၂ဝ၁၈၊ ဇန်နဝါရီလထုတ် မော်ကွန်းမဂ္ဂဇင်း အမှတ်(၅၃)မှ သတင်းဆောင်းပါး ဖြစ်ပါသည်။
ကျော်ဇေယျ ရေးသည်။
ဘားအံ (ဇန်နဝါရီ၊ ၂၀၁၈)
photo -KRW ကရင်ပြည်နယ်တွင် တည်ဆောက်မည့် ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ စီမံကိန်းကို ကန့်ကွက်သည့်အနေဖြင့် သုံးအိမ်ရွာတွင် ဒေသခံများမှ ဆုတောင်းပွဲ ပြုလုပ်နေစဉ်
နေ့လယ်ခင်းအချိန်မို့ အပူချိန်ပြင်းပေမယ့် သုံး အိမ်ရွာလေးကတော့ သစ်ရိပ်၊ ဝါးရိပ်တွေနဲ့ အေးအေးချမ်းချမ်း၊ တိတ်တိတ်ဆိတ်ဆိတ်ပါပဲ။
ကရင်ပြည်နယ်မြို့တော် ဘားအံရဲ့မြောက်ဘက်ကို ဆိုင် ကယ်နဲ့ မိနစ် ၄၀ လောက်မောင်းရတဲ့ ဒီရွာရဲ့ ဘေးမှာတော့ အာရှရဲ့ အရှည်ဆုံးမြစ်တွေထဲက တစ်စင်းဖြစ်တဲ့ မြစ်သံလွင်က ရစ်ခွေစီးဆင်းနေပါတယ်။
ရွာထဲဝင်သွားတော့ ရယ်မောဆော့ကစားနေကြတဲ့ ကလေးငယ်တွေနဲ့ ဝိုင်းဖွဲ့ စကားပြောနေကြတဲ့ ရွာသူရွာသား တချို့ကို တွေ့ရတယ်။ အိမ်တိုင်းလိုလိုရဲ့ ခြံစည်းရိုးမှာတော့ “ကျောက်မီးသွေး အလိုမရှိ”ဆိုတဲ့ ပိုစတာတွေကို ချိတ်ဆွဲထား ကြပါတယ်။
အဲဒီလိုချိတ်ဆွဲထားတဲ့အကြောင်းကတော့ ကရင်ပြည် နယ် အစိုးရဟာ သုံးအိမ်ရွာဘေးမှာ ကျောက်မီးသွေးကို အသုံးပြု ပြီး လျှပ်စစ်ထုတ်မယ့်စီမံကိန်းတစ်ခုကို ဖော်ဆောင်ဖို့ စတင်နေ လို့ပါ။ အဲဒီစီမံကိန်းမှာ ကျောက်မီးသွေးစက်ရုံအပါအဝင် ကျောက်မီးသွေးအတင်အချလုပ်မယ့် ဆိပ်ကမ်းတွေလည်း ပါဝင် မှာဖြစ်ပါတယ်။
လျှပ်စစ်မဂ်္ဂါဝပ် ၁,၂၈၀ ထုတ်ယူ မယ့် စီမံကိန်းကြီးဖြစ်ပေမယ့် လုပ်ငန်း အကောင်အထည်ဖော်မယ့်အခါ ကျောက် မီးသွေးနဲ့ ပတ်သက်တဲ့ဥပဒေ၊ စည်းမျဉ်း စည်းကမ်းတွေ အားနည်းနေသေးတာနဲ့ ဒီစီမံကိန်းဟာ ဒေသခံတွေအတွက် အကျိုးစီးပွား ဖြစ်ထွန်းနိုင်မှု မသေချာတာ တွေကြောင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး သမားတွေနဲ့ ဒေသခံတွေက ကန့်ကွက်နေ ကြတာပါ။
ကရင်ပြည်နယ်အခြေစိုက် YOUTH LEARNING CENTER မှ ဒါရိုက်တာ နန်းမြင့် အောင်က ကရင်ပြည်နယ်ဝန်ကြီးချုပ် အနေနဲ့ ကျောက်မီးသွေးစီမံကိန်းကို ဥပ ဒေ၊ လုပ်ထုံးလုပ်နည်းတွေအရ လေ့လာ ဆန်းစစ်ထားတာမဟုတ်ဘဲ ““သေချာ မတွေးတောဘဲနဲ့ အလွယ်လေး ဒီ စီမံ ကိန်းကို သူဆုံးဖြတ်လိုက်တယ်””လို့ သုံး သပ်ပါတယ်။ သူဟာ ငြိမ်းချမ်းရေး၊ သဘာဝပတ်ဝန်းကျင်အရေးနဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ဆွေးနွေးပွဲတွေ မှာ ပါဝင်ဆွေးနွေးနေသူ အမျိုးသမီး တစ်ဦးလည်း ဖြစ်ပါတယ်။
သူတို့အဖွဲ့ဟာ ခေါင်းဆောင်မှု သင် တန်း၊ စီးပွားရေးသင်တန်း၊ ဒေသဖွံ့ဖြိုး တိုးတက်မှုသင်တန်းနဲ့ စီမံခန့်ခွဲမှုဆိုင်ရာ သင်တန်းတွေကို ကရင်ပြည်နယ် တစ်ခွင်က လူငယ်တွေအတွက် ထောက်ပံ့ ပေးနေပါတယ်။
photo-KRW
ပြည်နယ်အစိုးရရဲ့ စီမံကိန်း
ဒီစီမံကိန်းကို ပြည်နယ်အစိုးရက ဂျပန်-ထိုင်းဖက်စပ် ကုမ်္ပဏီတစ်ခုဖြစ်တဲ့ တိုယိုထိုင်းကုမ်္ပဏီနဲ့ သဘောတူ စာချုပ် ချုပ်ဆိုပြီး အကောင်အထည်ဖော်နေ တာပါ။ ဒီစီမံကိန်းက တစ်နှစ် ထုတ်ယူမယ့် လျှပ်စစ်ပမာဏဟာ လက်ရှိပြည်တွင်းမှာ အသုံးပြုနေတဲ့ ဓာတ်အားစုစုပေါင်းရဲ့ သုံးပုံတစ်ပုံကျော်ပမာဏအထိ ရှိပါ တယ်။ အမျိုးသားလျှပ်စစ်သုံးစွဲမှုဆိုင်ရာ အစီရင်ခံစာတွေရဲ့ ဖော်ပြချက်အရ နိုင်ငံ တွင်းမှာ လက်ရှိသုံးစွဲနေတာက တစ်နှစ် ကို မဂ်္ဂါဝပ်၃,၀၀၀ ကျော်ရှိတယ်လို့ ဖော်ပြ ထားပါတယ်။
မြန်မာနိုင်ငံမှာ ရရှိနိုင်တဲ့ ကျောက် မီးသွေးအမျိုးအစားဟာ စံချိန်မမီတဲ့ အတွက် ဒီစီမံကိန်းမှာ အသုံးပြုမယ့် ကျောက်မီးသွေး ကုန်ကြမ်းကို အင်ဒိုနီး ရှား၊ သြစတြေးလျနဲ့ တောင်အာဖရိက နိုင်ငံတွေက တင်သွင်းမှာ ဖြစ်တာကြောင့် ဆိပ်ကမ်းတွေလည်း ထည့်သွင်းတည် ဆောက်သွားမှာဖြစ်တယ်လို့ စီမံ ကိန်းလုပ်ဆောင်မယ့် ကုမ်္ပဏီဘက်က ပြောပါတယ်။
ကရင်ပြည်နယ်အစိုးရအဖွဲ့ရဲ့ ပြော ကြားမှုတွေအရ ဒီစီမံကိန်းအတွက် မြေ ဧက ၈၀၀ ကျော်ကို အသုံးပြုမှာ ဖြစ်ပြီး ဘားအံမြို့နယ်၊ ဝက်ကြီးကျေးရွာအုပ်စု ထဲက သုံးအိမ်၊ ထုံးတောင် စတဲ့ ကျေးရွာ တွေက မြေတွေ ပါဝင်မယ်လို့ ဆိုပါတယ်။
အမေရိကန်ဒေါ်လာ သုံးဘီလီယံ ဝန်းကျင် ရင်းနှီးမြှုပ်နှံရမယ့် ဒီစီမံကိန်း အတွက် မြေယာသိမ်းဆည်းမှုတွေနဲ့ လျော်ကြေးပေးမှုတွေကို စတင်လုပ် ဆောင်နေပြီလို့ ကရင်ပြည်နယ် လျှပ်စစ် နှင့် စက်မှုဝန်ကြီး ဦးစိုးလှိုင်က ဆိုပါတယ်။
