ရန်ကုန်- ၂၀၂၃ မတ် ၃ (မော်ကွန်း)
ဒီကနေ့ကျရောက်တဲ့ကဆုန်လပြည့်နေ့မှာ ရန်ကုန်မြို့ရွှေတိဂုံစေတီတော်မှာ ဘုရားဖူးသူတွေနဲ့စည်ကားနေပါတယ်။
ကဆုန်လပြည့်နေ့ညောင်ရေသွန်းကြသူတွေနဲ့ကောင်းမှုကုသိုလ်လာရောက်ပြုကြသူတွေအများပြားတွေ့ရပါတယ်။
ဗျာ၊ ဖွား၊ ပွင့်၊ စံ လို့အလွယ်မှတ်ထားကြတဲ့ကဆုန်လပြည့်နေ့မှာ ဗုဒ္ဓမြတ်စွာဘုရားရှင်ဟာ ဗျာဒိတ်တော်ခံယူ၊ကဆုန်လပြည့်နေ့မှာပင်ဖွားမြင်တော်မူ၊ ကဆုန်လပြည့်နေ့မှာပင် ဘရားပွင့်တော်မူခဲ့ပြီး ကဆုန်လပြည့်နေ့မှာပဲ ပရိနိဗ္ဗာန်စံတော်မူခဲ့တာဖြစ်ပါတယ်။
ဒါကြောင့်မို့လို့ ကဆုန်လပြည့်နေ့ရောက်တိုင်းဗုဒ္ဓဘာသာဝင်တွေဟာ မြတ်စွာဘုရားရှင်တရားအားထုတ်ခဲ့တဲ့ ဗောဓိညောင်ပင်မှာရေသွန်းတာတွေနဲ့ကောင်းမှုကုသိုလ်တွေပြုလုပ်ကြတာပါ။
ဒီကနေ့ကျရောက်တဲ့ကဆုန်လပြည့်နေ့မှာ ရွှေတိဂုံစေတီတော်ကိုလာရောက်ဖူးမြှော်ကြသူတွေများပြားနေပြီး ကားလမ်းတွေပါပိတ်တဲ့အထိဖြစ်ခဲ့တာပါ။
Photo : Mawkun
#Dailynews

