အောင်ထူးနိုင်
ရန်ကုန်-၂၀၂၀ မေ ၂၁ (မော်ကွန်း)
မိုးကြိုကာလများဖြစ်သည့် မတ်၊ ဧပြီနှင့် မေလများအတွင်း လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးဆုံးရှုံးမှုမှာ ယခင်နှစ်ကထက် လျှော့ကျသွားသည်ဟု လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်ဖြူလဲ့လဲ့ထွန်းကပြောသည်။
“မေ ၁၁ ရက်နေ့အထိဆို လျှော့ကျသွားတာ ဟုတ်ပါတယ်၊ ရှေ့နှစ်က ပျက်စီဆုံးရှုံးမှု နည်းနည်းပိုများပါတယ်၊ ဒီနောက်ပိုင်းရက်တွေကတော့ ကျွန်မတို့ နှိုင်းယှဉ်မကြည့်ရသေးပါဘူး”ဟု ဒေါ်ဖြူလဲ့လဲ့ထွန်းက ပြောသည်။
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက ၂၀၁၆ ခုနှစ်မှ စတင်ပြီး နှစ်စဉ် လေပြင်း ဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ဆောင်ရွက်မှုတစ်ခုအဖြစ် အိုးအိမ်များ လေပြင်းဒဏ်ခံနိုင်ရေးအားဖြည့် မွမ်းမံပြင်ဆင်ပေးခြင်းလုပ်ငန်းကို ဆောင်ရွက်ခဲ့ပြီး ယခုနှစ်တွင်လည်း တိုင်းဒေသကြီး/ပြည်နယ် ရှစ်ခုတွင် ငွေကျပ် ၃၈၄ သန်းကျော်ဖြင့် ဆောင်ရွက်ပေးလျက်ရှိသည်ဟု ၎င်းကပြောသည်။
၂၀၁၈ -၂၀၁၉ ဘဏ္ဍာနှစ်တွင် သဘာဝဘေးအန္တရာယ်သင့်သူများအတွက် ကျပ်သန်းပေါင်း ၇,၀၀၂ သန်းကျော် ထောက်ပံ့ခဲ့သည်ဟု ရှင်းပြသည်။
#Dailynews