ဝန်ကြီးဦးစိုးလှိုင်ရဲ့ အဆိုအရ လျှပ် စစ်မီးထုတ်လုပ်မယ့် ကျောက်မီးသွေး စက်ရုံစီမံကိန်းကို နှစ်ပိုင်းခွဲပြီး တည် ဆောက်သွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ စီမံကိန်း ပထမအဆင့်ကို လက်ရှိအစိုးရ သက်တမ်းအတွင်းမှာ အကောင်အထည် ဖော်သွားမှာဖြစ်ကာ အဲဒီကနေ လျှပ် စစ်မဂ်္ဂါဝပ် ၆၄၀ ထုတ်ယူသွားမယ်လို့ ပြောပါတယ်။
ကျန်တဲ့ စီမံကိန်းဒုတိယအဆင့်ကို တော့ နောက်အစိုးရ သက်တမ်းအတွင်း အကောင်အထည်ဖော်ဖို့ စီစဉ်ထားတယ် လို့ ဆိုပါတယ်။
လက်ရှိအခြေအနေမှာ ပြည်နယ် အစိုးရဘက်က လုပ်ဆောင်ရမယ့်တာဝန် အားလုံးကိုဆောင်ရွက်ထားပြီး ပြည် ထောင်စု အစိုးရအဖွဲ့ရဲ့ ခွင့်ပြုချက်ကို စောင့်နေရတဲ့ အခြေအနေဖြစ်ရာ ““ခွင့် ပြုတာနဲ့ တစ်ပြိုင်နက် အကောင် အထည် ဖော်မယ်””လို့ ဝန်ကြီးဦးစိုးလှိုင်က ဆို ပါတယ်။
လျှပ်စစ်ဈေးနှုန်းတွေ၊ အကျိုး အမြတ်ခွဲဝေမှုတွေနဲ့ ပတ်ဝန်းကျင်ဆိုင်ရာ ထောက်ခံချက်တွေ ရရှိဖို့ ပြည်ထောင်စု အစိုးရနဲ့ ညှိနှိုင်းနေတဲ့ အခြေအနေလို့ သူက ဆက်ပြောပါတယ်။
Photo-KRW
ကန့်ကွက်မှုတွေနဲ့ ကြုံနေရ
ဒါပေမဲ့ ပြည်နယ်အစိုးရအဖွဲ့ဟာ သူ့သဘောနဲ့သူ ကုမ်္ပဏီကို ဖိတ်ခေါ်ပြီး ဆောင်ရွက်ခဲ့တာဟာ တည်ဆဲဥပဒေ ပြဋ္ဌာန်းချက်တွေကို ချိုးဖောက် အကောင် အထည်ဖော်လိုက်တာ ဖြစ်တယ်လို့ ဒီ အကြီးစားလျှပ်စစ်စီမံကိန်းကို ကန့်ကွက် နေကြသူတွေက စွပ်စွဲပြောဆိုကြပါတယ်။
၂၀၁၄ လျှပ်စစ်ဥပဒေအရ တိုင်းနဲ့ ပြည်နယ်အစိုးရအဖွဲ့တွေဟာ အသေးစား နဲ့ အလတ်စားစီမံကိန်းတွေကိုသာ တိုက် ရိုက် အကောင်အထည်ဖော်ခွင့်ရှိပြီး အကြီးစားစီမံကိန်းတွေကို ဖော်ဆောင် ခွင့်မရှိပါဘူး။ ပြည်ထောင်စုအစိုးရအဖွဲ့ ကသာ အကြီးစား စီမံကိန်းတွေကို တိုက် ရိုက်ဖော်ဆောင်ရမယ်လို့ ဖော်ပြထား ပါတယ်။
အသေးစားစီမံကိန်းဆိုရာမှာ လျှပ်စစ်မဂ်္ဂါဝပ် ၁၀ ထက် မပိုတဲ့ စက်ရုံကို ဆိုလိုပြီး အလတ်စားစီမံကိန်းကတော့ မဂ်္ဂါဝပ် ၁၀ နဲ့ ၃၀ ကြားကို ခေါ်ဆိုတာပါ။ ဒီထက်ပိုသွားရင် အကြီးစားစီမံကိန်းလို့ ခေါ်ဆိုတာ ဖြစ်တယ်။
ဒါ့အပြင် ဒီစီမံကိန်းဧရိယာဟာ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ အစိုး ရတပ်မတော်တို့ ရောယှက်ထိန်းချုပ်နေ တဲ့ ဒေသဖြစ်တဲ့အပြင် ဒီစက်ရုံကြောင့် သဘာဝပတ်ဝန်းကျင် ထိခိုက်လာမယ့် ကိစ်္စတွေကြောင့် ဒီစီမံကိန်းကို မဆောင် ရွက်သင့်ဘူးလို့ ကန့်ကွက်နေသူတွေက ဆိုကြပါတယ်။
““လူတွေကိုလည်း ထိခိုက်မှု မရှိဘဲ အသေးစား၊ အလတ်စား ရေအားလျှပ်စစ် ထုတ်နိုင်တဲ့ နေရာတွေ ကရင်ပြည်နယ်မှာ အများကြီးရှိရဲ့သားနဲ့ ဝန်ကြီးချုပ်ဟာ ဘာကြောင့် ကျောက်မီးသွေးလောဘ ဖြစ်နေရသလဲဆိုတာ နားမလည်နိုင်ဘူး””လို့ နန်းမြင့်အောင်က ဆိုပါတယ်။
ဝန်ကြီး ဦးစိုးလှိုင်ကတော့ ပြည် နယ်အစိုးရအဖွဲ့ရဲ့ လေ့လာမှုတွေအရ ကရင်ပြည်နယ်ထဲမှာ အသေးစား၊ အလတ်စား ရေအားလျှပ်စစ်ထုတ်နိုင်တဲ့ နေရာဟာ မရှိသလောက် နည်းပါးပြီး ““၂၅ မဂ်္ဂါဝပ်တောင် မထွက်နိုင်တဲ့ ချောင်း၊ မြောင်းက နှစ်နေရာလောက်ပဲ ဒီမှာ ရှိ တယ်။ ကျန်တာတွေက ပိစိညှောင့်တောင့် လေးတွေ”” လို့ ပြောပါတယ်။
လျှပ်စစ်ရလာရင် ပြည်နယ်က လူ တွေ အလုပ်အကိုင်အခွင့်အလမ်း ပေါ လာမယ်လို့ ဝန်ကြီးချုပ်ကပြောတဲ့ စကား ဟာ လွဲမှားတဲ့ အယူအဆသာ ဖြစ်တယ် လို့ နန်းမြင့်အောင်က ဆိုပါတယ်။
လျှပ်စစ်မီးတွေလင်းလာပြီး ရင်းနှီး မြှုပ်နှံမှုတွေ အလုံးအရင်းနဲ့ ဝင်လာခဲ့ရင် တောင် ကရင်လူထုတွေရဲ့ စွမ်းဆောင်ရည် ကို မြင့်တက်အောင် လုပ်မပေးနိုင်ရင် ဒီ တိုးတက်မှုကို အခြားနိုင်ငံတွေက လူတွေ ပဲ ခံစားသွားမှာ ဖြစ်တယ်လို့ သူက ဆိုပါတယ်။ ဒါကြောင့် အကြီးစား စီမံကိန်း တွေကို ဖော်ဆောင်ဖို့ လုပ်ဆောင်နေမယ့် အစား ပြည်နယ်အစိုးရအဖွဲ့အနေနဲ့ လူထု အရည်အသွေး မြှင့်တင်ပေးနိုင်တဲ့ စီမံ ကိန်းတွေကို အရင်ဆုံး လုပ်ဆောင်သင့် တယ်လို့ နန်းမြင့်အောင်က ဆိုပါတယ်။
ဘားအံမြို့မှာ နေထိုင်ပြီး ဒေသဖွံ့ ဖြိုးရေးလုပ်ငန်းတွေမှာ ဦးဆောင်နေသူ တစ်ဦးဖြစ်သလို နိုင်ငံတကာအကူအညီ ပေးရေး အဖွဲ့အစည်းတွေအတွက် အကြံ ပေးအဖြစ်လည်း ကရင်ပြည်နယ်အတွင်း မှာ ဆောင်ရွက်နေသူ ဦးကျော်စွာကတော့ လက်ရှိအချိန်အထိ ဒီစီမံကိန်းနဲ့ ပတ်သက် ပြီး ပြည်နယ်အစိုးရအဖွဲ့ရဲ့ ဆောင်ရွက်နေ မှုတွေကို စောင့်ကြည့်နေဆဲဖြစ်တယ်လို့ ဆိုပါတယ်။
