သက်တမ်းတိုလာတဲ့ ဆည်တွေရဲ့ အန ္တရာယ်

သက်တမ်းတိုလာတဲ့ ဆည်တွေရဲ့ အန ္တရာယ်

၂ဝ၁၈ သြဂုတ်လထုတ် မော်ကွန်းမဂ္ဂဇင်း အမှတ်(၅၇) မှ သတင်းဆောင်းပါးဖြစ်ပါသည်။

မြန်မာနိုင်ငံအနှံ့အပြားမှာ ရာနဲ့ချီ တည်ဆောက်ထားတဲ့ ဆည်တွေထဲကို သဲနုန်း ပို့ချခံရတဲ့ပြဿနာဟာ တစ်စတစ်စ ကြီးထွားလာနေပြီလို့ ဆည်အင်ဂျင်နီယာပညာရှင်တွေက သတိပေး …

(Photo: Kyaw Zayya)

မြန်မာနိုင်ငံအနှံ့အပြားမှာ ရာနဲ့ချီ တည်ဆောက်ထားတဲ့ ဆည်တွေထဲကို သဲနုန်း ပို့ချခံရတဲ့ပြဿနာဟာ တစ်စတစ်စ ကြီးထွားလာနေပြီလို့ ဆည်အင်ဂျင်နီယာပညာရှင်တွေက သတိပေးလာကြပါ တယ်။ ဒီပြဿနာကို အချိန်မီမတားဆီးနိုင် ရင်တော့ ရုတ်တရက်ရေကြီးရေလျှံမှုကိုကာကွယ်ဖို့၊ စိုက်ပျိုး ရေ၊ သောက်ရေသုံးရေ ဖြန့်ဖြူးသိုလှောင်ဖို့နဲ့ လျှပ်စစ်ဓာတ် အား ထုတ်လုပ်ဖို့ဆိုတဲ့ ဆည်တွေရဲ့ လုပ် ငန်းဆောင်တာတွေကို ထိခိုက်လာပြီး ရေရှည်တည်တံ့မှုပါ လျော့ကျပျက်စီးကြရ လိမ့်မယ်လို့ သူတို့က ဆိုပါတယ်။

သဲနုန်းအလွန်အကျွံ အနည်ထိုင် တာ ခံရတဲ့ ဆည်တွေဟာ  ရေလှောင်အား ကျဆင်းပြီး ရုတ်တရက် ရေကြီးမှုတွေ ဖြစ်ပေါ်ချိန်မှာ ဝင်လာတဲ့ရေကို ဆည်ရဲ့ ရေပိုလွှဲက နိုင်နင်းအောင် ပြန်ထုတ်မပေး နိုင်ခဲ့ရင် ဆည်ပေါင်ပေါ် ရေကျော်ကျပြီး တမံကျိုးတဲ့အဖြစ်နဲ့ပါ ရင်ဆိုင်သွားရနိုင် တယ်လို့ ပညာရှင်တွေက သတိပေး ပါတယ်။

ဒီလိုသာဖြစ်ခဲ့ရင်တော့ ”ဆည် အောက်ပိုင်းမှာရှိတဲ့ အသက်အိုးအိမ်စည်း စိမ်တွေ မြောက်မြားစွာ ဆုံးရှုံးနိုင်တာတွေ ဖြစ်နိုင်တယ်” လို့ မြန်မာပတ်ဝန်းကျင် သိပ္ပံ (Myanmar Environment Institute-MEI) အဖွဲ့က ဒါရိုက်တာ ဦးဝင်းနိုင်ထွန်းက ပြောပါတယ်။

သဲနုန်းဆိုတာကတော့ မိုးရွာတဲ့ အခါ မြေလွှာကို ရေတိုက်စားပြီး ရေနဲ့ အတူ ရောပါလာတဲ့ သဲနဲ့ ရွှံ့ နွံအနည်အနှစ် တွေကို ခေါ်တာပါ။

သဲနုန်းကြောင့် ဒုက္ခရောက်နေရတဲ့ ဆည်

ဦးမော်မော်နိုင်ဆိုရင် နောင်နှစ် ပေါင်း ၅ဝ နေမှ ကြုံရမယ်လို့ ခန့်မှန်းထား တဲ့ သဲနုန်းပြဿနာကို သူတာဝန်ယူထား တဲ့ဆည် စတင်ရေလှောင်တဲ့ နှစ်မှာပဲ ကြုံ ရတာကြောင့် ခေါင်းခဲနေရတဲ့ ဆည်အင် ဂျင်နီယာတစ်ဦးပါ။

ဆည်ရေစလှောင်တဲ့ ၂ဝ၁၅ မိုးရာ သီမှာပဲ မျှော်လင့်မထားတဲ့ ပမာဏနဲ့ သဲနုန်းတွေ ဝင်ရောက်အနည်ထိုင်ခဲ့တာ ကြောင့် ဒီဆည်ဟာ ”မမွေးခင်ကတည်း က သေခဲ့ရသလိုပဲ” လို့ ဆည်အင်ဂျင်နီ ယာလုပ်သက် နှစ် ၂ဝ ကျော်လာပြီ ဖြစ်တဲ့ သူက ညည်းတွားတယ်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေး မြို့နယ်အတွင်းက ရာဇဂြိုဟ်ဆည်ကို သူ က တာဝန်ယူ စီမံခန့်ခွဲနေရတာပါ။ ချင်း တောင်တန်းတွေပေါ်က စီးဆင်းလာတဲ့ နေရ္တွရာချောင်းကို တောင်ခြေမှာ ကန့် လန့်ဖြတ်ပိတ်ပြီး ဒီဆည်ကို ဆောက် ထားတာပါ။ ဒီချောင်းက အောက်ဘက် ရောက်လာတော့ ချင်းတွင်းမြစ်ရဲ့ မြစ် လက်တက်တစ်ခုဖြစ်တဲ့ မြစ်သာမြစ်နဲ့ ကလေးမြို့အနီးမှာ ပေါင်းဆုံပါတယ်။

ဆည်အတွင်း ဝင်ရောက်အနည် ထိုင်နေတဲ့ သဲနုန်းထုထည်ဟာ အဓိက ရေထုတ်ြ>ွပန်ပေါက်ထက်တောင် ကျော် နေပြီလို့  ဦးမော်မော်နိုင်က ပြောပြပါ တယ်။ ဒါကြောင့် စိုက်ပျိုးရေပေးဖို့နဲ့ လျှပ်စစ်ဓာတ်အား ထုတ်ယူဖို့ အဓိက ရေ ထုတ်ြ>ွပန်ဝန်းကျင်က သဲနုန်းနဲ့ အမှိုက် သရိုက် တချို့ကို ရှင်းလင်းဖယ်ရှားရင်း ဆည်ရဲ့လုပ်ငန်းကို လည်ပတ်နေရတယ် လို့ သူက ဆိုပါတယ်။

