““သစ်တောကဏ္ဍမှာ ဗဟိုချုပ် ကိုင်မှု လျှော့ချရေးလုပ်ဖို့ လိုတယ်။ ဒါကလည်း ငြိမ်းချမ်းရေးနဲ့ဆိုင်တယ်။ ဒေသဆိုင်ရာ အစိုးရကို ဘယ်လောက်အထိ အခွန်ဘဏ္ဍာ ခွဲဝေမှု ပေးမှာလဲ၊ အာဏာခွဲဝေမှု ပေးမှာလဲဆိုတာ အရေးကြီးတယ်။””

““သစ်တောကဏ္ဍမှာ ဗဟိုချုပ် ကိုင်မှု လျှော့ချရေးလုပ်ဖို့ လိုတယ်။ ဒါကလည်း ငြိမ်းချမ်းရေးနဲ့ဆိုင်တယ်။  ဒေသဆိုင်ရာ အစိုးရကို ဘယ်လောက်အထိ  အခွန်ဘဏ္ဍာ ခွဲဝေမှု ပေးမှာလဲ၊ အာဏာခွဲဝေမှု ပေးမှာလဲဆိုတာ အရေးကြီးတယ်။””

၂ဝ၁၉၊ ဇန်နဝါရီလထုတ် မော်ကွန်းမဂ္ဂဇင်း အမှတ်(၆၁)မှ sidebar Interview ဖြစ်ပါသည်။

ဦးဝင်းမျိုးသူ

ဒါရိုက်တာ(စိမ်းလန်းအမိမြေ ဖွံ့ဇြိုးရေးအသင်း)

ကျော်ဇေယျ တွေ့မေးသည်။

 မော်ကွန်း။  ။ အခုဆိုရင် သစ်တောထိန်းသိမ်းရေးအနေနဲ့ ကုလ သမဂ်္ဂအဖွဲ့အစည်းတွေ၊ နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ပါ ပူး ပေါင်းပြီး လုပ်နေကြတာ အများကြီးရှိပါတယ်။ ဒါပေမဲ့ ကိန်းဂဏန်းတွေအရ သစ်တောဟာ တိုးတက်လာပုံ မရပါဘူး။ ဒီလို ထိန်းသိမ်းနေရင်း တက်မလာရတဲ့ကိစ္စက ဘယ်လိုကြောင့် ဖြစ်ရ တာလဲ။

 ဦးဝင်းမျိုးသူ။  ။ သစ်တောကတော့ သူ့ရဲ့ပတ်ဝန်းကျင်သဘော သဘာဝအရ နှစ်ရှည်စောင့်ကြည့်ရတဲ့ သဘာဝရှိတဲ့အခါကျ တော့ လက်ငင်းချက်ချင်းပြဖို့ကြတော့ ခက်တာပေါ့။ ရုတ်တရက် ကြီး ကိန်းဂဏန်းတွေအပြောင်းအလဲ ဖြစ်ဖို့ထက် အနည်းဆုံး ငါး နှစ်ကနေ ၁၀ နှစ်အထိစောင့်ကြည့်ရမှာပေါ့။ဆုတ်ယုတ်တာတွေ ကတော့ ပြဖို့ လွယ်တယ်လေ။ သူက ချက်ချင်းပျောက်သွား တာကိုး။

                     တိုးတက်တာကိုပြဖို့ကျတော့ အနည်းဆုံး ငါးနှစ်လောက် ခွာပြီး လေ့လာမှ။ ဥပမာ ခင်ဗျားက သစ်ပင်စိုက်တယ်။ စိုက် လိုက်တဲ့သစ်ပင်က ငါးနှစ်မှာ အမြင့်ဆုံးရောက်မှ လူတစ်ရပ် လောက်ပဲ ရောက်မှာ။ အဲဒါကို ဂြိုဟ်တုကနေ ကျွန်တော်တို့က တိုင်းတာတဲ့အခါကျတော့ ပေါ်ချင်မှပေါ်တာလေ။ ဒီတော့ ရုတ် တရက်ကိန်းဂဏန်းတက်လာဖို့က ခက်တယ်။ ၁၀ နှစ်လောက် စောင့်ကြည့်ရင်တော့ ပိုကျိန်းသေတယ်။

                   ဒါကြောင့် သူ့ရဲ့ သဘောသဘာဝအရကို သူက အချိန် အတိုင်းအတာတစ်ခုရောက်မှ ပေါ်လာမှာဖြစ်တဲ့အတွက် သစ် တောတွေ၊ တိုးလာတယ်၊ ဆုတ်ယုတ်တယ်ဆိုတာကို ချက်ချင်း လက်ငင်း ပြောလို့တော့ မရနိုင်ပါဘူး။ မလွယ်သေးဘူးပေါ့။ ဒါ ကြောင့် ကိန်းဂဏန်းအားဖြင့် ထူးခြားထင်ရှားမှု မရှိတာဖြစ်မယ်။ ဆုတ်ယုတ်မှုသာလျှင် သူက ပျောက်သွားတာက မြန်တာကိုး။ ဒါ က ပိုပေါ်လွင်တယ်။

