သပိတ်ကျင်း – ၂၀၂၃ ဧပြီ ၁၂ (မော်ကွန်း)
မန္တလေးတိုင်း၊သပိတ်ကျင်းမြို့နယ်မှာ ဒီနေ့ အာဏာသိမ်းစစ်တပ်စစ်ကား နှစ်စီးကို နှစ်ကြိမ်မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး စစ်ကားတစ်စီးထိခိုက်ပျက်စီးကာ ကားပေါ်ပါစစ်သားတွေထိခိုက်သေဆုံးမှုရှိတယ်လို့ တကောင်းမြို့နယ် ပ.က.ဖ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံမာမီက မော်ကွန်းကိုပြောပါတယ်။
အင်းနက်ကထွက်လာတဲ့ အာဏာသိမ်းစစ်တပ်စစ်သားတွေပါတဲ့ ၁၂ ဘီးကားနှစ်စီးကို လေးမိုင်ရွာနဲ့ ခြောက်မိုင်ရွာကြားမှာ တစ်ကြိမ်မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး နောင်လုံသံတံတားအနီးမှာ မိုင်း သုံးလုံးနဲ့တစ်ကြိမ်ထပ်မံမိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ မာမီကပြောပါတယ်။
” ပထမတစ်ခါတော့ ကားနောက်ခြမ်းပဲထိသွားတာ၊ ကားရှေ့ဆက်သွားတော့မိုင်းဆွဲတာ၊ ကားထိပြီးပျက်စီးတယ်၊ ကားပေါ်ပါစစ်သားတွေညောင်ကုန်းရွာထဲဝင်ပြီး ကြာမှကားကိုကြိုးနဲ့လာဆွဲသွားတာ”လို့ မာမီကပြောပါတယ်။
အာဏာသိမ်းစစ်တပ်စစ်ကားနှစ်စီးမိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် စစ်သား၁၅ဦး သေဆုံးကာ ငါးဦးခြေပြတ်လက်ပြတ်ဖြစ်သွားခဲ့တယ်လို့ သူကပြောပါတယ်။
အာဏာသိမ်းစစ်တပ်ကထိခိုက်ဒဏ်ရာရတဲ့စစ်သားတွေကို တကောင်းမြို့ထဲကနေ နာရေးကား၃စီးနဲ့ လာရောက်သယ်ဆောင်သွားတယ်လို့ပြောပါတယ်။
ပုံစာ – တကောင်း ပ.က.ဖ တပ်ဖွဲ့ဝင်များ
ဓါတ်ပုံ – တကောင်း ပ.က.ဖ
#Dailynews

