အရာတော် – ၂၀၂၃ မတ် ၈ (မော်ကွန်း)
စစ်ကိုင်းတိုင်း၊ အရာတော်မြ်ို့နယ်မှာ လေကြောင်းအန္တရာယ် ကလေးသူငယ်အသိပညာပေးအစီအစဉ်တစ်ခုကို ဒီကနေ့ပြုလုပ်ခဲ့ပါတယ်။
လေကြောင်းတိုက်ခိုက်မှုတွေမကြာခဏခံရပြီး ကလေးငယ်တွေပါ သေဆုံးခဲ့ရတဲ့ ဒီဒေသအတွက် မြောင်ပညာရေးကွန်ရက်က စီစဉ်တဲ့ “လေယာဉ်ပျံတွေလာရင် ” ပညာပေးစာအုပ်တွေ ဖြန့်ဝေတာနဲ့ ကာတွန်းသရုပ်ဖော်ပြသတာတွေကို အရာတော်မြို့နယ် လူထုသပိတ်ဦးဆောင်ကော်မတီက လုပ်ဆောင်ခဲ့တာပါ။
အရာတော်မှာ ပြီးခဲ့တဲ့သီတင်းတစ်ပတ်ကျော်က တိုက်ပွဲတွေပြင်းထန်ပြီး လေကြောင်းကနေ Mi-35၊ Mi-17 ရဟတ်ယာဉ်တွေနဲ့ လာရောက်ပစ်ခတ်ခဲ့ပါသေးတယ်။
ဓာတ်ပုံ – အရာတော်မြို့နယ် လူထုသပိတ်ဦးဆောင်ကော်မတီ
#Dailynews