 မော်ကွန်း။ ။ ဒီနှစ်ဆိုရင် သစ်ထုတ်ဒေသတွေ သတ်မှတ်လိုက် တယ်။ ပဲခူးရိုးမကိုတော့ ဆက်ပိတ်ထားဆဲပဲ။ ၂၀၁၆-၁၇ တုန်းက တော့ တစ်နိုင်ငံလုံးမှာ သစ်ထုတ်လုပ်မှု ပိတ်လိုက်တယ်ပေါ့။ ဆို တော့ ထိန်းမယ်လို့လည်းပြောခဲ့တယ်။ ပြန်ခုတ်ကြမယ်လုပ်ပြန် ပြီဆိုတော့ ဘာကြောင့်ဒီလိုတွေဖြစ်နေရတာလဲ။

ဦးဝင်းမျိုးသူ။  ။ ဒီဟာကတော့ ဘက်စုံ၊ ထောင့်စုံကနေပြီးတော့ စဉ်းစားဖို့ လိုတယ်လို့ ထင်တယ်လေ။ တစ်ဖက်ကကျတော့ လည်း တိုင်းပြည်ရဲ့ လိုအပ်ချက်ပေါ့။ လိုအပ်ချက်ကိုပြန်ကြည့် လိုက်ရင်တော့ နိုင်ငံခြားငွေလိုအပ်ချက်ရှိမယ်။ ဒါမှမဟုတ် ပြည်တွင်းမှာ သုံးစွဲဖို့ လိုအပ်ချက်ရှိမယ်။

                 ဟိုတုန်းကတော့ သစ်ကိုထုတ်တယ်ဆိုတာက နိုင်ငံခြားငွေ လိုအပ်ချက်ကြောင့် သစ်တောကနေပြီးတော့ သစ်ကိုထုတ် ရောင်းစားပြီးတော့ ငွေရှာတဲ့အတွက် ထုတ်တယ်ပေါ့။ အခုမှာ တော့ သစ်တောကနေ ငွေရှာဖို့ အစိုးရကနေ သိပ်ပြီး မတောင်း ဆိုပါဘူး။ ဖိအားမပေးပါဘူး။ သစ်တောကနေ ငွေရှာပေးဖို့တော့ မရှိဘူး။

                သို့သော်လည်းပဲ ပြည်တွင်းသုံးလိုအပ်ချက်အရတော့ သစ် ထုတ်ဖို့ လိုနေတာတော့ အမှန်ပဲ။ ဒီအတွက် မထုတ်ဘဲနေရင် လည်း လိုနေတာဖြစ်တဲ့အတွက် ခိုးကြမှာပဲ။ ခိုးကြတော့လည်း ပြောင်မှာပဲပေါ့။ ပြောင်ကြမယ့်အတူတူတော့ တတ်နိုင်သမျှ ဒီ ဟာကို ထုတ်ရင်းနဲ့ပေါ့။ ွှ့န ဘနျအ ခသညျနမလအေငသည ငျ  အ့န ဘနျအ ကအငူငဖအေငသည. ဆိုသလိုပဲ။ အကောင်းဆုံး ထိန်းဖို့ဆိုတာက အကောင်းဆုံးအသုံးချတာပဲပေါ့။ ဒီဟာကို ထိန်းထိန်းညှိညှိနဲ့ ပတ်ဝန်းကျင်မထိတဲ့ပုံစံနဲ့ ဒေသရဲ့ လိုအပ်ချက်ကို ဖြည့်ပေးနိုင် ရင် မလိုအပ်ဘဲနဲ့ ပရမ်းပတာလုပ် ခုတ်ထုတ်လုပ်မှုကြောင့် ပျက် စီးပြုန်းတီးမှုတွေကို အတိုင်းအတာတစ်ခုအထိ ထိန်းသိမ်းသွား နိုင် မယ်။   ဒါကြောင့် ဒေသသုံးလိုအပ်ချက်အတွက်တော့ သစ်ကို ခုတ်ဖို့ လိုတယ်။

                ဒီတော့ ဒေသလိုအပ်ချက်အတွက် ခုတ်ဖို့ ဘယ်လောက်လို သလဲဆိုတာကြတော့ ပမာဏဘယ်လောက်လိုသလဲ၊ ဘယ်သစ် အမျိုးအစားတွေကို ခုတ်ကြဖို့ လိုသလဲဆိုတာတွေအပေါ်မှာတော့ ဝိဝါဒတွေကွဲပြားတာတော့ ရှိကြတာပေါ့။ ဒါတွေကတော့ အငြင်း ပွားစရာအဖြစ် လက်ရှိကတော့ ရှိနေတယ်။ ဒါကြောင့် အကြမ်း ဖျင်းအားဖြင့် သစ်လုံး၀ မထုတ်ပါနဲ့ ဆိုတာမျိုးကတော့ မဖြစ်နိုင် ဘူး။ သစ်လည်း ရှိနေသေးတယ်၊ လိုအပ်ချက်လည်း ရှိနေသေး တယ်ဆိုရင်တော့ ထုတ်ရမယ်။ လိုသလောက်ပဲ၊ လိုတာကိုပဲထုတ် ဖို့တော့ လိုတယ်။