တမံအမြင့် ပေ ၁၆ဝ ကျော်ရှိပြီး ရေ လှောင်အား  ၅၂,ဝဝဝ ဧကပေဆံ့တဲ့ ဆည်ရဲ့ သုံးပုံနှစ်ပုံလောက်ကို နုန်းတွေက နေရာယူသွားပြီလို့ သူက ရှင်းပြတယ်။ ရေဧကပေအပြည့်လှောင်ထားချိန်မှာ ဒီဆည်ရဲ့ ရေပြင်မျက်နှာအကျယ်အဝန်း ဟာ ဧက ၁,ဝဝဝ ဝန်းကျင်ရှိပါတယ်။ လျှပ်စစ်ဓာတ်အား လေးမဂ္ဂါဝပ်နဲ့ စိုက်ပျိုး ဧက ၈,၅ဝဝ ကို ရေပေးဝေဖို့ ဒီဆည်ကို ဆောက်ထားတာပါ။

ဆည်ဆိုတာ ရေကိုလှောင်ချင်တာ ဖြစ်ပြီး အနည်ကိုလှောင်မိရင်တော့ တွက် ချက်စီမံထားတာအားလုံး လွဲချော်ကုန် တယ်လို့ ဦးမော်မော်နိုင်က ရှင်းပြတယ်။ ဒီဆည်တည်ဆောက်ခဲ့တဲ့ ကုန်ကျစရိတ် က ကန်ဒေါ်လာခုနစ်သန်းနီးပါးရှိပြီး ၂ဝဝ၃ ကနေ ၂ဝ၁၅ အထိ တည်ဆောက် ခဲ့ရပါတယ်။

”မင်းဆည်ကြီးဟာ ဂန့်သွားပြီလို့ ပြောကြတော့ ကျွန်တော် အသည်းကွဲရ တာပေါ့ဗျာ” လို့ လက်ထောက်òွှန်ကြား ရေးမှူး အဆင့်ရှိ ဆည်အင်ဂျင်နီယာကြီး က ဇူလိုင်လတုန်းက တွေ့တော့ ပြောပြ တယ်။ သဲနုန်းကြောင့် သူ့ဆည်ရဲ့ ရေ လှောင်နိုင်စွမ်းအား အကြီးအကျယ် ကျ ဆင်းခဲ့ရတယ်လို့လည်း သူက ညည်းတွား ပါတယ်။

စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည် မြောင်းဝန်ကြီးဌာန၊ ဆည်မြောင်းနှင့် ရေ အသုံးချမှုဦးစီးဌာနကတော့ သူတို့ စီမံခန့် ခွဲနေတဲ့ ရေလှောင်ဆည်တွေထဲမှာ ရာဇ ဂြိုဟ်ဆည် သဲနုန်းဝင်ရောက်ခံရတဲ့ ဖြစ် စဉ်ဟာ ထူးခြားဖြစ်စဉ်လို့ မှတ်ချက်ပေး ပါတယ်။

ရာဇဂြိုဟ်ဆည်ပေါင်ပေါ်မှာတွေ့ရတဲ့ ထင်းသယ်ယာဉ်တစ်စီး (Kyaw Zayya)

ရာဇဂြိုဟ်ဆည်ပေါင်ပေါ်မှာတွေ့ရတဲ့ ထင်းသယ်ယာဉ်တစ်စီး (Kyaw Zayya)

ဆည်သက်တမ်းနဲ့ သဲနုန်း

ဆည်တွေကို တည်ဆောက်စဉ်က တည်းက သူတို့ရေလှောင်မယ့်ချောင်းရေနဲ့အတူ တစ်နှစ်ကို သဲနုန်းပမာဏ ဘယ် လောက်ပါဝင် စီးဆင်းနေသလဲဆိုတာကို တွက်ချက်ထားကြပါတယ်။ သဲနုန်းပါဝင်မှု အပေါ်မူတည်ပြီး ဆည်ရဲ့ အဓိကရေ ထုတ် ြ>ွပန်ကို တမံရဲ့ဘယ်နေရာမှာ တပ်ဆင်မလဲ ဆိုတာကို ဒီဇိုင်းပညာအရ ဆုံးဖြတ်ပါ တယ်။ ပြီးရင်တော့ ဆည်ရဲ့ အဓိက ရေ ထုတ်ြ>ွပန်ကို တမံမှာ အသေတပ်ဆင်လိုက် တာပါပဲ။

ဒီရေထုတ်ြ>ွပန်ရဲ့အောက်ဘက် အစွန်ကနေ ဆည်ကြမ်းခင်းအထိနေရာ ကို ဆည်အင်ဂျင်နီယာအခေါ်အရ ကန်ရေ သေမှတ်(Dead Storag Level) လို့ ခေါ်ပါတယ်။ ရေနဲ့ ပါလာတဲ့သဲနုန်းတွေ ဝင်ရောက်အနည်ထိုင်ပြီး တဖြည်းဖြည်း မြင့်လာကာ ဆည်ရဲ့ အဓိက ရေထုတ်ပြွန် ကို အနှောင့်အယှက်ပေး ပိတ်ဆို့လာနိုင် တဲ့ ကာလကြာချိန်ဟာ နှစ် ၅ဝ ဖြစ်ပါ တယ်။ ဒီလိုနည်းနဲ့ မြန်မာနိုင်ငံက ဆည် တွေကို ဒီဇိုင်းပြုလုပ်တည်ဆောက်ထား ကြတာဖြစ်တယ်လို့ ဆည်အင်ဂျင်နီယာ ပညာရှင်တွေက ရှင်းပြပါတယ်။ တစ်နည်း အားဖြင့် ဒါသည်ပင် ဆည်တစ်လုံးရဲ့ သက် တမ်းလို့ သူတို့က ဆိုပါတယ်။

မူလဒီဇိုင်း တွက်ချက်တဲ့နှုန်း အတိုင်း သဲနုန်းဟာ ဆည်အတွင်းဝင် ရောက် အနည်ထိုင်နေမယ်ဆိုရင် ဒီဆည် ဟာ နှစ် ၅ဝကြာမှ သဲနုန်းပြဿနာကို ရင် ဆိုင်ရမှာဖြစ်ပြီး မူလနှုန်းထက် သဲနုန်း ဝင်ရောက်ခံရမှု ပမာဏ များရင် များ သလို ဒီပြဿနာကို စောပြီး ရင်ဆိုင်ရကာ ဆည်ရဲ့ အသုံးဝင်မှုသက်တမ်းဟာလည်း တိုေ