ဒီစီမံကိန်းကနေ ထွက်သမျှ အကျိုး အမြတ်အားလုံးကို ပြည်ထောင်စုက အလုံးစုံအကျိုးခံစားသွားမယ့် အစီအစဉ် မျိုးဖြစ်လာရင်တော့ သူ့အနေနဲ့ လက်မခံ ဘဲ ကန့်ကွက်မယ်လို့ ပြောပါတယ်။
ဒါ့အပြင် ပြည်နယ်အစိုးရအဖွဲ့ အနေနဲ့ မြေပြင်မှာ စီမံကိန်းကို အမြန် အကောင်အထည်ပေါ်အောင် ဆောင်ရွက် နေပေမယ့် ဒီစီမံကိန်းကနေ ခွဲဝေရရှိမယ့် အကျိုးအမြတ်အကြောင်းကို ကရင်လူထု တွေကို သေချာနားလည်အောင် ရှင်းပြ နိုင်ခြင်း မရှိသေးဘူးလို့လည်း သူက ေ၀ ဖန်ပါတယ်။
စီမံကိန်းကထွက်လာမယ့် လျှပ်စစ် ဓာတ်အားဟာ ကရင်ပြည်နယ်မှာ လိုအပ် နေတာထက် အများကြီး ပိုလျှံနေတာ ကြောင့် ပြည်ထောင်စုအစိုးရကို ပြန်လည် ရောင်းချပြီး ရလာတဲ့ငွေကို ကရင်ပြည် နယ်အစိုးရဘတ်ဂျက်အတွက် အသုံးပြု မယ်ဆိုရင်တော့ အခုစီမံကိန်းကို လက် ခံသင့်တယ်လို့ ဦးကျော်စွာက ပြောပါ တယ်။ ပြည်နယ်အစိုးရအနေနဲ့ စီမံကိန်းနဲ့ ပတ်သက်တဲ့ လူမှုဝန်းကျင်နဲ့ သဘာ၀ ပတ်ဝန်းကျင် ဆန်းစစ်ချက် အစီရင်ခံစာ တွေကို လူထုကို ပွင့်ပွင့်လင်းလင်းချပြဖို့ လည်း လိုတယ်လို့ သူကပြောပါတယ်။
စီမံကိန်းကြောင့် ဒေသခံတွေနဲ့ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်လာခဲ့ရင် စက်ရုံကို ဖျက်သိမ်းဖို့ လူထုက တောင်းဆို မှုတွေ ရှိလာတဲ့အခါ ပြည်နယ်အစိုးရအနေ နဲ့ တာဝန်ခံရမယ်လို့ သူက ဆိုပါတယ်။
စက်ရုံစီမံကိန်းအနီးမှာ ဆက်လက် မနေထိုင်ချင်တော့တဲ့အတွက် ရွှေ့ပြောင်း ချင်ကြတဲ့ ဒေသခံတွေကိုလည်း နိုင်ငံ တကာ စံနှုန်းတွေနဲ့အညီ နစ်နာကြေးတွေ ပေးပြီး ပြောင်းရွှေ့မှုတွေ အပေါ်မှာ တာ ဝန်ခံရမယ်လို့ ဦးကျော်စွာက ပြော ပါတယ်။
ဦးကျော်စွာဟာ ဖက်ဒရယ်စနစ် ဆိုင်ရာဆွေးနွေးပွဲတွေ၊ ဒေသဖွံ့ဖြိုးရေး ဆိုင်ရာ ဆွေးနွေးပွဲတွေမှာ ကရင်ပြည်နယ် နဲ့ပတ်သက်ပြီး တက်ရောက်ဆွေးနွေး နေသူတစ်ဦးလည်း ဖြစ်ပါတယ်။
ကရင်ပြည်နယ်လျှပ်စစ်နဲ့ စက်မှု ဝန်ကြီး ဦးစိုးလှိုင်ကတော့ ““စက်ရုံက ထွက်သမျှ လျှပ်စစ်ဓာတ်အားကို ပြည် ထောင်စုရဲ့ မဟာဓာတ်အားလိုင်း စနစ် အတွင်း အကုန်တင်ပို့ပေးမှာ ဖြစ်တယ်””လို့ ဆိုပါတယ်။
““နိုင်ငံအတွက် လိုအပ်တဲ့ လျှပ်စစ် ဓာတ်အားကို ကိုယ့်ပြည်နယ်အတွင်း ကနေပြန်ပြီးတော့ ပံ့ပိုးချင်တဲ့သဘော ပါပဲ””လို့ သူက ဆက်လက်ရှင်းပြပါတယ်။
ဒါ့အပြင် စီမံကိန်းက ရရှိလာမယ့် အကျိုးအမြတ်ကို ကုမ်္ပဏီဘက်က ၉၅ ရာခိုင်နှုန်း၊ သူတို့ပြည်နယ်အစိုးရအဖွဲ့က ငါးရာခိုင်နှုန်း အချိုးနဲ့ ခွဲဝေရယူမှာလို့ သူက ပြောပါတယ်။
Photo – KyawZayya ကျောက်မီးသွေးစီမံကိန်းကို ကန့်ကွက်ကြောင်းရေးသားထားသည့် ပိုစတာတစ်ခုကို ထုံးတောင်ရွာတွင် တွေ့ရစဉ်။
ပွင့်လင်းမြင်သာမှု မရှိတဲ့ စီမံကိန်း
အခုကျောက်မီးသွေးစီမံကိန်းကို ဒေသခံတွေ သဘောမကျတဲ့ နောက် တစ်ချက်က စီမံကိန်းအတွက် မြေပြင်မှာ ကွင်းဆင်းညှိနှိုင်းကြတဲ့သူတွေဟာ စီမံ ကိန်းအကြောင်းကို ရှင်းမပြဘဲ ခြိမ်း ခြောက်ကြိမ်းမောင်းတာတွေကြောင့် စီမံ ကိန်းအပေါ် အယုံအကြည်မရှိတာတွေ ပိုပြီးဖြစ်လာတယ်လို့ ဆိုကြပါတယ်။
သုံးအိမ်ရွာသား အသက် ၅၁ နှစ် အရွယ် စောထိန်ဝင်းဆိုရင် သူ့လယ်မြေ ၂၂ ဧကဟာ ကျောက်မီးသွေးသုံး လျှပ်စစ် ဓာတ်အားပေးစက်ရုံစီမံကိန်း ဧရိယာထဲ မှာ ရောက်နေပါတယ်။
ကရင်ပြည်နယ်အစိုးရက သူ့လယ် တွေကို တစ်ဧက ကျပ် သိန်း ၅၀ သတ်မှတ် ထားပြီး မရောင်းဘူးဆိုရင်လည်း သိမ်း ပစ်မယ်လို့ ခြိမ်းခြောက်ပြောဆိုနေသလို ရွာက လယ်သမားတွေကို မကြာခဏ လာတွေ့နေတာကြောင့် အာဏာပိုင်တွေ ကို ရှောင်ရှားဖို့ ““တောထဲမှာ သွားပုန်းနေ လိုက်တယ်””လို့ စောထိန်ဝင်းက ဆို ပါတယ်။
““လျော်ကြေးမလိုချင်ဘူး။ လူက သေတတ်တယ်၊ မြေဆိုတာ မသေတတ် ဘူး။ သားသမီးတွေအတွက် မြေကို လို တယ်””လို့ သားသမီး ရှစ်ဦးမွေးထားတဲ့ ကရင်တိုင်းရင်းသား စောထိန်ဝင်းက ဘာ သာပြန်က တစ်ဆင့် ပြောပါတယ်။
သူဆိုလိုတာက မြေဆိုတာ အမြဲ တည်မြဲနေတဲ့ ပိုင်ဆိုင်မှုဖြစ်ပြီး သူ့ရဲ့မြေ ယာကို သားသမီးတွေအတွက် အမွေအ ဖြစ် လက်ဆင့်ကမ်း ပေးခဲ့ချင်တာကြောင့် မရောင်းချလိုဘူးလို့ ဆိုလိုတာပါ။
စီမံကိန်းအကောင်အထည်ဖော်ဖို့ ရွာကိုလာရောက်ကြတဲ့ အုပ်ချုပ်ရေး အာ ဏာပိုင်တွေဟာ ဒေသခံတွေနဲ့ တွေ့ဆုံ ညှိနှိုင်းမှုတွေလုပ်တဲ့အခါ အာဏာသုံး ခြိမ်းခြောက်တဲ့ လုပ်ရပ်တွေရှိတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
