ဖားကန့် – ၂၀၂၂ ဇွန် ၂ (မော်ကွန်း)
ကချင်ပြည်နယ် ဖားကန့်မြို့မှာ ဒီနေ့ မိုးသည်းထန်စွာ ရွာသွန်း နေတဲ့ကြားက ကျောင်းသား မိဘ ဆရာ ပြည်သူ အင်အား ၅၀၀ ခန့်ဟာ စစ်ကျွန်ပညာရေး အလိုမရှိ ၊သွေးစွန်းပညာရေး အလိုမရှိ ကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။
ဒါအပြင် လူသတ်၊ မီးရှို့နေတဲ့ အကြမ်းဖက်အာဏာသိမ်းစစ်တပ်ကို အလိုမရှိကြောင်းနဲ့ နွေဦးတော်လှန်ရေးမှာ ပါဝင်နေတဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေကို ထောက်ခံအားပေးကြောင်းလည်း သပိတ်က ထုတ်ဖော်ပြသခဲ့ကြပါတယ်။
ဖားကန့်မြို့ကို အာဏာသိမ်းစစ်တပ်က အင်တာနက်ဖြတ်တောက်ထားတာ ကိုးလကျော်ရှိလာပါပြီ။
ဖားကန့်မြို့တင်မကဘဲ ချင်းပြည်နယ်၊ ကရင်နီပြည်၊ စစ်ကိုင်းတိုင်းက မြို့နယ်အများစုနဲ့ မကွေးတိုင်းက မြို့နယ်တချို့ကိုလည်း အင်တာနက်နဲ့ ဖုန်းလိုင်းတွေ ဖြတ်တောက်ထားပါတယ်။
ဓါတ်ပုံ – CJ
#Dailynews