တာင်းသွားလိမ့်မယ်လို့  ဆည်အင် ဂျင်နီယာပညာရှင်တွေက ရှင်းပြတယ်။

ရာဇဂြိုဟ်ဆည်ကတော့ ဒီလို နှစ် ၅ဝ ကြာမှ ကြုံရမယ့်လို့ တွက်ချက်ထားတဲ့ သဲနုန်းပြဿနာကို ဆည်စရေလှောင်တဲ့ တစ်နှစ်အတွင်းမှာပဲ ကြုံခဲ့ရတာ ဖြစ်ပါ တယ်။

”နုန်းထုက အခုဆိုရင် Dead Storage Level (ကန်ရေသေမှတ်) အပေါ် ကို ကျော်သွားပြီပေါ့”လို့ ဆည် ပေါင်ပေါ်မှာ ထိုင်ရင်း ဦးမော်မော်နိုင်က ရှင်းပြတယ်။

၂ဝ၁၅ ရေဘေးတုန်းက ကလေးဒေသ လယ်မြေတွေကို သဲနုန်း ဖုံးအုပ်ခံရတဲ့ မြင်ကွင်း (Kyaw Zayya)

၂ဝ၁၅ ရေဘေးတုန်းက ကလေးဒေသ လယ်မြေတွေကို သဲနုန်း ဖုံးအုပ်ခံရတဲ့ မြင်ကွင်း (Kyaw Zayya)

ဆည်တွေရဲ့  အသုံးဝင်မှု

မြန်မာနိုင်ငံမှာ ဆည်တွေကို တည် ဆောက်နေတာဟာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနနဲ့ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနတို့ ဖြစ်ပါ တယ်။

ဒီအထဲမှာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနက ဆည် ပေါင်း ၂၃ဝ ကျော်ကို တည်ဆောက် စီမံ ခန့်ခွဲနေပြီး လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဌာနအောက်မှာတော့ ဆည်ပေါင်း ၃ဝ ခန့် တည်ဆောက်ထားပါတယ်။ တချို့ကို တော့ ပုဂ္ဂလိက ရင်းနှီးမြုပ်နှံသူတွေနဲ့ ပူး တွဲစီမံခန့်ခွဲနေပါတယ်။ (ဒီဆည်တွေကနေ တစ်နိုင်ငံလုံးသုံးနေတဲ့ လျှပ်စစ်ဓာတ်အား ရဲ့ ၆ဝ ရာခိုင်နှုန်းလောက်ကို ထုတ်ယူ ရရှိ ပါတယ်။ မိုးစပါးနဲ့နွေစပါးစိုက်ဧက ၂၃ သိန်းကို ရေပေးနေပြီး မြို့ကြီးတွေရဲ့ ရေ ချို လိုအပ်ချက်ကိုလည်း ဒီဆည်တွေက ဖြည့်ဆည်းပေးပါတယ်။)

ဆည်တွေဟာ ရုတ်တရက် ဖြစ်ပေါ် လာတဲ့ ရေကြီးရေလျှံမှုတွေကို ကာကွယ် ထိန်းသိမ်းပေးတဲ့ တာဝန်ကိုလည်း ထမ်း ဆောင်ကြသေးတယ်လို့ ဆည်အင်ဂျင် နီယာပညာရှင်တွေက ပြောပါတယ်။

ဆည်အထက်ပိုင်း တောင်ပေါ် ဒေသတွေမှာ ရုတ်တရက်မိုးကြီးတဲ့အခါ  ချောင်းရဲ့ အောက်ပိုင်းဒေသမှာရှိတဲ့ မြို့ ရွာတွေဆီကို ရုတ်တရက် ရေတွေ အလုံး အရင်းနဲ့ ချက်ချင်း ရောက်မသွားစေဖို့ ဖမ်းယူကာဆီးပေးတဲ့ အလုပ်ကို ဆည်က လုပ်ဆောင် ပေးတယ်လို့ ဆည်အင်ဂျင်နီ ယာ ပညာရှင်တွေက ရှင်းပြတယ်။

ဒီနှစ် မိုးရာသီဇွန်လတုန်းကတောင် ရွှေချောင်းမှာချောင်းရေ ရုတ်တရက် ဆင်းချလာလို့ မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့မှာ ကားတစ်စီး ရေထဲမျောပါပြီး လူနေအိမ်အချို့ ရွှေ့ ပြောင်းခဲ့ရတာတွေ ဖြစ်ခဲ့ပါသေးတယ်။

ဒီလိုနေရာမှာ ဆည်ရှိနေခဲ့ရင် ရေ ကို ဖမ်းယူပြီးမှ တဖြည်းဖြည်း ပြန်ထုတ် ပေးတဲ့ ဆည်ရဲ့ လုပ်ငန်းလည်ပတ်ပုံ ကြောင့် ရေတွေ အလုံးအရင်းနဲ့ ကျဆင်း လာတဲ့ ပြဿနာကိုကာကွယ်နိုင်တယ်လို့ ဆည်အင်ဂျင်နီယာပညာရှင် ဦးချိုချိုက  ရှင်းပြတယ်။

သူဟာ National Engineering & Planning Services-NEPS အဖွဲ့ရဲ့ ဒါရိုက်တာ ဖြစ်ပြီး အဲဒီအဖွဲ့ဟာ ဆည်တွေ တည်ဆောက်တာ၊ ဆည်ဒီဇိုင်းပုံတွေ ထုတ်လုပ်တာနဲ့ ဆည်ဆောက်မယ့် ဧရိယာတွေရဲ့ မြေပြင် အချက်အလက် သုတေသနလုပ်ငန်းတွေကို လုပ်ကိုင်ပါ တယ်။

ဦးမော်မော်နိုင်ကလည်း ၂ဝ၁၅၊ ကလေးဒေသရေကြီးရေလျှံမှုဘေးဖြစ် တုန်းကဆိုရင် ရာဇဂြိုဟ်ဆည်က သဲနုန်း တွေကို ဖမ်းယူထားလိုက်ရတဲ့အတွက် ဆည်အောက်ပိုင်းက ဧကထောင်ချီတဲ့ လယ်တွေဟာ သဲနုန်းတွေ ဖုံးအုပ်ခံရမယ့် အဖြစ်ကနေ သက်သာရာ ရခဲ့ကြတယ်လို့ ပြောပြတယ်။

”ကျွန်တော်တို့ (ဆည်က) သဲနုန်း တွေကို ဖမ်းထားလိုက်ရပေမယ့် အောက် ဘက်က လယ်ဧက သုံးလေးထောင် လောက်ကတော့ ဒီဒဏ်ကို သက်သာသွား စေတာပေါ့။ မဟုတ်ရင် ဒီသဲနုန်းတွေက သူတို့ကို ဖုံးအုပ်မှာ”လို့ ဦးမော်မော်နိုင်က ပြော တယ်။

