော်ဗွီတူဖောက ဆိုသည်။

      မူလက သူတို့သည် မေရီချက်(ပ်)မင်းကျောင်းတွင် ရုံးစာရေးဝန်ထမ်းအဖြစ်သာ လုပ်ကိုင်ဖို့ ရည်ရွယ်ခဲ့သော်လည်း ကျောင်းသို့ ရောက်သည့်အခါ ဆရာဖြစ် သင်တန်းတက် ရောက်ပြီး နားမကြားသူများကို စာသင်ပေးရသည့် ဆရာမ အဖြစ် တာဝန်ထမ်းဆောင်ရမည်ကို သိလိုက်ရလေသည်။

      ““တကယ်တမ်းက ကျွန်မက လာလေ့လာရုံပဲ လာခဲ့တာ။ ဒါပေမဲ့ ဒီကိုရောက်တဲ့အခါကျတော့ သင်တန်းတက်ဖြစ်သွား တာပေါ့””ဟု မရည်ရွယ်ဘဲ ဆရာဖြစ်သင်တန်းတက်ခဲ့ရသည့် အဖြစ်ကို သူက ပြောပြသည်။

ကလေးများကို စောင့်ရှောက်ရသည့် နော်ဗွီတူဖော

      ဆရာဖြစ်သင်တန်းမှာ ဇွန်လမှ စတင်ဖွင့်လှစ်မည်ဖြစ်သည်။ ထို့ကြောင့် သင်တန်းမဖွင့်မီကာလတွင် မေရီချက်(ပ်)မင်း ကျောင်းရှိ အဆောင်တွင် နေခဲ့ရပြီး အဆောင်ရှိ နားမကြားသည့် ကလေးများကို စောင့်ရှောက်ပေးခဲ့ရသည်ဟု သူက ဆိုသည်။

      ထိုအချိန်က မေရီချက်(ပ်)မင်းကျောင်းတွင် အဆောင် နေသည့်ကလေးမှာ ၄၅ယောက်ခန့်ရှိသည်။ ကလေးများသည် မကြာခဏဆိုသလို ဆော့ကစားကြရင်း တစ်ဦးနှင့် တစ်ဦးတိုက်မိ ကာ လဲကျတတ်သည်။ လဲကျသည့်အခါတွင်လည်း ပက်လက်လန် လဲကျသည့်အခါ သတိမေ့ခြင်း၊ အော့အန်ခြင်းများဖြစ်ပါက ဆေး ရုံသို့ ပို့ရလေသည်။ ထိုအချိန်မျိုးဆိုလျှင် ကလေးသက်သာလာ သည်အထိ ဆေးရုံတွင် နေရသည်ဟု သူက ဆိုသည်။

      ““ကလေးတွေက နားမကြားတော့ အ်္တရာယ်ရဲ့အတိမ် အနက်ကို မမှန်းဆနိုင်ဘူးလေ။ တစ်ယောက်က ကစားရင်းနဲ့ တွန်းလိုက်ရင် အရှိန်နဲ့ အချိန်အဆကို မသိကြတော့ တစ်ယောက် က လဲကျတဲ့အခါ လက်ခေါက်နိုင်တယ်။ အရေးပေါ်ကို ပြေးရတာ မျိုးတွေ ရှိတယ်””ဟု သူက ရှင်းပြသည်။

      ထို့ကြောင့် နော်ဗွီတူဖောသည် ကလေးများကို စောင့် ကြည့်ရန် တာဝန်ကျသည့် အချိန်မျိုးဆိုလျှင် ကလေးများကို သေချာဂရုစိုက်ကြည့်ပေးရသည်။

      သူသည် ဆရာဖြစ်သင်တန်း မဖွင့်သေးသည့်ကာလ၌ မေရီ ချက်(ပ်)မင်း ကျောင်းရှိ စက်ချုပ်သင်တန်းကို တက်ခဲ့သည်။ ပြီး လျှင် နားမကြားသူများနှင့်စကားပြောနိုင်ရန် အတန်းကြီး သည့်ကျောင်းသူ၊ ကျောင်းသားများထံမှ လက်သင်္ကေတပြ ဘာ သာစကား(SIGN LANGUAGE) ကို သင်ကြားသည်။

ဆရာဖြစ်သင်တန်း

      ဇွန်လအရောက်တွင် နော်ဗွီတူဖောတို့သည် ဆရာဖြစ်သင် တန်း စတင်တက်ခဲ့ရသည်။ သင်တန်းတွင် နော်ဗွီတူဖောနှင့် သူ့ အစ်မအပါအဝင် သင်တန်းသူစုစုပေါင်း လေးယောက်သာ ရှိ သည်။ သင်တန်းအချိန်က မနက် ၉နာရီမှ ညနေ ၃ နာရီအထိ ဖြစ်သည်။ စနေ၊ တနင်္ဂနွေ ဆိုလျှင် သင်တန်းနှစ်ရက် ပိတ်               ပေးသည်။

      သင်တန်းတွင် မူလတန်းသင်ရိုးများ သင်ကြားရသည်။ စိတ်ပညာ၊ ကလေးစိတ်ပညာနှင့် လူ၏အပြုအမူနေထိုင်သည့် ပုံစံများ၊ ကလေးများတွင် ဖြစ်တတ်သည့် ကူးစက်ရောဂါများ၊ လက်သင်္ကေတပြ ဘာသာစကား၊ ဆရာတစ်ဦးအနေဖြင့် အခြေခံ သိသင့်သည့် စီမံခန့်ခွဲမှု စသည်တို့ကို သင်ကြားခဲ့ရသည်။

      ထို့အပြင် နား၊ နှာခေါင်း၊ လည်ချောင်းဆေးရုံတွင်လည်း နားနှင့် ပတ်သက်သည့် အခြေအခံသဘောတရားများ၊ နား ရောဂါများအကြောင်းကိုလည်း တစ်လကြာ သွားရောက်လေ့ လာခဲ့ရသည်။

      သင်တန်းသို့ လာရောက် သင်ကြားပေးကြသူများမှာ ပညာရေးတက်္ကသိုလ်လေ့ကျင့်ရေးအထက်တန်းမှ အနားယူ ထားသည့် အငြိမ်းစာဆရာမကြီးများ၊ ဆရာဝန်များ၊ မေရီ ချက်(ပ်)မင်းမှ ကျောင်းအုပ်ကြီးနှင့် တခြားသော အဖွဲ့အစည်း များမှ ပုဂ္ဂိုလ်များ လာရောက်သင်ကြားပေးခဲ့ကြသည်။

      ထိုအချိန်က သင်ကြားခဲ့ရာတွင် ယခုလို ပါဝါပွိုင့်များဖြင့် သင်ကြားရခြင်းမျိုးမဟုတ်ဘဲ ဆရာ၊ ဆရာမများက ရှေ့က ခေါ် ပေးသည်ကို စာအုပ်ထဲ လိုက်မှတ်ရခြင်းဖြစ်သည်။

      ““ညနေပိုင်းဆိုရင် ငိုက်တယ်။ သင်တဲ့ ဆရာမတွေက နား လည်တယ်။ အနားပေးတယ်။ သူတို့သားသမီးတွေအကြောင်း ပြောပြတယ်။ သူတို့သားသမီးတွေလို သဘောထားကြတယ်””ဟု နော်ဗွီတူဖောက ဆိုသည်။