  မော်ကွန်း။ ။ ကိန်းဂဏန်းတွေအရ မြန်မာသစ်တောတွေဟာ ၁၉၅၈ လောက်တုန်းကဆိုရင် နိုင်ငံဧရိယာရဲ့ ၅၈ ရာခိုင်နှုန်း လောက်ရှိခဲ့တယ်။ ဒါက တောကောင်း၊ သဘာဝတောတွေအဖြစ် တည်ရှိတာပါ။ ဒါပေမဲ့ ၂၀၁၅ စာရင်းတွေမှာတော့ ၄၃ ရာခိုင်နှုန်း လောက်ပဲ ရှိတော့တယ်။ ဒီအထဲမှာ သဘာဝတော၊ တောကောင်း တွေက ၂၁ ရာခိုင်နှုန်းလောက်သာ ရှိတော့တယ်လို့ ဆိုတယ်။ ဒီတော့ အတော်လေးကို သစ်တောဖုံးအုပ်မှုအခြေအနေက ကွာဟသွားပြီပေါ့။ သစ်ကို ထုတ်ယူသုံးစွဲလာခြင်းအားဖြင့် အကျိုးဆက်တွေကရော ဘာတွေဆက်ဖြစ်လာနိုင်ပါသလဲ။

ဦးဝင်းမျိုးသူ။ ။ ပတ်ဝန်းကျင်ထိခိုက်မှုအနည်းဆုံးပုံစံနဲ့ သစ်ကို ထုတ်တယ်ဆိုရင်တော့ ကျန်တဲ့ ဆိုးရွားတဲ့ ထိခိုက်မှုအခြေအနေ တွေကို မကြုံနိုင်ပါဘူး။ အဲဒီဟာကို မျက်ကွယ်ပြုပြီး သစ်ထုတ်ရင် တော့ ရာသီဥတုပြောင်းလဲတာ၊ ဒေသခံတွေရဲ့ စားဝတ်နေရေးကို ထိခိုက်တာ၊ ပတ်ဝန်းကျင်ပျက်စီးပြုန်းတီးတာတွေဖြစ်ပြီး မလို လားအပ်တဲ့ လူမှုပတ်ဝန်းကျင်ဆိုင်ရာ ဆိုးကျိုးတွေကိုတော့ ရမှာပေါ့။

                  ဒါကြောင့် ဆိုလိုတာက ထိခိုက်မှုအနည်းဆုံးပုံစံနဲ့ ပတ်ဝန်း ကျင်နဲ့ လိုက်လျောညီထွေအဖြစ်ဆုံးထုတ်ယူမှုကို လုပ်ရမှာပေါ့။ သစ်တောလို့ ပြောလိုက်ရင် နှစ်မျိုးရှိတာပေါ့။ သစ်တောဌာနက ဥပဒေတွေနဲ့ ထိန်းသိမ်းထားတဲ့ သစ်တောကြိုးဝိုင်းတွေ ရှိမယ်။ လက်ရှိကတော့ သစ်တော၊ သစ်ပင်တွေရှိတာပဲ။ ဒါပေမဲ့ ကြိုးဝိုင်း မဖွဲ့ရသေးလို့ အပြင်မှာ ရောက်နေတဲ့ ကြိုးပြင်တောတွေဆိုပြီး နှစ်ခုစလုံးရှိနေပါတယ်။

                  ကြိုးပြင်တောတွေမှာတော့ မှီခိုနေထိုင်နေကြသူတွေဟာ ဌာနေတိုင်းရင်းသားတွေ မှီခိုနေထိုင်ကြတယ်။ အဲဒီနေရာတွေမှာ သစ်သွားထုတ်လုပ်ရင်တော့ သူတို့ လူမှုဘဝကို သွားထိခိုက်မှာ ပေါ့။ သူတို့တွေကလည်း သူတို့ကို နှိပ်စက်တယ်လို့ ယူဆခဲ့ရင်     တိုင်းရင်းသားတွေလည်းဖြစ်နေတဲ့အတွက် ငြိမ်းချမ်းရေးနဲ့ ဆက် စပ်တဲ့ တော်လှန်ပုန်ကန်တဲ့ မလိုလားအပ်တဲ့ ပြဿနာတွေကို ကြုံလာနိုင်တယ်။ ဆိုလိုတာက သစ်တောဌာနက အစဉ်အဆက် ထိန်းသိမ်းထားတဲ့ သူ့သစ်တောကြိုးဝိုင်းထဲက ထုတ်မယ်ဆိုရင် တော့ ဒီပြဿနာက သိပ်မရှိဘူးပေါ့။