ဒါပေမဲ့ ဆည်မရှိတဲ့ အခြားချောင်း တွေက ဆင်းလာတဲ့ သဲနုန်းတွေကြောင့် တော့ အဲဒီရေဘေးတုန်းက ကလေးဒေသ ဟာ ရေကြီးနစ်မြုပ်မှုအပြင် စိုက်ပျိုးမြေ တွေနဲ့ ရွာတွေဟာ သဲနုန်းဖုံးအုပ်တာကို အလူးအလဲ ခံခဲ့ရပါတယ်။

(ဒီအကြောင်းကို ‘မိုးရေကလျှံ၊ မြစ် ရေကတိုး၊ သဘာဝဘေးဆိုးနဲ့ မြန်မာ ပြည်’ ဆိုတဲ့ ခေါင်းစဉ်နဲ့ ၂ဝ၁၅၊ စက်တင် ဘာထုတ်၊ မော်ကွန်းမဂ္ဂဇင်း အမှတ် ၂၇ မှာ မျက်နှာဖုံးဆောင်းပါးအဖြစ် ဖော်ပြခဲ့ ပြီးဖြစ်ပါတယ်။)

ရာဇဂြိုဟ်ဆည်(Kyaw Zayya)

ရာဇဂြိုဟ်ဆည်(Kyaw Zayya)

သဲနုန်းဒဏ် ပိုခံရနိုင်တဲ့ ဆည်တွေ

သဲနုန်းပို့ချမှုခံရနိုင်ခြေနဲ့ ပတ်သက် ရင် နိုင်ငံအနှံ့ တည်ဆောက်ထားတဲ့ ရေ လှောင်ဆည်တွေထဲ နိုင်ငံအနောက်ဘက် ခြမ်းဒေသက မြစ်၊ ချောင်းတွေမှာ တည် ဆောက်ထားတဲ့ ဆည်တွေဟာ စိန်ခေါ်မှု ကို ပိုပြီးရင်ဆိုင်ကြရတယ်လို့ ဆည် မြောင်းနှင့် ရေအသုံးချမှု ဦးစီးဌာနက ပြောပါတယ်။

မြန်မာနိုင်ငံကို ပထဝီအနေအထား အရ အပိုင်းသုံးပိုင်းခွဲခြားသတ်မှတ်ထားရာမှာ အရှေ့ဘက်ကုန်းမြင့်ဒေသ၊ အလယ်ပိုင်း ချိုင့်ဝှမ်းဒေသနဲ့ အနောက် ဘက်တောင်တန်းဒေသရယ်လို့ ပိုင်းခြား ပါတယ်။ ဒီသုံးပိုင်းအနက် မြေလွှာသက် တမ်းနုတဲ့ အနောက်ဘက်တောင်တန်း ဒေသတစ်ကြောက မြစ်ချောင်းတွေဟာ အနည်အနှစ်ကျရောက်မှု ပိုမိုမြင့်မားကြ တယ်လို့ ဆည်အင်ဂျင်နီယာပညာရှင်က ပြောပါတယ်။

မြန်မာနိုင်ငံအနောက်ဘက်ခြမ်း ဒေသတွေမှာရှိတဲ့ ချင်းတောင်တန်းဒေသ၊ ရခိုင်ရိုးမ၊ မကွေးတိုင်းဒေသကြီးအနောက် ဘက်ပိုင်းနဲ့ စစ်ကိုင်းတိုင်းဒေသကြီး အနောက်ပိုင်းဒေသတွေမှာရှိတဲ့ မြစ်၊ ချောင်းတွေမှာ တည်ဆောက်ထားတဲ့ ဆည်တွေဟာ သစ်တောပြုန်းတီးမှု မြင့် မားတာ၊ သဲနုန်းမြေတည်ရှိမှု မြင့်မားတာ၊ မြေပြိုတာနဲ့ မိုးရေချိန်များတာတွေ ကြောင့် သဲနုန်းရဲ့ အ္တရာယ်ရှိနေတယ်လို့ ဆည်မြောင်းနှင့် ရေအသုံးချမှုဦးစီးဌာန က လက်ထောက်òန်ကြားရေးမှူး ဦးကြည်ဝေက Email က တစ်ဆင့်စာ နဲ့ ရေးသား ရှင်းပြပါတယ်။

သစ်တောပြုန်းတီးမှုတွေ ဆက် လက်ဖြစ်ပေါ်ပြီး သဲနုန်းတွေကျဆင်းမှု ပိုမြင့်တက်လာမယ်ဆိုရင် ဒီဒေသမှာရှိနေ တဲ့ ဆည်တွေဟာ နောက်နှစ်ပေါင်း ၂ဝ လောက်အတွင်းမှာပဲ ကန်ရေသေမှတ်ကို ကျော်လွန်တဲ့အထိ သဲနုန်းပို့ချမှုကို ခံရနိုင် တယ်လို့ သူက ပြောပါတယ်။

ဒီလိုသာဆိုရင် ”ရေလှောင်တမံ များရဲ့ အနာဂတ်အကျိုးပြုနိုင်မှုများနှင့် တည်ရှိမှုအနေအထားများကို ကြီးမားစွာ ထိခိုက်စေမှာဖြစ်ပါတယ်”လို့ သူက မော် ကွန်းကို ဖြေကြားပါတယ်။

ဦးဝင်းနိုင်ထွန်းကတော့ ”ဧရာဝတီ မြစ် အနောက်ဘက်ခြမ်းဒေသတစ်ကြော၊ ချင်းတွင်းမြစ်ဝှမ်းဒေသတွေမှာ တည် ဆောက်ထားတဲ့ ဆည်တွေဟာ သဲနုန်း ပြဿနာကို ပိုရင်ဆိုင်ရနိုင်တယ်”လို့ မော်ကွန်းကို ပြောပါတယ်။

သူက မြစ်၊ ချောင်းတွေမှာဖြစ်ပေါ်တဲ့ အနည်အနှစ်ပို့ချမှုဆိုင်ရာအကြောင်းကို လေ့လာတဲ့ သုတေသီတစ်ဦးလည်း ဖြစ်ပါ တယ်။ လက်ရှိ ချင်းတွင်းမြစ်ဝှမ်းအနည်ကျရောက်မှုအခြေအနေကို လေ့လာဆန်း စစ်နေသလို မဲခေါင်မြစ်ဝှမ်းဒေသ စဉ် ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်သော ရေအားလျှပ်စစ်အကောင်အထည်ဖော်ရေးအဖွဲ့ ရဲ့ အကြံပေးတစ်ဦးလည်းဖြစ်ပါတယ်။

ပဲခူးရိုးမ အရှေ့ဘက်ခြမ်းမှာတည်ဆောက်ထားတဲ့ ဆည်တစ်ဆည် (Kyaw Zayya)

