ယင်းမာပင် – ၂၀၂၂ ဩဂုတ် ၂၈ (မော်ကွန်း)
အာဏာသိမ်းစစ်တပ်ဟာ လူသတ်၊ မီးရှို့တဲ့အကြမ်းဖက်လုပ်ရပ်တွေအပြင် မူးယစ်ဆေးဝါးနဲ့လောင်းကစားတွေ ပေါများလာအောင်လုပ်ဆောင်နေတာဟာ တော်လှန်ရေးနဲ့လူထုကိုသွေဖယ်အောင်လုပ်နေတာလို့ ယင်းမာပင်-ဆားလင်းကြီးရွာပေါင်းစုံလူထုသပိတ်က ဒီကနေ့သတိပေးပါတယ်။
“မူးယစ်ဆေးဝါးကတော့ မြို့ပေါ်ရောက်နေပြီ။ လောင်းကစားကပိုပေါတယ်။ နှစ်လုံး၊ သုံးလုံး၊ ဖဲဝိုင်း၊ ကြက်ဝိုင်းတွေ အများဆုံးပါပဲ” လို့ သပိတ်ဦးဆောင်သူတစ်ဦးက မော်ကွန်းကို ပြောပါတယ်။
ယင်းမာပင် – ဆားလင်းကြီး ရွာပေါင်းစုံသပိတ်ဟာ ဒီကနေ့မှာ ၅၃၅ ရက်မြောက် ဆန္ဒထုတ်ဖော်ခဲ့ပြီး ခုလိုသတိပေးခဲ့တာပါ။
“တော်လှန်ရေးအောင်မြင်မှုဟာ ပြည်သူလူထုနဲ့ တိုက်ရိုက်ဆက်စပ်နေတာကြောင့် အာဏာသိမ်းစစ်တပ်ဟာ အနုနည်း၊အကြမ်းနည်းတွေနဲ့ ဖြိုခွဲဖို့ကြိုးစားနေတာ”လို့ သပိတ်ကော်မတီက သတိပေးပါတယ်။
ဓာတ်ပုံ – CJ
#Dailynews

