ပင်းတယ-၂၀၂၅ ဩဂုတ် ၂ (မော်ကွန်း)
ပြီးခဲ့တဲ့လ ၂၈ ရက်က ရှမ်းပြည်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်မှာ မိုးသည်းထန်စွာ ရွာပြီး ရုတ်တရက် ရေကြီးကာ တောင်ကျရေတွေကြောင့် လူတွေသေပြီး အိမ်တွေနဲ့ စိုက်ခင်းဧကရာပေါင်းများစွာ ပျက်စီးခဲ့ပါတယ်။
အောက်ပါ ပုံရိပ်တွေကတော့ ပင်းတယဒေသထဲက ဘေးအသင့်ဆုံးဒေသတစ်ခုဖြစ်တဲ့ သိမ်ကုန်းကျေးရွာအုပ်စု၊ ကုန်းစောင်းကျေးရွာပဲ ဖြစ်ပါတယ်။
ဒီရွာမှာ ရေဘေးကြောင့် ရှစ်ဦးသေခဲ့သလို ရွာရော စိုက်ပျိုးမြေတွေပါ ပျက်စီးခဲ့ပါတယ်။
ဒီဘေးသင့်ဒေသကိုသွားပြီး မြေပြင်ပုံရိပ်တချို့ကို မော်ကွန်းက ဖော်ပြလိုက်ပါတယ်။

ဓါတ်ပုံ- မော်ကွန်း