ပဲခူးရိုးမ အရှေ့ဘက်ခြမ်းမှာတည်ဆောက်ထားတဲ့ ဆည်တစ်ဆည် (Kyaw Zayya)

စိစစ်စောင့်ကြည့်နေရမယ့် သဲနုန်း

မြန်မာနိုင်ငံမှာ ရေလှောင်ဆည် တွေ အများအပြား တည်ဆောက်ခဲ့ကြ တာက ၁၉၉ဝ နောက်ပိုင်း တပ်မတော် အစိုးရ အုပ်ချုပ်ရေးကာလတစ်လျှောက် မှာ ဖြစ်တယ်လို့ ဆည်အင်ဂျင်နီယာတွေ က ရှင်းပြတယ်။ ဆည်တွေရဲ့ သက်တမ်း စေ့ စွမ်းဆောင်ရည်ကိုရရှိဖို့ သဲနုန်းတွေ အလွန်အကျွံကျဆင်း အနည်မထိုင်စေဖို့ အရေးကြီးတယ်လို့ သူတို့ကဆိုပါတယ်။

”အခုလို အခြေအနေမှာ အကောင်း ဆုံးကတော့ တစ်နိုင်ငံလုံးက ဆည်တွေကို သဲနုန်းဘယ်လိုပို့ချနေသလဲ။ မူလခန့်မှန်း ထားတာထက် များနေပြီလား၊ ပုံမှန်ပဲ လား စသဖြင့် တိုင်းတာစစ်ဆေးဖို့ ကောင်းပြီ” လို့  ဦးဝင်းနိုင်ထွန်းက ပြော  ပါတယ်။

ဆည်မြောင်းနှင့် ရေအသုံးချမှုဦးစီး ဌာနကတော့ ဆည်တွေထဲ သဲနုန်းပို့ချခံရမှုအခြေအနေကိုသိရဖို့ ရေလှောင်ဆည် တချို့ကို တိုင်းတာစစ်ဆေးခဲ့တယ်လို့ ဆို ပါတယ်။ အဲဒီထဲမှာ သဖန်းဆိပ်ဆည်၊ ရာဇဂြိုဟ်ဆည်၊ နတ်မောက်ဆည်၊ ငမင် ဆည်၊ ဆဒ္ဒန်ဆည်၊ စလင်းဆည်၊ မုန်း ဆည်၊ ကြီးအုံကြီးဝဆည်၊ ကညင်ဆည်၊ ဘန့်ဘွေးကုန်းဆည်နဲ့ ဇာမဏီအင်းတို့ ပါဝင်ပါတယ်။

ဒီဆည်တွေထဲမှာ သက်တမ်းအနု ဆုံး နှစ်နှစ်နဲ့ သက်တမ်းအကြာဆုံး ၂၂ နှစ် ရှိပြီလို့ ဒီဌာနက ပြောပါတယ်။

”သဲနုန်းပို့ချမှုအများဆုံးဖြစ်နေတဲ့ ဆည်ကတော့ ရာဇဂြိုဟ်ဆည် ဖြစ်ပါ တယ်။ ကျန်တချို့ဆည်တွေကတော့ သဲ နုန်းပို့ချမှု အတော်အသင့်ရှိပြီး တချို့ ကတော့ ပုံမှန်ပမာဏခန့်သာ ဝင်ရောက် ပို့ချမှုရှိကြောင်း စိစစ်တွေ့ရှိရပါတယ်”လို့ ဦးကြည်ဝေက မော်ကွန်းကို စာရေးသား ပြီး ဖြေပါတယ်။

ဆည်တွေထဲကို သဲနုန်းတွေ ပိုဝင် လာစေတဲ့ အဓိကအကြောင်းရင်းကတော့ ဆည်အထက်ပိုင်းမှာရှိတဲ့ ရေဝေရေလဲ သစ်တောတွေထဲမှာ သစ်၊ ဝါး တရား မဝင်ခုတ်ယူတာ၊ မီးသွေးဖုတ်တာ၊ တရား မဝင်သတ္တုတူးဖော်တာ၊ တောမီးလောင် တာတွေကြောင့် သစ်ပင်ဖုံးလွှမ်းဧရိယာ တွေ လျော့ကျလာပြီး မိုးရွာသွန်းချိန်မှာ မြေလွှာတိုက်စားခံရနှုန်းမြင့်ကာ ဆည် တွေထဲကို သဲနှုန်းကျရောက်ခံရမှုနှုန်း လည်း များပြားလာတာဖြစ်တယ်လို့ ဦးကြည်ဝေက ရှင်းပြပါတယ်။

ရေဝေရေလဲသစ်တောဆိုတာက တော့ ဆည်ပိတ်ဆို့ရေလှောင်ထားတဲ့ ချောင်းရဲ့ အထက်ပိုင်းဒေသတစ်ကြောမှာ ရှိတဲ့ သစ်တောတွေကို ခေါ်တာပါ။ ဒီ သစ်တောတွေမပျက်စီးရင် မပျက်စီး သလောက် မြစ်၊ ချောင်းအတွင်း သဲနုန်း ကျဆင်းတဲ့ ပြဿနာနည်းပြီး ဒီမြစ် ချောင်းတွေက ရေကို လှောင်ကြတဲ့ ဆည်တွေဟာ အကျိုးကျေးဇူးခံစားရပါ တယ်။

မိုးရွာတဲ့အခါ မြေပြင်ကို မိုးရေ တိုက်ရိုက်မထိအောင် ဒီသစ်တောတွေက အကာအကွယ်ပေးတာ၊ မိုးရေတိုက်စား လို့ တောင်စောင်းတစ်လျှောက်ကျလာတဲ့ သဲနုန်းအနည်အနှစ်တွေကို ဒီသစ်တော၊ သစ်ပင်တွေက ဆန်ခါကဲ့သို့ အဆင့်ဆင့် တားဆီးခံပေးတာကြောင့် မြစ်၊ ချောင်း အတွင်း သဲနုန်းကျရောက်မှု သက်သာတာ စတဲ့ အကျိုးကျေးဇူးတွေကို ရေဝေရေလဲ သစ်တောတွေက ပေးပါတယ်။

သဲနုန်းအတွက် ဖြေရှင်းချက်

ဒါပေမဲ့ ဒီနိုင်ငံမှာ ကြုံနေရတာက ဆည်တွေဆောက်ပြီးတော့မှ ဆည် အထက်ပိုင်းမှာရှိတဲ့ သစ်တောတွေ ပြုန်း လာနေတဲ့ ပြဿနာလို့လည်း ဆည်အင် ဂျင်နီယာပညာရှင်တွေက ထောက်ပြ ပါတယ်။