      ယင်းသို့ဖြင့် ၁၉၉၂၊ ဇွန်တွင် စတင်သင်ကြားခဲ့ရသည့် ဆရာဖြစ်သင်တန်းသည် ၁၉၉၃၊ ဒီဇင်ဘာတွင် ပြီးဆုံးသွား         ခဲ့သည်။

      ၁၉၉၄ တွင် အစမ်းခန့်သုံးလ သင်ကြားပြီးသည့်နောက် နော်ဗွီတူဖောသည် ဆရာမတစ်ဦးဖြစ်လာခဲ့တော့သည်။ သူတို့ သည် မေရီချက်(ပ်)မင်းကျောင်းတွင် ဆရာမအဖြစ် ငါးနှစ်ကြာ တာဝန်ထမ်းဆောင်ရန် စာချုပ်ချုပ်ဆိုရသည်။ ထိုအချိန်က မေရီ ချက်(ပ်)မင်းကျောင်းတွင် ဆရာမရေအတွက်မှာ ၂၀ ခန့်ရှိသည် ဟု သူက ဆိုသည်။

ဆရာမ ဖြစ်လာသည့် နော်ဗွီတူဖော

      ဆရာမနော်ဗွီတူဖော စပြီးသင်ကြားခဲ့ရသည့် စာသင် ခန်းတွင် ကျောင်းသူ၊ ကျောင်းသား ၁၃ ယောက်ရှိသည်။ ထို ကျောင်းသူ၊ ကျောင်းသားများတွင် အမျိုးအစားကွဲနေသည့် ကလေးကလည်း သုံးမျိုးလောက်ရှိသည်ဟု သူက ဆိုသည်။

      တချို့သော ကျောင်းသူ၊ ကျောင်းသားများမှာ တခြား သောကျောင်းများတွင် သူငယ်တန်းအထိ တက်ထားပြီးဖြစ် သော်လည်း နားမကြားသူကလေးတစ်ဦးအနေဖြင့် စာသင်ဖို့ အဆင်သင့် မဖြစ်သေးသည့် ကျောင်းသားများလည်း ရှိသည်။

      ““စစချင်းတုန်းကတော့ ကိုယ်က မကျွမ်းကျင်သေးတော့ ဘယ်လို သင်ရမှန်းမသိဘူး””ဟု သူက ဆိုသည်။

      ဆရာမ အမှတ်တရဖြစ်သည့် ကျောင်းသားတစ်ဦးဆိုလျှင် တစ်ကနေ ၂၀ အထိ ဂဏန်းပေါင်းခိုင်းသည့်အခါ မည်သို့ပင် လှည့်မေးမေး ဖြေဆိုနိုင်သည်။ သို့သော် နုတ်ခိုင်းသည့်အခါမှာ တော့ ကလေးက နားမလည်တော့ပေ။

      ““ခရေစေ့လေးတွေကို ဒီဘက်၊ ဟိုဘက်ပေါင်းလိုက်တယ်။ အဲဒါကို နားလည်တယ်။ နုတ်တာကတော့ ခရေစေ့လေးတွေကို ပြတင်းပေါက်ကနေ အပြင်ကို လွှင့်ပစ်လိုက်တယ်။ မရှိတော့ဘူး ပြောပေမယ့် သူက နားမလည်ဘူး””ဟု ဆရာမက ဆိုသည်။

      ထို့ကြောင့် ညဘက်ဆိုလျှင် ထိုကလေးအား မည် သို့သင်ရမည်ကို သူစဉ်းစားရသည်။ သင်ပြနိုင်ပါစေဟုလည်း ဘုရားတွင် ဆုတောင်းရသည်ဟု ဆိုသည်။ တစ်ရက်တွင် မည်သို့ သင်ကြားရမည်ကို စဉ်းစားပြီး လမ်းလျှောက်နေစဉ် မြက်ပင်လေး များကိုတွေ့ကာ မြတ်ဖုတ်လေးတွေကို နုတ်ပြီး တန်းစီကြည့် မိသည်။ ထိုအထဲကမှ မြက်ဖုတ်တစ်ခုကို နုတ်ပြီးလွှတ်ပစ်လိုက် သည်။ ထိုနည်းအတိုင်းကလေးကို သင်ပြကြည့်သည့်အခါ            ““ကလေးက သိပြီ ဆိုပြီး ပွင့်သွားတယ်””ဟု ကလေးတွေကို နည်းမျိုးစုံသုံးကာ သင်ပြရသည့်အဖြစ်ကို ဆရာမ နော်ဗွီတူဖော က ယခုလို ထပ်ဆက်ရှင်းပြသည်။

      ““ကိုယ်က ဆရာဖြစ်သင်တန်းမှာ သင်လာပေမယ့် ကလေး တွေက တစ်ယောက်နဲ့ တစ်ယောက် မတူကြတော့ အဲဒီလို သဘောပေါက်အောင် နည်းမျိုးစုံ စဉ်းစားရတဲ့အခါမျိုးလည်း ရှိတယ်””

      နောက်ထပ် ကျောင်းသူတစ်ဦးမှာလည်း စာရေးဖို့ ဘယ် လောက်ပေးပေး မငြီးငွေ့။ သို့သော် သင်္ချာဘာသာရပ်ကို သင် ပြီဆိုလျှင် သင်၍ မရ။ ဆရာမနော်ဗွီတူဖောမှာ ငယ်ငယ်က သင်္ချာ ဘာသာရပ်ကို အလွယ်တကူ သဘောပေါက်နားလည်သူတစ်ဦး ဖြစ်ခဲ့ရာ ယခုကိုယ်တိုင် ပြန်သင်ပြရသည့်အခါ၌ ကလေးက အလွယ်တကူ သဘောမပေါက်သဖြင့် တစ်ခါတစ်ရံ အားမလို အားမရ ဖြစ်ကာ ““ဒါလေးတောင် သဘောမပေါက်ဘူးလား””ဟု စိတ်ထဲမှ ပြောပြီး စာရေးခုံကို ပေတံနှင့် ခေါက်ကာ ပြောမိတတ် သည်ဟု သူက ဆိုသည်။

      ထိုအခါ ကလေးမှာ နားမကြားသော်လည်း ဆရာမ၏ အမူအရာကို ကြည့်ကာ ငိုတော့သည်။

      ကလေးငိုသည့်အခါမှ ကလေးကို ဖိအားပေးသလို လုပ်မိ လိုက်ပြီဖြစ်ကြောင်း ဆရာမနော်ဗွီတူဖော သတိရကာ ကလေးကို ပြန်ချော့ရသည်။ ပြီးလျှင် သူက ကိုယ့်ကိုယ်ကိုယ် လက်သန်းဖြင့် ထိုးပြလျက် ““ဆရာမ ဆိုးတယ်နော်လို့ အဲဒီလိုပြောတော့ ဆရာမ မဆိုးဘူး။ သူ့ဦးနှောက်က ဆိုးတာပါ”” ဟု ကလေးက ပြန် ဖြေသည့်အခါ ကလေးအပေါ် သနားစိတ်ဖြစ်ရသည်ဟု ဆရာမက ဆိုသည်။

