ရေး – ၂၀၂၁ စက်တင်ဘာ ၂၄ (မော်ကွန်း)
မွန်ပြည်နယ်၊ ရေးမြို့ အစင်စံပြကျေးရွာက ရာအိမ်မှူးဦးကျော်သူထွန်းဟာ ဒီကနေ့ ညနေ ၆နာရီဝန်းကျင်က သေနတ်နဲ့အပစ်ခံလိုက်ရတယ်လို့ဒေသခံတွေက ပြောပါတယ်။
” သူ့အိမ်ဝင်တဲ့ လမ်းပေါ်မှာ ပစ်ခံရတာ။ နှစ်ချက်အပစ်ခံရတယ်။ ဆေးရုံပို့လိုက်ပြီ။ သူက နာမည်ကြီးသတင်းပေးတဲ့သူတစ်ယောက်”လို့ဒေသခံတစ်ဦးကဆိုပါတယ်။
သေနတ်နဲ့ နှစ်ချက်ပစ်ခံရပြီးနောက် ဆေးရုံကိုပို့ဆောင်ထားကာ ထိခိုက် ဒဏ်ရာအခြေနေကိုမသိရသေးဘူးလို့ ဒေသခံက ဆိုပါတယ်။
ဒီကနေ့ မွန်းလွဲသုံးနာရီလောက်မှာလည်း ရေးမြို့ အောင်မေတ္တာရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးကျော်အောင်အိမ်ကို ဗုံးခွဲခဲ့တယ်လို့ ရေး PDF က ကြေညာထားပါတယ်။
#Dailynews