နိုင်ငံရဲ့ အခြေခံအဆောက်အအုံ အဖြစ် အရေးကြီးတဲ့ဆည်တွေကို သဲနုန်း ပို့ချခံရမှုတွေများပြီး ဆည်တွေကို ထိခိုက် လာနေရတာဟာ ”ဆည်ရဲ့ ရေဝေဧရိယာ တွေမှာ သစ်တောတွေ မရှိတော့လို့”လို့ ဦးချိုချိုက မှတ်ချက်ပေးပါတယ်။  ရှေ့မှာ ဖြစ်ခဲ့တာတွေကို သင်ခန်းစာယူပြီး မြန်မာ့ သစ်တောတွေ ပြန်လည်ဖွံ့ဖြိုးလာဖို့ အရေးကြီးတယ်လို့ သူကဆက်ပြောပါတယ်။

ရေလှောင်ဆည်ရဲ့ အထက်ပိုင်း ဒေသက သစ်တောတွေပြုန်းရင် ပြုန်း သလောက်  မြစ်ချောင်းတွေထဲကို သဲနုန်း ကျရောက်မှုတွေ မြင့်နေမှာဖြစ်ပြီး ဆည် တွေဟာလည်း ဒီဒဏ်တွေကို အလူးအလဲ ခံနေရဦးမှာပဲလို့ သူက ဆိုပါတယ်။

မြန်မာနိုင်ငံရဲ့သစ်တော (ကာဗွန် ထုတ်လုပ်မှု)ရည်òန်းပမာဏ သတ်မှတ် ခြင်းဆိုင်ရာမဟာဗျူဟာစီမံချက်ထဲမှာ ဖော်ပြချက် အရ ၂ဝဝ၅-၂ဝ၁ဝ ကာလမှာ နှစ်စဉ်ပြုန်းတီးခဲ့တဲ့ သစ်တောဧရိယာဟာ ဟတ်တာ ၁ဝ သိန်းခန့် ( ၉၈၄,၃၂၆-ဟတ်တာ) ရှိတယ်လို့ ဖော်ပြပါတယ်။ အဲဒီကိန်းဂဏန်းဟာ သစ်တောဧက ပေါင်း  ၂၄ သိန်းကျော်(၂,၄၃၂,၃၃၂ ဧက) ကို နှစ်စဉ် ဆုံးရှုံးခဲ့ရတဲ့ သဘော ဖြစ်ပါတယ်။ တစ်နည်းအားဖြင့် ရန်ကုန်မြို့ ဧရိယာရဲ့ ငါးဆလောက်ရှိတဲ့ သစ်တော တွေကို အဲဒီကာလမှာ နှစ်စဉ် ဆုံးရှုံးခဲ့ရ တာလည်း ဖြစ်ပါတယ်။

၂ဝ၁ဝ-၂ဝ၁၅ ကာလတွေမှာတော့ နှစ်စဉ်သစ်တောပြုန်းတီးမှုနှုန်းဟာ ၂၆ဝ,ဝဝဝ ဟတ်တာ (၆၄၂,၄၇၃ ဧက ကျော်) အထိ ပြန်လည်ကျဆင်းခဲ့ကြောင်း ဒီမဟာဗျူဟာစီမံချက်အစီရင်ခံစာမှာ ဖော်ပြပါတယ်။

ဆည်မြောင်းနှင့် ရေအသုံးချမှုဦးစီး ဌာန၊ လက်ထောက်òန်ကြားရေးမှူး၊ ဦးကြည်ဝေက သူတို့ဌာနအနေနဲ့ ဆည် တွေအတွင်း သဲနုန်းပို့ချခံရတဲ့ အဓိက အကြောင်းရင်းဖြစ်တဲ့ ရေဝေရေလဲ သစ် တောတွေပြုန်းနေတာကို ထိန်းသိမ်းကြပ် မတ်ဖို့ သစ်တောဌာနနဲ့ ပူးပေါင်း ဆောင် ရွက်နေတယ်လို့ ဖြေပါတယ်။

သူတို့ဌာနအနေနဲ့ ဆည်တွေကို တည်ဆောက်၊ ထိန်းသိမ်းရတဲ့အလုပ်ကို သာ လုပ်ဆောင်ရတာဖြစ်ပြီး ရေဝေရေလဲ သစ်တောတွေကို ကာကွယ်ထိန်းသိမ်းရေး တာဝန်ကတော့ သစ်တောဦးစီးဌာနက တိုက်ရိုက်ကိုင်တယ်လို့ သူက ဖြေပါ တယ်။ ရေဝေရေလဲသစ်တောတွေ ရေရှည် ဖွံ့ ဖြိုး လာရေးအတွက် သစ်တောဦးစီးဌာနက ဆောင်ရွက်နေတဲ့ လုပ်ငန်းတွေကို သူတို့ အနေနဲ့ လိုအပ်သလို ပေါင်းစပ်ညှိနှိုင်း လုပ်ဆောင်နေတယ်လို့ ဦးကြည်ဝေက စာရေးသား ဖြေပါတယ်။

ဦးဝင်းနိုင်ထွန်းကတော့ သဲနုန်း အလွန်အကျွံ ပို့ချခံရတဲ့ ဆည်တွေအရေး ပေါ့သေးသေးမထားကြဖို့ အကြံပြု ပါတယ်။

သောက်သုံးရေပေးဝေတဲ့ ဆည် တွေမှာဆိုရင်လည်း သဲနုန်းအနည်ထိုင်မှု များတဲ့အခါ ရေညစ်ညမ်းမှုဖြစ်ပေါ်ပြီး သုံး စွဲသူတွေရဲ့ ကျန်းမာရေး ထိခိုက်နိုင်သလို ရေနေသတ္တဝါတွေရဲ့ ရှင်သန်မှုကိုလည်း ဒုက္ခရောက်စေတာမျိုး ဖြစ်တတ်တယ်လို့ သူက ဆိုပါတယ်။

”သောက်ရေသုံးရေအဖြစ် အသုံး ပြုနေပြီး အနည်အနှစ်ကျရောက်မှုများ နေတဲ့ ဆည်ဆိုရင်တော့ ရေအရည် အသွေးကို တိုင်းတာသင့်တယ်”လို့ သူက ပြောတယ်။ ဒါကြောင့် ဆည်တွေထဲမှာ သဲနုန်းတွေဟာ ပုံမှန်တွက်ချက်ခန့်မှန်း ထားတဲ့ နှုန်းထက် ပိုများတဲ့ပမာဏနဲ့ ဝင် ရောက်ခံနေရပြီဆိုရင် ကြိုကြိုတင်တင် ရှင်းလင်းပစ်ဖို့ အရေးကြီးတယ်လို့ သူက အကြံပြုပါတယ်။