      ထို့ကြောင့် နားမကြားသည့် ကလေးများနှင့် လက်တွေ့ ဆက်ဆံလာရသည့်အခါ သတိထားရှောင်ကြဉ်ရမည့် အပြုအမူ များကို ပိုပြီး သိလာရသည်ဟု သူက ဆိုသည်။

      တချို့က ကလေးများဆိုလျှင် ဗလာစာအုပ်တစ်အုပ် ကုန် သည်အထိ တစ်နေကုန် စာရေးသည်။ လက်ရေးလက်သား ကောင်းမွန်သလို သပ်သပ်ရပ်ရပ်လည်း ရှိသည်။ ဗလာစာအုပ် တစ်အုပ် ကုန်လျှင် နောက်တစ်အုပ်ကို အဆောင်မှူးတွေထံ သွား တောင်းတတ်သည်။ ပြီးလျှင် နောက်တစ်အုပ်ကုန်အောင် ထပ် ရေးသည်။ ထိုသို့ အထပ်ထပ်အခါခါ ရေးသော်လည်း စာမေးပွဲ ဖြေသည့်အချိန် အလွတ်ရေးခိုင်းသည့်အခါ သူတို့ခေါင်းထဲတွင် စာတစ်လုံးမျှ မမှတ်မိဟု ဆရာမက ရှင်းပြသည်။

      ထို့ပြင် ဆရာမအသစ်တွေကို ပညာစမ်းသည့် ကလေး များလည်း ရှိသေးသည်။ ဆရာမအသစ် ဝင်သည့်အခန်းဆိုလျှင် ကျောင်းသူ၊ ကျောင်းသားများက အခန်းထဲတွင် အငြိမ်မနေ။    မကြာခဏ အပြင်ထွက်တာမျိုးလုပ်တတ်သည်။

      ထို့ကြောင့် မေရီချက်(ပ်)မင်းကျောင်းတွင် စာစသင်ခဲ့ သည့်အချိန်ကဆိုလျှင် ကိုယ့်ဘက်က မကျွမ်းကျင်တာမျိုးရှိသလို အမျိုးမျိုးသော ကလေးများကြောင့် ““စသင်တုန်းကတော့ စိတ် ညစ်တာတွေ ရှိခဲ့တယ်””ဟု ဆရာမနော်ဗွီတူဖောက ဆိုသည်။

      သူသည် ကျောင်းတွင် နေရတာ ဖြစ်သည့်အတွက် ကလေး များကို စာသင်ပေးရသလို တစ်ဖက်တွင်လည်း အဆောင်နေ ကလေးများကို ကြည့်ရှုစောင့်ရှောက်ရသည်။ ထို့ပြင် လျှော်ဖွပ် ပြီးသာ အဝတ်များကို နေလှန်းဖို့၊ ရုပ်သိမ်းဖို့က စလိုက်၍ သတိ ပေးရသည်။ သာမန်ကလေးများဆိုလျှင် မိုးအုံ့တာကိုကြည့်ပြီး မိုးရွာတော့မည်ကို သိကာ အဝတ်များကို ရုပ်သိမ်းကြမည်        ဖြစ်သည်။

      သို့သော် နားမကြားသည့်ကလေးများအတွက်တော့ မိုး ရွာတော့မှသာ အဝတ်များကို ပြေးရုပ်တာမျိုး လုပ်ရသဖြင့် အဝတ်များ မိုးစိုတာမျိုး ဖြစ်တတ်သည်ဟု ဆိုသည်။ မိုးအုံ့လာပြီ ဆိုလျှင် မိုးရွာတော့မည်ဖြစ်၍ အဝတ်များကို ရုပ်သိမ်းရမည်ဟု မည်သို့ပင် သင်ပေးသော်လည်း မမှတ်မိကြဟု ဆရာမက ဆိုသည်။

      ““ဘာဖြစ်လို့ သင်လို့မရတာလဲလို့ ထပ်ခါထပ်ခါ စဉ်းစား တယ်။ သင်ရတာ အရမ်းခက်တယ်။ သင်ထားလည်း မမှတ်မိ ဘူး””ဟု သူက ဆိုသည်။

      ဆရာမနော်ဗွီတူဖောသည် ကျောင်းသူဘဝက အတန်း ငယ်များကို စာသင်ပေးခဲ့ဖူးသလို ဆယ်တန်းအောင်ပြီးသည့် အခါ၌လည်း ကျောင်းတွင် လုပ်အားပေးအနေဖြင့် စာသင်ပေး ခဲ့ဖူးသည်။ သာမန်ကလေးများကို ပြောလိုက်လျှင် ကြားသည်၊ နားလည်သည်။ သို့သော် နားမကြားကလေးများကတော့ အပြောနဲ့ မကြားသဖြင့် ကိုယ်ဟန်လက်ဟန်၊ မျက်နှာအမူအရာ ဖြင့် ပြရလေသည်။

      တစ်ခါတရံအ်္တရာယ်ရှိသည့် ကစားနည်းမျိုး ကစားကြ သည့်အတွက် ယင်းသို့ မကစားကြရန် ကိုယ့်အနေဖြင့် အသား ကုန် လှမ်းအော်နေသော်လည်း သူတို့က မကြားကြ။ ထိုအခါ သူ တို့အနားသို့ အတင်းပြေးသွားရပြီး ကစားနေကြတာကို အရင် တားမြစ်ရသည်။ ပြီးမှ သူတို့ကို အ်္တရာယ်ရှိသည့်အကြောင်း ရှင်း ပြရသည်ဟု ဆိုသည်။ ထိုအချိန်မျိုးဆိုလျှင် ယခင်က နူးညံ့လှ သည့် ဆရာမများမှာ စရိုက်များ ပြောင်းသွားတတ်ကြသည်။

      ““ကိုယ့်ရဲ့မျက်နှာမှာ ၁၀၀ ရာခိုင်နှုန်းလောက် ပြူးပြဲထားမှ သူတို့ဆီကို ၅၀ ရာခိုင်နှုန်းလောက်ဝင်တာ””ဟု ဆရာမက ဆိုသည်။

      ထို့ကြောင့် နားမကြားသော ကလေးများကို သင်ကြားရ သည့် ဆရာမတစ်ဦးသည် မူလရှိရင်းစွဲ ပုံသ္ဌာန်ပျောက်ကာ တခြားလူတစ်ယောက်ပမာ ဖြစ်သွားတတ်ပြီး““အပြင်ကလူ တစ်ယောက်မြင်ရင် ဒီဆရာမတွေ ဆိုးတယ်လို့ မြင်လိမ့်မယ်”” ဟု သူက မှတ်ချက်ပြုသည်။

      ထိုသို့ ပြောဆိုသင်ကြားရတာ ခက်ခဲသည့်အခါမျိုးဆိုလျှင် စိတ်ညစ်လွန်းသဖြင့် ““အကြိမ် ၁၀၀ မကဘူး။ အလုပ်က ထွက်ဖို့ ကြိုးစားတယ်””ဟု သူက ဆက်ပြောသည်။