ဒီအထဲမှာ ရဲနဲ့ ပြည်သူ့စစ်တွေက ရွာသားတွေရဲ့ ခြံဝင်းတွေ မှာ ကပ်ထားတဲ့ ကျောက်မီးသွေး အလိုမရှိကြောင်း ဆန်္ဒပြ တဲ့ ပိုစတာတွေကို ဖြုတ်သိမ်းတာ၊ အစိုးရ သတ်မှတ်ထားတဲ့ လျော်ကြေးအတိုင်း ငွေကို ယူခိုင်းပြီး မြေကို ရောင်းချကြောင်း လက်မှတ်ထိုးခိုင်းတာ၊ အစည်းအဝေး တွေ လုပ်တဲ့အခါမှာ မြေသိမ်းခံရတဲ့ ရွာသားတွေကိုသာ တက်ခိုင်းပြီး အခြား ရွာသူရွာသားတွေကို ဝင်ခွင့်မပေးတာ တွေ ပြုလုပ်နေကြတယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။
ပြီးတော့ သူတို့ ပြောဆိုဆောင်ရွက် ချက်တွေကို ဗီဒီယိုမှတ်တမ်းတွေ ရိုက် ယူတဲ့အခါမှာ မှတ်တမ်းကို ဖျက်ဆီးခိုင်း တာ စတာတွေ လုပ်ဆောင်ကြတယ်လို့ ဒေသခံတွေက ပြောပြတယ်။
““အစည်းအဝေးခေါ်ရင်လာရမယ်၊ မလာတဲ့သူကို ရဲနဲ့ ဖမ်းခိုင်းမယ်ဆိုပြီး ပြောတာတွေလည်း ရှိတယ်။ ဒါပေမဲ့ ငါက တော့ ထွက်ပြေးတာပဲ”” လို့ စောထိန်ဝင်း က ပြောပါတယ်။
ကရင်ပြည်နယ်အစိုးရအဖွဲ့ရဲ့ လျှပ် စစ်နှင့်စက်မှုဝန်ကြီး ဦးစိုးလှိုင်ကတော့ ဒီ စီမံကိန်းကို ဖော်ဆောင်ရာမှာ အစိုးရအဖွဲ့ အနေနဲ့ အာဏာသုံး ခြိမ်းခြောက်မှုမျိုး တွေ လုပ်ဆောင်တာ မရှိဘူးလို့ ပြောပါ တယ်။ စီမံကိန်း ဧရိယာကို သတ်မှတ်ပေး တာ၊ မြေယာလျော်ကြေးငွေ သတ်မှတ် ပေးတာမျိုး သူတို့အစိုးရအဖွဲ့က လုပ် ဆောင်ပေးတာရှိပြီး ဒေသခံတွေ ကိုယ် တိုင်ဆန်္ဒအရ မြေကို လာရောင်းချတာ တွေပဲ ရှိတယ်လို့ ဆိုပါတယ်။ လက်ရှိ အချိန်အထိ ဒေသခံ ၃၀ ကျော်ဟာ စီမံ ကိန်းအတွက် သူတို့မြေတွေကို လာရောက် ရောင်းချခဲ့ပြီးပြီလို့ သူက မော်ကွန်းကို ပြောပါတယ်။
ဒါ့အပြင် ဒီစီမံကိန်းကို အကောင် အထည်ဖော်ဖို့ ကြိုးစားတာဟာ ကရင် ပြည်နယ်ရဲ့ လျှပ်စစ်လိုအပ်ချက်ကိုဖြည့်ဆည်းဖို့၊ ပြည်နယ်စီးပွားရေးဖွံ့ဖြိုးတိုး တက်လာဖို့နဲ့ ပြည်သူတွေ အလုပ်အကိုင် အခွင့်အလမ်းပေါများလာစေဖို့ ဆောင် ရွက်တာဖြစ်တယ်လို့ ပြောပါတယ်။
““လာကန့်ကွက်နေတဲ့သူတွေက အရင်တုန်းက ဖတ်ခဲ့ဖူးတဲ့၊ အရင်တုန်းက တွေ့ခဲ့ဖူးတဲ့ အတွေ့အကြုံတွေနဲ့ လာ ဆွေးနွေးနေတာ။ နောက်ထပ် (ကျောက် မီးသွေး) နည်းပညာအသစ်တွေ တိုးတက် လာတာကို မလေ့လာဘဲနဲ့ ပြောနေတာ တွေပဲ ဖြစ်တယ်””လို့ သူက မော်ကွန်းကို ပြောပါတယ်။
တည်ဆောက်ချိန်ကြာမြင့်တဲ့ ရေ အားလျှပ်စစ်ပြီးရင် တစ်ယူနစ်ထုတ်လုပ် စရိတ် သက်သာသလို လျှပ်စစ်လည်း မြန်မြန်ရနိုင်တဲ့အတွက်ကြောင့် ဒီစီမံ ကိန်းကို လုပ်ဆောင်တာလို့ ဝန်ကြီး ဦးစိုး လှိုင်က ဆိုပါတယ်။
သူတို့အစိုးရအဖွဲ့ရဲ့ တွက်ချက်မှုတွေ အရ ဈေးအသက်သာဆုံးဟာ ရေအား လျှပ်စစ်ဖြစ်ပြီး ဒုတိယ ကျောက်မီးသွေး၊ တတိယ ဂတ်စ်တာဘိုင်နဲ့ နောက်ဆုံး ဈေး အကြီးဆုံးက ပြန်လည်ပြည့်ဖြိုးမြဲ စွမ်း အင်ဖြစ်တဲ့ နေအားနဲ့ လေအားတို့ ဖြစ် တယ်လို့ သူက ရှင်းပြပါတယ်။
ဒါပေမဲ့ ဈေးအကြီးဆုံးလို့ဆိုတဲ့ ပြန် လည် ပြည့်ဖြိုးမြဲစွမ်းအင်ဟာ နည်းပညာ တွေ မြင့်လာတဲ့အတွက် တစ်ဖက်မှာ ကုန်ကျစရိတ် သက်သာလာတာမျိုးဖြစ် လာပြီး ကျောက်မီးသွေးနဲ့ လျှပ်စစ်ထုတ် တာကတော့ ပတ်ဝန်းကျင်ထိခိုက်မှုနည်း အောင် နည်းပညာတွေမြှင့်ရတဲ့အတွက် ကုန်ကျစရိတ်တွေ တိုးလာတာမျိုးရှိလို့ ဒီနည်းပညာနှစ်ခုရဲ့ ရင်းနှီးမှုစရိတ်ဟာ ကွာခြားမှု မရှိဘူးလို့ ကျောက်မီးသွေး စက်ရုံ စီမံကိန်း ကန့်ကွက်နေသူတွေက ရှင်းပြပါတယ်။
ပြည်ပနိုင်ငံတွေက တင်ပို့လာမယ့် ကျောက်မီးသွေးတွေအပေါ် မှီခိုထုတ်လုပ် နေရမယ့် စွမ်းအင်မျိုးထက် ရေရှည်မှာ ထပ်ဆောင်းကုန်ကျစရိတ်တွေ သက်သာ လာတဲ့ ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင် အရင်းအမြစ်တွေကို အသုံးချပြီး လျှပ်စစ် ကို ထုတ်ယူသင့်တယ်လို့ သူတို့က ထောက်ပြကြပါတယ်။
မြန်မာ့ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် အသင်းရဲ့ ဒါရိုက်တာဖြစ်သူ ဦးအောင်မြင့် ကတော့ မြန်မာနိုင်ငံမှာ ပြန်လည်ပြည့် ဖြိုးမြဲ စွမ်းအင် ဈေးကြီးနေတာဟာ ဒီစွမ်း အင်ကို အစိုးရအနေနဲ့ ဗျူဟာမြောက် ဖော်ထုတ်တာမရှိတာကြောင့်လို့ ဆို ပါတယ်။
““တစ်နိုင်ငံလုံး ဗျူဟာမြောက် နိုင်ငံတော်ကသာ လုပ်မယ် ဆိုရင် SOLAR နဲ့ မီးပေးတဲ့စနစ်က ဈေးအနိမ့်ဆုံးထဲမှာ ပါတယ်””လို့ သူက ထောက်ပြပါတယ်။
Photo-Kyaw Zayya ကရင်ပြည်နယ်အစိုးရအဖွဲ့ရုံးအတွင်း ပြသထားသည့် ကျော်က်မီးသွေးစက်ရုံဒီဇိုင်းပုံကြမ်း