                  ဒီလို သစ်တောဌာနက ထိန်းထားတဲ့ ကြိုးဝိုင်းတွေ ဘယ် လောက်ရှိသလဲလို့ ကြည့်တဲ့အခါကျတော့ ကောင်းနေဆဲ၊ သစ် ထုတ်နိုင်တဲ့ သစ်တောဧကက ၁၂ သန်းလောက် ရှိနေသေးတယ်။ ဧက ၁၂ သန်းမှာ တစ်ဧကကို သစ်တစ်တန်ပဲ ထွက်တယ်ထားပါဦး၊ ဒီကြိုးဝိုင်းတွေထဲမှာ ရှိနေတဲ့ပမာဏက တန် ၁၂သန်းရှိတယ်လို့ သဘောရတယ်။ အဲဒီ ၁၂ သန်းစလုံး လည်း ကျွန်တော်တို့ မလိုဘူး။ အခုထုတ်တာက နှစ်သိန်း၊သုံးသိန်းထုတ်တာဆိုတော့။ အဲဒီ ထုတ်ယူနိုင်တဲ့ ၁၂ သန်းကို အနှစ် ၂၀ လောက် ဖြည်းဖြည်း၊ ဖြည်းဖြည်းထုတ်မယ်။ တစ်ဖက်က သစ်ပင်တွေကိုလည်း အစား ထိုး ပြန်စိုက်မယ်ဆိုရင်တော့ ဒါက ပတ်ဝန်းကျင်မပျက်ဘူးလို့ ပြောလို့ရတယ်။

                   သို့သော်လည်း အကြမ်းဖျင်းတွက်ချက်တာက တစ်ဧကကို တစ်တန်ထွက်တယ်ပေါ့။ အဲဒီထွက်ရမယ့် သစ်တောရှိတဲ့ နေရာ တွေက တစ်နေရာစီ သိပ်ပြန့်ကျဲနေမယ်ဆိုရင်လည်း စီးပွားရေး အရ တွက်ခြေမကိုက်ဘူးပေါ့။ ဆိုလိုတာက ဒီသစ်တစ်တန် ရဖို့ အတွက် မိုင် ၁၀၀ လောက်သွား၊ နောက် တစ်တန်ရဖို့အတွက် နောက်ထပ် မိုင် ၅၀၀ လောက်သွားနေရရင် ဒီယ်္တရားတွေ၊ လူတွေ ရွှေ့ပြောင်းတာနဲ့တင် မကိုက်တော့ဘူးပေါ့။

                   ဒီတော့ ထုတ်ယူနိုင်တဲ့ ဒီ သစ် ၁၂ သန်းဟာ ဘယ်လိုနေရာ တွေမှာ စုစုစည်းစည်း ရှိနေသလဲ ဆိုတာကိုတော့ နောက်ထပ် သုတေသနတွေ၊ လေ့လာတာတွေ လုပ်ဖို့တော့ လိုတာပေါ့။ ဒါကို သစ်တောဌာနက အခု လုပ်နေပါတယ်။ လက်ရှိ ထုတ်နေတဲ့ နေရာမှာ အရင်ရှိခဲ့တဲ့ စာရင်းဇယားတွေအပေါ်မှာ မှိန်းပြီးမှန်း ထုတ်နေကြတော့ ကွဲလွဲမှုတွေရှိတဲ့နေရာတွေမှာ မလိုလားအပ်တဲ့ ဆိုးကျိုးတွေတော့ ရှိနေနိုင်တယ်။

 မော်ကွန်း။ ။ ဒါကတော့ တရားဝင်သစ်ထုတ်ယူမှုအပိုင်းပေါ့။ တရားမဝင်သစ်ထုတ်မှုတွေက တစ်နိုင်ငံလုံး ရပ်တန့်ထားချိန် တောင်မှ ထွက်နေတာတွေလည်းရှိတော့ ဒီအပေါ်မှာရော စိုးရိမ် ပူပန်စရာက ဘာတွေများဖြစ်မလဲ။

 ဦးဝင်းမျိုးသူ။  ။ ထုတ်လုပ်သွားတဲ့အပေါ်မှာမူတည်ပြီးတော့ လောလောလတ်လတ်က ဒေသခံတွေရဲ့ အကျိုးစီးပွား ထိခိုက် မယ်။ ပတ်ဝန်းကျင်ထိခိုက်မယ်ဆိုတာတွေကတော့ ငြင်းစရာ မရှိဘူး။ ဒါပေမဲ့ သစ်ခိုးတာတွေ အကုန်လုံးဆက်စပ်နေတာက လက်နက်ကိုင်အဖွဲ့အစည်းတွေ ပါဝင်နေတာ။ လက်နက်ကိုင် အဖွဲ့အစည်းလို့ပြောတဲ့နေရာမှာ ပြည်သူ့စစ်တွေ ပါနေတယ်။ ဒီပြည်သူ့စစ်တွေက တပ်မတော်ရဲ့အုပ်ချုပ်မှုအောက်မှာနေ တယ်။ သူတို့ကို သစ်တောက ဖမ်းမရဘူး။ တပ်အောက်မှာ ရှိတဲ့ အဖွဲ့အစည်းမှန်သမျှက တပ်ဥပဒေနဲ့ စီမံအုပ်ချုပ်တာဆိုတော့ သူတို့သစ်ခုတ်ရင် သူတို့ကို သစ်တောဥပဒေနဲ့ ဖမ်းမရဘူး။ ဒီ တော့ မလိုလားအပ်တဲ့ ဥပဒေစိုးမိုးမှုပြဿနာတွေလည်း ကြုံနေ တယ်။ ဒီပြည်သူ့စစ်တွေကလည်း သူတို့ဝန်ထမ်းတွေ လစာပေးဖို့ ရန်ပုံငွေလိုနေတာမျိုးရှိတော့ အခုဆိုရင် ငြိမ်းချမ်းရေးစင်တာက တစ်ဆင့် ကယားပြည်နယ်မှာ တန် ၅,၀၀၀ ချပေးတယ်။ ဒီလို တရားဝင်ချပေးတာနဲ့ အတူ ရောနှောပြီး ကျန်တာတွေ ထွက် သွားမလား။ ဆိုတော့ ဒီဟာက ငြိမ်းချမ်းရေးကိုပါ သွားပြီး ထိ ခိုက်နေတယ်လို့ ဆိုချင်တာပါ။  

