ရန်ကုန် – ၂၀၂၃၊ ဖေဖော်ဝါရီ ၈ (မော်ကွန်း)
မင်္ဂလာတောင်ညွန့်မြို့နယ်၊ သိမ်ဖြူလမ်းမပေါ်မှာရှိတဲ့ Samsung Customer Service ရုံး ဒီနေ့နံနက် ၁၀:၀၀ နာရီကျော်မှာ မီးလောင်ခဲ့ပါတယ်။
အဲဒီရုံးအနီးအနားကလူတွေကတော့ “ဝါယာရှော့ဖြစ်တာ ဘေးအိမ်တွေကဝိုင်းပြီးမီးသတ်ဆေးဘူးတွေနဲ့ဖြန်းပေးကြတာ” လို့ မီးလောင်ခဲ့တာနဲ့ပတ်သတ်ပြီး တီးတိုးပြောနေကြပါတယ်။
မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ကတော့ နံနက် ၁၀:၂၉ နာရီမှာ မီးလောင်ခဲ့ပြီး ၁၀:၄၆ နာရီ မှာ ငြိမ်းသတ်နိုင်ခဲ့တယ်လို့ထုတ်ပြန်ပါတယ်။ မီးလောင်ရတဲ့အကြောင်းရင်းကိုတော့မဖော်ပြပါဘူး။
လက်ရှိမှာတော့ မီးငြိမ်းသွားပြီဖြစ်သလို အဲ့ဒီရုံးရှေ့အနီးတဝိုက်မှာတော့ ညှော်နံ့တထောင်းထောင်းရနေတုန်းပါ။
ဒီမီးလောင်မှုကြောင့် အပျက်အစီးနဲ့လူအထိအခိုက် ဘယ်လောက်ရှ်ိတယ်ဆိုတာကိုတော့လတ်တလောမသိရသေးပါ။
Photo – Mawkun
#Dailynews