ကရင်ပြည်နယ်ကျောက်မီးသွေး သုံးလျှပ်စစ်ဓာတ်အားပေး စီမံကိန်းကို အကောင်အထည်ဖော်မယ့် တိုယိုထိုင်း ကုမ်္ပဏီက တာဝန်ခံဖြစ်သူ ဦးထက် အောင်မွန်ကတော့ ဒီစီမံကိန်းမှာ အသုံး ပြုမယ့် နည်းပညာဟာ ကျောက်မီးသွေး ကို မီးရှို့ရာမှာ ပတ်ဝန်းကျင်ထိခိုက်မှု အနည်းဆုံးဖြစ်တဲ့ က်္ဘာ့နောက်ဆုံးပေါ် ULTRA-SUPERCRITICAL (USC) လို့ခေါ်တဲ့ ကျောက်မီးသွေး သန့်စင်နည်းပညာကို အသုံးပြုမှာဖြစ်တာကြောင့် လူမှုဝန်းကျင် နဲ့ ပတ်ဝန်းကျင်ထိခိုက်မှုတွေ ဖြစ်ပေါ်လာ စရာအကြောင်းမရှိဘူးလို့ ဆိုပါတယ်။
ဒီကုမ်္ပဏီဟာ ပြီးခဲ့တဲ့ ဦးသိန်းစိန် အစိုးရလက်ထက်တုန်းကလည်း မွန်ပြည် နယ်၊ အံဒင်ဒေသမှာ ယခုလို နည်းပညာ မြင့် ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ် အားပေးစက်ရုံမျိုး တည်ဆောက်ပြီး လျှပ် စစ်ထုတ်ဖို့ ကြိုးပမ်းခဲ့ဖူးပါတယ်။ ဒါပေမဲ့ ဒေသခံတွေရဲ့ ကျောက်မီးသွေးအပေါ် ဝိုင်းဝန်းကန့်ကွက်မှုတွေကြောင့် စီမံကိန်း ကို ရပ်ပြီး နောက်ဆုတ်ခဲ့ရတယ်။
““ဂျပန်နည်းပညာနဲ့ ဖြစ်တဲ့အတွက် စက်ရုံကထွက်မယ့် အမှုန်အမွှားတွေ၊ ဆာ ဖာတွေ၊ နိုက်ထရိုဂျင်တွေကို ဖယ်ရှားပြီးမှ သန့်စင်တဲ့ အခိုးအငွေ့ကိုပဲ ထုတ်လွှတ်မှာ ဖြစ်တယ်””လို့ ဦးထက်အောင်မွန်က ရှင်း ပြပါတယ်။
ကျောက်မီးသွေးကို မီးရှို့တဲ့အခါ ထွက်လာမယ့် ဆာလဖာဒိုင်အောက် ဆိုက်၊ နိုက်ထရိုဂျင်အောက်ဆိုက်နဲ့ အမှုန် အမွှား ထွက်ရှိမှုဆိုင်ရာ စံနှုန်းတွေကို လည်း မြန်မာနိုင်ငံက ၂၀၁၅ မှာ သတ် မှတ်ထားတဲ့ ပတ်ဝန်းကျင်ထုတ်လွှတ်မှု ဆိုင်ရာ အရည်အသွေး သတ်မှတ်ချက် အပါအဝင် က်္ဘာ့စံနှုန်းတွေထက် မနိမ့် အောင် လုပ်ဆောင်ထားတယ်လို့ သူက ဆိုပါတယ်။
စက်ရုံက ထုတ်လွှတ်တဲ့ အခိုးအငွေ့ တွေထဲမှာ ဆာလဖာဒိုင်အောက်ဆိုက် ဟာ ၇၀ PPM (PART PER MILLION) နဲ့ နိုက်ထရိုဂျင်အောက်ဆိုက်ဟာ ၂၀၀ ဏဏြ အထိပဲ ထုတ်လွှတ်မယ်လို့ ဦးထက် အောင်မွန်က ရှင်းပြပါတယ်။
ဒါက ဘာကိုဆိုလိုသလဲဆိုတော့ စက်ရုံက အမှုန်အမွှား တစ်သန်းထွက် ရှိတယ်ဆိုရင် ဒီအထဲမှာ ဆာလဖာဒိုင် အောက်ဆိုက် ၇၀ ၊ နိုက်ထရိုဂျင် အောက် ဆိုက် ၂၀၀ ပဲ ပါဝင်မယ်လို့ ဆိုလိုတာ ဖြစ် ပါတယ်။
““စီမံကိန်းလည်ပတ်နေစဉ်မှာ ဒေ သခံတွေ အချိန်မရွေး ဝင်ရောက် စစ် ဆေးလို့ရတဲ့ လမ်းကြောင်းတွေကို ဖွင့် လှစ်ပေးထား မယ်””လို့ သူက ဆိုပါတယ်။
ဒီအထဲမှာ ကျောက်မီးသွေးကို မီးရှို့ နေတဲ့အတွက် လေထုထဲကို ထွက်နေတဲ့ ဆာလဖာဒိုင်အောက်ဆိုက်၊ နိုက်ထရိုဂျင် နဲ့ အမှုန်အမွှား ထုတ်လွှတ်မှုဆိုင်ရာ ဩန်း ကိန်းတွေကို ဒစ်ဂျစ်တယ် နည်းပညာနဲ့ အများပြည်သူမြင်သာတဲ့ နေရာမှာ ပြသ ထားမှာဖြစ်ပြီး သတ်မှတ် စံချိန်စံဩန်း ထက် ကျော်လွန်ခဲ့တာမျိုးတွေ ဖြစ်ပေါ်ခဲ့ ရင် ““ကုမ်္ပဏီဘက်က အလုံးစုံတာဝန်ယူ မှာ”” လို့ သူက ပြောပါတယ်။
ဒီစီမံကိန်းကို နိုင်ငံတကာငွေချေး အဖွဲ့အစည်းတွေက ချေးငွေနဲ့ တည် ဆောက်မှာဖြစ်တဲ့အတွက် စီမံကိန်း ကြောင့် လူမှုဝန်းကျင်နဲ့ သဘာ၀၀န်းကျင် ထိခိုက်မှုတွေမဖြစ်အောင် သူတို့ အနေနဲ့ အသေအချာ ပြင်ဆင်ထားရတယ်လို့ ဆို ပါတယ်။
အကြောင်းကတော့ စီမံကိန်းစတင် လည်ပတ်လို့ သဘာဝပတ်ဝန်းကျင်နဲ့ လူမှု ဝန်းကျင်တွေကို ထိခိုက်တဲ့ ပြဿနာမျိုး တွေ ပေါ်ပေါက်လာတဲ့အခါ ငွေချေးယူတဲ့ အဖွဲ့အစည်းတွေက ကုမ်္ပဏီအပေါ် အရေး ယူမှုတွေကို ခံရနိုင်ပြီး လုပ်ငန်းရပ်ဆိုင်း ရတဲ့အထိ ဖြစ်နိုင်တာကြောင့် စံချိန် စံဩန်းတွေနဲ့ မကိုက်ညီတဲ့ လုပ်ဆောင် ချက်မျိုးတွေ မဖြစ်ပေါ်ဖို့ အစကတည်းက ဂရုစိုက် ပြင်ဆင်ထားရတယ်လို့ ဦးထက် အောင်မွန်က ရှင်းပြပါတယ်။
ကျောက်မီးသွေးစီမံကိန်းကို ကန့် ကွက်သူတွေကတော့ ကုမ်္ပဏီနဲ့ ပြည်နယ် အစိုးရအဖွဲ့ဟာ လူထုအစည်းအဝေးတွေ လုပ်တယ်လို့ အသံလွှင့်ပေမယ့် ခေါ်ယူ စည်းဝေးတဲ့အခါ ရွာအုပ်ချုပ်ရေးမှူးတွေ နဲ့ အင်န်အယ်လ်ဒီပါတီ ရပ်/ကျေးအဆင့် ကလူတွေသာ အများစု ဖြစ်နေတာ၊ ဂျပန် နိုင်ငံက ကုမ်္ပဏီရဲ့ စီမံကိန်းတွေရှိတဲ့ နေ ရာတွေကို လေ့လာရေးခေါ်တဲ့အခါမှာ လည်း ရွာလူကြီးတွေ၊ ရပ်/ကျေးအဆင့် ပါတီဝင်တွေနဲ့ အစိုးရအဖွဲ့နဲ့ အဆင်ပြေ သူတွေကိုသာ ရွေးချယ်ဖိတ်ကြား ရှင်း လင်းတာမျိုးတွေ လုပ်ဆောင်ကြပြီး တကယ် ထိခိုက်ခံစားရမယ့် ဒေသခံတွေနဲ့ စီမံကိန်းအကြောင်းကို နားလည်တဲ့ အရပ်ဘက် အဖွဲ့အစည်းတွေကိုတော့ ရှင်း လင်းပြောကြားခြင်းမရှိဘူးလို့ စွပ်စွဲ ပြော ဆိုပါတယ်။