 မော်ကွန်း။ ။ သစ်တောထိန်းသိမ်းရေးကိစ္စမှာ မူဝါဒတွေ၊ ဥပဒေ တွေအပေါ်မှာရော ဘယ်လိုမြင်ပါသလဲ။ အခုဆိုရင် သစ်တော ဥပဒေ အသစ်တစ်ခုလည်း ထွက်လာခဲ့ပြီဆိုတော့လေ။

 ဦးဝင်းမျိုးသူ။ ။ ၁၉၉၅ က ချမှတ်ထားတဲ့ သစ်တောမူဝါဒ အောက်မှာ သူတို့အပြည့်အ၀ အကောင်အထည်မဖော်နိုင်သေး ဘူး။ ချမှတ်ထားတဲ့ ဥပဒေတွေကလည်း ဒီဟာနဲ့ ချိတ်ဆက်မှုမှာ အားနည်းပါတယ်။ ရေးဆွဲထားတဲ့ ဥပဒေတွေအတိုင်း အကောင် အထည်ဖော်မှုတွေမှာလည်း လိုအပ်ချက်တွေက ရှိနေတယ်။ ဒီလို တွေ ဖြစ်နေတာပေါ့။

 မော်ကွန်း။  ။ ဆရာတို့လည်း သိပြီးသားပါ။ ဘူတန်လိုနိုင်ငံဆိုရင် သူတို့ရဲ့ အခြေခံဥပဒေမှာကိုပဲ နိုင်ငံရဲ့ သစ်တောဖုံးလွှမ်းမှုကို ဘယ်လောက်အနည်းဆုံး ရှိရမယ်ဆိုပြီး သတ်မှတ်ထားတယ်။ ကျွန်တော်တို့ဆီမှာရော သစ်တောနဲ့ ပတ်သက်ရင် ဘယ်လိုပုံစံ ဖြစ်သင့်ပါသလဲ။

ဦးဝင်းမျိုးသူ။ ။ ဒီမှာက အခြေခံဥပဒေထဲမှာတော့ ထည့်ဆွဲ မထားပေမယ့် နိုင်ငံတော်ရဲ့ ရည်မှန်းချက်မူဝါဒအနေနဲ့က ကြိုး ဝိုင်းတောအနေနဲ့က နိုင်ငံဧရိယာရဲ့ ၃၀ ရာခိုင်နှုန်း။ ဇီဝထိန်း သိမ်းနယ်မြေအနေနဲ့က ၁၀ ရာခိုင်နှုန်း။ အနည်းဆုံး ၄၀ ရာခိုင် နှုန်းကတော့ တောတွေထိန်းရမယ်ဆိုတော့ ဒီမူဝါဒချမှတ်ထားမှု က မဆိုးဘူးလို့ ဆိုရမှာပေါ့။ တစ်ဖက်က လိုအပ်ချက်အရ ပြန် တွက်ရရင်တော့ သစ်တောဘာကြောင့်ထိန်းဖို့လဲ။ ရေရဖို့အတွက် သစ်တောကို ထိန်းရမယ်။

                   ဒါဆိုရင် ရေရဖို့အတွက် သစ်တောကို ဘယ်လောက်အထိ ထိန်းရမှာလဲ ဆိုတာကို သိပ္ပံနည်းကျ လိုက်တွက်ချက်တယ်။အကြမ်းဖျင်းရည်ဩန်းရမယ်ဆိုရင်တော့ သစ်တောပမာဏကို နိုင်ငံဧရိယာရဲ့ ၂၀ ကနေ ၂၅ ရာခိုင်နှုန်း ထိန်းထားရမယ်။