      သို့သော် ဆရာမအဖြစ် ငါးနှစ်ကြာ တာဝန်ထမ်းဆောင်ပြီး သည့်အချိန်တွင် သူကိုယ်တိုင်က အလုပ်မထွက်ဖြစ်ဘဲ အစ်မဖြစ် သူမှာ အဘွား၏ ကျန်းမာရေးမကောင်းသဖြင့် အလုပ်ထွက်ကာ နယ်ပြန်သွားလေသည်။ သူ့ကို မေရီချက်(ပ်)မင်းကျောင်းသို့ ခေါ်လာခဲ့သည့် အစ်မဖြစ်သူက အလုပ်ထွက်သွားသည့်တိုင် သူ့ အနေဖြင့် တကယ်တမ်း အလုပ်က ထွက်မည်ဆိုသောအခါ သံ ယောဇဉ်တစ်ခုက သူ့ကို ချည်နှောင်ထားသလို ခံစားရသည်ဟု သူက ဆိုသည်။

      ဆရာမအလုပ်ကို စလုပ်ခဲ့သည့်အချိန်က အလုပ်သဘော၊ တာဝန်အရ လုပ်နေရသည်ဟု သဘောထားခဲ့သည်။ သို့သော် နောက်ပိုင်း အချိန်ကြာလာသည့်အခါ အလုပ်လုပ်နေရသလို မခံ စားရတော့ဟု ဆိုသည်။

      ““တကယ်တမ်း အလုပ်ထွက်တော့မယ်လို့ ယတိပြတ် ဆုံး ဖြတ်လိုက်တဲ့အခါမှာ (နားမကြားကလေးတွေ)သူတို့ကိုလုပ်ပေး တာဟာ တာဝန်ကြောင့် မဟုတ်ဘူး””ဟု ပြောနေသည့် ဆရာမ၏ အသံများ တုန်၍ လာသည်။ အသံမာကာ စူးရှရှဖြစ်နေသည့် ဆရာမအသံက အနည်းငယ် တိမ်ဝင်သွားကာ ယခုလို ဆက် ပြောသည်။

      ““တကယ်တမ်းက သူတို့အပေါ်မှာ ဒီလိုတစ်ခုခုပေါ့။ သံ ယောဇဉ် တစ်ခုခုပေါ့နော်။ မေတ်္တာရှိလို့ပေါ့။ အဲဒီလိုမျိုး မြင်   လာတယ်””

      နားမကြားသည့်ကလေးတွေအပေါ် ယင်းကဲ့သို့ သံယော ဇဉ်တွယ်မိပြီး ချစ်မိလာသည့်အခါတွင် ယခင်က သူလုပ်ပေးခဲ့ သည့်အရာများကို တာဝန်မကျေသလို ခံစားလာရသည်ဟု      ဆိုသည်။

      ယခင် စာသင်ပေးခဲ့စဉ်တုန်းက ကောင်းကောင်းမွန်မွန် ပြောလျှင် ရပါလျက်က ကလေးတွေအပေါ် ဒေါသနှင့် ဆူမိခဲ့တာ မျိုးလည်း လုပ်ခဲ့ဖူးသည်။ ကျောင်းကို ရောက်ခါစကဆိုလျှင် အဆောင်ရှိ ဆရာမကြီးများက ကလေးများ၏ ဝေယျာဝစ်္စများကို အကုန်လုပ်ပေးသည်။ အထူးသဖြင့် ကလေးငယ်များ၏ အဝတ် ကို လျှော်ပေးသည်။ မီးပူတိုက်ပေးသည်။

      သို့သော် မိမိကိုယ်တိုင်က အသက်ငယ်သေးသလို အိမ်မှာ နေခဲ့စဉ်ကလည်း မိဘများ၊ အစ်မများ၏ စောင့်ရှောက်ခြင်းခံရသူ ဖြစ်သဖြင့် ကျောင်းသို့ ရောက်သည့်အခါ ကလေးများကို အပြည့် အ၀ ဂရုစိုက်မပေးနိုင်ခဲ့ဟု ဆိုသည်။ ထို့ကြောင့်လည်း နောက်ပိုင်း တွင် ကလေးတွေအပေါ် ပိုပြီး လုပ်ပေးချင်သည့် စိတ်တွေလည်း ဖြစ်လာခဲ့သည်ဟု ဆရာမက ဆိုသည်။

စိတ်ကျန်းမာရေးဆရာဝန်နှင့် ပြခဲ့ရ

      ငါးနှစ်ခန့် စာသင်ကြားပြီးသည့်အခါတွင် သူက မေရီ ချက်(ပ်)မင်းကျောင်းဝင်းထဲရှိ နားဘက်ဆိုင်ရာဌာနသို့ တာဝန်ခံ အဖြစ် ပြောင်းရွှေ့ခဲ့ကြသည်။ သူ့ဌာနတွင် အလှူရှင်များ လာရောက် လှူဒါန်းထားသည့်နားကြားကိရိယာများရှိသည်။ ယင်းနားကြားကိရိယာများကို နားကြားနိုင်သည့် ကလေးများ အား တပ်ဆင်ပေးသည်။ သို့သော် ကလေးများက အတပ်မခံ။ အကြောင်းမှာ အသံလုံခန်း မဟုတ်သလို တိတ်ဆိတ်သည့်နေရာ မဖြစ်သည့်အတွက် ကလေးများသည် ပြင်ပမှ ဆူညံသည့် အသံ များကို မခံနိုင်၍ ဖြစ်သည်။

      နောက်တစ်ချက်မှာ နားကြားကိရိယာများသည် ဓာတ်ခဲ ဖြင့် အသုံးပြုရခြင်းဖြစ်ရာ အသုံးပြုပြီးပါက နေ့တိုင်း ဓာတ်ခဲကို ထုတ်ကာ သေချာထိန်းသိမ်းထားရသည်။ ယင်းသို့မလုပ်နိုင်ပါက ဓာတ်ခဲဆားပေါက်ကာ နားကြားကိရိယာသည် နှစ်ပတ်အတွင်း ပျက်စီးတတ်လေသည်။ ထိုပစ်္စည်း၏ တန်ဖိုးမှာလည်း တစ်ခုလျှင် ဒေါ်လာ ၁၅၀ ခန့်ရှိ၏။

      ထို့ကြောင့် ယင်းဌာနတွင် တာဝန်ခံဖြစ်သော ဆရာမနော် ဗွီတူဖောမှာ ထိုပစ်္စည်းများ မပျက်စီးရန် နည်းမျိုးစုံဖြင့် ထိန်းသိမ်း ရလေသည်။ ကျောင်းဖွင့်ချိန်တွင် ကျောင်းသူ၊ ကျောင်းသားများ အသုံးပြုနိုင်စေရန် ဆရာမများထံ ပေးအပ်ထားသည်။ အောက် တိုဘာ၊ ဒီဇင်ဘာကျောင်းပိတ်ရက်နှင့် နွေရာသီကျောင်းပိတ် ရက်ဆိုလျှင် အားလုံးကို ပြန်သိမ်းဆည်းရသည်။

      ထိုသို့ပြန်သိမ်းဆည်းသည့်အခါတွင် ပျက်စီးသွားသည့် နားကြားကိရိယာများစွာကို တွေ့ရလေသည်။ ကလေးများက အသုံးပြုခြင်း မရှိသည့်အတွက် ဘက်ထရီကိုလည်း မချွတ်ဖြစ်။ ထိုအခါ ဆားပေါက်ကာ နားကြားကိရိယာက ပျက်စီးသွားခြင်း ဖြစ်သည်။