ကုမ်္ပဏီအစီအစဉ်နဲ့ ပို့ဆောင်ပေးခဲ့ တဲ့ ပထမအကြိမ် ဂျပန်လေ့လာရေးခရီး စဉ်မှာ ပါဝင်ခဲ့သူနှစ်ဦးကို မော်ကွန်း မဂ်္ဂဇင်းက ဆက်သွယ်ပြီး စီမံကိန်း အကြောင်းကို မေးမြန်းဖို့ ကြိုးစားခဲ့ပေ မယ့် သူတို့က တွေ့ဆုံဖြေကြားပေးဖို့ ငြင်း ဆန်ကြပါတယ်။
တကယ်သန့်ရှင်းသလား
မြန်မာ့ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် အသင်းရဲ့ ဒါရိုက်တာဖြစ်သူ ဦးအောင်မြင့် ကတော့ ကျောက်မီးသွေးကို သန့်ရှင်းပါ တယ်လို့ ပြောနေကြတာဟာ မှားနေတယ် လို့ ပြောပါတယ်။
““ကျောက်မီးသွေးဆိုတာက တ ကယ်ဆိုရင် ညစ်ပတ်တဲ့ပစ်္စည်းပေါ့။ သူကို သန့်ရှင်းတယ်လို့ လုံး၀ ပြောလို့ မရဘူး။ ညစ်ပတ်တဲ့ အရင်းအမြစ်ပါ။ နိုင်ငံတကာ ကနေ CLEAN COAL TECHNOLOGY ( ကျောက်မီးသွေးသန့်စင်နည်းပညာ) လို့ ပြောတယ်။ ဒါပေမဲ့ တကယ်တမ်းကျတော့ ဥပမာပေးရရင် မစင်ကို သန့်ရှင်းတယ်လို့ ပြောလို့ မရသလိုပါဘဲ””လို့ သူက ဆို ပါတယ်။
နည်းပညာအရ အကောင်းဆုံးလုပ် လို့ရတာရှိပေမယ့် ကျောက်မီးသွေးရဲ့ ဆိုး ကျိုးတွေဟာ က်္ဘာ့နေရာအနှံ့ပြောစရာ မလိုအောင် ကျယ်လောင်နေတာဖြစ်တဲ့ အတွက် နိုင်ငံအတွင်းမှာ ဖော်ဆောင်မယ့် ကျောက်မီးသွေး စီမံကိန်းတွေနဲ့ ပတ် သက်ရင် အများပြည်သူနားလည် လက်ခံ အောင် အစိုးရတွေအနေနဲ့ အသေအချာ ရှင်းပြဖို့ လိုတယ်လို့ ဦးအောင်မြင့်က ပြောပါတယ်။
ဒါ့အပြင် ဒီနိုင်ငံမှာ ဥပဒေ၊ စည်း မျဉ်းစည်းကမ်းလိုက်နာမှုနဲ့ ဖော်ဆောင်မှု ဟာ အားနည်းလွန်းတဲ့အတွက် ဂျပန် နိုင်ငံမှာ ကောင်းတယ်ဆိုတိုင်း ဒီနိုင်ငံမှာကောင်းမွန်ပါမယ်ဆိုတဲ့ အတွေးအခေါ် မျိုးကို ပြည်သူတွေက လက်မခံတာကို နားလည်ပေးရမယ် လို့ သူက ဆိုပါတယ်။
ဂျပန်နိုင်ငံလိုမျိုး ကျောက်မီးသွေး ကို ဘယ်လိုသယ်ယူမယ်၊ စက်ရုံလည် ပတ်တဲ့အခါ ပြည်သူတွေက ဘယ်လိုပူး ပေါင်းပါဝင်မယ်၊ စက်ရုံကို ပြည်သူတွေက ဘယ်လိုစောင့်ကြည့်မယ်၊ တစ်ခုခု ထူး ခြားတာတွေ့တဲ့အခါ ဘယ်သူနဲ့ ပူးပေါင်း ဖြေရှင်းရမယ်ဆိုတဲ့ ““ယ်္တရားတွေ ကျွန် တော်တို့မှာရှိနေပြီလား”” လို့ ဦးအောင် မြင့်က မေးခွန်းထုတ်ပါတယ်။
ပြည်တွင်းမှာ လည်ပတ်နေတဲ့ လျှပ်စစ်မဂ်္ဂါဝပ် ၁၀၀ ကျော်လောက်ထုတ် တဲ့ ရှမ်းပြည်နယ်၊ တီကျစ်ဒေသမှာရှိတဲ့ ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အား ပေးစက်ရုံကြောင့် အနီးဝန်းကျင်က ရွာ တွေရဲ့ ရေအရင်းအမြစ်တွေပျက်စီးတာ၊ တိရ်္ဆာန်တွေမှာ ရောဂါဘယတွေ ဖြစ်ပေါ် တာတွေကို ဥပမာပေးပြီး ကျောက်မီး သွေးကြောင့် နောက်ဆက်တွဲ ဖြစ်ပေါ် လာမယ့် ပြဿနာတွေကို ကန့်ကွက်သူ တွေက ထောက်ပြဝေဖန်ကြပါတယ်။
အန္တရာယ်ရှိတဲ့ ကျောက်မီးသွေး
၂၀၁၇ မေလထဲမှာ ထုတ်ပြန်ခဲ့တဲ့ ဟားဗတ်တက်္ကသိုလ်ရဲ့ “မြန်မာပြည်တွင်း ပြည်သူကျန်းမာရေးဆိုင်ရာ ကျောက်မီး သွေးအ်္တရာယ်”ဆိုတဲ့ အစီရင်ခံစာမှာ တော့ အာဆီယံဒေသအတွင်း လေထု အညစ်ညမ်းဆုံးဖြစ်နေတဲ့ နိုင်ငံမှာ ကျောက်မီးသွေး စက်ရုံစီမံကိန်းတွေကို ဆက်လက် အကောင်အထည်ဖော်မယ်ဆို ရင် ပြည်သူ့ကျန်းမာရေးဆိုင်ရာ ပြဿနာ တွေနဲ့ ပိုပြီးရင်ဆိုင်ရမယ်လို့ သတိပေး ထားပါတယ်။
ပြည်ထောင်စု အစိုးရအဖွဲ့ရဲ့ ၂၀၁၅ အမျိုးသားစွမ်းအင် မူဝါဒ ပြဋ္ဌာန်းချက် တွေအရ နိုင်ငံအတွင်းမှာ ကျောက်မီးသွေး သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံတွေဟာ လာမယ့် ၁၃ နှစ်အတွင်း အပြိုင်းအရိုင်း ပေါ်လာဖို့ ရှိနေပါတယ်။
၂၀၃၀ မှာ တစ်နိုင်ငံလုံး မီးလင်း နေဖို့ လျှပ်စစ်ထုတ်လုပ်မှု စုစုပေါင်းရဲ့ သုံးပုံတစ်ပုံကျော်ကို ကျောက်မီးသွေးက ထုတ်ယူမယ်လို့ ပြည်ထောင်စုအစိုးရ အဖွဲ့ က မူဝါဒရေးဆွဲထားတာပါ။ မြန်မာနိုင်ငံ အလယ်ပိုင်းနဲ့ တောင်ပိုင်းဒေသတွေမှာ ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အား ပေးစက်ရုံတွေတည်ဆောက်ပြီး မဂ်္ဂါဝပ် ၈,၀၀၀ ကျော်အထိ ရယူသွားဖို့ စီမံထား တာလည်း ဖြစ်ပါတယ်။
ဟားဗတ်အစီရင်ခံစာကတော့ အနာဂတ်ကာလမှာ ကျောက်မီးသွေးက နေ လျှပ်စစ်မဂ်္ဂါဝပ် ၈,၀၀၀ အထိ ထုတ်ယူ မယ်ဆိုရင် အမှုန်အမွှားထုတ်လုပ်မှုတွေ ပိုမိုတိုးမြင့်လာမှာကြောင့် နိုင်ငံအတွင်း မှာ ယခုထက် ပိုမိုဆိုးရွားတဲ့ လေထုညစ် ညမ်းမှုနဲ့ ကြုံရမယ်လို့ ဆိုပါတယ်။