                    ဇီဝမျိုးကွဲတွေ ထိန်းသိမ်းဖို့အတွက်လိုမယ်။ ဒါတွေက လည်း လူတွေရဲ့ ကျန်းမာရေးတွေတို့၊ စားနပ် ရိက်္ခာလုံခြုံမှုတွေ တို့နဲ့ ဆက်စပ်တယ်။ ဒီအပင်တွေ၊ တောကောင်တွေကို ထိန်းထား ဖို့အတွက်ကျတော့ သစ်တောဧရိယာ ဘယ်လောက်လိုသလဲ ဆို တာကို သိပ္ပံနည်းကျတွက်ကြည့်တော့ အနည်းဆုံး ၁၇ ရာခိုင်နှုန်း လိုတယ်။ ပြီးတော့ ဒီသစ်တောတွေက ကျလာတဲ့ မြေဆီ၊ မြေ    သြဇာတွေ ထိန်းနိုင်ဖို့အတွက်လည်းလိုတယ်။ ဒီဟာတွေနဲ့ စိုက် ပျိုးရေး လုပ်ရတာကိုး။ ဒီအတွက် ဘယ်လောက် ထိန်းနိုင်ဖို့လို သလဲဆိုတော့ အနည်းဆုံး ၁၅ ရာခိုင်နှုန်းထိန်းဖို့လိုတယ်။

                    ဒီတွက်ချက်မှုတွေကို ခြုံပြီး ပျမ်းမျှချကြည့်လိုက်ရင် သစ် တောထိန်းသိမ်းထားဖို့သည် အနည်းဆုံး နိုင်ငံဧရိယာရဲ့ ၂၀ ကနေ ၂၅ ရာခိုင်နှုန်းလိုတယ်လို့ အကြမ်းဖျင်းရတယ်။ ဒါက သဘာဝတောထိန်းသိမ်းရေး ရည်ရွယ်ချက်တစ်ခုတည်းအတွက်ပဲ။

                    အခု သစ်တောဌာနက ၄၀ ရာခိုင်နှုန်းလို့ မူဝါဒထားတယ် ဆိုတာက မဆိုးဘူးလို့ ပြောရမယ်။ ဒါပေမဲ့ လက်တွေ့မှာတော့ ဒီရည်မှန်းထားသလောက်ကို ထိန်းထားနိုင်ဖို့က မဖြစ်နိုင်တော့ ပါဘူး။ လက်ရှိတောပြုန်းနှုန်းတွေအရ အစိုးရရဲ့ မူဝါဒအတိုင်းကို အကောင်အထည်ဖော်နိုင်ဖို့က မဖြစ်နိုင်တော့ဘူးလို့ ဆရာတို့က ဆိုလိုတာပါ။

 မော်ကွန်း။  ။ သစ်တွေထုတ်ခဲ့တာရဲ့ တစ်ခုက နိုင်ငံခြားငွေ လိုအပ်နေတာပေါ့။ ဒီတော့ သစ်တောခုတ်ပြီး နိုင်ငံခြားငွေ ရှာခဲ့ တာနဲ့ သစ်တောပြုန်းလို့ သဘာဝဘေးတွေဖြစ်လာပြီး ပြန်လည် ထူထောင်ရေးတွေမှာ သုံးရတဲ့ ကုန်ကျစရိတ် အခြေအနေတွေက ရော ဘယ်လို ရှိပါသလဲ။

 ဦးဝင်းမျိုးသူ။ ။ ဒါကတော့ ဟိုတုန်းက နောင်ခါလာနောင်ခါ ဈေးဆိုပြီး လုပ်ခဲ့ကြတာပဲလေ။ နဝတအစိုးရ တက်လာတော့ သူတို့ အိတ်ထဲမှာ ဒေါ်လာက ငါးသန်းလောက်ပဲ ရှိတယ်။ ပိုက်ဆံ လိုတော့ နယ်စပ်က သစ်တွေထုတ်ရောင်းပြီး နိုင်ငံခြားငွေ ရှာခဲ့ တာပဲလေ။ စီးပွားရေးတွက်ခြေကိုက်မှုနဲ့ စဉ်းစားရင်တော့ ဒီဟာမျိုးက မလုပ်သင့်ဘူးပေါ့။ ဒါပေမဲ့ တစ်ဖက်မှာ ကိုယ်က ဆင်းရဲနေတာဖြစ်တဲ့အတွက် မျှပြီးတော့ ထုတ်သင့်တာလည်း ထုတ်ရမှာပေါ့။

 မော်ကွန်း။ ။ နောက်တစ်ခုက ကျွန်တော်တို့က သစ်တောထိန်း မယ်၊ ထိန်းမယ်နဲ့ အော်ပြီး လုပ်ခဲ့ရင်တောင် ကျွန်တော်တို့ရဲ့ သစ်ကို ဝယ်ယူချင်တဲ့ ဘေးနိုင်ငံတွေက ရှိနေတော့ ဒီနိုင်ငံတွေရဲ့ ပူးပေါင်းပါဝင်မှုမရှိဘဲနဲ့ ကိုယ်ကချည်း သစ်တော ထိန်းသိမ်းချင် လို့ရော ဖြစ်ပါ့မလား။