ရာဇဂြိုဟ်ဆည်ရဲ့ တမံအစိတ်အပိုင်းတစ်ခု (Kyaw Zayya)

ရာဇဂြိုဟ်ဆည်ရဲ့ တမံအစိတ်အပိုင်းတစ်ခု (Kyaw Zayya)

သဲနုန်းတွေကို ရှင်းပစ်ဖို့ လို

ဒီလို ဆည်အတွင်းဝင်ရောက်လာ တဲ့ သဲနုန်းတွေကို ရှင်းလင်းပစ်တဲ့ နည်း လမ်းတွေလည်း အမျိုးမျိုးရှိတယ်လို့ ဆည်အင်ဂျင်နီယာပညာရှင်တွေက ဆိုပါ တယ်။

ဆည်ရဲ့ အောက်ခြေဘက်မှာ သဲနုန်း ကိုထုတ်တဲ့ ြ>ွပန်တွေကို ဆည်စဆောက် စဉ်ကတည်းက တပ်ဆင်ထားတာ၊ ဆည်ရဲ့ ရေအနည်းဆုံးကာလမှာ ကန်အတွင်း မွှေနှောက်ပြီး သဲနုန်းတွေကို အပြင်ဘက် ကို စက်နဲ့ မှုတ်ထုတ်တာ၊ မြစ်ချောင်းတွေ ကောလာတဲ့အခါ သောင်တူးထုတ်သလို မျိုး ဆည်အတွင်းမှာ တူးဖော်တာစတဲ့ နည်းလမ်းတွေနဲ့ လုပ်ဆောင်ကြတာတွေ ရှိတယ်လို့ ဒီပညာရှင်တွေက ဆိုပါတယ်။

မြန်မာနိုင်ငံမှာ တည်ဆောက်ထား ပြီးတဲ့ ဆည်အများစုမှာ သဲနုန်းကို အလိုအလျောက်ပြန်ထုတ်နိုင်တဲ့ စနစ်မျိုး နဲ့ တည်ဆောက်ထားတဲ့ ရေလှောင်ဆည် များများစားစားမရှိဘူးလို့ ဆည်အင်ဂျင် နီယာပညာရှင်တွေက ပြောပါတယ်။

ရှမ်းပြည်နယ်က ရွှေလီ ၁ ရေအား လျှပ်စစ်ထုတ်တဲ့ဆည်ဆိုရင် သဲနုန်းကို ပြန်လည်စွန့်ထုတ်နိုင်တဲ့ နည်းပညာမျိုး တပ်ဆင်ထားတယ်လို့ ဦးဝင်းနိုင်ထွန်းက ပြောပြပါတယ်။ ဦးချိုချိုရဲ့ အဆိုအရတော့ အင်္ဂလိပ်လက်ထက်ကတည်းက တည် ဆောက်ပြီး ယနေ့အထိ အသုံးပြုနေတဲ့ ရန်ကုန်တိုင်းဒေသကြီးက ဂျိုးဖြူဆည် (ကန်)မှာလည်း သဲနုန်းပို့ချခံရမှုများ လာတဲ့အခါ စွန့်ထုတ်ပစ်နိုင်တဲ့ ြ>ွပန်တွေ ဆည်အောက်ခြေမှာ တပ်ဆင်ထားတာကို လေ့လာမိကြောင်း ပြောပါတယ်။

ဒါပေမဲ့ အများစုသော ဆည်တွေက တော့ သဲနုန်းအနည်ထိုင်ဖို့ နေရာကို တွက်ချက်ချန်လှပ်တဲ့နည်းနဲ့သာ တည် ဆောက် ထားကြတယ်လို့ ဆည်အင်ဂျင်နီ ယာပညာရှင်တွေက ပြောပါတယ်။

အဓိကရေထုတ်ပြွန်ကို သဲနုန်းနဲ့အမှိုက်တွေ ပိတ်ဆို့ခံရမှုအတွက် ရာဇဂြိုဟ်ဆည်မှာ ရေငုပ်သမားနဲ့ စောင့်ကြည့်ရှင်းလင်းရပါတယ်(Kyaw Zayya)

အဓိကရေထုတ်ပြွန်ကို သဲနုန်းနဲ့အမှိုက်တွေ ပိတ်ဆို့ခံရမှုအတွက် ရာဇဂြိုဟ်ဆည်မှာ ရေငုပ်သမားနဲ့ စောင့်ကြည့်ရှင်းလင်းရပါတယ်(Kyaw Zayya)

ဝင်လာရင် ပြန်ရှင်းဖို့ စရိတ်ကြီးတဲ့ သဲနုန်း

ဆည်တွေထဲက သဲနုန်းတွေကို ဖယ် ထုတ်ဖို့ဆိုတာ နည်းပညာအရ လုပ်နိုင်ပေ မယ့် လက်တွေ့မြေပြင်မှာ စီးပွားရေးအရ တွက်ခြေကိုက်၊ မကိုက်ဆိုတာကို ချိန်ဆရ သေးတာကြောင့် အကောင်အထည်ဖော် ဖို့ ခက်တယ်လို့  ဦးချိုချိုက ဆိုပါတယ်။

”ဆည်တွေထဲကို သဲနုန်းတွေ ဝင် လာတော့မှ ဒီဟာကို စက်နဲ့ပြန်ဖော်မယ် ဆိုရင် ရေတစ်ပုံးရဖို့ မြေတစ်ပုံး ပြန်ဖယ် ထုတ်ရတယ်ဆိုတဲ့ စရိတ်ဟာ နည်းတာမှ မဟုတ်တာ။ ပြီးတော့ ဒီလိုနည်းနဲ့လည်း လုပ်လေ့လုပ်ထ မရှိပါဘူး”လို့ ဦးချိုချိုက ပြောတယ်။

သူ့အကြံပြုချက်ကတော့ သစ်တော တွေကို ထိထိရောက်ရောက် ကာကွယ်တာ က အကောင်းဆုံးလို့ ဆိုပါတယ်။ ပြီးတော့ နိုင်ငံတကာမှာဆိုရင် ဆည်အထက်ပိုင်းက သစ်တောပြုန်းတဲ့ နေရာတွေမှာ မြေတိုက် စားခံရမှု သက်သာစေဖို့ မြေဆီလွှာ ထိန်း တဲ့ မြက်ပင် တွေကို တမင်တကာစိုက်ပျိုးပြီး ဆည်အတွင်းကို သဲနုန်းမဝင်အောင် ကာ ကွယ်ကြတာလည်း ရှိတယ်လို့ သူကဆို ပါတယ်။