      ““သူတို့ကိုတပ်စေချင်တယ်။ တပ်ရင် သူတို့ကြားမယ်၊ ကြားရင် သူတို့ပြောနိုင်မယ်ပေါ့။ အဲဒါတွေက စာတွေ့ထဲမှာ သိ တယ်။ ဒါပေမဲ့ လက်တွေ့ကျတော့ လုပ်လို့ မအောင်မြင်ခဲ့ဘူး။ အဲဒါမှာ နားကြပ်ပျက်တစ်ပုံနဲ့ ကျွန်မ ဒီအခန်းထဲမှာ တစ် ယောက်တည်း။ အဲဒီမှာ စိတ်ဓာတ်ကျတဲ့အပိုင်းတွေ ဖြစ်လာတာ ပေါ့””ဟု ဆရာမက ဆိုသည်။

      သူ့အနေဖြင့် အကောင်းဆုံးဖြစ်အောင်လုပ်ချင်သော် လည်း မျှော်လင့်ထားသည့်အတိုင်း ဖြစ်မလာ၍ စိတ်ဓာတ်ကျပြီး စားမဝင်၊ အိပ်မပျော်ဖြင့် ခန်္ဓာကိုယ်က ပိန်လာသည်။ ထိုအခါ အနောက်ပိုင်းဆေးရုံတွင် ဆေးစစ်ကြည့်သည်။ သို့သော် ရောဂါ ကို ရှာမတွေ့။ ထို့နောက် စိတ်ကျန်းမာရေးဆရာဝန်နှင့် တွေ့ဆုံ ဆွေးနွေးကြည့်သည်။

      ဆရာဝန်က အလုပ်ဘယ်မှာ လုပ်သလဲ၊ ကိုယ့်အလုပ်ကို ဘယ်လောက်အထိ အောင်မြင်အောင် လုပ်ဖို့ မျှော်မှန်းထားသလဲ စသဖြင့် မေးသည်ဟု ဆိုသည်။

      ““အဲဒီမေးခွန်းရဲ့အဖြေကို ကျွန်မ မဖြေနိုင်ဘူး။ မဖြေနိုင် တော့ ကျွန်မ မျက်ရည်ကျတာပေါ့နော်။ မျက်ရည်ကျတဲ့အခါ ဆရာဝန်က ဘာပြောလဲဆိုတော့ အပင်စိုက်ဖူးလား။ စိုက်ဖူးတယ် ပေါ့။ ဘာပင်စိုက်ဖူးလဲဆိုတော့ ငရုတ်ပင်ပေါ့””ဟု မေးခွန်းများ မေးလိုက်၊ ဖြေလိုက်နှင့် အပြန်အလှန်ဆွေးနွေးခဲ့ရပုံကို ဆရာမ နော်ဗွီတူဖောက ရှင်းပြသည်။

      ဆရာဝန်က စိုက်ပျိုးသည့်အပင်အားလုံး မရှင်သန်နိုင် သလို  အလုပ်လုပ်သည့်အခါတွင်လည်း အောင်မြင်မှုရနိုင်သလို ဆုံးရှုံးမှုများလည်း ကြုံတွေ့နိုင်သည်ဟူသော သဘောကို ပြောပြ လိုခြင်းကြောင့် ယင်းသို့ မေးခြင်းဖြစ်သော်လည်း ဆရာမနော်ဗွီ တူဖောမှာ သူစိုက်ပျိုးထားသည့် ငရုတ်ပင်တွေကို သူကိုယ်တိုင် နုတ်ပစ်ခဲ့ခြင်းဖြစ်သည်။

      ထိုသို့ စိတ်ဓာတ်ကျနေသည့်အချိန်တွင် ဆရာမနော်ဗွီတူ ဖောသည် ငရုတ်ပင်များ စိုက်လေသည်။ စိုက်ပျိုးထားသည့် ငရုတ်ပင်များအနက် အသန်ဆုံးအပင်ကို ချန်ထားပြီး ကျန်သည့် အပင်များကို နုတ်ပစ်လိုက်သည်။ အဲဒီတစ်ပင်တည်းကိုသာ ရေ လောင်းပေးသည်၊ ပေါင်းသင်သည်၊ မြေသြဇာကျွေးသည်။

      ထိုစဉ်က သူသည် အဆောင်မှာ မနေဘဲ အစ်မအိမ် ရှိသည့် လှည်းတန်းသို့ ပြောင်းရွှေ့နေခဲ့သည့်အချိန်ဖြစ်သည်။ ထို့ကြောင့် ကျောင်းမှ ပြန်လာပြီဆိုလျှင် အပင် ဘယ်လောက်ကြီးပြီးလဲ၊ အသီးဘယ်လောက်သီးပြီလဲ၊ အညှောင့်တွေထွက်နေပြီလား စသဖြင့် အပင်ကို ဂရုစိုက်ပြုစုပေးသည်။ လူများနှင့်လည်း စကား မပြော။ အပင်နှင့် တစ်ယောက်တည်း စကားပြောနေတတ်သည် ဟု သူက ဆိုသည်။

      ထိုအချိန်က ဆရာမနော်ဗွီတူဖောသည် စိတ်ကျန်းမာရေး ဆရာဝန်နှင့် ပြသကာ တစ်နှစ်လောက် ဆေးသောက်ခဲ့ရသည် ဟု ဆိုသည်။ သို့ရာတွင် သူ စိတ်ဓာတ်ကျနေသည့် အခြေအနေ များကို ကျော်လွှားစေနိုင်မည့် အားပေးစကားများကို ကြားခဲ့ရာ မှ ယခုလို ကျန်းမာလာခြင်းဖြစ်သည်ဟု ဆိုသည်။

      သူနှင့် ဆွေးနွေးရသည့် စိတ်ကျန်းမာရေးဆရာဝန်က သူ့ကို အလုပ်မထွက်ဖို့ ပြောသည်။ ပြီးလျှင် ဆရာဝန်က သူ့အတွေ့ အကြုံတစ်ခုကို ရှင်းပြသည်ဟု ဆိုသည်။

      ထိုဆရာဝန်မှာ စိတ်ကျန်းမာရေးဆေးရုံသို့ မရောက်ခင် ကော့ကရိတ်တွင် ခွဲစိတ်မှုပေါင်းများစွာကို လုပ်ခဲ့ရသည်။ သူ့ အနေဖြင့် ရန်ကုန်သို့ ပြန်ရောက်လျှင် ခွဲစိတ်ဆရာဝန်ဖြစ်လာမည် ဟု မျှော်လင့်ထားခဲ့သည်။ သို့သော် တကယ်တမ်းတွင် စိတ်ကျန်း မာရေးဆေးရုံတွင်သာ တာဝန်ကျခဲ့ကြောင်း ဆရာဝန်က ပြောပြ ခဲ့သည်ဟု ဆရာမနော်ဗွီတူဖောက ဆိုသည်။

      ““ဒီဆေးရုံရောက်တဲ့ လူနာတွေက ဆင်းရဲတဲ့သူများတယ်။ သူ့ဆီကို လက်ဆောင်လာပေးတဲ့အခါ ကြက်ဥလေး နှစ်လုံး။ သူ က အဲဒီမှာ ပါးစပ်ကနေ ရွတ်နေရင်း စာအုပ်မှာ ချရေးတယ်””ဟု ဆေးစာအုပ်တွင် ဆရာဝန်စာတိုလေးတစ်ခု ရေးပေးလိုက်သည် ဟု သူက ဆိုသည်။