ဒါ့အပြင် တိုးမြင့်လာမယ့် ကျောက် မီးသွေးစက်ရုံတွေကြောင့် လက်ရှိ လေထု ထဲမှာ ရှိနေတဲ့ ဆာလဖာဒိုင်အောက်ဆိုက် ပမာဏဟာ ခုနစ်ဆအထိ တိုးလာနိုင် သလို နိုက်ထရိုဂျင်အောက်ဆိုက်ဟာ လည်း သုံးဆအထိ မြင့်တက်လာမယ်လို့ အစီရင်ခံစာက ဖော်ပြပါတယ်။
ကျောက်မီးသွေးစက်ရုံတွေကြောင့် လေထုညစ်ညမ်းသွားရင် အဆုတ်ကင် ဆာ၊ သွေးတိုးရောဂါ၊ လေဖြတ်တာ၊ ဦး နှောက် မှတ်ဉဏ်ကျတာ၊ ရုတ်တရက် နှလုံးအမောဖောက်တာ၊ ပေါင်မပြည့်တဲ့ ကလေးတွေမွေးတာ၊ လမစေ့ဘဲ မွေးဖွား တာ၊ စိတ်ပိုင်းဆိုင်ရာနှင့် ခန်္ဓာကိုယ်ပိုင်းဆိုင်ရာကြီးထွားမှု ပုံမမှန်တဲ့ရောဂါတွေနဲ့ သုက်ပိုးအရည်အသွေး ကျဆင်းတာ စတဲ့ ဆက်စပ်ရောဂါတွေ တိုးမြင့်ဖြစ်ပေါ်လာ မယ်လို့ အစီရင်ခံစာက သတိပေးထား ပါတယ်။
ကျောက်မီးသွေးသုံးလျှပ်စစ်ထုတ်တဲ့ စက်ရုံတွေရဲ့ လည်ပတ်သက်တမ်းကို နှစ် ၄၀ နှုန်းနဲ့ ထားပြီး တွက်ချက်တဲ့အခါ ဒီစက်ရုံတွေက ထုတ်လွှတ်မယ့် အမှုန် အမွှားနဲ့ အခိုးအငွေ့တွေကြောင့် နှစ်စဉ် လူပေါင်း ၇,၀၀၀ ကျော်လောက် သေဆုံး နိုင်တယ်လို့ အစီရင်ခံစာက ခန့်မှန်းတွက်ချက်ဖော်ပြထားပါတယ်။ ဆိုးကျိုးတွေရဲ့ ထက်ဝက်ခန့်ကို မြန်မာနိုင်ငံအတွင်းမှာ တိုက်ရိုက်ခံစားရနိုင်ပြီး ကျန်တဲ့ ထက် ဝက်ကိုတော့ ဒေသတွင်း နိုင်ငံတွေထဲမှာ ဖြစ်ပေါ်နိုင်တယ်လို့ အစီရင်ခံစာက ဆို ပါတယ်။
ဒီအစီရင်ခံစာက လက်ရှိ က်္ဘာ့ နောက်ဆုံးပေါ် ကျောက်မီးသွေး သန့်စင် တဲ့နည်းပညာ အမျိုးအစား လေးခု လောက်ကို ပုံစံတူ တည်ဆောက် တွက် ချက်ခဲ့တာဖြစ်ပြီး ဒီနည်းပညာလေးခု ထဲမှာ ကရင်ပြည်နယ်မှာ တည်ဆောက် မယ့် SYC နည်းပညာသုံး ကျောက်မီး သွေးစက်ရုံ အမျိုးအစားလည်း ပါဝင် ထည့်သွင်း တွက်ချက်ခဲ့ပါတယ်။
လျှပ်စစ်ငတ်တဲ့ နိုင်ငံ
ကျောက်မီးသွေးကို ကန့်ကွက်သူနဲ့ ထောက်ခံသူတွေ လွန်ဆွဲနေချိန်မှာပဲ မြန်မာနိုင်ငံဟာ က်္ဘာ့လျှပ်စစ်ဓာတ်အား အဆင်းရဲဆုံး နိုင်ငံစာရင်းထဲမှာ ပါဝင် နေပါတယ်။
အာရှဖွံ့ဖြိုးရေးဘဏ်က ၂၀၁၅ မှာ ထုတ်ပြန်ထားတဲ့ မြန်မာနိုင်ငံ၏ စွမ်းအင်ဖွံ့ဖြိုးတိုးတက်မှုဆိုတဲ့ အစီရင်ခံစာအရ မြန်မာနိုင်ငံသားတစ်ဦးဟာ တစ်နှစ်ကို လျှပ်စစ်ကီလိုဝပ်နာရီ ၁၅၀ ကျော်သာ သုံးစွဲနိုင်နေချိန်မှာ အိမ်နီးချင်း လာအို နိုင်ငံသား တစ်ဦးကတော့ ကီလိုဝပ်နာရီ ၅၀၀ ကျော် သုံးစွဲနေတယ်လို့ ဆိုပါ တယ်။ ဒီအိမ်နီးချင်းနိုင်ငံနဲ့ မြန်မာနိုင်ငံဟာ လက်ရှိမှာ ဖွံ့ဖြိုးမှု နိမ့်ကျတဲ့တိုင်းပြည် တွေအဖြစ် သတ်မှတ်ခံထားရတာချင်း အတူတူပဲ ဖြစ်ပါတယ်။
ဒါ့အပြင် ဒေသတွင်းနိုင်ငံတွေ အနက် အနည်းဆုံးလျှပ်စစ် အသုံးပြုနေ တဲ့နိုင်ငံဖြစ်ပြီး အစိုးရဖြန့်ချိတဲ့ လျှပ်စစ်ကို နိုင်ငံလူဦးရေရဲ့ ၃၀ ရာခိုင်နှုန်းလောက်ပဲ ရရှိသေးတယ်လို့ ဒီအစီရင်ခံစာက ဆို ပါတယ်။
ဒီလိုအကြီးအကျယ် လျှပ်စစ် အငတ်ဘေးဆိုက်နေတဲ့ နိုင်ငံအဖို့ အနာ ဂတ် လျှပ်စစ်ဓာတ်အားရရှိရေး မျှော်မှန်း ချက်တွေမှာ ကျောက်မီးသွေးအပေါ် အမှီ သဟဲပြုမယ့် အစီအစဉ်တွေလည်း ရှိနေ ပါတယ်။
အစိုးရ ရေးဆွဲထားတဲ့ အမျိုးသား လျှပ်စစ်ဓာတ်အား မဟာဗျူဟာအရ တစ် နိုင်ငံလုံးအတိုင်းအတာနဲ့ ၂၀၂၀ မှာ ၅၀ ရာခိုင်နှုန်း၊ ၂၀၂၅ မှာ ၇၅ ရာခိုင်နှုန်းနဲ့ ၂၀၃၀ မှာ ရာခိုင်နှုန်းပြည့် မီးလင်းအောင် လုပ်ဆောင်သွားမယ်လို့ ရေးဆွဲထား တာပါ။
ဒီမဟာဗျူဟာအရ ၂၀၂၀ မှာ တစ် နိုင်ငံလုံး လျှပ်စစ်ထုတ်လုပ်မှုရဲ့ ၂၂ ရာ ခိုင်နှုန်း၊ ၂၀၃၀ မှာ တစ်နိုင်ငံလုံး လျှပ်စစ် ထုတ်လုပ်မှုရဲ့ ၃၃ ရာခိုင်နှုန်းကို ကျောက် မီးသွေးကနေ ရရှိဖို့ အစီအစဉ် ဆွဲထား ပါတယ်။
ဒါ့အပြင် နိုင်ငံလုံးဆိုင်ရာ လျှပ်စစ် တိုးမြင့်လိုအပ်ချက်ဟာ နှစ်စဉ် ၁၅ ရာ ခိုင်နှုန်းအထိ ရှိနေတယ်လို့ အမျိုးသား စွမ်းအင်မူဝါဒမှာ ဖော်ပြထားပါတယ်။ ဒါဟာ တစ်နှစ်ကို လျှပ်စစ်မဂ်္ဂါဝပ် ၄၀၀ နဲ့ ၅၀၀ ကြား တိုးမြှင့်လိုအပ်နေတယ်လို့ ဆို လိုတာပါ။
လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနက ဒုတိယဩန်ကြားရေးမှူးချုပ် ဦးဟိန်း ထက်ကတော့ ၂၀၂၀ မတိုင်မီအထိ ကျောက်မီးသွေးစက်ရုံစီမံကိန်းတွေကို စဉ်းစားမှာ မဟုတ်ဘူးလို့ မဇ္ဈိမသတင်း ဌာနကို ဒီဇင်ဘာ အစပိုင်းတုန်းက ပြောခဲ့ ပါတယ်။
ဒါပေမဲ့ မော်ကွန်းက ကျောက်မီး သွေးစက်ရုံစီမံကိန်းတွေအကြောင်းကို အသေးစိတ်မေးမြန်းထားတဲ့ အင်တာဗျူး မေးခွန်းတွေကို သတင်းမီဒီယာ ဥပဒေနဲ့ အညီ ဒီဇင်ဘာ ၇ ရက်က တင်ပြတောင်းခံ ခဲ့ပေမယ့် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဌာန၊ ဩန်ကြားရေးမှူးချုပ်က သက်ဆိုင် တဲ့ အချက်အလက်တွေ ပြန်လည် ဖြေ ကြားတာမျိုး မရှိခဲ့ပါဘူး။