 ဦးဝင်းမျိုးသူ။ ။ ကျွန်တော်တို့ ပြောနေတာလဲ ဒီဟာပဲလေ။ ခင်ဗျားတို့က သစ်တောကြီးကို ချစ်လွန်းလို့ တစ်နိုင်ငံလုံးက မထုတ်တော့ပါဘူး။ ငွေလည်းမလိုတော့ပါဘူးပြောလာရင် တောင်မှ တစ်ဖက်နိုင်ငံတွေမှာ ဝယ်လိုအားက ရှိနေတော့ ခိုး ထုတ်ကြမှာပဲလေ။ လောဘကြီးတဲ့ကောင်တွေက ရှိနေတာကိုး။ ဒီဟာတွေကို ထိန်းဖို့ လိုတာပေါ့။ ဒီလိုဟာတွေကို ထိန်းနိုင်ဖို့ ဆိုရင် မှန်မှန်ကန်ကန်ထုတ်ပစ်ဖို့လိုတာပေါ့။

                     ဥပမာ- ပဲခူးရိုးမကို သစ်တောက မထုတ်တော့ဘူးလို့ ပြော လိုက်တော့ ဘယ်သူမှ မထုတ်ဘဲနေတာမှမဟုတ်တာ။ သစ်ခိုးနေ တာတွေက ရပ်မှမရပ်တာ။ ညဘက်ဆိုရင် ပဲခူးရိုးမထဲမှာ ပွဲတော် ကြီးကျနေတာပဲလေ။ အခုခိုးတာက ဟိုတုန်းကလို လွှလေးနဲ့ ခိုးတာမဟုတ်တော့ဘူး။ အခုက စက်လွှတွေနဲ့၊ ကားကြီးတွေနဲ့၊ ဘူဒိုဇာတွေနဲ့ ပွဲတော်ကြီးသဖွယ်ခိုးနေတာလေ။ မာဖီးယားဂိုဏ်း လိုဖြစ်နေတော့ သစ်တောက ဝန်ထမ်းတွေလည်း မဖမ်းရဲတော့ ဘူးပေါ့။ ဖမ်းချင်ရင် ရဲတွေ၊ တပ်တွေနဲ့ သွားမှသာလျှင် ရမှာလေ။ ဒီဟာမျိုးကျတော့ စစ်ဆင်ရေးလုပ်မှ ရမှာလေ။ ဒါတွေကို အမြဲ တမ်းလုပ်ဖို့ကလည်း အဆင်ပြေမနေဘူး။ ဒီလိုတွေဖြစ်နေတာပေါ့။

 မော်ကွန်း။ ။ သစ်တောဖွံ့ဖြိုးရေးအတွက် အစိုးရက အခုဆိုရင် သစ်ပင်ပြန်စိုက်နေတာတွေရှိပါတယ်။ ဒီသစ်တောကဏ္ဍ ဖွံ့ဖြိုး ရေးအတွက် အစိုးရသုံးစွဲနေတဲ့ ရန်ပုံငွေအနေအထားကရော သူတို့ ချမှတ်ထားတဲ့ မူဝါဒတွေနဲ့ လိုက်လျောညီထွေ ဖြစ်မဖြစ်၊ ဘယ်လို သုံးသပ်လို့ ရပါသလဲ။

  ဦးဝင်းမျိုးသူ။ ။ နားလည်သလောက်တော့ အခု ဒေါ်အောင်ဆန်း စုကြည်တက်လာတော့ သူက သစ်ပင်စိုက်တာ ကြိုက်တဲ့အတွက် ၊ သူက ဝန်ကြီးကို ခိုင်းတဲ့အတွက် ဝန်ကြီးက သစ်ပင်စိုက်ဖို့ တင်ပြ တောင်းခံတာက တစ်ဧကကို ခြောက်သိန်းခွဲလောက် ကုန်ကျ တယ်လို့ ကြားရပါတယ်။ ဒီလိုနဲ့ တွက်ချက်တင်လိုက်တာ ဒေါ် လာ သန်း ၅၅၀ လောက် ကုန်ကျမယ်လို့ တွက်ချက်ရတယ်လို့ ကြားတယ်။ ဒါတောင်မှ ဒီကုန်ကျစရိတ်မှာ ထိန်းသိမ်းတဲ့ စရိတ် တွေ အပြည့်အ၀ မပါသေးဘူးလို့ ပြောတယ်။ အစိုးရကတော့ ဒီငွေကို ရအောင်ရှာပေးမယ်လို့ ပြောတယ်။ သို့သော်လည်း အဲဒီ ပိုက်ဆံတွေက ဖြစ်ကတတ်ဆန်းစိုက်လိုက်လို့ အဟောသိကံ ဖြစ် သွားမှာကိုတော့ စိုးရိမ်တယ်။

