ကလေး – ၂၀၂၂ မတ် ၁၃ (မော်ကွန်း)
စစ်အာဏာရှင်ဆန့်ကျင်တော်လှန်ရေး စစ်ကိုင်းတိုင်း၊ ကလေးမြို့ပင်မသပိတ်ဟာ သပိတ်စတင်ကတည်းက ခုချိန်ထိ ရပ်နားခြင်းမရှိသေးဘဲ ဒီကနေ့ဆို ရက်ပါင်း ၃၉၉ ရက်တိုင်ရှိလာခဲ့ပါပြီ။
အာဏာသိမ်းစစ်တပ်ရဲ့ စောင့်ကြည့်ရှာဖွေမှုတွေ၊ ဖမ်းဆီးသတ်ဖြတ်မှုတွေရှိနေပေမယ့် ပင်မသပိတ်ကတော့ ရတဲ့နည်းနဲ့ သပိတ်တိုက်ပွဲကို ဆက်လက်ပြုလုပ်နေပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ စစ်ကိုင်းတိုင်းက မြို့နယ်အများစုကို အင်တာနက်ဖြတ်တောက်ထားတဲ့အပြင် ရွာတွေကို မီးရှို့တာ၊ အရပ်သားပြည်သူတွေကို ပစ်ခတ်သတ်ဖြတ်တာတွေ၊ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာတွေကို နေ့စဉ် ပြုလုပ်နေပါတယ်။
ဓါတ်ပုံ – CJ
#Dailynews