အရှိန်မြင့်လာနိုင်တဲ့ ကျောက်မီးသွေး
ဇာတ်လမ်း
ကရင်ပြည်နယ်ဟာလည်း မြန်မာ နိုင်ငံရဲ့ တိုင်းနဲ့ ပြည်နယ်တွေထဲမှာဆိုရင် လျှပ်စစ်အငတ်ဘေးဆိုက်နေတဲ့ ပြည်နယ် တစ်ခုလို့ ပြောရင် ရပါတယ်။
မြို့နယ်လေးမြို့နယ်ဟာ အစိုးရ ဖြန့်ဝေတဲ့လျှပ်စစ်မီးကို မရရှိသေးသလို လက်ရှိရရှိနေတဲ့ ခွဲတမ်းဟာလည်း တစ် နိုင်ငံလုံး လျှပ်စစ်ထုတ်လုပ်မှုရဲ့ ခြောက်ရာ ခိုင်နှုန်းသာရှိလို့ တိုင်းနဲ့ ပြည်နယ်တွေ အားလုံးကြားမှာ အနည်းဆုံးရရှိနေ တာပါ။
လက်ရှိ ကရင်ပြည်နယ် ရနေတဲ့ လျှပ်စစ်ဟာ တစ်နှစ်ကို မဂ်္ဂါဝပ် ၆၀ နဲ့ ၇၀ ကြားသာ ရရှိနေပြီး တစ်ပြည်နယ်လုံး မီး လင်းဖို့ အတွက်ဆိုရင် တစ်နှစ်ကို မဂ်္ဂါဝပ် ၁၅၀ နဲ့ ၂၀၀ ကြား ပုံမှန်ရရှိနေဖို့ လိုတယ် လို့ ဝန်ကြီးဦးစိုးလှိုင်က ပြောပါတယ်။
““ကန့်ကွက်မှုတွေ ရှိနေတာကြောင့် ဒီစီမံကိန်းဟာ ရည်မှန်းကာလထက် နောက်ကျလည်းနည်းနည်းပါပဲ။ သိပ် မကွာလောက်ပါဘူး။ ကျွန်တော်တို့ မှန်း ထားတာက ၂၀၂၀-၂၁ မှာ (ပထမအဆင့်) အပြီးလုပ်ဖို့ပေါ့””လို့ သူက ပြောပါတယ်။
““(ကျောက်မီးသွေးကို မကောင်း မြင်နေတဲ့သူတွေ) စည်းရုံးတာကို ဒေသခံ တချို့က နားပေါက်သွားတာ။ သိတဲ့ အတိုင်းပဲ၊ တိုင်းရင်းသားတွေဟာ တစ်ဖက်နားပဲရှိကြတယ်။ အဲဒီလို ဖြစ် သွားတဲ့အတွက် ကျွန်တော်တို့က သူတို့ကို ပြန်ပြီး နားလည်အောင် ရှင်းပြနေရတယ်”” လို့ ဦးစိုးလှိုင်က ဆက်ပြောပါတယ်။
ကျောက်မီးသွေးစက်ရုံစီမံကိန်းကို ကန့်ကွက်မှုအသံတွေ ကျယ်သထက် ပို ကျယ်လာတဲ့ ယခုအခါမှာတော့ စီမံကိန်း ရှိတဲ့ ဘားအံမြို့နယ်အတွင်း အရပ်ဘက် အဖွဲ့အစည်းတွေရဲ့ ဟောပြော ဆွေးနွေးမှု တွေနဲ့ အသိပညာပေးလုပ်ငန်း ဆောင် ရွက်မှုတွေကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရဲ့ ခွင့်ပြုမိန့်ပါမှ လုပ်ခွင့် ပေး ရမယ်လို့ ကျေးရွာ အုပ်ချုပ်ရေးမှူးတွေထံ ကို အမိန့်စာ ထုတ်ပြန်လိုက်ပြီလည်း ဖြစ် ပါတယ်။
ကျောက်မီးသွေးစက်ရုံစီမံကိန်းကို ကန့်ကွက်နေသူတစ်ဦးဖြစ်တဲ့ နန်းမြင့် အောင်ကတော့ ကရင်ပြည်နယ်မှာ လုပ် မယ့် ဒီစီမံကိန်းနဲ့ ပတ်သက်ပြီး ကရင်ပြည် သူလူထု အားလုံးအသံ ပါဝင်ရယူမယ့် လူထုအစည်းအဝေးတစ်ခုကို ဘားအံမြို့ မှာ ကျင်းပသွားဖို့ ပြင်ဆင်နေတယ်လို့ ဆို ပါတယ်။
ဒီအစည်းအဝေးက ထွက်ပေါ်လာ တဲ့ စီမံကိန်းနဲ့ပတ်သက်တဲ့ လူထုသဘော ထားအမြင်တွေကို ပြည်နယ်ဝန်ကြီးချုပ်နဲ့ တွေ့ဆုံပြီး ပွင့်ပွင့်လင်းလင်း တိုင်ပင် ဆွေးနွေးနိုင်ဖို့ ကြိုးပမ်းမယ်လို့ ဆို ပါတယ်။
ကရင်လူထုအသံကို စုစည်းတင်ပြ ပေမယ့် လက်မခံဘဲ အစိုးရအဖွဲ့သဘော အတိုင်း စီမံကိန်းကို ဆက်လက်အကောင် အထည်ဖော်ရင်တော့ နောက်ဆက်တွဲ ပြဿနာတွေဟာ ပြည်နယ်အစိုးရ ကိုယ် တိုင် တာဝန်ခံရဖို့ရှိတယ်လို့ နန်းမြင့် အောင်က ရှင်းပြပါတယ်။
““ရန်ကုန်မှာ၊ တနင်္သာရီမှာ၊ မွန်မှာ၊ ပဲခူးမှာ ၊ ဧရာဝတီမှာ ကရင်တွေ အများ ကြီးရှိတယ်။ သူတို့တွေ ကရင်ပြည်နယ်ကို တက်လာကြမှာပဲ။ ဆင်းလာကြမှာပဲ။ အဲဒီအခါမှာ လူထုအုံကြွ တာတွေဖြစ်မယ်။ ပြည်နယ်အစိုးရအနေနဲ့ အဲဒီလိုမျိုးတွေ ဖြစ်စေချင်သလားဆိုတာ ပြည်နယ် အစိုး ရနဲ့ ကျွန်မတို့တိုင်ပင်မယ်””လို့ ဒီစီမံကိန်း ကို ဆက်လက်ကန့်ကွက်သွားမယ့် အစီ အစဉ်တချို့ကို သူကပြောပြတယ်။
သုံးအိမ်ရွာသား စောထိန်ဝင်းက တော့ သူ့မြေတွေကို စီမံကိန်းအတွက် ရောင်းချဖို့ ပြည်နယ်အစိုးရအဖွဲ့က ပေး နေတဲ့ ဖိအားကို အစည်းအဝေးခေါ်တိုင်း ထွက်ပြေးတိမ်းရှောင်ရင်းနဲ့ ဖြေရှင်းနေ ဆဲပါပဲ။
ကျောက်မီးသွေးကို မြင်ဖူးသလား လို့ သူကို မေးကြည့်တော့ သူက ခေါင်းကို ခါယမ်းပြပါတယ်။
အစိုးရရဲ့ စီမံကိန်းဖြစ်နေတဲ့အတွက် သူတို့က မရမက သိမ်းမယ်ဆိုရင် ခင်ဗျား အနေနဲ့ ဘာလုပ်မလဲလို့ ထပ်ဆင့် မေး လိုက်တဲ့အခါ စောထိန်ဝင်းဟာ ရှုပ်ပွနေ တဲ့ သူ့ခေါင်းကို ကုတ်ရင်း ကွမ်းချေးတက် နေတဲ့ သူသွားတွေကို မြင့်ရတဲ့အထိ ပါးစပ်အဟောင်းသားနဲ့ ငေးငိုင်သွားပါ တယ်။ ခဏကြာတော့ ကရင်ဘာသာ စကားနဲ့ အခုလို ဖြည်းဖြည်းနဲ့ မှန်မှန်လေး ပြန်ဖြေပါတယ်။
““သူတို့လိုချင်ရင် ယူသွားပေါ့။ သူတို့က အစိုးရပဲ။ ငါကတော့ ငွေ မလို ချင်ဘူး””