                        အစိုးရဌာနက ဒီငွေကိုကိုင်ပြီး သုံးစွဲစိုက်ပျိုးမယ်ဆိုရင် လေလွင့်မှုတွေအများကြီး ရှိနိုင်တယ်လို့ ဆရာတို့က သံသယ ရှိတယ်။ ငွေကို ဒေသခံတို့၊ ပုဂ်္ဂလိကတို့ကို ပြောင်းပေးပြီး စိုက် ခိုင်းရင် ပိုကောင်းမယ်လို့ ထင်တယ်။ အစိုးရကိုယ်တိုင် ငွေကိုင်ပြီး သစ်ပင်စိုက်မှာကတော့ အလုပ်မဖြစ်နိုင်ဘူးလို့ ထင်တယ်။ ၁၉၈၀ ကာလတွေတုန်းက ဒီလိုမျိုး ဆရာတို့ လုပ်ခဲ့ဖူးတယ်။ အဲဒီဟာ တွေအကုန်လုံး ပြောင်သွားတာပါပဲ။ ဒီလိုလုပ်ခဲ့ရင် ပိုပြီးတော့ တောင်မှ အကျင့်ပျက်ခြစားမှုကို အားပေးသလို ဖြစ်သွား လိမ့်မယ်။

  မော်ကွန်း။  ။ ဖြစ်နေတာတွေကို ပြုပြင်နိုင်ဖို့၊ ရေရှည်မှာ ကောင်းဖို့အတွက် ဘယ်လို မူဝါဒတွေ ချမှတ်သင့်ပါသလဲ။ အစိုးရဆိုတာက ပြောင်းလဲနေမှာဆိုတော့လေ။ လက်ရှိအစိုးရ အနေနဲ့ရော ဘယ်လိုအရာတွေကို လုပ်ဆောင်ပေးသွားဖို့ လိုပါ သလဲ။

 ဦးဝင်းမျိုးသူ။ ။ အဓိကကတော့ သစ်တောသယံဇာတ ထိန်းဖို့ ဆိုတာက သယံဇာတခွဲဝေမှုပေါ့။ အာဏာခွဲဝေမှုပေါ့။ ပြည်သူကို အခြေခံတဲ့ဟာမျိုး ဖြစ်တယ်။ ရပ်ရွာအခြေပြုလုပ်ငန်းတောင် မဟုတ်တော့ဘူး။ ကျွန်တော်တို့ အခုပြောနေတာက ပြည်သူ လူထုကနေပြီးတော့ ဦးဆောင်တဲ့ဟာမျိုးအထိ ကျွန်တော်တို့က သွားစေချင်တာ။ ဒီလိုဟာမျိုး သွားဖို့ဆိုရင် ကျွန်တော်တို့ ငြိမ်း ချမ်းရေးမှာ ဆွေးနွေးနေတဲ့ အာဏာခွဲဝေမှု၊ သယံဇာတခွဲဝေမှုကို သွားဖို့လိုတယ်။ ရှမ်းပြည်နယ်ဆို ရှမ်းပြည်နယ်၊ ချင်းပြည်နယ် ဆိုချင်းပြည်နယ်၊ ကယားပြည်နယ်ဆိုကယားပြည်နယ်ပေါ့။ သူတို့ထိန်းသမျှ သူတို့ အကျိုးရှိဖို့ လိုတယ်။ အခုက ထုတ်သမျှ ဗဟိုအစိုးရက ယူတယ်ဆိုတာဖြစ်နေတယ်။

                   ဒါနဲ့ပတ်သက်ပြီး တင်ပြဖူးတယ်။ တောကို ဧက ခြောက် ထောင်စိုက်လိုက်တယ်။ ဒီကနေရနိုင်တဲ့ အခွန်က ကျပ် ၁ ဒဿမ ၃ သန်းရှိတယ်။ ဒီအခွန်ရဲ့ ၉၇ ရာခိုင်နှုန်းကို ဗဟိုအစိုးရက ယူတယ်။ သုံးရာခိုင်နှုန်းပဲ ဒေသ်္တရအစိုးရက ရတယ်။ တကယ် ဒီတောကို ထိန်းသိမ်းရတာက ဒေသဆိုင်ရာ အောက်ခြေအစိုးရ က ထိန်းသိမ်းရတာလေ။ နေပြည်တော်က ထိန်းလို့မရဘူးလေ။ သစ်တောကဏ္ဍမှာ ဗဟိုချုပ်ကိုင်မှု လျှော့ချရေးလုပ်ဖို့ လိုတယ်။ ဒါကလည်း ငြိမ်းချမ်းရေးနဲ့ ဆိုင်တယ်။ ဒေသဆိုင်ရာ အစိုးရကို ဘယ်လောက်အထိ အခွန်ဘဏ္ဍာခွဲဝေမှု ပေးမှာလဲ။ အာဏာ ခွဲဝေမှုပေးမှာလဲဆိုတာ အရေးကြီးတယ်။ ဒီလုပ်ငန်းစဉ်တွေ မရှိရင် ဒေသအစိုးရ တွေကလည်း ဒီထိန်းသိမ်းရေးမှာ ပါဝင်မှာ မဟုတ်ဘူး။ ဗဟိုချုပ်ကိုင်မှု မလျှော့ချနိုင်သရွေ့တော့ ဒီထိန်းသိမ်း ရေး လုပ်ငန်းတွေကို မေ့လိုက်ပေါ့။

#mawkun #magazine #chronicle #kyaw_Zayya




 

အမျိုးအစား - အင်တာဗျူး

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."