      ထိုစာတိုလေးမှာ အင်္ဂလိပ်လို ရေးသားထားခြင်းကို သူ က ယခုလို ဘာသာပြန်သည်။

      ““ကျွန်မတို့က ဘယ်လောက်သေးငယ်တဲ့ အမှုလေးကိုပဲ လုပ်ပါစေ။ ဒါပေမဲ့ ကောင်းကင်က မမေ့ဘူးပေါ့။ အဓိကက ကျွန်မတို့ ယုံကြည်တာနဲ့ပြောရရင်တော့ ဘုရားက အသိအမှတ် ပြုတယ်ပေါ့။ လူတွေ မလုပ်ချင်ဆုံး အလုပ်တွေကို လုပ်တဲ့အခါမှာ ပေါ့။ ကျွန်မက အဲဒီစကားလေးနဲ့ ပြန်ပြီး နိုးထလာတာ””ဟု သူက ရှင်းပြသည်။

      နားကြားကိရိယာများ ပျက်စီးသည့်ကိစ်္စကိုလည်း လုပ် ဖော်ကိုင်ဖက်တစ်ဦး၏ စကားကြောင့် သူဖြေသာနိုင်ခဲ့သည်ဟု ဆိုသည်။ တစ်ရက်တွင် သူနှင့် အတူတူအလုပ်လုပ်သည့် ဆရာမ တစ်ဦးက ကျောင်းသို့ ရောက်လာသည့် ကျောင်းသူ၊ ကျောင်း သားများသည် အနယ်နယ်အရပ်ရပ်မှ လာသည်၊ ဆင်းရဲသည့် ကလေးများလည်း ပါသည်၊ တချို့ကလေးများ၏ မိဘများဆိုလျှင် နေ့စားအလုပ်လုပ်ကြသူများ ဖြစ်ကြသည်။

      ထို့ကြောင့် သူတို့နေထိုင်သည့် အိမ်ပင် ခေါင်မိုးမလုံသည့် အခြေအနေ၌ နားကြားကိရိယာမှာ ရေစိုနိုင်သည်၊ ဆားလည်း ပေါက်နိုင်သည်။ မိဘများကိုယ်တိုင်က သူတို့သားသမီးများကို နားကြားစေချင်မည်သာ ဖြစ်သည်။ သို့သော် သူတို့ ခေါင်မိုး မိုးယို နေသည့်အခြေအနေတွင် ထီးလေးဆောင်းကာ နားကြားကိရိ ယာကို ထိန်းသိမ်းထားနိုင်ပါ့မလားဟူသော လုပ်ဖော်ကိုင်ဖက်၏ အားပေးစကားက သူ့ကို အသိပွင့်စေခဲ့သည်။

      ““အဲဒီလိုပြောတဲ့အခါ ကျွန်မဦးနှောက်မှာ အသိပွင့်သွား တယ်””ဟု ဆရာမနော်ဗွီတူဖောက ဆိုသည်။

      ထိုသို့ဖြစ်နေသည့်အချိန်တွင် ကိုယ့်ပတ်ဝန်းကျင် အသိုင်း အဝိုင်း၊ မိတ်ဆွေ၊ သူငယ်ချင်းများနှင့် မိသားစုဝင်များ၏ ဖေးမ ကူညီမှုကြောင့်သာ ယခုလို ပြန်လည်သက်သာလာခြင်း ဖြစ်သည် ဟု ဆိုသည်။

      ထိုသို့စိတ်ဓာတ်ကျရခြင်း၏ အကြောင်းရင်းမှာလည်း ငယ် ရွယ်သည့်အချိန် စိတ်ရော၊ လူပါအလုပ်လုပ်ဖို့ အသင့်မဖြစ်သေး ခင် ကလေးမိခင်တစ်ဦးပမာ ကလေးများကို ပြုစုစောင့်ရှောက် ရခြင်း၊ကိုယ်စောင့်ရှောက်ရသည့်ကလေးများကို ကောင်း ကောင်း မပြုစုနိုင်ခြင်း၊ ကလေးများအ်္တရာယ်ဖြစ်မည်ကို စိုးရိမ် နေရခြင်း၊ မိဘနှင့်လည်း အနေဝေးနေခြင်းစသည်ကြောင့်သာ ဖြစ်သည်ဟု ဆရာမက မှတ်ချက်ပြသည်။

နားဘက်ဆိုင်ရာ တာဝန်ခံ ဆရာမဖြစ်လာ

      ဆရာမနော်ဗွီတူဖောသည် ယင်းသို့ ကျန်းမာရေးမကောင်း သည့်အချိန်များတွင် ကျောင်းသို့ ပုံမှန်လာသည်။ သို့သော် သူ တာဝန်ကျရာ နားဘက်ဆိုင်ရာဌာနတွင် ကျောင်းသူ၊ ကျောင်း သားများက မရှိသေး။ ထိုအချိန်က သင်ထောက်ကူပစ်္စည်းတချို့ရှိသော်လည်း သင်ကြားမှုအပိုင်းကို မလုပ်နိုင်သေးဟု သူက        ဆိုသည်။

      နားဘက်ဆိုင်ရာဌာနမှာ ပြခန်းသဖွယ်သာ ဖြစ်နေသေး သည်။ မေရီချက်(ပ်)မင်းကျောင်းသို့ရောက်လာသည့် ဧည့်သည် များ နားဘက်ဆိုင်ရာဌာနသို့ လာရောက်လည်ပတ်သည့်အခါမျိုး တွင် ဆရာမနော်ဗွီတူဖောက ဌာနတာဝန်ခံအနေနှင့် ရှင်းပြရ သည်။ အားလပ်သည့်အချိန်များတွင် သူသည် ဌာနရှိ စာအုပ်များ ကို လေ့လာခွင့်ရခဲ့လေသည်။

      ““ပထမဆုံး စသင်ဖြစ်တဲ့ကျောင်းသားက ၂၀၀၃ မှာ စသင် တယ်။ အဲဒီအချိန်တုန်းက ကျွန်မက သင်တတ်တာ မဟုတ် သေးဘူး။ (ကျောင်းသား)သူ့ဆီကနေ သွားသင်ယူခဲ့ရတာ”” ဟု ဆရာမက ဆိုသည်။

      ထိုကျောင်းသားသည် နားကြားကိရိယာကို သြစတြေးလျ နိုင်ငံတွင် တပ်ဆင်ခဲ့ခြင်းဖြစ်သည်။ ထိုသို့တပ်ဆင်ပြီး သုံးလ ခန့်အကြာတွင်မြန်မာပြည်သို့ ပြန်ရောက်လာခဲ့သည်။ ထိုအချိန် တွင် ထိုကလေးမှာ စကားနားလည်နေပြီဖြစ်သည်။ သို့သော် စကားတော့ မပြောတတ်သေး။

