ဖားကန့် – ၂၀၂၂ မေ ၆ (မော်ကွန်း)
ကချင်ပြည်နယ်၊ ဖားကန့်မြို့ကို အာဏာသိမ်းစစ်တပ်က အင်တာနက်ဖြတ်တောက်ထားတာ ရှစ်လကျော်ကြာမြင့်လာပေမယ့် ဒေသခံပြည်သူလူထုရဲ့ သပိတ်တွေကတော့ ရှိနေဆဲပဲဖြစ်ပါတယ်။
ဒီကနေ့မှာ ဖားကန့်မြို့မှော်ပေါင်းစုံသပိတ်ဟာ စစ်အာဏာရှင်ကိုတော်လှန်နေတဲ့လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ NUG ကို ထောက်ခံကြောင်း၊ နွေဦးတော်လှန်ရေးအတွက် ငွေတိုက်စာချုပ်တွေဝယ်ယူကြဖို့ ကြွေးကြော်ချီတက်ဆန္ဒပြခဲ့ကြပါတယ်။
ဓာတ်ပုံ – CJ
#Dailynews