ဦးကြည်ဝေကလည်း ဆည်တွေထဲ မှာ ပို့ချခံထားရတဲ့ သဲနုန်းတွေကို ပြန် လည်တူးဖော် ဖယ်ရှားရတဲ့ လုပ်ငန်းဟာ နည်းပညာပိုင်းအရ အခက်အခဲမရှိပေ မယ့် လုပ်ငန်းပမာဏကြီးသလို ကုန်ကျ စရိတ်များပြားမှာဖြစ်တဲ့အတွက် အခက် အခဲများစွာ ရှိပြီး အချိန်ယူဆောင်ရွက် ရမယ့် လုပ်ငန်းစဉ်လို့ မှတ်ချက်ပေးပါတယ်။

ဦးဝင်းနိုင်ထွန်းကတော့ ဆည်တွေ အတွင်း သဲနုန်းကျတဲ့ ပြဿနာဟာ ဆည် ရဲ့ကြံ့ခိုင်ရေးအခြေအနေကိုလည်း စိန် ခေါ်နိုင်တာကြောင့် သဲနုန်းအနည်ထိုင်မှု အခြေအနေကို အမြဲ သိအောင်လုပ်ဖို့ အရေးကြီးတယ်လို့ ဆိုပါတယ်။

”တစ်နှစ်ထက် တစ်နှစ် ဆည်ထဲကို နုန်းကျနေတဲ့နှုန်းတွေဟာ ဘယ်လောက် ရှိလာတယ်။ ဘယ်လိုတွေပြောင်းလဲနေ တယ် ဆိုတာ သိဖို့ပေါ့။ သိဖို့အတွက်က အမြဲတမ်း စောင့်ကြည့်တိုင်းတာတာတွေ လုပ်နေရမယ်”လို့ သူက ပြောတယ်။

”ပုံမှန်ရှိသင့်ရှိထိုက်တာထက် ပိုပြီး တော့ ရှိမနေဖို့၊ ရှင်းထုတ်ပစ်ဖို့က အရေး ကြီးတယ်” လို့ ဦးဝင်းနိုင်ထွန်းက ပြောတယ်။

ရန်ကုန်တက္ကသိုလ်၊ ပထဝီဝင်ဌာန က ပါမောက္ခဌာနမှူးတစ်ဦးဖြစ်သူ ဒေါက်တာထွန်းကိုကတော့ ပညာရပ်ဆိုင် ရာ သုတေသနတစ်ခုအတွက် ပဲခူးရိုးမ အရှေ့ ခြမ်းဒေသမှာ တည်ဆောက်ထားတဲ့ ဆည်တချို့ကို သူလေ့လာခဲ့ရာမှာ ဒီ ဆည်တွေအတွင်း သဲနုန်းတွေ ဘယ်လို ဝင်ရောက်ခံနေရသလဲဆိုတာကို တိုင်း တာ စစ်ဆေးထားတဲ့ အချက်အလက်မျိုး ဆည်တာဝန်ခံတွေထံက မရရှိခဲ့ဘူးလို့ မော်ကွန်းကို ပြောပြဖူးပါတယ်။

ရာဇဂြိုဟ်ဆည်မှာလည်း သဲနုန်း ပြန်ထုတ်တဲ့ နည်းပညာမျိုးတွေ ထည့် သွင်းထားတာ မရှိပါဘူး။ သူ့ဆည်အတွင်း ဝင်ရောက် အနည်ထိုင်နေတဲ့ သဲနုန်းတွေ ကို ပြန်လည်ဖယ်ထုတ်ဖို့ မဖြစ်နိုင်သေး ဘူးလို့ ဦးမော်မော်နိုင်က ပြောတယ်။

သဲနုန်းကို ပြန်ရှင်းလင်းမယ်ဆိုရင်    ”ဆည်ကိုပြန်တူးတဲ့ စရိတ်ဟာ ဆည်တစ် လုံးစာ (တည်ဆောက်တဲ့) စရိတ်လောက် ပြန်ဖြစ်နိုင်တယ်” လို့ ဦးမော်မော်နိုင်က ပြောတယ်။ ရေ တစ်ဧကပေ ပြန်ရဖို့ ၁ဝ ပေပတ်လည်၊ တစ်ပေထုအနက်ရှိတဲ့ မြေကြီးကျင်းပေါင်း ၅ဝဝ လောက်အထိ တူးဖော်ထုတ်ရမယ်လို့ ဦးမော်မော်နိုင်က ရှင်းပြတယ်။ လယ်တစ်ဧကစိုက်ပျိုးဖို့ လုံလောက်တဲ့ ရေပမာဏပြန်ရဖို့ မြေကြီး ကျင်းပေါင်း ၃,ဝဝဝ ခန့် ပြန်တူးရမယ်ဆိုတဲ့ သဘောပါ။

”သဲနုန်းကြောင့် ဒုက္ခကြုံရတဲ့ ပထမဆုံးဆည်ပေါ့။ ကျွန်တော်ဖြစ်အင် ကိုကြည့်လို့ အခြားဆည်တွေအတွက် လည်း လေ့လာပြင်ဆင်စရာ ဖြစ်စေတာ ပေါ့”လို့ ဆည်အင်ဂျင်နီယာကြီးက တွေး တွေးဆဆနဲ့ ပြောပါတယ်။

နောက်ပိုင်းတည်ဆောက်မယ့် ဆည်တွေလည်း ရှိနေတာကြောင့် ဖြစ်ပေါ် လာနိုင်တဲ့ ပတ်ဝန်းကျင် အခြေအနေ၊ ရာသီဥတုနဲ့ သဲနုန်းပို့ချခံရနိုင်ခြေတွေကို ချိန်ကိုက်ပြီး ဆည်တွေကို လိုက်လျောညီ ထွေမှုရှိတဲ့ ဒီဇိုင်းမျိုး ဖန်တီးတည်ဆောက် နိုင်ဖို့လည်း လိုတယ်လို့ သူက ဆိုပါတယ်။

သူ့ဆည်ဒီဇိုင်းအရ နှစ် ၅ဝ ကြာမှ ရင်ဆိုင်ရမယ့် ပြဿနာဟာ ဆည်ရေ စလှောင်တဲ့ နှစ်မှာပဲ ဖွားဖက်တော်လို တွဲပေါ်လာတဲ့အတွက်ကြောင့် ခေါင်းစား နေတဲ့ ဆည်အင်ဂျင်နီယာကြီးက သူကြုံ နေရတဲ့ သဲနုန်းပြဿနာကို အခုလို ညည်း ညူပါတယ်။

”ဆည်ကတော့အတော်လေးကို ပြန်လည်ကုစားရတော့မယ်။ ဇာတ်လမ်း က မစရသေးဘူး၊ ပြီးသွားပြီဆိုသလို ဖြစ် သွားရတယ်”

ကျော်ဇေယျ ရေးသည်။

 

အမျိုးအစား - သတင်းဆောင်းပါး

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."