      သြစတြေးလျနိုင်ငံဆေးရုံက သူတို့ကို မြန်မာပြည် ပြန် ရောက်လျှင် နားမကြားကျောင်းမှ ဆရာမနှင့် ဆက်လက်စကား ပြော သင်ကြားဖို့ မှာကြားလိုက်သည်။ မေရီချက်(ပ်)မင်းကျောင်း သို့ ရောက်လာသော်လည်း ကလေးအသက် သုံးနှစ်သာရှိသေး သဖြင့် ကျောင်းက လက်မခံ။ သို့သော် ကလေးအမေဖြစ်သူက အကူအညီတောင်းသဖြင့် ဆရာမနော်ဗွီတူဖောသည် အိမ်သို့ လိုက်သင်ပေးလေသည်။

      ဆရာမသည် ကလေးကို မိခင်နှင့်အတူ နှစ်ရက်လောက် စာသင်ပေးသည်။ဆေးရုံက ပေးလိုက်သည့် စာတွေကိုလည်း ကလေးမိခင်က ဆရာမနော်ဗွီတူဖောကို ပေးဖတ်သည်။ထိုစာ များကို ဖတ်ပြီး ၁၀ ရက်ခန့် စာသင်ပေးခဲ့သေးသည်။နောက် ရက်တွင်တော့ ဆရာမက ကလေးအမေကို ““အစ်မကလေးကို သင်ရမယ့်ဟာက အရမ်းမြင့်တယ်။ မသင်ပေးတတ်ဘူး”” ဟု ပြောကာ ဆက်လက်စာမသင်ပေးတော့ဟု ဆရာမက ဆိုသည်။

      တစ်နှစ်လောက်ကွဲသွားပြီး ထိုကလေးနှင့် ပြန်တွေ့သည့် အခါမှာတော့ ကလေးမှာ ကားကို အရောင်တွေ၊ မော်ဒယ်လ်တွေ နှင့် ပြောတတ်နေပြီဖြစ်သည်။ ဘာသောက်မလဲဟု မေးသည့် အခါ၌လည်း ဥမညေါန (လိမေ်္မာ်)ဖျော်ရည်ကို ““အော””ဟု ပြန် ဖြေသည်။ ယင်းသို့ပြောတတ်လာခြင်းမှာ ““အဓိက လူက သူ့ အမေပဲ””ဟု ဆရာမက မှတ်ချက်ပြုသည်။

      ““ကျွန်မက သူတို့ဆီကနေ ဒီနည်းတွေကို ရလာခဲ့တယ်””ဟု သူက ဆက်၍ ပြောသည်။

      နောက်ပိုင်းတွင်  ဆရာမ နော်ဗွီတူဖောသည် ထိုကလေးနှင့် ဆက်စပ်ပြီး စင်ကာပူမှ နားဘက်ဆိုင်ရာဆရာမနှင့် ရင်းနှီးခွင့် ရခဲ့သည်။ ကလေးကိုလည်း တစ်နှစ်ခန့် စာသင်ခွင့်ရခဲ့သည်ဟု ဆရာမက ဆိုသည်။

      ၂၀၀၅ တွင် ဒုတိယမြောက် ကလေးတစ်ယောက်ကို သင် ကြားဖို့ အခွင့်အရေးများ ထပ်မံရခဲ့ပြန်သည်။ ထိုကလေးမှာ စင်ကာပူတွင် နားကြားကိရိယာတပ်ဆင်ပြီး သုံးလအကြာတွင် နားခွဲစိတ်ဖို့ လုပ်ခဲ့လေသည်။ ထိုအခါ ဆရာမနော်ဗွီတူဖောသည် လည်း စင်ကာပူသို့ လိုက်သွားခဲ့ရသည်။

      ယင်းသို့ဖြင့် သူသည် နားဘက်ဆိုင်ရာဘာသာရပ်များကို ပို၍ လေ့လာခွင့်ရခဲ့လေသည်။ စင်ကာပူ၊ ဂျပန်နှင့် ထိုင်းနိုင်ငံများ ရှိ နားမကြားကျောင်းများသို့လည်း သွားရောက်လေ့လာခဲ့ရလေ သည်။ ပြီးလျှင် အွန်လိုင်းမှတစ်ဆင့်လည်း လေ့လာမှုများ ပြုလုပ် ခဲ့ရသည်ဟု သူက ဆိုသည်။

      ဆရာမနော်ဗွီတူဖော လေ့လာရသည့်ဘာသာရပ်မှာ နား မကြားသည့်ကလေး၊ အကြားအာရုံ အားနည်းသည့်ကလေးများ ကို နားကြားကိရိယာအကူအညီဖြင့် အသံကို နားထောင်တတ် စေပြီး သာမန်ကလေးများကဲ့သို့ စကားပြောတတ်အောင် သင် ပေးခြင်း ဖြစ်သည်။ နားမကြားသည့်ကလေးများကို သူ စာသင် ပေးရသည့် နည်းလမ်းနှင့်ပတ်သက်၍ ဆရာမက ယခုလို ရှင်း      ပြသည်။

      ““သာမန်လူတွေကို ပြောသလိုပဲ စကားသင်ပေးတယ်။ ဥပမာ- ဒီသစ်လုံးလေးက အဝါရောင်လို့ ပြောတဲ့အခါမှာ သူ့ကို သိစေချင်တဲ့အရာကို ကျယ်ကျယ်ပြောရတယ်”” ဟု ဆရာမက ရှင်းပြသည်။

      ယင်းသို့ နားမကြားသည့်ကလေးကို သင်ကြားသည့်နေရာ တွင် ထိုကလေးစကားပြောနိုင်ဖို့မှာ မိဘသည် အဓိကဖြစ်သည် ဟု သူကဆိုသည်။

      မြန်မာနိုင်ငံတွင်လည်း ၂၀၁၁ တွင် နား၊ နှာခေါင်း၊ လည် ချောင်းဆေးရုံ၌ နားခွဲစိတ်မှုကို စတင်လုပ်ဆောင်နိုင်ခဲ့သည်။ အဲဒီနောက်ပိုင်းတွင် မေရီချက်(ပ်)မင်းနားမကြားသောကလေးများကျောင်းရှိ ဆရာမနော်ဗွီတူဖော တာဝန်ယူထားသည့် နား ဘက်ဆိုင်ရာဌာနတွင်ကျောင်းသူ၊ ကျောင်းသားများ ရှိလာခဲ့သည်။

      ယခုဆိုလျှင် သူ၏ဌာနတွင် တက်ရောက်နေသည့် ကျောင်း သူ၊ ကျောင်းသား စုစုပေါင်းမှာ အယောက် ၂၀ ခန့်ရှိသည်။

နားမကြားမှု

      နားမကြားသူတစ်ဦးကို ယခင်က ဆွံ့အနားမကြားဟု သုံး နှုန်းခဲ့ကြသော်လည်း ယခုနောက်ပိုင်းတွင် ဆွံ့အဆိုသည့်စကား လုံးကို မသုံးတော့ဘဲ နားမကြား သို့မဟုတ် အကြားအာရုံ ချို့ ယွင်းသည်ဟုသာ အသုံးပြုတော့သည်။

      နားမကြားသည့် မိဘမှ မွေးလာသည့် နားမကြားကလေး သည် မိဘရော၊ ကလေးပါ နားမကြားသဖြင့် ပြဿနာ မရှိ၊ သို့ သော် နားကြားသည့်မိဘမှ မွေးလာသည့် နားမကြားကလေး အတွက်တော့ ပြဿနာက ရှိသည်။ နားကြားသည့်မိဘတို့သည် သူတို့ကလေးကို ပါးစပ်က စကားပြောစေလိုသည်၊ လက်သင်္ကေတ ပြဘာသာစကား (SIGN LANGUAGE) ဖြင့်လည်း မပြောစေလို။ သူတို့ကိုယ်တိုင်လည်း လက်သင်္ကေတဖြင့် မပြောကြ။ ထို့ကြောင့် ကလေးကလည်း လက်ဟန်ခြေဟန်ဖြင့် မပြောတတ်။ သူတို့သည် ဘာသာစကားမရှိဘဲ ကြီးပြင်းလာရသည့်အတွက် သူတို့လို ချင်သည့် အရာရှိလျှင် အော်ငိုကြမည်ဖြစ်သည်။

      ““သူတို့က တစ်ခုခုလိုချင်ရင် အော်မယ်ငိုမယ်ဆိုရင် လူကြီး တွေက သူတို့ကို အာရုံစိုက်တယ်။ အဲဒီမှာ သူတို့ဟာ အလိုလို နေရင်းနဲ့ဆိုးတတ်လာတာ။ သူ့ဟာသူဆိုရင် မဆိုးဘူး””ဟု ဆရာမက ရှင်းပြသည်။

      နားမကြားသည့်ကလေးများကို နားကြားကိရိယာ မတပ် ပေးနိုင်သေးပါက လက်သင်္ကေတပြဘာသာစကားကို ငယ်ငယ် ကတည်းက သင်ပေးထားသင့်သည်ဟု ဆိုသည်။ ငယ်ငယ်က တည်းက ပြောဆိုဆက်သွယ်နိုင်သည်ဆိုပါက ယင်းဘာသာ စကားဖြင့် လိမ်္မာယဉ်ကျေးအောင် သင်ပေးနိုင်မည်ဟုဆိုသည်။

      ““အဓိကက သူတို့ဟာ ဘာသာစကားကြောင့် ဖွံ့ဖြိုးမှု  နောက်ကျရခြင်းဖြစ်တဲ့အတွက် သူတို့ကို ခုနကပြောတဲ့ လက် သင်္ကေတဆိုလည်း လက်သင်္ကေတပေါ့။ ပါးစပ်က စကားပြောချင် တယ်ဆိုရင် စောနိုင်သမျှစောပြီး နားကြားကိရိယာကို တပ်ပေး သင့်တယ်။ ဒီလိုစင်တာတွေမှာ သင်ယူသင့်တယ်”” ဟု နော်ဗွီတူ ဖောက အကြံပြုသည်။

ဘဝက ပေးသည့် သင်ခန်းစာ

      ဆရာမနော်ဗွီတူဖောသည် ယခုအခါ နားမကြားသည့် ကလေးများအား စာသင်ကြားခြင်းနှင့်ပတ်သက်၍ သင်တန်း နည်းပြအဖြစ် လုပ်ပေးနေရသည်။ သို့သော် ဆရာမများကို သူ ကြုံတွေ့သလိုမျိုး မကြုံရစေရန် ““ဆရာမတွေကို ကျွန်မ ကလေးပေးမကြည့်ခိုင်းဘူး။ ကလေးမကြည့်ဖို့အတွက် လူကြီး တွေကို တင်ပြတယ်”” ဟု ဆိုသည်။

      နားမကြားသည့် ကလေးများအကြောင်း နားမလည်သေး ခင် ယင်းကလေးများကို ကြည့်ရှုစောင့်ရှောက်ရခြင်း တာဝန်များ ကို မပေးစေလို။

      ““ကိုယ့်တုန်းက မကျွမ်းမကျင်နဲ့ လက်သင်္ကေတလည်း မသိဘူး။ ကလေးကလည်း ကြည့်ရတယ်။ သင်တန်းကလည်း တက်ရတယ်။ သူ့မှာ စိတ်ဖိစီးမှုတွေ များတယ်လေ””

      ယခင်က ကလေးများကို စာသင်ပေးခဲ့ရာတွင် ကိုယ်မျှော် လင့်ထားသလို မဖြစ်လာ၍ စိတ်ဓာတ်ကျခဲ့ရခြင်းအပေါ် ယခု အခါ မည်သို့သဘောထားကြောင်း မေးကြည့်သည့်အခါ သူက ယခုလိုပြောသည်။

      ““ကျွန်မ နောင်တရတယ်။ ဘာဖြစ်လို့လည်းဆိုတော့ ဘာ လို့အဲဒီအချိန်တုန်းက စိတ်ဓာတ်ကျနေတာလဲပေါ့။ အခုဆိုရင် အသုံးချစိတ်ပညာ သွားတက်ချင်တယ်။ အခုချိန်မှာ အလုပ် အရမ်းများတော့ တက်ဖို့က အရမ်းစဉ်းစားရတယ်””

      ပြီးတော့ သူက ဆက်ပြီး ““အဲဒီအချိန်တုန်းက စိတ်ဓာတ် မကျနေဘဲ သင်တန်းတွေ လိုက်တက်နေရင်တောင် တော်တော် အကျိုးရှိမယ်ဆိုပြီး အချိန်တွေကို နှမြောမိတယ်””ဟု ဆိုသည်။

      ထို့ပြင် မိဘတွေအနေဖြင့် နားမကြားကလေးများကို စော စောစီးစီး နားခွဲစိတ်ကာ နားကြားကိရိယာ တပ်ဆင်ခြင်း၊ လက်သင်္ကေတပြဘာသာစကားကို သင်ကြားခြင်းတို့မလုပ်ကြသည့်အပေါ်တွင်လည်း ယခင်လို အားမလို အားမရမဖြစ်တော့ဟု နော်ဗွီတူဖောက ဆိုသည်။

      သူသည် အသက် ၄၂ နှစ်တွင် အိမ်ထောင်ကျခဲ့သည်။ သား သမီးမရှိ။ ထို့ကြောင့် သူက ““တစ်ခါတလေမှာ မိဘနေရာက အစားဝင်ခံဖို့ ကိုယ်က မိဘမဖြစ်ဘူးတော့ ကိုယ်နားမလည်ဘူး ပေါ့။ တစ်ခါတလေကျတော့ ကိုယ်တွေ တိုက်တွန်းတာ မှားများ မှားသွားမလားပေါ့””ဟု ဆိုသည်။

      ယခုအခါ အသက် ၄၇နှစ်အရွယ်ရှိပြီဖြစ်သည့် ဆရာမ နော်ဗွီတူဖောသည် အချိန်ဆိုတာကို စောင့်တတ်လာပြီဖြစ်သည်။ အရာအားလုံးသည် ကိုယ်ဖြစ်ချင်သလို ဖြစ်မလာသော်လည်း အချိန်တန်ရင် ပြောင်းလဲရမှာဖြစ်သည်။ ဖြစ်ချိန်တန် ဖြစ်မည်၊ ပျက်ချိန်တန် ပျက်မည်ဆိုသည့် သင်္ခါရသဘောတရားတွေကို နားလည်လာသည်ဟု ယခုလို ဆက်ပြောသည်။

      ““ဖြစ်တဲ့အရာအားလုံးဟာ ဘုရားသခင်ရဲ့ အစီအမံထဲမှာပဲ ရှိတယ်””

 

အမျိုးအစား - ပုံရိပ်လွှာ

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."